အမေနေ့ အမှတ်တရ

alinsettMay 11, 20141min14713

မေမေ

လောကဒဏ်ရာတွေကို

ဒူးမတုန်. . လက်မတုန်ပဲ

ကုသပေးခဲ့သူ. . .

 

မေမေ

သားဆိုတဲ့ စာသားကို

မေတ္တာဓါတ်စီး

နှလုံးသွေးနဲ့ ရေးပြီး

သမိုင်းဝင်ခဲ့သူ. . .

 

မေမေ

ပင်လယ်ရေသာ ခန်းခြောက်လိမ့်မယ်. . .

မေမေ့အချစ်တွေ ထာဝရပြည့်လျှံ

ဘယ်တော့မှလည်း မခန်းလောက်ဘူး

ဦးညွတ်ပါတယ်မေမေ

 

ဘယ်နေရာရောက်ရောက်

မေမေရှိတယ်ဆိုတဲ့အသိနဲ့

လုံခြုံနွေးထွေး

အပူတွေလည်း အေးစေခဲ့သူ. . .

 

မေမေ. . . .

မေမေ့အတွက် ချစ်သားချစ်သမီးတွေကအသက်

သားတို့အတွက်လည်း

မေမေက အသက်ပါမေမေ

မေမေမရှိရင်

အသက်ရှူဖို့ လေ မရှိ. . .

ပြိုကျမယ့် သစ်ပင်လေးတွေလို

သားတို့ပါ မေမေ . . .

 

မေမေ့ ခွင့်လွှတ်ပြုံးတစ်ချက်နဲ့

တစ်သက်တာ အမှားကင်းအောင်နေဖို့

ဆုံးဖြတ်နိုင်ခဲ့တယ်

မေမေဟာ . . .

အမှန်တရားကို လမ်းပြသူ. . .

 

မေမေရေ. . . .

နူးညံ့ညင်သာတဲ့ အပြုံးနဲ့

သားသမီးတွေဘက်က အမြဲ

နှလုံးသားလှနိုင်ခဲ့သူ. . .

မေမေ့မေတ္တာကို အတုခိုးဖို့. . .

လောလောဆယ် . . .

သား

ရှိခိုးကန်တော့လိုက်ပါတယ် မေမေ

 

———-

 

အလင်းဆက်(Gazette)

 

11 / 5 / 2014 / sunday

 

မရမ်းကုန်း

 

အမေနေ့ အမှတ်တရ

 

 

 

 

13 comments

  • alinsett (gazette)

    May 11, 2014 at 10:36 am

    အမေနေ့အတွက် အမှတ်တရလေးတစ်ခုဖြစ်အောင်
    စာတိုပေစလေးတစ်ခု
    အခုပဲ ချရေးဖြစ်တာပါ။

    ——

    အမေရိကန်ပြည်ထောင်စုမှာတော့
    အမေနေ့မှာ
    အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျနေရတဲ့ မိခင်တွေနဲ့
    သူတို့ရဲ့ သားသမီးတွေကို တွေ ့ဆုံခွင့် ပေးတယ်လို့
    သတင်းတွေ ဖတ်ရပါတယ်။

    ဒီနိုင်ငံမှာရော. . . .

  • alinsett (gazette)

    May 11, 2014 at 11:00 am

    ဆုံဆည်းရာမိသားစုဆီက ကော်ပီယူလာတာလေးပါ။
    http://soneseeyar.ning.com/profiles/blogs/6523429:BlogPost:131219

