ရှက်တတ်ရင် သေလို့ရတယ် @kai

မီ မီMay 12, 20141min705111

ဘဝင်လည်းမမြင့်ရပါ ရှင်
သူရဲကောင်းတွေကိုအားကျ
သမိုင်းထဲမှာဖတ်ခဲ့ရလို့
ချေဂွေဗားရား ၊ ဟိုဆေးရီဇော် ဟိုချီမင်းပါမကျန်
လေးစားအားကျခဲ့ပါတယ်ရှင်
မြန်မာဆိုတာ သမိုင်းအဆက်ဆက်မျက်နှာငယ်ခဲ့ရတာ
မြန်မာဆိုတာ မျက်စိပိတ်နားပိတ်နေရတဲ့ဘဝ
မြန်မာဆိုတာ မျက်မှောက်ခေတ်ဆင်းရဲနုံခြာလှတာ
သိပ်သိတာပေါ့ရှင်
ရှင်တို့ပဲ သိဖို့လိုတာ
တကိုယ်ရေသက်သာချောင်ချိဖို့
နိုင်ငံခြားမှာဒေါ်လာရှာ
သက်သာတဲ့ဘဝအခြေအနေရောက်မှ
မြန်မာကိုပြန်လှည့်ကြည့်တော့
ရှင်တို့လည်းမြန်မာဖြစ်ရတာ
ရှက်နေမှာပေါ့နော်
သန်း ၈ဝ ရဲ့တစ်ရာပုံတစ်ပုံသာ
ပညာတတ်လူတန်းစေ့တာ
ကျန်တာတွေက နုံခြာဆင်ရဲ
ပျော်နေမယ်ရှင်တို့ထင်သလား
မျှော်လင့်ချက် မဲ့တဲ့ဘဝမှာ
အနူဖြစ်ကာမှ ဝဲစွဲရတဲ့ဘဝ
ရှင်တို့မို့ပြောရက်တယ်
ဘဝင်မမြင့်နဲ့ဟုတ်လား
ဘဝင်မြင့်ရအောင် လေယဉ်လည်းမစီးဖူးဘူး
လေယဉ်ပေါ်ကလည်းမကြည့်ဖူးဘူး
လေထိုး လေလျော် လေပေါ်ကလည်းမဝေဖန်ဘူး
တတ်နိုင်ရင်ပြန်လာခဲ့ကြပေါ့
ရှင်တို့ သင်ထားတဲ့ပညာ
ရှင်တို့သိတဲ့နိုင်ငံတကာ
ရှင်တို့ပေါက်တဲ့ အတွေးအခေါ်
ရှင်တို့ရထားတဲ့ဒေါ်လာ
မြန်မာတွေကိုကူထောက်ပံ့ဖို့
ရေတပေါက်ပဲဖြစ်ဖြစ်
ဆားတစ်ပွင့်ပဲဖြစ်ဖြစ်ပေါ့
အသံကောင်းဟစ်နေတာကတော့
ရှင်တို့လေ ……
ရှက်တတ်ရင် သေလို့ရတယ် ။

ဘဝင်မမြင့်ရပါရှင်
ဘာသာ ယုံကြည်မှု အလှူဒါန
ကိုယ်ကြိုက်တာကိုယ်လုပ်မှာပေါ့
ဒုသီလနဲ့ သုသီလ
ဘယ်သူ့ကိုဒါနပြုမလဲ
ဝေလာမ သုတ္တံကို ပမာထား
ဘယ်ကုသိုလ်အမြတ်ဆုံးဆိုတာ
မှားများ မှားနေလို့လားရှင်
ရှင်တို့ ကမ္ဘာကျော်သဌေးကြီးရဲ့
ဂျန်းတဲမဲန်း စတိုင်တွေ
တကယ်အားကျရင်ပြန်လာခဲ့ပါလား
သတင်းစာဆိုတာ
မြန်မာမှာလည်းထုတ်လို့ရတယ်
ရှင်တို့သိတဲ့နိုင်ငံတကာသတင်းတွေ
ရှင်တို့ရဲ့ မီဒီယာအတတ်ပညာတွေ
မြန်မာတွေကြားမှာဖြန့်ဝေကြလေ
ဒေါ်လာတော့မမှန်းနဲ့ပေါ့
စုတ်ပြတ်နေတဲ့ဘဝတွေထဲကငွေအကြွေတွေကို
သဲ့ယူဖို့တော့ မစဉ်းစားနဲ့ပေါ့
တကယ်သာမြန်မာကိုချစ်ရင်
လေထိုး လေလျော် လေပေါ်ကအော်မနေပါနဲ့
အဆိပ်မိငါးတွေစားရတဲ့ဘဝထဲ
အဟာရချို့တဲ့လို့သေဆုံးနေတဲ့ဘဝထဲ
မပြည့်စုံမလုံခြုံတဲ့ဘဝထဲ
အမှောင်ထုထဲက
လူ့အခွင့်ရေးဆုံးရှုးနေတဲ့ဘဝထဲ
အလင်းရောင်တစ်ချက်ပေးကြည့်ပါ
ရှင်တို့ပြောတဲ့ ဘတ်တာဖလိုင်းသီအိုရီကို
ကလေးတွေကိုသိအောင်လာသင်ပေးပါ
လေထဲမှာ အသံကျယ်ကျယ်အော်တာကတော့
ပဲပြုတ်သည် ဒေါ်ဂွက်ထော်လည်းတတ်တယ်
တွေးကြည့်ရင်လေ ……
ရှက်တတ်ရင်သေလို့ရတယ် ။

ဘဝင်မမြင့်ရပါရှင်
ရှုခင်းတွေ မသာယာတာလည်း
နားလည်သဘောပေါက်ပါတယ်
ဘာတခုမှထုတ်ကုန်မရှိတာလည်း
နားလည်ခဲ့ပါတယ်
ပညာရေးစံနစ်မကောင်းလို့
ကျောင်းဆရာမတွေညံ့လို့
အစိုးရအသုံးမကျလို့
ပါတီဝင်တွေ ဗျောက်သောက်ဖြစ်လို့
ပြည်ခိုင်ဖြိုးအဖွဲ့က ဖွတ်တွေများလို့
၈၈ အဖွဲ့က အင်အားနဲလို့
ဒီလိုသာ ရှင်တို့ထင်ရင်လေ
ပြန်လာပြီးဝိုင်းဝန်းကြပါလား
လခနည်းလို့
ဒေါ်လာငွေ မရနိုင်လို့
ရှင်တို့တွေ မလုပ်နိုင်တာများ
လေထိုး လေလျော် လေပေါ်မှာဆရာလုပ်တာ
တွေးကြည့်ရင်လေ ……
ရှက်တတ်ရင် သေလို့ရတယ် ။

ဟိုချီမင်းတောင်မှ
ထမင်းတနပ်လျော့စားသေးတာ
ရှင်တို့လည်းသူရဲကောင်းလုပ်ချင်ရင်
မြန်မာကိုပြန်ပံ့ပိုးကြပေါ့
ကိုယ်ကကောင်းစားပြီးမှ
ဘေးလူကိုသတောင်းစားပြောတာ
ဆံပင်ဖြူနှုတ်ရင်းအတင်တုတ်တဲ့
ဒေါ်ဘုမလည်းပြောတတ်တယ်
မြန်မာ့ထွက်ကုန်ညံ့လို့လူမသုံးတာ
ရှင်တို့သိရင် လာပြန်ထုတ်လုပ်လေ
လေထဲကပဲအော်တတ်တာများ
မိုးရာသီ ဖားလက်တက် တွေက
ပျင်းသနားတာပေါ့ရှင်
ဒုက္ခတွေခါးစည်းခံရသူကိုမှ
အပေါ်စည်းကအပြစ်တင်ရက်တယ်
တနိုင်ငံလုံးစုတ်ပြတ်နေတာ
သိသာသိ မလှောင်ပြောင်နဲ့လေ
မြန်မာစာမတတ်တဲ့
မြန်မာနိုင်ငံသားတွေရှိနေသေးတာ
ရှင်တို့လည်းသိပါလျှက်နဲ့
အင်္ဂစာမတတ်တာ
ဆန်းများနေသလားရှင်ရယ်
မြန်မာကိုတကယ်ချစ်ရင်
တိုးရစ်စ်တွေကိုမပြချင်တဲ့
စုတ်ပြတ်နေတဲ့ဘဝတွေ
နုံခြာနေတဲ့ဘဝတွေ
မွဲပြာနေတဲ့ဘဝတွေ
အကူအညီ မဲ့နေတဲ့ဘဝတွေ
ဘုန်းဘုန်းကျနေတဲ့စိတ်ဓတ်တွေ
ရှင်တို့တဖက်လောက်လာကူထမ်းလေ
ဟိုဟာ မကောင်းလို့
ဟိုဟာ ညံ့လို့
ဟိုလူ အသုံးမကျလို့
ဟိုစံနစ်က ခေတ်မမှီလို့
လေထဲက လူစွာလုပ်တာမျိုးတော့
ဗေဒင်ဆရာ ဆရာညာက
ပျင်းသနားတာပေါ့ရှင်
လေထိုး လေလျော် လေပေါ်မှာလူဇော်လုပ်တာ
စဉ်းစားရင်လေ ……
ရှက်တတ်ရင် သေလို့ရတယ် ။

