ဒါဇင်ပလပ်စ်ဧ။် (၂၁)ကြိမ်မြောက် ဧပြီ လအလှူ

etoneMay 12, 20141min1955

ဒါဇင်ပလပ်စ်ဧ။် (၂၁)ကြိမ်မြောက် ဧပြီ လအလှူကို ၊ 6-4-14 တွင် ရန်ကုန်တိုင်း ၊ တိုက်ကြီးမြို့နယ် ၊ တာခွတာဆုံကျေးရွာရှိ ” အေးချမ်းသာ လူငယ်ဖွံ ့ဖြိုးရေး ပရဟိတကျောင်း “သို့ ဒါဇင်ပလပ်စ် အဖွဲ့များကိုယ်တိုင်သွားရောက်ပြီး ပညာရေး အထောက်ပံ့အလှူငွေ ၄၃၅,၀၀ဝ /- (လေးသိန်းသုံးသောင်း ငါးထောင်ကျပ်) ကို သွားရောက် လှူဒါန်း ခဲ့ပါတယ် ။

အေးချမ်းသာ လူငယ်ဖွံ ့ဖြိုးရေး ပရဟိတကျောင်းကို ၂၀၀၁ ခုနှစ် ၊ မေလတွင် ကျိုက်ဝိုင်း အောင်ဗိမာန်ကျောင်းတိုက် ပဓါနနာယက ဆရာတော် ဘဒ္ဒန ္တအာစရိယဧ။် ဦးဆောင်မှုဖြင့် ၊ တာဝန်ခံ နာယက ဆရာတော် ဦးဇောတိကမှ စတင် တည်ထောင် ဖွင့်လှစ်ခဲ့ပါတယ် ။

တာဝန်ခံ နာယက ဆရာတော် ဦးဇောတိကမှာ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လည်းကောင်း ၊ ကျောက်တန်းမြို့နယ် ကမာကလုပ်တွင် လည်းကောင်း မိဘမဲ့ ကလေးများဧ။် ဘဝရှင်သန်ရေးကို ရည်ရွယ်ပြီး ပရဟိတဂေဟာများကို တည်ထောင် ဖွင့်လှစ်ခဲ့ပါတယ် ။ ဆရာတော်ကြီးရဲ့သက်တော် (၇၃)နှစ် ၊ ဝါတော် (၅၃)နှစ်ရှိသည့်တိုင်အောင် ပရဟိတလုပ်ငန်းများကို ပိုမိုတိုးချဲ့ လုပ်ကိုင်လျှင် စိတ်အား ထက်သန်လျှက် ရှိကြောင်းလည်း သိရပါတယ် ။

အေးချမ်းသာ လူငယ်ဖွံ ့ဖြိုးရေး ပရဟိတကျောင်းမှာ မူလတန်း အရွယ်မှ စပြီး တက္ကသိုလ်ကျောင်းတက်ပြီး ဘွဲ ့ရသည့် အရွယ်ထိ လက်ခံ စောင့်ရှောက်ပညာသင်ပေးလျှက်ရှိကြောင်းလည်း သိရပါတယ် ။ မြန်မာ ၊ ပဒေါင်(ကယန်း) ၊ ပလောင် ၊ပအို့ ၊ ကယား ၊ ကရင် ၊ ရှမ်း၊ ရခိုင် ၊ လားဟူ ၊ နာဂစသော တိုင်းရင်းသား မျိုးနွယ်စုများမှကလေးများကို လက်လှမ်းမှီသလောက် ကူညီ ကျွေးမွေးစောင့်ရှောက်ထားပြီး ၎င်းတို့ဧ။် ဝေယျာဝစ္စ အစစ နှင့် ပညာရေးကို အထောက်ပံ့ပေးထားပါသေးတယ် ။ ယခုနှစ်ပညာသင်နှစ်အတွက် ကလေးပေါင်း 90ကျော်ကို ပြုစုပျိုးထောင်ပေးလျှက် ရှိကြောင်းလည်း သိရပါတယ် ။

ကလေးများ ရဲ့ ဝေယျာဝစ္စပြုလုပ်ပေးရန် အနီးနား ရွာများမှ လုပ်အားပေး ၄ယောက်ခန့်ရှိကြောင်းလည်း သိရပြီး ၊ ကလေးများ ဧ။် ပညာရေးအတွက်လည်း ဆရာမ ၆ ယောက်ခန့်လို့ ကျူရှင်ချိန်အဖြစ် သင်ကြားစေကြောင်းလည်း သိရပါတယ် ။ ဘကကျောင်း မဟုတ်ပဲ ပရဟိတ လူငယ်ဖွံ ့ဖြိုးရေးကျောင်း အဖြစ် ရပ်တည်နေခြင်း ဖြစ်သဖြင့် ၊ ကလေးများကို အစိုးရကျောင်းများသို့ စေလွှတ်ပြီး သင်ကြားစေကြောင်းလည်း သိရပါတယ် ။ အေးချမ်းသာ လူငယ်ဖွံ ့ဖြိုးရေးကျောင်းဧ။် ပံ့ပိုးပေးမှုကြောင့် တိမွေးကု တက္ကသိုလ် ၊ စီးပွားရေး တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ် ၊ နည်းပညာတက္ကသိုလ် စသည့်တက္ကသိုလ်များတွင် ဘွဲ့ရသူများလည်း ပေါ် ထွက်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရပါတယ် ။ ကျောင်းတွင် လက်ခံ ထားသော ကလေးအမျိုးစားမှာ ၄ခု ရှိကြောင်းလည်း သိရပြီး မိမဲ့ ၊ ဘမဲ့ ၊ မိဘမဲ့ ၊ ဆင်းရဲနွမ်းပါးနှင့် စွန့်ပစ်ခံ ကလေးများ ဖြစ်ကြောင်းလည်း သိခဲ့ရပါတယ် ။