    ———–

    အမေနေ့ အမှတ်တရ
    by ညချစ်သူ
    May 5, 2013

    ကမ္ဘာ့ပေါ်ရှိ နိုင်ငံအများစုတွင် နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို
    ကမ္ဘာပေါ်ရှိ အမေအားလုံးကိုလေးစား ဂုဏ်ပြုသောနေ့ အဖြစ် အမေနေ့
    (Mother Day) ဟု သတ်မှတ်ကြပါသည်။ နို်င်ငံတကာအမေနေ့ ဖြစ်မြောက်
    အောင်ကြိုးပမ်းအားထုတ်ခဲ့သူမှာ အမေရိကန်နိုင်ငံသူ Juila Ward Home
    (1819-1910)ဖြစ်သည်။သူမသည် ကျော်ကြားသော စာရေးဆရာမကြီး
    တစ်ဦးဖြစ်ပြီးအမေနေ့ဖြစ်မြောက်ရန်ကလောင်စွမ်းနှင့် ကြိုးပမ်းခဲ့သူ ဖြစ်သည်။
    အမေနေ့ဖြစ်မြောက်အောင်ကြိုးပမ်းခဲ့သူJuila Ward Home ရဲ့သမီး
    Anna Jarvisက အမေ့အိပ်မက်ကို ဆက်လက်ပြီးရှင်သန်စေခဲ့သူဖြစ်ပြီး သူမသည်
    လည်း မမေ့သင့်သောကျေးဇူးရှင်တစ်ဦးဖြစ်ပါသည်။ Juil Ward Home နှင့်
    Anna Jarvis တို့၏ကြိုးပမ်းမှုများကြောင့်နောက်ပိုင်းတွင် ကမ္ဘာနှင့် အဝှမ်း
    အမေနေ့ ကျင်းပနေခဲ့ကြခြင်းဖြစ်ပါသည်။
     