111 comments

  • ခင် ခ

    May 15, 2014 at 10:59 pm

    ဒီတစ်ခါရွာထိပ်ချိတ်တဲ့ဆိုင်းဘုတ်က အဝေးကပင်မြင်လောက်ပုံဘဲ အရီးတောင် ရောက်လာတယ်ဆိုတော့လေ။
    မင်္ဂလာပါအရီးရေ

  • ကျော်စွာခေါင်

    May 16, 2014 at 12:22 am

    မမီမီရေ…
    ပြောရအုန်းမယ်ဗျာ…
    မမီမီကို ကျနော် မရင်းနှီးပါဘူး…
    သူကြီးနဲ ့လဲ မရင်းနှီးပါဘူး.. ဒါပေမယ့် ခုလို ကိစ္စကတော့ ရင်းနှီးတာ ၊မရင်းနှီးတာ ဘေးဖယ်ပြီး ပြောသင့်တယ်ထင်လို ့ ပြောတာပါ..။
    ဘက်လိုက် ပြောတာမျိုးလဲ စိတ်မပါပါဘူး..။
    “ ဘဝင် မမြင့်နဲ ့” ပို ့စ်ရော… မြန်မာစကား မြန်မာမူးလဲ ပို ့စ်ရော..ဖတ်ပြီးပါပြီ..
    ဒီလိုဖြစ်နေ ပြောနေမှ ဖတ်ဖြစ်တာပါ..။
    ့ပထမ ပြောချင်တာက “ မြန်မာ မူးလဲ ” ပို့စ်မှာ မြန်မာကို အထင်သေး စော်ကားတဲ့ စေတနာ မတွေ ့ပါဘူး..
    ရီမုဒ်ကွန်ထရိုးက သုံးနေကြ ပြောနေကြ စကားလေးတွေကို…မြန်မာလို ပြောမယ်ဆိုရင် တော်တော် ဂွတီး ဂွကျ ဖြစ်နေမှာလေးကို ဟာသအတွေးနဲ ့ရေးထားတာပါ..။
    အဲလို အမြင်နဲ ကျနော် ့ကြည့်ပြိး ခံစားပြောရမယ် ဆိုရင် Moonpoem မှာ မြန်မာလူမျိုးကို နှိမ်ချစိတ် မရှိဘူးဗျ..။
    နောက် အားယားပြီး ရေးတာမဟုတ်ပါဘူး.. ။
    ဘယ်စာမျိုးဘဲ ရေးရေး အချိန်ပေးရတယ်..အင်တာနက်အသုံးပြုခပေးရတာပါဘဲ..။
    စာကြီးပေကြီးတွေ ရေးမှ စာပေချစ်တာ မဟုတ်ပါဘူး…။
    ….
    နောက် ဘဝင်မမြင့်နဲ ့ ပို ့စ်က သူကြီးရေးတာ မဟုတ်ပါဘူး…အောက်မှာ ပို ့စ်ပိုင်ရှင် နာမည်ပါတာဘဲ…အဲဒါက ဖတ်ရတာ အမှန်တွေ ရေးထားတာပါ..။ တစ်ကယ်မှန်တဲ့ အကြောင်းတရားပါ…။
    ကိုယ့်နိုင်ငံ နိမ် ့ကျနေလား ဘာလားဆိုတာ လေယာဉ်စီးဘူးမှ သိတာ မဟုတ်ပါဘူး…
    လက်ရှိအခြေအနေ အမှန်တရားကို ….အမှန်အတိုင်းသိလို ့ဘဲ လိုတာပါ..။
    သူက နှိမ်ပြီးရေးတာ မဟုတ်ဘူးလေ…မမီမီ
    ဆရာကြီးတစ်ဦးတောင်…
    “ ထလော့..မြန်မာ…အို မြန်မာတို ့” ဆိုပြီး နှစ်ပေါင်းများစွာကတည်းက အားမလို အားမရ ရေးဘူးပါတယ်..။
    မမီမီ ..ကျောင်းဆရာမဘဲ…ဖတ်ဘူးမှာပါ..။
    နောက် နိုင်ငံခြားထွက်တဲ့ ကိစ္စ။။။
    လူတော်တော်များများ ရေးကြတယ်.. နိုင်ငံခြားထွက် အလုပ်လုပ်ရင် …..
    တိုင်းပြည်မချစ်သလို…
    ပြည်တွင်းထဲနေမှ…တိုင်းပြည်တစ်ကယ်ချစ်သလိုမျိုး…
    ပြည်တွင်းမှာ နေတဲ့သူတွေရော… ချစ်တာလား…အောင့်နမ်းနေတာလား စဉ်းစားရလိမ့်မယ်ဗျ..။
    မမီမီကို ..ချစ်ခြင်းမုန်းချင်း နှိမ်ချခြင်းကင်းစွာပြောပြပါ့မယ်..။
    ကျနော့်အစ်မက ကျောင်းအုပ်ဆရာမပါ..မူလတန်းပေါ့…
    ညီမက မူလတန်း ကျောင်းဆရာမ … ကျောင်းက အတူတူဘဲ..
    ကျောင်းသွားရင် ..နေတဲ့မြို ့ကနေ အရှေ့ဘက်နေကို မျက်နှာမူပြီး နေပူမိုးရွာမရှောင် ၄မိုင်ခရီးကို စက်ဘီးနဲ ့ သွားရတယ်..
    ပြန်ရင် ၄မိုင်..။ ပင်ပန်းပါတယ်။။
    ကျနော် ငယ်တုန်းက ပန်းချီဆွဲတော့ “ အောက်တန်းစား အလုပ်လို ့ ပြောခဲ့ကြတယ်.. မင်းသားကတော့ သဘင်သည် ဖက်ခွက်စား” အလုပ်လို ့ ပြောခဲ့ကြတယ်..။
    နှစ်အများကြီး ကြာမှ ပြန်တွေ ့ပြီး စကားတွေ ပြောကြတော့….
    ကျနော် ၆ ည ကတဲ့ ညကြေးဟာ ကျောင်းအုပ်ဆရာမကြီး တစ်လစာ ရှိတော့… အမက စိတ်မကောင်းဘူး…
    ကျနော်လဲ ဘယ်စိတ်ကောင်းမလဲ…။
    ကျနော်က ပရိတ်သတ်အားပေးလို ့ ရတဲ့ ညကြေး…
    အစ်မက နိုင်ငံတာဝန်ထမ်းလို ့ အစိုးရဆိုတာကြီးက ပေးတဲ့ လစာ…။
    သူက လခ ပိုများသင့်တာလေ… သူသင်ပေးတဲ့ ကလေးတွေထဲမှာ နိုင်ငံတာဝန်ထမ်းမယ့် ပညာတတ်တွေ ပါလာမျာသေချာတာဘဲ..။
    ဒါပေမယ့် ပညာတန်ဘိုး နားလည်ပေးရမှန်း မသိတဲ့ အစိုးရလက်ထက်မှာ ကျနော့်အမ မပြောနဲ ့..မမီတောင် ..
    တစ်ဖက်တစ်လမ်းက ကျောင်းဈေးရောင်းရတာလေ…။
    အဲဒါဘာလို ့လဲ ဆိုတော့ လူမုန်းများတဲ့ သူကြိးခိုင် ခဏခဏ ပြောတဲ့ “ စနစ် ” ကြောင့် မမီ။
    နောက် ..ကျနော် ရော ဘာလို ့ နိုင်ငံခြား ထွက်သွားလဲဆိုရင် ..
    တိုင်းပြည် မချစ်လို ့ မဟုတ်ဘူး…
    ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည် ကိုယ့်ဆွေမျိုး သက်ရှိတွေ ထားပါဦး…နိုင်ငံတော်တော်များများက ပုတ်စော်နံလို ့ အနံ ့မခံနိုင်တဲ့
    ငါးပိရည်ကအစ ချစ်ပြီးသားဘဲ..။
    ကျနော် ကတယ်ဆိုတာ ဇာတ်စင်အောက်က ကောင်မလေးတွေ လောက် ချုစားတတ်တဲ့ဇာတ်မင်းသား မဟုတ်ဘူး…
    နိုင်ငံရေးပြဇာတ်ကတယ်..
