လူသတ်သမား ဝေလငါးနဲ့ အော်စကာ…

kaiMarch 4, 20102min530

ဖေဖေါ်ဝါရီလကုန်ပိုင်းက ဖလော်ရီဒါ-စီးဝေါလ်ထဲက ဝေလငါးက သူ့ကိုလေ့ကျင့်ပေးတဲ့ ဆရာမကို သတ်လိုက်ပါတယ်။
အဲဒီမှာတင် တနိုင်ငံလုံးက တရိစ္ဆာန်ချစ်သူတွေ၊ မချစ်သူတွေ၊ စီးပွားရေးသမားတွေ အုံကြွလာပြီး သတင်းတွေမှာ ထပ်ခါပါနေရောဆိုပါစို ့..။

ဘာဖြစ်သလဲဆိုတော့..
အော်စကာ နောမနိတ်(ကြိုတင်စကာစစ် စာရင်း) မှာ (Burma VJ )ကားက (The Cove)နဲ့ပြိုင်နေတာကိုး…။
( The Cove)ဒါရိုက်တာပါ သတင်းအင်တာဗျူးတွေမှာ သူ့ကားနဲ့ဆက်စပ်ပြီး ထွက်လာနေတော့တာမို ့…Burma VJဟာ စိတ်ဝင်စားခံရမှုနည်းနည်းကျသွားပါတယ်။

ဒီကြားထဲ ပြီးခဲ့တဲ့အပါတ်က တိုင်းမ်မဂ္ဂဇင်းကလည်း Food, Inc ကို ရမယ်ဆိုပြီး သူတို့မဂ္ဂဇင်းထဲထည့် တင်ကြိုဖွနေပါတယ်…

ဖွတာတွေခေတ်စားလာနေတဲ့ ဒီအချိန်မှာ ( The Hurt Locker)ကလည်း အကောင်းဇတ်ကားဆုရအောင်မှန်းပြီး ရုပ်ရှင်ဖြန့်ချိသူကို စစ်သားတယောက်က တရားစွဲတာတွေဘာတွေတောင် လုပ်ကုန်ပါတယ်..။
ဘာပဲလုပ်ကြလုပ်ကြ…မနက်ဖြန်အဖြေပေါ်တော့မှာမို ့..စောင့်ကြည့်ကြရအောင်..။

Burma VJ Oscar ဆုရကို ရရမည်

အောက်မှာ ဆက်စပ်သတင်းတွေပါ။ ဗမာလိုသတင်းက ဧရာဝတီဝက်ဘ်ဆိုက်ကယူတာပါ။

ယခုနှစ် အော်စကာဆုပေးပွဲကို မြန်မာတို့ စိတ်ဝင်စား

Thursday, 04 March 2010 18:02 သဲသဲ

ကမ္ဘာကျော် အော်စကာ ဆုကို မြန်မာနိုင်ငံတွင် စိတ်ဝင်စားမှု နည်းပါးသော်လည်း လာမည့် တနင်္ဂနွေ နေ့တွင် ကျင်းပမည့် အော်စကာ ဆုပေးပွဲကို မြန်မာ ရုပ်ရှင်ကြည့် ပရိသတ် အများအပြားက စိတ်ဝင်စား နေကြသည်။

၂၀၀ရ သံဃာ့လှုပ်ရှားမှုအား မှတ်တမ်းတင် ရိုက်ကူးနေပုံကို Burma VJ တွင် တွေ့နိုင်သည်။ မည့်သည့် မင်းသား၊ မင်းသမီး အကယ်ဒမီ ရမည် ဆိုသည်ကိုသာ စိတ်ဝင်တစား စောင့်မျှော် ကြည့်ရှုကြသည့် မြန်မာပရိသတ်သည် အော်စကာဆု ဆန်ခါတင် စာရင်းဝင် Burma VJ ကြောင့် ရက်ပိုင်းအတွင်း ပြုလုပ်တော့မည့် အော်စကာဆုပေးပွဲကိုလည်း စိတ်ဝင်စားလာကြသည်။

မြန်မာပြည်မှ ဗီဒီယို ဂျာနယ်လစ် များနှင့် ၂၀၀ရ ခုနှစ် သံဃာ့ လှုပ်ရှားမှု ကာလကို မှတ်တမ်း တင်ထားသည့် Burma VJ ဇာတ်ကားသည် အမေရိကန် နိုင်ငံတွင် ပြုလုပ်မည့် အော်စကာ ဆုပေးပွဲတွင် အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်ကားဆု ရနိုင်ဖွယ် ရှိသောကြောင့် ထိုသို့ စိတ်ဝင်စား နေကြခြင်း ဖြစ်သည်။

အော်စကာ ဆန်ခါတင် စာရင်းတွင် Burma VJ ပါဝင်နေ ခြင်းမှာ ဂုဏ်ယူဖွယ် ဖြစ်သည်ဟု နာမည်ကျော် သရုပ်ဆောင် ကျော်သူက ပြောသည်။