မိမိတို့ တိုင်းရင်းသား မျိုး နွယ်စုများရဲ့ အဖူးညွှန့်များဖြစ်တဲ့ (ခိုကိုးရာမဲ့ ) ကလေးများကို တဖက်တလမ်းက ကူညီချင်တယ် ဆိုပါလျှင် အောက်ပါ အသုံးဆောင်များကိုလည်း လှူဒါန်းနိုင်ပါကြောင်းနှင့် အရေးတကြီး လိုအပ်နေသေးကြောင်းလည်း သိရပါတယ် ။

အဝတ်စား၊ စာရေး ကိရိယာ ၊ ဖိနပ် ၊ ဆပ်ပြာ ၊ သွားတိုက်ဆေး၊ သွားတိုက်တံ ၊ အိပ်ယာလိတ်၊ စောင်၊ ခြင်ထောင် ၊ ခေါင်းအုံး ၊

ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းလိုပါလျှင် ရန်ကုန်မြို့မှ (၄၆)မိုင်အကွာ ၊ တိုက်ကြီးမြို့အနီးရှိ ၊ တာခွ တာဆုံကျေးရွာရှိ ” အေးချမ်းသာ ပရဟိတကျောင်း”သို့ သွားရောက်လှူဒါန်းနိုင်ပါတယ် ။

 

(ရေးထားတာ ကြာပါပြီ … အ ကြောင်းအမျိုးမျိုးကြောင့် အလှူမှတ်တမ်း နောက်ကျပြီးမှ ပို့စ်တင်ဖြစ်ပါတယ် …. ရွာတွင်း ရွာပြင်မှ အလှူ ရှင်များကို အားနာမိပါတယ် )

မိဘအိမ်မှာနေရသလို သန့်သန့်ပြန်ပြန့်လေး
မိဘအိမ်မှာနေရသလို သန့်သန့်ပြန်ပြန့်လေး

988418_10152130809728371_92155977_n

1559590_10152130808948371_336234256_n

5 comments

  • alinsett (gazette)

    May 12, 2014 at 1:12 pm

    21 ကြိမ်တောင် တိုင်ခဲ့ပြီပဲ
    သာဓုခေါ်လျက်ပါဗျာ
    ရှေ ့လျှောက်လည်း အောင်မြင်မှုတွေ နဲ့ လှမ်းနိုင်ကြဦးမှာပါ

  • ကြောင်ဝတုတ်

    May 12, 2014 at 1:41 pm

    ဒါဇင်ပလပ်အပေါ်မှာ ကျွန်တော်ပျက်ကွက်ခဲ့တာ (၂)လတောင်ရှိပါပေါ့လား…
    ဒီလကစပြီး အားပြန်စိုက်ထည့်ပါဦးမယ်…
    ဒါဇင်ပလပ်ရေ… ရှေ့ဆက်ရန်ကြိုးစားကြပါစို့…

    ကြောင်ဝတုတ်

  • အာဂ

    May 12, 2014 at 3:30 pm

    အင်း………ဝမ်းမြောက်ဝမ်သာ ဖြစ်ခဲ့ရတဲ့နေ့လေးတစ်နေ့ပါ။ ကလေးတွေမျက်နှာကြည့်ရတာနဲ့ ပီတိဖြစ်မိတယ်။

  • black chaw

    May 12, 2014 at 3:50 pm

    ဟိုဘက်ပို့စ်တစ်ခုမှာ…
    တစ်ယောက်က ရှက်တတ်ရင်သေလို့ရတယ်တဲ့…
    သူကြီးကို ဆော်ထားတာဗျ…။
    ခင်ဗျားတို့ ဒါဇင်ပလပ်စ် အလှူတွေကို ကြည့်ပြီး…
    ကျွန်တော်လည်း ရှက်တတ်နေပါပြီ…။
    ခင်ဗျားတို့လို အရွယ်လေးတွေနဲ့ လှူနေတန်းနေကြတာကို…
    နောက်ကလည်းမပံ့ပိုးနိုင်…ရှေ့ကလည်း ဦးမဆောင်နိုင် ဖြစ်နေတဲ့
    အိုကြီးအိုမ ကျွန်တော် မှ မရှက်ရင် ဘယ်သူက ရှက်ရဦးမလဲဗျာ…။
    အဲ…အဲ…သေတော့ မသေရဲသေးဘူးနော်…။

  • lu lu

    May 12, 2014 at 5:08 pm

    အလှူရှင် တွေကိုအားကျမိပါတယ်
    ဒီလိုက လေးတွေကိုကူညီနိုင် တဲ့သူဖြစ်ဖို ့ကြိုးစားအားထုတ်ပါ့မယ်
    🙂

Leave a Reply