    ကတော့ ပြောတော့ ဖမ်းချုပ်တယ်.. နဖုူးကို ပစ္စတို ဒင်နဲ့ ဖြတ်ရိုက်တယ်..ပါးရိုက်တယ်..ဆူးထောင်ထဲမှာ တိုင်ကြိူးတုတ်ပြီး တညလုံး ထားတယ်..။ တစ်ညထဲ တစ်ကြိမ်ထဲ မထင်နဲ့နော်..။
    ပါမစ်ပိတ်တယ်.. ကတယ်..ပါမစ်ပိတ်တယ်..။ ကြာတော့ ကိုယ့်တစ်ယောက်ထဲ ခံရတာ မဟုတ်ဘူး…
    တစ်ဖွဲ ့လုံး…မိ ၁၀ဝ သားတွေရဲ ့ထမင်းအိုး…ကိုယ်က ခွဲသလို ဖြစ်နေတယ်..။
    အဲလို ပွဲမိန် ့ပိတ်တာ ပရိတ်သတ် မဟုတ်ဘူးနော်..
    ။ ဟို လူကြီးပြောတဲ့ …စနစ်ကို ဖျက်စီးတဲ့ ပိတ်ပင်တဲ့ လူတွေပါ..။
    …ပွဲမကလို စာစောင်ရေးတယ်..စာအုပ်ထုတ်တယ်.. မိသားစုလိုက် ထောင်ထဲသွင်းလို ့ လုပ်တယ်..။
    အေးဆေး ပန်းချိဆွဲပြီးရောင်းတော့ ပန်းချီနားမလည်သူက ဆရာကြီးလုပ်ပြိး ဈေးကစားတယ်.။
    ကိုယ်တတ်တဲ့ ပညာ ပြန်ပေးဘို ့လမ်းရှာတော့ …ပန်းချိကျောင်းမှာ Portrait Drawing တောင်..တပည့်တွေ သင်တဲ့ဆရာက
    ပုံတူဆွဲ မပြနိုင်ဘူး..ဒါပေမယ့် သူက အကပ်နဲ ့လိုင်းဝင်ပြီး ဆရာလုပ်နေတယ်…။
    ကျနော့် အ မ နဲ ့ညီမ မြို ့သူတွေတောင် ရွာတွေ မှာ စာသွားသင်ရတယ်…
    အကပ်မရှိတဲ့…ဆရာ ဆရာမလေးတွေ နာဂတောင် ချင်းတောင် အစရှိတဲ ့ ဝေးလံတဲ ့နေရာမှာ ဒုက္ခ ခံရတယ်..
    အကပ်ကောင်းတဲ့ လူက မြို့ကျောင်းပေါ့…ကျူရှင်လဲပြတယ်..စပေါ့လဲ ရောင်းတယ်..။
    မမီရေ…
    အဲလိုနေရာမှာ ကျနော် ဆက်နေရင် ကျနော့်သမီးကို ကျောင်းဆက်ထားနိုင်မှာ မဟုတ်ဘူး..
    ကျောင်းစားရိတ် ကျူရှင် စားရိတ် ကားခ..မကိုင်ရတဲ ့ ကွန်ပြူတာကြေး ..ခုံဘိုး တံပျက်စည်းဘိုး……ခေါင်းစဉ်ပေါင်းများစွာအောက်မှာ…
    ကျနော် ချစ်နေလို ့မရတော့ဘူး…ပျော်နေလို ့ မရတော့ဘူး…
    ၁၅ မိနစ် နဲ ့ရေဆေး ၁ကားဆွဲရင် ပြီးပြီးချင်း မြန်မာငွေ ၁သိန်းပေးဝယ်နဲ ့ တိုင်းပြည်မှာ..ကျနော် နေတယ်..
    ၃ရက်ဆွဲတဲ့ အခရိုင်းလစ်ကားကို မြန်မာငွေ သိန်း၄ဝ ပေးဝယ်တဲ ့ နိုင်ငံမှာနေပါတယ်..
    အခြေအနေ အရပ်ရပ်ကြောင့်နေပါတယ်..
    ကိုယ်တတ်တဲ ့ပညာကို တန်ဘိုးထားတဲ့ နေရာမှာနေပါတယ်..
    ကျနော် မာန ကြီးပါတယ်..။ တတ်လို ့ကြီးတဲ့ ပညာမာနပါ..ရိုးသားတဲ့မာနပါ..။
    ဆင်ကလဲ ဆင်အစွယ်ကြောင့်မာနရှိသလို… ခြင်ကလဲ ခြင်အစွယ်လောက်နဲ့ မာနရှိတာပါဘဲ..
    ကြံ့ကလဲ ကြံ့အစွယ်လောက် မာနရှိသလို..ဖြူကောင်ကလဲ ဖြူစူးလောက် မာနရှိကြတာပေါ့..။
    အပြင်ကို ထါက်တာ တိုင်းပြည် မချစ်လို ့တော့ မဟုတ်ပါဘူး မမီ…
    မမီ ပြောသလို ပစ္စည်းမဲ ့မာနက ပို ကြောက်စရာကောင်းပါတယ်..။
    မမီလဲ ဆရာမဘဲလေ..သိမှာပါ..။
    ကိုယ်ရွေးတဲ့ လမ်းတော့ ကိုယ်လျှောက်ရမှာ ကိုယ့်တာဝန်ပါ..။
    ဘဝင်မမြင့်ဘူး ဆိုပေမယ့် တစ်ဘက်လူ ဘာ့ကြောင့် ဒီလမ်းရွေးသွားပါလိမ် ့လို ့တော့ စဉ်းစားရမှာပါ..။
    မမီ ရဲ ့များပြားလှတဲ့ တပည့်တွေထဲမှာ ခပ်ထက်ထက် ထူးချွှန်သူတွေ မလွဲမသွေ ပါလာမှာပါ…
    တတ်ထားတဲ့ ပညာနဲ ့ ကိုယ့်တိုင်းပြည် အခြေအနေနဲ ့ ဘယ်လိုမှ ရပ်တည်ဘို ့ မဖြစ်နိုင်တဲ့အခါ…
    မမီ တပည့်တွေထဲမှာလဲ….ကျနော့်လို တစ်ခြားသူတွေလို …သူကြီးလို နိုင်ငံခြားထွက်လုပ်ရမယ့် သူတွေ ပါလာနိုင်ပါတယ်..
    အဲဒီအချိန်အထိခေတ်နဲ ့ စနစ် မပြောင်းသေးဘူးဆိုရင်တော့…
    “ ဟဲ့..သားတို ့သမီးတို ့ မင်းတို ့ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်တာ တိုင်းပြည် မချစ်လို ့လားကွယ့်” လို ့ မမီ မေးကြည့်ပါ..။
    ပိုပြီးသိလာမှာပါ..။
    ပြင်ပမှာနေပြီး တိုင်းပြည်အတွက် ဘာမှ မလုပ်ပေးဘူး ဆိုတဲ့ အမြင်ကတော့ တစ်ဦးချင်းစီရဲ ့ ရပ်တည်မှု …
    တစ်ဦးချင်းစီရဲ ့ အမြင်နဲ့ဘဲ ဆိုင်ပါတယ်..။
    ကျနော်လုပ်သမျှတော့ ဒီနေရာမှာ ပြောမနေပါဘူး…
    ကျနော်ချစ်တဲ့ တိုင်းပြည်ကို ကျနော်မချစ်သူတွေ အုပ်စိုးထားချိန်မှာတော့..
    တစ်ဆွေ တစ်မျိူးလုံး …ကိုင်းကြီးကြီး နားရပါလိမ့်မယ်….။
    မမီ..
    စာလဲ ရှည်နေပါပြီ..
    နောက်ဆုံးပြောချင်တာက…
    ကျနော့်ရင်ခွင်ထက် မမီရင်ခွင်က ပိုနွေးပါတယ်..
    ရွှံ ့ဗွက်ထဲမှာ ရုန်းနေတဲ ့ ဆရာမ က ပိုမိုကြီးကျယ်ခမ်းနားပါတယ်..
    အဲဒီရွှံ ့ဗွက်တွေ ကြားကနေ စနစ်ကို ပြုပြင်မယ့်…တိုင်းပြည်ချစ်မယ့် တပည့်တွေ မွေးထုတ်ပေးပါ..။
    သူများဥယာဉ်ခြံက ပန်းတွေ သာကေတဈေး ၊ မဂ်လာဈေးနဲ ့ နိုင်ငံခြားရောက်တာထက်….
    ကိုယ့်ဥယာဉ်က ပွင့်တဲ ့ပန်း…ပိုလှပြီး ပိုမွှေးဘို ့က လက်ရှိ မမီရဲ ့ အပေါ်မှာဘဲ မူတည်ပါတယ်..။