“ဒီဇာတ်ကားက ကျနော်တို့ရဲ့ တကယ့် သမိုင်းကြောင်းကို ရို်က်ခဲ့တဲ့ကား ဖြစ်တယ်။ ဒီကားကို ပြန်ကြည့်တာနဲ့ ၂၀၀ရ ခုနှစ် စက်တင်ဘာ တုန်းက ကိစ္စတွေ ကျနော်တို့ ပြန်ပြီး အမှတ်ရစေတဲ့ အတွက် ဒါဟာ အင်မတန်ကို ကောင်းပါတယ်” ဟု  ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် အကယ်ဒမီ ကျော်သူက ဧရာဝတီကို ပြောသည်။

Burma VJ၏ ဇာတ်ညွှန်းရေးသူ Jan Krogsgaard ကလည်း “Burma VJ သာ အော်စကာရမယ် ဆိုရင် သမိုင်းမှာ ပထမဆုံးအကြိမ် နိုင်ငံနဲ့ပြည်သူတရပ်လုံးက အော်စကာရတာ ဖြစ်သွားမှာပါ”  ဟု ဆိုသည်။

“အော်စကာရတာကို မြင်ချင်တဲ့သူတွေထဲမှာ မြန်မာပြည်က ဗိုလ်ချုပ်တွေတောင် ပါနိုင်ပါတယ်။ အော်စကာ ရပါစေလို့ သူတို့ စိတ်ထဲမှာ ဆုတောင်းပြီး ငြိမ်းချမ်းရေးကို သူတို့ တွေ့နိုင်ကြမှာပါ”  ဟု ဇာတ်ညွှန်းဆရာက ပြောသည်။

၂၀၀၉ ခုနှစ် ရုပ်ရှင်ကားများအတွက် အော်စကာဆုပေးပွဲ နီးကပ်လာချိန်တွင် ဆန်ခါတင် စာရင်းဝင် ဇာတ်ကားများနှင့် ပတ်သက်၍ မြန်မာပြည်ရှိ စာနယ်ဇင်းများတွင် ရေးသား ဖော်ပြလေ့ရှိသည်။ သို့သော်လည်း ယခုနှစ်တွင် ရေပန်းစားနေသည့်  Burma VJ အကြောင်းကို မြန်မာပြည်ထုတ် ဂျာနယ်၊ မဂ္ဂဇင်းများတွင် ဖော်ပြခွင့် မရပေ။

“ဒီကားကို အရမ်းကို ရစေချင်ပါတယ်။ နိုင်ငံတကာက သတင်းသမား အားလုံးကို ဂုဏ်ပြုတာနဲ့ အတူတူပါပဲ။ ကျနော်တို့ မြန်မာ တနိုင်ငံလုံးကတော့ စိတ်ထဲကနေ ဂုဏ်ပြုပြီးသားပါပဲ” ဟု ရန်ကုန်မြို့မှ နာမည်ကြီး ရုပ်ရှင်နှင့် ဗီဒီယို ဒါရိုက်တာ တဦးက ဧရာဝတီကို ပြောသည်။

Burma VJ ကို ကြည့်ရှုခဲ့သည့် ရန်ကုန်မှ NGO ဝန်ထမ်းတဦးကလည်း “ဒါက တကယ့် ဖြစ်ရပ်ကို အခြေခံပြီး ရိုက်ထားတာ ဆိုတော့ မြန်မာပြည်ထဲကလူတွေရဲ့ ရင်ထဲမှာ ဘယ်လိုဖြစ်နေလဲ ဆိုတာ မြင်နိုင်ပါလိမ့်မယ်” ဟု ပြောသည်။

ဒိန်းမတ်လူမျိုး ဒါရိုက်တာ Anders Ostergaard  ရိုက်ကူးထားသည့် Burma VJ တွင် ပါဝင်သော ဗီဒီယိုဂျာနယ်လစ်များမှာ  နော်ဝေနိုင်ငံ အခြေစိုက်  ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သို့ စွန့်စွန့် စားစား သတင်း ပေးပို့ခဲ့သူများ ဖြစ်သည်။

DVB  လက်ထောက် အုပ်ချုပ်ရေးမှူး ကိုခင်မောင်ဝင်းက “ဒါဟာ သမိုင်းဝင် မှတ်တိုင်တခု ဖြစ်ရမယ်။ အော်စကာဆု မရဘူး ဆိုရင်တောင် ဒီဇာတ်ကားဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကိုတော့ ရလာပါလိမ့်မယ်” ဟု   ဧရာဝတီကို ပြောသည်။

Burma VJ  မှတ်တမ်းရုပ်ရှင်သည် နိုင်ငံတကာမှ ပေးအပ်သည့် ဆုပေါင်း ၄ဝ ကျော် ရရှိထားပြီး ဖြစ်သည်ဟု ထိုရုပ်ရှင်၏ အင်တာနက် စာမျက်နှာ http://burmavjmovie.com တွင် ဖော်ပြထားသည်။

====================================

Cove‘ director: SeaWorld death preventable

CNN – Mairi Mackay – ‎Feb 26, 2010‎
(CNN) — The director of an Oscar-nominated documentary about dolphin slaughter says the SeaWorld killer whale attack that left a trainer dead earlier this
===================================

More “Hurt Locker” Drama–Multi-million Dollar Lawsuit

Gather.com – ‎8 hours ago‎
Master Sergeant Jeffrey Sarver is suing the makers of “The Hurt Locker“, claiming that the film is about him and his experiences in Iraq.