    ရှေးဟောင်း ဂရိ ရောမခေတ်မှ စတင်၍ ဒီနေ့ခေတ်အထိ အမေနေ့ကို
    ကျင်းပနေကြဆဲဖြစ်ပါသည်။နောင်တွင်လဲ အမေ့ကျေးဇူး ထုတ်ဖော်သည့်နေ့ကို
    ဆက်လက်ကျင်းပနေကြဦးမည်သာ ဖြစ်သည်။အင်္ဂလန်နိုင်ငံတွင် မယ်တော်မာရီကို
    ဂုဏ်ပြုသည့်အနေ့နှင့်အမေနေ့ကိုကျင်းပလေ့ရှိသည်။ ထိုနေ့မှာ အမေအားလုံးသည်
    တူညီဝတ်စုံများကိုဝတ်ဆင်ပြီး အခမ်းအနား ကျင်းပသောနေရာကို ရောက်လာသော
    အခါသားသမီးများကအမေများ၏ ကျေးဇူးကို ထုတ်ဖော် ပြောဆိုကြပါသည်။
    ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင်တော့  ဒါရိုက်တာ စာရေးဆရာကြီး ဘဘ
    ဦးသုခကအမေနေ့ ကိုတရားဝင်ဖြစ်အောင် ဦးဆောင် ကြိုးပမ်းခဲ့သူပင်
    ဖြစ်ပါသည်။၁၉၉၅-ခုနှစ်၊ပြာသိုလ်လပြည့်နေ့၌ ဒါရိုက်တာ စာရေးဆရာကြီး
    ဘဘ  ဦးသုခ၏ ဦးဆောင်ကြိုးပမ်းမှုဖြင့် မန္တလေးမြို့ ပရိယတ္တိသာသနာ့ဟိတ
    အသင်းကြီး(ဆရာကြီးဦးလှသိန်းရဲ့ဗိမာန်ကြီး)တွင်အမေနေ့ကို ပထမဦးဆုံး
    စတင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။မိဘ ကျေးဇူးဆပ်နည်း စသည့်ဗဟုသုတ
    ပညာပေးများဟောပြောခြင်းဖြင့်ခေတ်လူငယ် များအားအသိပညာ
    ဗဟုသုတတိုးပွားစေလိုသည့် ဆန္ဒဖြင့် စတင်ခဲ့ခြင်းဖြစ်ပါသည်။
    မြန်မာ့ပြက္ခဒိန်တွင်ပြာသိုလ်လပြည့်နေ့ကိုအမေ့နေ့ အဖြစ်
    ကမ္ဗည်းတင်နိုင်ခဲ့ပေသည်။
    တကယ်တော့ အမေဆိုတာ ရင်ထဲအမြဲ ရှိနေသူတွေ အတွက် အမေနေ့
    ဆိုတာတခြားနေ့တွေနဲ့မခြားအတူတူပါပဲလေ။ ဒါပေမယ့် အမေနေ့ဆိုပြီး သတ်မှတ်
    လိုက်တဲ့အခါအမေ့ကို တခြားနေ့တွေထက်ပိုပြီးအလေးအနက် အောက်မေ့ သတိရ
    မိပါတယ်။ဒီနေ.လေးမှာ ထူးကဲစွာ အမေ့ရဲ့ဂုဏ်ကျေးဇူးတွေအအေးမြဆုံး
    ဖြစ်တဲ့ အမေ့မေတ္တာတွေကိုတော့အောင့်မေ့ တမ်းတ မိကြ မှာပါလေ။
    အမေ့ရဲ့မေတ္တာ၊ အမေ့ရဲ့ စေတနာတွေကိုအမြဲတမ်းလည်း အမှတ်ရနေသလို
    အခွင့်ရှိတိုင်းကျေးဇူးရှင်မေမေကိုကျေးဇူးဆပ်လို့ရတဲ့နည်းနဲ့ဘယ်တော့မှ
    မကျေလည်နိုင်သော မွေးမေမေကျေးဇူးကိုဆပ်နေဆဲပါ။လောကကြီး
    မှာရှိတဲ့အမေတိုင်းမှာ သားသမီးကို မချစ်တဲ့ အမေဆိုတာ မရှိပါဘူး။လူမပြော
    ပါနဲ့တိရစာ္ဆန်လေးတွေတောင်မှာ မိခင်စိတ်အပြည့်အဝ ရှိစွာနဲ့ သူတို့ရဲ့
    သားသမီးလေးတွေကိုစောင့်ရှောက်ကျွေးမွေးနေကြပါတယ်။ အသိဉာဏ်
    ရှိသော လူသားတို့ရဲ့ အမေက” တောင်းဆိုးပလုံးဆိုး ကိုသာ
    ပစ်ရိုးထုံးစံရှိပါတယ်၊ သားဆိုး သမီးဆိုးကိုတော့ ပစ်ရိုး ထုံးစံမရှိ
    ဘူး “ဆိုတဲ့စကားပုံအတိုင်းပဲသားသမီးတွေ မည်မျှပင်ဆိုးသွမ်း