    လေးစားစွာဖြင့်
    ချစ်သင့်မှ ချစ်တတ်တဲ ့
    ကျော်စွာခေါင်

    • ကေဇီ

      May 16, 2014 at 11:05 am

      ခေါင့် ဒီ ကော်မန့်ကို ဖတ်ပြီး
      ချစ်သင့်လို့ ချစ်သွားပြီ။
      ခိခိခိ။
      :s:

      မကောင်းသူထိပ် ကောင်းသူထိပ်ပဲ။
      ခုခွိခုခွိ
      😀

      • TNA

        May 16, 2014 at 11:50 am

        ဟုတ်တယ် တကယ့်ကို ပညာရှိပီပီ ချက်ကျလက်ကျပြောထားတာ။ ဗလရမ်းနား ငါပြောရပြီးရော ပြောထားတာဟုတ်ဘူး။ အတုယူ အတုယူ။ :mrgreen:

        • Mr. MarGa

          May 16, 2014 at 11:59 am

          အတုယူ အတုယူ
          အတုပဲယူ
          အစစ်တွေ ….. ဖယ်…
          :mrgreen:

    • ဦးကြောင်ကြီး

      May 16, 2014 at 12:21 pm

      မီမီ့အစား အနော့်ဂိုသာ ဝိုင်းပေါဗာဗျာ… တူနဲ့အနော်နဲ့ဂ အဝှာဆောင်ဒေါ့မှာ..

  • တခါတလေတော့လည်းနိုင်ငံခြားရောက်နေတဲ့လူတွေကြား ကသိကအောင့်ဖြစ်နေရတာပါပဲ
    ကိုယ်မှမရောက်တာ
    ကိုယ်ကကောဘာလို့မရောက်နိုင်လည်း သားရေးသမီးရေးအိမ်ထောင်ရေးတွေကြောင့်
    သူတို့ဖက်ကကြည့်ပြန်တော့လည်း ဒီဘက်ကိုအားကျတဲ့အခါကျကောင်းကျမပေါ့
    ပြောရရင် သာလို့ရရင်သာချင်တဲ့လူချည့်ပါ။
    စိတ်ထဲကအမှန်တရားဆိုတာ ဘယ်သူမှမမြင်တာတာမို့ အော်ချင်သလိုအော်လို့ရနိုင်တဲ့ခေတ်လို့ဆိုရပါမယ်။
    🙂

  • joe wynn

    May 16, 2014 at 1:05 pm

    ဒီပို့စ်ကိုဖတ်ပြီ အောက့်ကကွန်မန့်တွေကို ဆက်ကြည့်လိုက်တော့ ကျနော်ပဲလွဲနေလား တချို့ကွန်မန့်တွေပဲလွဲနေလားတော့မသိဘူး ဒီကဗျာကိုခံစားကြည့်တော့ နိုင်ငံခြားထွက်အလုပ်လုပ်တဲ့ သူတွေအားလုံးကို သိမ်းကြုံးရမ်းထားတယ်လို့ မမြင်မိပါဘူး ချမ်းသာတဲ့တိုင်းပြည်ရောက်ပြီး ကိုယ်တိုင်လည်းဝဝစား လှလှဝတ်ရတဲ့အချိန်ကြမှကိုယ့်တိုင်းပြည်ကို နှိမ့်ချတဲ့အကြည့် လှောင်ပြောင်တဲ့စကားလုံး ရင့်သီးတဲ့အသုံးအနှံးတွေကို သုံးစွဲတဲ့ တချို့သောပြည်ပရောက်များကို ရည်ညွှန်းတယ်လို့ထင်မိပါတယ် ပြည်ပထွက်တိုင်း အဆင်ပြေတာမဟုတ်ဘူးလို့ ဒီကဗျာရှင်လည်းတွေးမိမှာပေါ့(ခပ်ရိုင်းရိုင်း-ပြေားရရင်) ထိုင်းသွားပြီး—ါခံနေတဲ့မြန်မာမလေးတွေ မလေး၊ အရှေ့အလယ်ပိုင်း နိုင်ငံတွေသွားပြီး 3D အလုပ်မျိုးလုပ်ရတဲ့ မြန်မာတွေ လက်ညိုးထိုးမှမလွဲပဲ နိုင်ငံခြားထွက်ပြီးတော့ ဟိုလိုလုပ်ရတာတွေ ဒီလိုပင်ပန်း တာတွေကိုတော့ ပြေားမနေပါနဲ့တော့ ကိုယ့်လောဘနဲ့ ကိုဘဲ မဟုတ်ဘူးလား။။

  • တောတွင်းပျော်

    May 16, 2014 at 9:38 pm

    joe wynn ပြောတာထောက်ခံတယ်။
    ကျနော ့ အမြင်အားလုံးကို သိမ်းကြုံးပြောတယ်လို ့ မထင်။
    တကယ်တော ့ ဆရာမ မီမီက သူကြီးဆွဲတင်လာတဲ ့ ကဗျာကို
    သူကြီးရဲ ့ ကိုယ်ပိုင်ကဗျာလို ့ အမှတ်မှားရာက ဖြစ်လာတဲ ့
    ဇာတ်လမ်းရှည်ပါ။
    နောက်ပိုင်း ကိုယ်မှန်ရာ မှန်ရာဆွဲကြရင် ဘက်ကွဲမှုတွေမြင်လာရတယ်။
    ကျနော်လည်း တစ်နေ ့ကြရင် မြန်မာပြည်ကို ပြန်လာရမယ် ့လူပါ။
    ဆရာမမီမီရဲ ့နိုင်ငံခြားနေသူအပေါ်ထားတဲ ့အမြင်ပေါ် ကျနော် ဘာခံစားချက်မှမရှိဘူး။
    ဘာပဲဖြစ်ဖြစ် ဆရာမမီမီ ကော်ပီကူးရေးထားတာဆိုပေမယ် ့
    ထိထိမိမိရေးနိုင်တဲ ့ စိမ်းရည်ကိုတော ့ သဘောကျတယ်။ (နာတော ့ ကြောင် အကုတ်ခံရကိန်းမြင်တယ်နော် )
    ဂေဇက်ဝင်တိုင်း ဝင်ဝင်ဖတ်နေရတဲ ့ Post ပါပဲ။

  • အမှန်ကဒီပို့စ်ဟာ စည်းကမ်းချက်နံပါတ်ဘယ်လောက်နွှဲမကိုက်ညီပါဘူး
    ဆိုတဲ့ကန့်ကွက်မှုမျိုးကို ကျွန်မရဲ့အဘဖောအပေါ်နာမည်တပ်ပြီးခေပတဲ့
    ပို့စ်မှာခံစားခဲ့ရဖူးသည်။
    ကန့်ကွက်သူဟာ ဦးစံလှကြီးလား ဘယ်သူလဲမမှတ်မိတော့
    သို့ပေမယ့် ဒီဂျီးမရေးတဲ့ပို့စ်အတွက် မှာယွင်းပြီးသူကြီးကိုခေါင်းစဉ်တပ်ချေပတာမျိုးကျ လက်ခံပါသလား
    မမီမီပို့စ်
    ရယ်မှ ဘယ်သူမှမဟုတ် သိချင်လို၍မေးခြင်း။

    • ရွှေ ကြည်

      May 17, 2014 at 10:30 am

      အခြေအနေနဲ့ အချိန်အခါအရ
      လူပေါ်မူတည်လို့
      ဖြစ်ချင်သလိုဖြစ်နေတဲ့ရွာမို့
      လမ်းခွဲဖို့ ဆုံးဖြတ်ဖူးတယ်
      သံယောဇဉ်မကုန်လို့သာရယ်

  • ရွှေ ကြည်

    May 17, 2014 at 10:46 am

    အားလုံးကိုယ့်လောဘနဲ့ကိုယ်ပါပဲ
    ပြည်တွင်းနေနေ ပြည်ပနေနေ
    ဘယ်မှာပဲနေနေ ကိုယ့်ဒေါသနဲ့ကိုယ် ကိုယ့်လောဘနဲ့ကိုယ်ပဲ
    ကိုယ့်သမိုင်းကိုယ်ရေးကြတာချည်းပဲ
    ဒါပေမယ့် အမှန်တရားဆိုတာခါးတယ်
    နားဝင်ဆိုးချင်ဆိုးမယ်
    စေတနာကိုမြင်တတ်ရင် ပြုုပြင်တတ်ရမယ်
    ဟုတ်လားမဟုတ်လား အရင်ဆန်းစစ်ရမယ်
    ဆင်ခြင်ရမယ်
    လူဆိုတဲ့ အမျိုးက ကိုယ်ကြုံရတာမှဒုက္ခလို့ထင်ကြတာ ဓမ္မတာပဲ
    အခုစာရေးတဲ့ မမီမီလည်း တနေ့ပြည်ပရောက်သွားရင် ဒီလိုလေသံမထွက်ဘူးလို့အာမ မခံနိုင်ဘူး
    အခုတောင် ရွံ့ဗွတ်ထဲက မူလတန်းပြဘဝကို အနစ်နာခံ သူရဲကောင်းလေသံနဲ့ပြောသွားသေးတာပဲ
    ကျွန်မတောသူစစ်စစ် ကျွန်မအစ်မနှစ်ယောက်မှာ တယောက်က မူလတန်းပြ တယောက်က အထက်တန်းပြ နယ်ကျောင်းမှာပဲ သူပြောတဲ့ဘဝလောက်က ကျွန်မမြင်ဖူးနေကျပါ သူကမှအင်တာနက်ဆိုတာကြီးသုံးတတ်သေးတယ် နယ်ကျောင်းကဆရာမတွေ အခုအထိ ဖုန်းဆိုတာဂျိုနဲ့လား အင်တာနက်ဆိုတာ ဘာကောင်ကြီးလဲ ဆိုတာ တပုံကြီးရှိနေသေးတယ်
    ဘာမှဝင်မပြောဘူးလို့ပဲ ပြောချင်လာလို့ ဝင်ပြောတာ သူက ငွေမတတ်နိုင်လို့ မသုံးနိုင်ဘူးဆိုတော့ ပြောလည်းသိမှာမဟုတ်ဆိုပြီး နေတာ
    အခုပြောချင်တာက ပို့စ်ပိုင်ရှင်ကိုမဟုတ် ကွန်မန့်မှာရေးသူတွေအတွက် သက်သက်ပဲ
    ပို့စ်ပိုင်ရှင်ဟာ စိတ်ထဲရှိရာကိုပြောရဲတဲ့ သတ္တိရှိတာချီးကျူးပါတယ်
    ဒါပေမယ့် နာတတ်ရင် ပြင်တတ်ရမယ် ပြောတာဟုတ်မဟုတ်လေ့လာပါ
    သူများပြောတာမခံချင်ရင် ပြင်မှရမယ် ကျွန်မကိုယ်တိုင်လည်းပြင်ဖို့ကြိုးစားနေဆဲပဲ

    • ရေးတဲ့ပို့ပိုင်ရှင်ရဲ့စေတနာအမှန်ကို သေချာနားလည်သဘောပေါက်အောင်မဖတ်တတ်တဲ့
      ဝိုင်းမန့်ထားတဲ့မျက်လုံးပေါင်းများစွာရဲ့အမှားတွေချည့်ပါ
      😀

  • kogyi mind

    May 17, 2014 at 12:39 pm

    ကဗျာက ကောင်းသားပဲ.. ပြီးတော့လည်းရှက်တတ်ရင်ဘာကြောင့် လဲသေလို့ရသလည်းဆိုတာ နည်းနည်းရှင်းပြပေးပါလား..

  • kogyi mind

    May 17, 2014 at 12:51 pm

    အင်း..ဘာတွေတုန်း..ဘယ်ကသူကြီးတွေလည်း..မိတ်ဆွေတစ်ယောက်သတင်းပေးလို့ ဒီမှာ လာကြည့်မိတာ..ကိုကြီးမိုင်း ရေးထားတဲ့ ပို့စ်ကို ပြန်ခြေပထားတဲ့ ကဗျာဖြစ်နေတာပါလား..ရေးထားတဲ့ အဓိပါယ်က တော့ခပ်ရှင်းရှင်းပါ.. ဘဝင်မမြင့်ပါနဲ့လို့ ပြောထားတဲ့အချက်အကုန်လုံးကိုထောက်ခံထားပြီး အပြင်ကနေပဲပြောမနေနဲ့၊ စေတနာရှိရင်ပြန်လာလုပ် ဆိုတဲ့သဘောပါ.. ကျွန်တော်ကလည်းခပ်ရှင်းရှင်းပဲ ပြောပါ့မယ်.. အမြင်စုတ်ပေမေယ့်..ရွှေထုတ်တဲ့မြပုဝါ လို့ကြံဖန်ပြီး ကိုယ့်နိုင်ငံကို အမွမ်းတင်မနေနိုင်ဘူး.. ဘာလည်းဆိုတာကို မြင်သလောက် လူတွေကို မြင်စေချင်တယ်.. မှန်ကန်တဲ့ရလာဒ်ကို ရေးရှုဖို့အတွက် မှန်ကန်တဲ့သုံးသပ်မှုလောက်တော့ အနည်းဆုံးရှိရမှာပဲ.. ဒီမယ်ဗျာ.. တစ်ချို့ဆေးတွေက ခါးသလောက် ရောဂါပျောက်ဖို့ အစွမ်းထက်လှတယ်.. ခင်မျာ့ရောဂါမပျောက်ချင်နေပါစေ၊ ဆေးခါးကြီးတော့ မသောက်ပါရစေနဲ့ လူစု တွေအတွက်ကတော့ သဘောပါ.. အညာဘက်က ပရဟိတ မျက်လုံးခွဲပေးတဲ့ဆေးရုံမှာ သွေးပေါင်ချိန်တက်နေလို့ မခွဲပဲ အချိန်ရွှေ့ခံရတဲ့ လူနာက (မျက်လုံးကန်ချင်ကန်းသွားပါစေ၊ ခွဲသာခွဲပါ၊ ကိုယ့်အလှည့်ရောက်ဖို့စောင့်နေရတာ နှစ်ညရှိပါပြီ) လို့ဆိုသတဲ့၊ ဒီလိုပါပဲ..အားနာပေမယ့် ဒါကိုငဲ့ပြီး မပြောပဲနေရင်.. တကယ်လုပ်ရမယ့်အပိုင်းမှာ အားနည်းကုန်မှာပေါ့.. ကုလားတစ်ယောက်ပြောတာ ကြားဖူးလား.. မင်းတို့မြန်မာတွေ ဆင်းရဲမှာပေါ့၊ ဝက်သားစာတာ စောတာကိုးတဲ့.. ကိုင်း.. ဘဝင်မမြင့်ပါနဲ့ ဆိုတဲ့ ပို့စ်ကိုရေးတဲ့သူအမှန်ကိုယ်တိုင် ဝင်ဆွေးနွေးပါ့မယ်.. All of you. Welcome..