    မိုက်နေစေကာမူ ခွင့်လွှတ်သည်းခံနားလည်နိုင်ဆုံးသောကမ္ဘာမှာ
    တစ်ဦးသော လူသားမြတ် ဖြစ်ပါတယ်။ အမေရဲ့ ဂုဏ်ကျေးဇူး
    ကြီးမားပုံကစကားလုံးရှာလို့မရအောင်ကို ကြီးမားလွန်းပါတယ်။
    မိခင်ရဲ့ မေတ္တာကိုနားမလည်ချင်နေပါ။မိခင်ကိုစော်ကားမိသော၊
    ရိုင်းပြသော အပြုအမှု မပြုလုပ်မိရန်အရေးကြီးပါတယ်။
    ဒါရိုက်တာ စာရေးဆရာကြီး ဘဘ ဦးသုခက ပထမဆုံးအကြိမ်
    မန္တလေး အမေနေ့ဟောပြောပွဲတွင်“အမေဆိုသည့် စာကလေးနှစ်လုံးကို
    အသံထွက်အောင်ရွတ်ဆိုကြည့်လိုက်စမ်းပါ။အလွန်ချိုမြိန်သော၊
    သာယာသော၊ စိတ်ချမ်း သာသော၊ မေတ္တာနှင့်ထုန်မွှန်းသော
    အရသာကို ခံစားရပါလိမ့်မည်”ဟု ပြောခဲ့သည်။
    “အမေ… အမေ… အမေ…ငါတို့ အားလုံးရဲ့ အမေ…
    “တကယ်တန်းကျတော့ “လူသားအစ”ဆိုတာ၊ အမေကမွေးဖွား
    လို့သာ”အမေကစတာ”လို့ပြောရင်အမှန်ဆုံးဖြစ်ပါတယ်။ဒီကမာ္ဘလောကကြီး
    မှာရှိကြတဲ့အမေတွေဟာတစ်ဦးနဲ့တစ်ဦးလူကွဲရင်ကွဲမယ်၊စကားကွဲရင်
    ကွဲမယ်၊အသားအရောင်ကွဲရင်ကွဲမယ်၊တိုင်းပြည်နိုင်ငံအရပ်ဒေသတွေ
    ကွဲရင်ကွဲမယ်၊*..အမေတွေရဲ့နှလုံးသားမေတ္တာတရားတွေဟာ ဘယ်တော့
    မှမကွဲ တစ်သားထဲ၊တထပ်တည်းရှိနေမှာဖြစ်ပါတယ်…*အမေတွေ
    ရဲ့မေတ္တာ တရားကိုဆန်းစစ်လေ့လာကြည့်မယ်ဆိုရင် လူအမေတွေ
    မပြောနဲ့တိရစာ္ဆန်အမေတွေရဲ့မေတ္တာတရားပင် အတိုင်းအဆမရှိကြီးမား
    ပါတယ်။
    အမေဟုဆိုရာ၌.. ဥစ္စာဓနပေါများခြင်း၊ ဆင်းရဲခြင်း၊ဂုဏ်ရှိခြင်း၊ဂုဏ်မဲ့ခြင်း၊
    အမျိုးမြတ်ခြင်း၊နိမ့်ခြင်း၊ပညာရှိခြင်း၊ပညာမဲ့ခြင်း၊ ရုပ်ရည်တင့်တယ်ခြင်း၊
    မတင့်တယ်ခြင်း၊ကိုယ်ကျင့်တရားပြည့်ဝခြင်း၊ချို့တဲ့ခြင်း၊ကျန်းမာခြင်း၊
    မကျန်းမာခြင်း၊မိခင်တို့၏ဝတ္တရားကျေပွန်ခြင်း၊ပျက်ကွက်ခြင်း၊ စသည်
    တို့သည်ကားပဓာနမဟုတ်၊၊ *အမေသည်အမေသာ ဖြစ်သည်
    ဟူသောအနှစ်သာရကို ကြည်ညိုနေရပါမည်*
    အမေ့ရဲ ့မေတ္တာ အမေ့ရဲ့ ကရုဏာ အမေ့ရဲ့ အချစ်တွေဟာ သားသမီးများ
    အပေါ်ဘယ်လောက်ထိစီးဆင်းနေတယ်ဆိုတာ အမေ့ကို ချစ်ကြတဲ့
    သူတိုင်းမပြောဘဲနဲ ့သိနေကြပါတယ် …ဒါကြောင့်မို ့အမေဟာကမ္ဘာ
    ကြီးရဲ ့ပဲ့ကိုင်ရှင်ပါ….အမေဟာ ကမ ္ဘာကြီးရဲ့ အရိပ်ပါ …အမေ့အရိပ်
    ဟာအလွန်အေးမြလှပါတယ်….အေးမြတဲ့ အမေ့ရိပ်မှာ သားသမီးများ
    အိပ်စက်နိုင်ကြပါစေသော်……တကယ်တော ့ အမေဆိုတာ သားတို့
    သမီးတို့ရဲ့နှလုံးသားတွေကိုနူးညံ့စေခဲ့ပါတယ်၊ အမေရဲ့ နို့ချိုတွေက သားတို့
    သမီးတို့ရဲ့အသက်ကို ကြာရှည်အောင် အသက်ဆက်နိုင်ခဲ့တယ်၊
    တကယ်တော့-အမေဟာ ဘယ်အရာနဲ့မှ အစားထိုးမရနိုင်တဲ့သူပါ။