    • kai

      May 17, 2014 at 1:19 pm

      အောင်မြလေး.. မူရင်းရေးသူ.. ကိုယ်ထင်ပြသဗျ..။
      ကဲဗျို့.. ကိုကြီးမှိုင်းရေ.. အဲဒါ.. အဲလိုတွေဖြစ်နေလို့…လုပ်ပါဦး..။ :mrgreen:

      ကော်မန့်အဟောင်းများဖတ်ရန်။ ။ http://myanmargazette.net/197462/comment-page-1#comments

    • အရီးခင်

      May 17, 2014 at 1:35 pm

      ကိုကြီးမှိုင်း

      ရွာ နဲ့ ဝေးနေရင်း ပြန်အဝင် ဘာမှန်းမသိ နဲ့။
      ရှင့် ” “သိပ်လည်း ဘဝင်မမြင့်ကြပါနဲ့..” ကဗျာ ကို အခုမှဖတ်ရတယ်။
      အခုမှ ဇာတ်ရည်လည် လို့ သွားတယ်။
      ဒီ ကဗျာ ကို မြန်မာပြည်သူ စစ်စစ် အနေနဲ့ ရင်ထဲက ဖတ်ပါတယ်။
      အမှန်တွေပါ။

      နောက်ပြီး ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ရှိတာ လဲ စောစောက လေးဘဲ သိလိုက်တာ။

      ရှင့် စာသား လေး ကိုဘဲ ပြန်ပြီး ရွတ်ပါတယ်။

      {{{
      ဒါကြောင့် သိပ်လည်း ဘဝင်မြင့်မနေနဲ့။ အချိန်သိပ်မရှိတော့ဘူး။
      မြန်မာပြည် လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ အတွက် ဖွဲ့စည်းပုံကို ပြင်မယ့် ခေါင်းဆောင်ကို ဝန်းရံကြ၊ သူ့ကို ခိုင်းကြ။ တာဝန်ပေးကြ။ နောက်ဆုံးမြှော်လင့်ချက်က သူပဲရှိတော့တယ်။

      ဒီမယ်မိတ်ဆွေ၊ ကိုယ့်လူ ကြည်တာမကြည်တာ၊ သဘောကျတာ၊ မကျတာ ခဏထား၊ ကိုယ့်လူတို့၊ ကျုပ်တို့မှာ ရွေးစရာမကျန်တော့ဘူး၊ ကိုယ်မှာ မြှားတွေ စူးဝင်နေရင် အသက်ဘေးနဲ့ အနီးဆုံးမြှားတံကို အရင်ရှင်းပစ်ရမှာပဲ။
      ဒါကြောင့် မျိုးစောင့်သမားအားလုံး၊ မျိုးချစ်သမားအားလုံး၊ အားလုံး..အားလုံး.. ဖွဲ့စည်းပုံပြင်ဖို့ပဲ အာရုံစိုက်ကြ။ ပြီးမှ လွတ်လပ်စွာ ဝိဝါဒကွဲကြ၊ ငြင်းကြ၊ ခုန်ကြ။
      }}}

      ဒေါ်အောင်ဆန်းစုကြည် က နတ်တစ်ပါး လို ပြောင်းနိုင်စွမ်း ရှိတယ် လို့ မပြောလိုပါဘူး။
      ဒါပေမဲ့ ပြည်သူလူထု အတွက် ကို သူ တကယ် စိတ်ရင်း စေတနာ နဲ့ ရင်ထဲ က ကြိုးစားပေးနေတာ မြင်နေရတာမို့ ကျွန်မတို့ကို ခွန်အား ပေးနေ၊ ကျွန်မတို့ စိတ်ဓာတ် တွေ ကို မြင့်အောင် ပြောင်း ပေးနေတာတော့ အမှန်ဘဲ။
      အတ္တကြီး တဲ့ အဘ တွေ ကိုမှမှ ဆက် အဘ ခေါ် ချင်သူ တွေလဲ ရှိနေသေးတာ လဲ မြင်နေရတာဘဲ။
      စကားဝဲ နေသူတွေလဲ ရှိသေးတာဘဲ။
      ဆက်ပြောချင်တာတွေ အများကြီး။

      ကျွန်မလဲ ကိုယ့် အချိန်ပေးပြီး ဒီ ထဲ ဝင်နေတာ လာပြီးစကား ပြောနေတာ နောက်ဆုံးမြှော်လင့်ချက် ခေါင်းဆောင် အတွက်ပါဘဲ။
      ဒေါ်အောင်ဆန်းစုကြည် အတွက်ပါဘဲ။

      ဒါထက် ကိုကြီးမှိုင်း ကို လဲ ရွာက ဝမ်းသာအားရ ကြိုဆိုပါတယ်။
      :-)))

    • Wow

      May 19, 2014 at 9:56 am

      မင်ဂါဘာာာ
      ကိုဂျီးမိုင်း 🙂

  • alinsett (gazette)

    May 17, 2014 at 1:56 pm

    ကိုကြီးမိုင်းကို
    လှိုက်လှဲစွာ ကြိုဆိုပါတယ်။
    ဒီရွာ အဲ ဒီမြို့တော်မှာ ရောက်လက်စနဲ့ နေသွားပါဦး

    🙂

  • kogyi mind

    May 17, 2014 at 2:36 pm

    မမီမီ..ရေးထားတဲ့ကဗျာက ကိုမိုင်းရေးထားတာ မှားတယ်လို့တစ်ခုမှ မပါဘူး..အကုန်မှန်ပါပေတယ်ဆိုပြီး ဝန်ခံထားသားပဲ.ဒါပေမယ့်..မှန်တိုင်းလည်းမပြောပါနဲ့တဲ့.. . မြန်မာပြည်အတွက် ရေးတဲ့သူကိုယ်တိုင်ကဘာလုပ်ပြီးပြီလည်းတဲ့.. ကိုမိုင်းဖြင့် လုံချည်လေးစွန်တောင်ဆွဲပြီး ကိုယ့်ကိုရန်တွေ့နေတဲ့ ကိုယ့်အစ်မကို မြင်နေရသလိုပဲ.. နည်းနည်းပြုံးစိစိလည်းဖြစ်မိပါရဲ့.. ဒီလိုဗျာ..မြန်မာအာဏာပိုင်တွေက လက်ရှိအခြေအနေကို ပြည်သူတွေမသိအောင်နည်းမျိုးစုံနဲ့ မီဒီယာကို နှစ်ပေါင်းလေးဆယ်လောက် အပိုင်စီးပြီး Brain Wash လုပ်ထားတယ်ဗျ..ဒီတော့ ဘာဖြစ်လာကြသလည်းဆိုရင် အကျဉ်းအကျယ်နေရာလွဲသွားတယ်..အမြင်ကျတော့ကျဉ်းပြီးဟိုဒင်း က ကျယ်သွားတယ်လေဗျာ.. ကိုယ့်နိုင်ငံရဲ့ လက်ရှိအနေအထားကို သိပြီး ဘဝင်မြင့်မိတာကို ရှက်စနို်းဖြစ်အောင် ရေးတဲ့သူကို မရှက်ဘူးလား လို့ပြန်မေးလိုက်တော့..ဟိုက်..ဘယ်နှယ့်တုန်းဟ၊ ပြောင်းပြန်ကြီးပါလားဆိုပြီး အံ့အားတောင် သင့်သွားသေးတယ်.. လူတစ်ကာ ယိုတဲ့ချေး၊ ပုစွန်ခေါင်းမှာစု သလို ဆရာမဘာသာ ရွံ့ထဲဒူးနစ်အောင် သွားရတာ ဘယ်သူနဲ့မှ မဆိုင်ပါဘူးဗျာ.. အဲဒီလမ်းကို ပြင်မပေးတဲ့ သူနဲ့ပဲ ဆိုင်ပါတယ်.. .အရီးခင်ရေ..ကိုမိုင်းရေးတဲ့ သိပ်လည်းဘဝင်မမြင့်ပါနဲ့ ဆိုတာ ကဗျာမဟုတ်ပါဘူး.. ရိုးရိုးရေးထားတဲ့ စကားပြေသက်သက်ပါ.. ဒီခေတ် ကဗျာ ဆိုတဲ့ဟာတွေက အဲဒီစကားပြေနဲ့ လာလာတူနေတော့ အရီးခင်လည်း ကဗျာထင်သွားတာဖြစ်ပါလိမ့်မယ်..စကားမစပ်ဗျာ.. မမီမီ ရေးတဲ့နည်းကလည်း စကားပြေကို ကဗျာယောင်ဆောင်ပြီး စာကြောင့်တွေဆင့်ရေးထားတဲ့ နည်းလမ်းပဲထင်ပါရဲ့.. သူက ကဗျာဆိုတော့လည်း ကဗျာပေါ့ဗျာ..

  • kyeemite

    May 17, 2014 at 2:40 pm

    လှိုက်လှဲစွာ ကြိုဆိုပါတယ် kogyi mind
    kogyi mind စိတ်ဓါတ်ကိုလည်း သဘောကျတယ်ဗျာ…

  • padonmar

    May 18, 2014 at 12:50 am

    ကိုကြီးမိုင်း စာကို မိတ်ဆွေတွေရဲ့ ဖွဘုတ်မှာတွေ့တော့ ကြိုက်လို့ ရှဲလိုက်မိသေးတယ်။
    သူကြီးလည်းကြိုက်လို့ထင်ရဲ့ မီမီရဲ့ မြန်မာဆိုတာ ပို့စ်
    http://myanmargazette.net/197377 မှာ ယူမန့် လိုက်မိတာ မီမီက စိတ်ဆိုးပြီး သူကြီး Kai ကို သေခိုင်းပါလေရော။
    အော်..အဲဒီ မြန်မာဆိုတာကလည်း Moonpoem ရဲ့ မြန်မာစာမြန်မာစကားမြန်မာမူးလဲ ပို့စ် http://myanmargazette.net/197155 က ကွန်မန့်တွေကို မကျေနပ်လို့ ရေးတာပါ။
    ဘာကြောင့်ပဲ ဖြစ်ဖြစ် စာအရေးကောင်းသူ ကိုကြီးမိုင်း
    အခုလို ရွာထဲရောက်လာပြီး ကိုယ်တိုင်ရှင်းပြဖို့ ဖြစ်လာတာ ဝမ်းသာပါတယ်။
    နိုင်းနိုင်းစနေလည်း တခါက ရွာထဲရောက်လာဖူးတယ်။
    ဒီရွာက ပျော်ဖို့ကောင်းပါတယ်။
    မကြာမကြာလာဖို့ ပင်တိုင်စာဖတ်သူ တဦးအနေနဲ့ ဖိတ်ပါတယ်။

  • ရွှေ ကြည်

    May 18, 2014 at 11:18 am

    ဟယ် ပိုင်ရှင်လာပြီ ငြင်းလို့လည်း ဝသလောက်ရှိကုန်ပြီထင်တယ် ပျောက်ကုန်ပါရောလား

    • အရီးခင်

      May 18, 2014 at 2:27 pm

      ရွှေကြည် – ကျုပ်တူမလေး မတွေ့တာကြာပေါ့။ အားလုံး အဆင်ပြေတယ် မဟုတ်လား။ အရီးက ရွှေကြည် ဆနွင်းမကင်း စားတိုင်း အမြဲသတိရနေတာ။ 🙂

      • ရွှေ ကြည်

        May 18, 2014 at 2:31 pm

        အရီးရေ ရွှေကြည်လည်းသတိရပါ့ အဆင်ပြေပါတယ်အရီးရေ ဒီလိုပေါ့
        အရီးလည်း အဆင်ပြေပါစေ ကျန်းမာပါစေ ရွှေကြည်အိမ်ပြန်တော့အရီးကိုသတိရနေသေးတယ်

  • အရီးခင်

    May 18, 2014 at 2:25 pm

    တစ်ချက်လေးဝင်ပြီး ထပ်ကွန့် လိုက်ပါရစေ မီမီ ရေ။
    အခုလို ဝင်ပြီး ပြောနေကြတာ ဟိုဘက်၊ ဒီဘက်၊ ကိုယ့်လူ၊ သူ့လူ မို့ ဘက်လိုက်ပြီး ပြောနေကြတာ မဟုတ်ဘူး ဆိုတာကို။

    ကိုယ့်က ရွာရဲ့ လူဟောင်းကြီးတွေလို မူရင်း လက်ဟောင်း မဟုတ်ပေမဲ့ သူတို့လို စိတ်တူချင်းဖြစ်ခဲ့လေတော့ ကိုယ့်ဟာကို ရွာ့လူဟောင်းကြီးလို့ မှတ်ပါတယ်။
    နောက်ပိုင်းကြုံ ရင် ရွာ့သန်းခေါင်စာရင်းပြပါဦးမယ်။
    ဒီတော့ ရွာအကြောင်းလေး ရှင်းပြပါရစေ။

    ဂဇက် ထဲ ကို မန်ဘာဝင်ပြီး စကားတစ်ခွန်း ဘဲ ဝင်ပြောလိုက်။ ဒီရွာသား ဖြစ်ပြီဘဲ။
    ရွာထဲကို ခြေချလိုက်တာ နဲ့ နည်းမျိုးစုံနဲ့ ဝိုင်းပြီး နှုတ်ဆက်ကြပါတယ်။
    ဒီရွာက ရွာသူ/သား တစ်ယောက်ချင်းမှာ ကိုယ်ပိုင် ကာရိုက်တာ လေးတွေ ပိုင်ဆိုင်ပါတယ်။
    အဲဒီ မတူတဲ့ သဘောလေးတွေက ဘဲ ရွာရဲ့ အလှအပပါဘဲ။
    ပန်းချီကားတစ်ချပ်ကို ကြည့်ပါလား။
    တစ်ရောင်ထဲမြင်နေရရင် ကြာတော့ ပျင်းစရာကြီး။
    အရောင်စုံ၊ သဘာဝစုံ လေးတွေ နဲ့ ချယ်လိုက်မှ အင်မတန် စွဲဆောင်မှုကောင်း တဲ့ မြင်ကွင်း ဖြစ်လာတာမဟုတ်လား။

    အရီးကတော့ ပန်းချီ အကြောင်း မသိပါဘူး။
    ဒါပေမဲ့ ရွာထဲ အင်မတန်တော်တဲ့ သူ့ပညာတွေကို ဖြန့်နေတဲ့ ပန်းချီဆရာရှိတယ်။
    ဒီလိုဘဲ အင်မတန် တော်တဲ့ ဓာတ်ပုံဆရာတွေရှိတယ်။
    သိသမျှ မြန်မာ့ ဆေးနည်း တွေ၊ အင်္ဂလိပ်နည်းတွေ ဖြန့်ပေးသူတွေ ရှိတယ်။
    သိသမျှ မြန်မာ ဝတ္တု နေရာလေးတွေ ဖြန့်ပေးသူရှိတယ်။
    စာရေးကောင်းသူတွေရှိတယ်။ စာရေးဆရာအစစ်တွေ ရှိတယ်။
    သတင်းထောက်၊ ဂျာနယ်သမား ပညာရှင်လေးတွေရှိတယ်။
    စေတနာရှင် ဆရာ/မ (မီမီ လိုပေါ့) တွေ ရှိတယ်။
    အိမ်ရှင်မလဲ ရှိတယ်။
    နိုင်ငံရေးသမားရှိတယ်။
    ရှေ့နေ၊ ရဲ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ စာရင်းကိုင်၊ အိုင်တီ၊ မာလိန်မှူးကြီး ရှိတယ်။
    ဘိဇနက်မန်း တွေလဲ ရှိတယ်။
    စစ်တပ်ကလဲရှိတယ်။ သူပုန် လဲ ရှိတယ်။
    ဂွစာလဲ ရှိတယ်။ အပြောချို တဲ့လှလှပပ လေးတွေ (ဥပမာ – အရီး ပေါ့) ရှိတယ်။
    ကျောင်းသားလေးတောင် ရှိဘူးသေးတယ်။ ဘုန်းဘုန်း လဲ ရှိခဲ့ဘူးပေါ့။
    မင်းသားလဲ ရှိတယ်။ မော်ဒယ်မလေးတွေလဲ ရှိတယ်။
    ပြည်တွင်းကလဲရှိတယ်။
    ပြည်ပကလဲရှိတယ်။