    လောကမှာ ရှိသော သားသမီးတို်င်း အမေကျေးဇူးကို နားလည်သော ၊
    လိမ္မာယဉ်ကျေးသောသားသမီးများ ဖြစ်ကြပါစေလို့ ဆုတောင်းရင်း
    အမေများနေ့ကို ဒီပို့စ်လေးရယ်၊ သီချင်းလေးရယ်နဲ့ ဂုဏ်ပြုလိုက်ပါတယ်။
    သူငယ်ချင်းအားလုံး
    အစဉ်ကျန်းမာရွှင်လန်းပါစေလို ့
    ဆန္ဒပြုရင်း

    ညချစ်သူ

  • ကေဇီ

    May 11, 2014 at 11:29 am

    နာ့ လောက် အမေချစ်တာလည်း နာပဲ။
    အဲ အမေဘွဲ့တော့ တခါမှ မရေးဖူးလို့ ဒီနေ့ရေးလိုက်တယ်…

    :s:

    • alinsett (gazette)

      May 11, 2014 at 12:44 pm

      မမဂျီးး ရေးးတာလည်း ဖတ်ပြီးပြီ။

      ကျနော်တော့ အဲ့ဒီလို ပေါ့ပေါ့ပါးပါးလေးဖြစ်အောင် မရေးတတ်
      ကိုယ့်မိသားစုအကြောင်းကလည်း
      ပေါ့ပေါ့ပါးပါးမှ မဟုတ်ခဲ့တာ
      အမေ အဖေအကြောင်းး စကားပြေနဲ့ သာ ရေးရင်
      ဖတ်တဲ့သူတွေ ရင်မောသွားမလားပဲ

      ဒါကြောင့်
      ကျနော်တော့ ဒီလိုလေးပဲ ရေးနိုင်တယ်

      🙂

  • lu lu

    May 11, 2014 at 12:30 pm

    ဒီနေရာကပဲ
    အ မေ အားလုံးကိုရှိခိုးကန်တော့ရင်း ဂုဏ်ပြုလိုက်ပါတယ်

    • alinsett (gazette)

      May 11, 2014 at 12:47 pm

      ကျနော့် စာတွေကို မပြတ်မကွက်
      ဝင်ဖတ်ပေးနေတဲ့ လုလုရေ
      ကျေးးဇူးပါခင်ဗျ

      🙂

  • TNA

    May 11, 2014 at 3:33 pm

    အမေနေ့ဘွဲ့တွေအပြိုင်ရေးနေလိုက်ကြတာ။ နာဖင့်ခုမှတိတတော့ :byee:

    • alinsett (gazette)

      May 11, 2014 at 3:57 pm

      တဲသီ
      အော်လေဘီ

      :mrgreen:

      အမေနေ့ နှစ်နေ့ကွဲနေတယ် တဲသီ
      နောက်တစ်နေ့ ကျန်တေးဘာဒယ်

      🙂

      • TNA

        May 14, 2014 at 6:20 pm

        ပြာသိုလပြည့်နေ့တော့သိသအေ့

  • Aye Lwin Oo

    May 11, 2014 at 5:04 pm

    နူးညံ့တဲ့ ရင်ခွင်
    ခံစားလွယ်တဲ့ နှလုံးသား
    စီးလွယ်တဲ့ မျက်ရည်တွေနဲ့

    ကောက်ကျစ် ယုတ်မာတဲ့
    ကြမ်းတမ်း ရိုင်းစိုင်းတဲ့
    လူ့လောက တောရိုင်းထဲ . . . မှာ

    ရဲရင့် သန်မာတဲ့
    ခိုင်မြဲ တည်ကြည် တဲ့
    ရင်သွေးတွေရဲ့ ဘဝသစ် တည်ဆောက်ဖို့
    ကိုယ့်ဘဝကို မြှပ်နှံစတေးခဲ့ကြတဲ့
    မိခင်တွေရဲ့ ချစ်ခြင်းမေတ္တာကို
    ဦးညွှတ်လိုက်ပါတယ်။

    မွေးမေကို တမ်းတရင်း
    ကိုအလင်းဆက်ရဲ့ အမေ့ကဗျာကို
    ရင်နဲ့ ခံစားမိပါတယ်။

    • alinsett (gazette)

      May 11, 2014 at 5:33 pm

      မိခင်မေတ္တာဟာ
      ဒီလောကမှာ
      ကျနော် တန်ဖိုးအထားဆုံးအရာပါပဲဗျာ

      ကျနော့် စာတိုပေစလေးကို ခံစားအားပေးသွားတဲ့အတွက်
      ကျေးဇူးပါဗျို ့

  • Mr. MarGa

    May 14, 2014 at 6:49 pm

    အမေနေ့
    ငါ့ အတွက်တော့ နေ့တိုင်းက အမေနေ့ ပါပဲ
    အင်းးး အဲဒါကို အမေသိအောင် ပြောထားဦးမှပါလေ…..

Leave a Reply