    ဒါပေမဲ့ မီမီ ရေ။
    တို့တွေ အားလုံး ရွာထဲ ဝင်လာရင် ကိုယ့်အပြင်က အရောင်တွေ အားလုံး ထားခဲ့ပါတယ်။
    ရွာထဲမှာ ချမ်းသာ၊ဆင်းရဲ၊ ဂုဏ်ရှိ/မရှိ၊ ပညာတတ်/မတတ်၊ ရုပ်လှ/မလှ လို့ အပြင်ကလို သတ်မှတ် စံနှုန်း ပေတံ တွေ နဲ့ တိုင်းပြီး မဆက်ဆံပါဘူး။
    အားလုံး အတူတူ တစ်နေရာ ထဲမှာ တစ်ပြေးညီ စကားပြောပါတယ်။
    ကိုယ့် ကျင်လည်ရာ နေရာ ဒေသ တစ်ယောက်ပြောစကားကို တစ်ယောက် နားထောင်ပါတယ်၊ ငြင်းပါတယ်၊ ဆဲပါတယ်။
    ပညာယူတတ်ရင် ကျောင်သားလေးဆီ ကလဲ ပါမောက္ခကြီးက အသိ ပညာရနိုင်ပါတယ်။
    တောနယ်ဘက် လယ်သမားကြီး ဆီက နေ ဘိဇနက်မန်းကြီး က အသိ ပညာရနိုင်ပါတယ်။

    တစ်ခုဘဲ လိုတယ်။
    စိတ်ကို လွတ်လွတ်လပ်လပ် ထားပြီး အတွေးအခေါ် ကို ဘောင်မဲ့ ထားလိုက်ဖို့ဘဲ။
    open-minded ခေါ်မလားဘဲ။
    ဒီလိုမှဘဲ အကြံသစ် ဉာဏ်သစ် နဲ့ စိတ်သစ် လူသစ် အမြဲဖြစ်နေမှာ။

    မီမီ ကိုရော၊ ကိုကြီးမိုင်း ကိုရော ရွာ့ အမာခံတွေ အဖြစ် ဆက်နေသွားပါလို့ ဖိတ်ပါတယ်။ 🙂

    ခင်မင်စွာဖြင့်
    အရီးခင်
    (ရွာ့စည်းရုံးရေး ကိုယ်စားလှယ် တော်ကြီး) 😉

  • မဟာရာဇာ အံစာတုံး

    May 18, 2014 at 3:28 pm

    ဘာရယ် မဟုတ်ပါဘူး …
    နာမည်ကြီးနေတယ်ဆိုလို့
    မပါလိုက်ရ မရှိလေအောင် လာကြည့်တာပါ …
    ၁၀ဝ မြောက် ကွန်မန့်ပေါ့ … ဟီးးဟီးး

  • ဦးကြောင်ကြီး

    May 19, 2014 at 12:11 am

    ကိုဂျီးမှိုင်း
    ဂျို ကြီးကိုင်း
    ပျို မီးသိုင်း
    ခိုငြီးဂိုဏ်း
    လိုပြီးတိုင်း
    ဘိုထီးပိုင်း
    ဟိုနည်းရိုင်း
    ချို သီးဝိုင်း…။

  • ကြောင်ဝတုတ်

    May 19, 2014 at 3:23 pm

    ကဲ……
    ကိုမိုင်းရေ…
    အရေးအသားနဲ့ အပြောအဆိုကြည့်ခြင်းအားဖြင့် မြို့သစ်ကြီးထဲကိုအသစ်ရောက်လာတဲ့…
    စည်းနဲ့ကမ်းနဲ့လစ်ဘရယ်ယောင်္ကျားလို့ထင်မိလို့… စည်းနဲ့ကမ်းနဲ့လစ်ဘရယ်များအဖွဲ့က ကြိုဆိုပါကြောင်း…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • မီ မီ

    May 26, 2014 at 1:50 pm

    ကိုကြီးမိုင်းနဲ့kai မှားပြီးရေးမိပါတယ်
    kai ကိုပြောချင်လို့ပါ
    လူမှားတာတောင်းပန်ပါတယ်ရှင်
    ကွန်မင့်တွေဖျက်လိုက်တာလား
    ကျွန်မစာကိုလည်းဖျက်ပေးပါရှင်
    ကျေးဇူးတင်ပါတယ်
    လူမှားပြီးရေးမိတာအားနာပါတယ်နော်
    စာဖတ်သူများကိုလည်းကျေးဇူးတင်ပါတယ်
    ကျွန်မကဒါတွေပြောဖို့မဟုတ်ပါဘူး
    ကဗျာလေးတွေပဲရေးချင်တာပါရှင်

    • ကထူးဆန်း

      May 26, 2014 at 2:05 pm

      ကွန်မင့်တွေက မမီမီ ပိုစ် အောက်ဆုံးနားမှာဖြစ်ဖြစ် ။ကွန်မင့်တွေရဲ့ အောက်ဆုံးနားမှာ ဖြစ်ဖြစ် ရှိတဲ့ older comments ဆိုတာမှာ ပြန်ထောက်ပြီးပြန်ခေါ်ဖတ်နိုင်ပါတယ် ။ ကွန်မင့်တွေ သိပ်များလာရင် နစ်ပိုင်းဖြတ်တတ်ပါတယ် ..

  • အရီးခင်

    May 26, 2014 at 2:14 pm

    မီမီ

    ကိုယ်ပြုမိတာတစ်ခု မှားတယ်ထင်လို့ တောင်းပန်တယ် ဆိုတာ အင်မတန်ချစ်ဖို့ကောင်းတဲ့ အလေ့အကျင့်ပါ။
    အခု ဟာက စိတ်ထဲ တွေးမိတာ ရေးတာမို့ မှားတယ် လို့ ပြောဖို့ခက်ပါတယ်။
    ဒီလို မျိုး အတွေး တွေ ကို ဖွင့်မထုတ်နိုင်ရင် အမှန်တစ်ခု ရဖို့ ခက်ပါမယ်။
    ဒီလို ရေးတာ အရမ်းကောင်းပါတယ်။

    ဒီနေ့ ကျွန်မတို့ဆီမှာ ရုံးပိတ်ရက်။
    မနေ့ည က ခရစ်ယာန်သူငယ်ချင်း တစ်ယောတ် လာလည်လို့ စကားပြောလိုက်ကြတာ အတော်လေးမိုးချုပ်တဲ့ အထိဘဲ။
    ပြောတဲ့ အကြောင်းက ဘာသာရေး အကြောင်း၊ နိုင်ငံရေးအကြောင်း စုံလို့။
    နောက်ဆုံး မှာ အဓိက ပြောသွာဖြစ်တာက ဘာသာရေး။
    လူ ၃ယောက် ပြောကြတာ တစ်ယောက် တစ်မျိုး အတွေး တွေ ပါ။
    မတူကြဘူး။
    ၃ယောက်လုံး မှာ တွေ့ရှိချက်က ကိုယ့်အယူအဆ ကို သူထောက်ပြချိန် ပြန်ဖြေရတဲ့ အဖြေတွေမှာ အားလုံးဆီက I don’t know, I am not sure တွေ များနေတာဘဲ။
    အဲဒါတွေ ရှိနေရက် နဲ့ ဘယ်သူမှ ငါတွေးတာ ပြောတာ ယူဆတာ မှန်တယ် လို့ မပြောနိုင်ပါဘူး။
    ဒါနဲ့ဘဲ နောက်ဆုံး Agree to disagree ဆိုတာနဲ့ အားလုံး ပျော်ပျော်ရွှင်ရွှင် ပွဲသိမ်းလိုက်တာပါဘဲ။
    ရွာထဲမှာလဲ ဒီလိုဘဲ ဖြစ်စေချင်ပါတယ်။
    လူတိုင်းဆီက ကိုယ်ပိုင်အတွေး ခံစားချက်လေးတွေကို နားထောင်ချင်ပါတယ်။

    ကဗျာ တွေ ဝါသနာပါတာ ရေးချင်တာဆို ရွာထဲမှာဘဲ ဆက်နေပြီး အတွေးကောင်းကောင်း နဲ့ ကဗျာလေး တွေ ဆက်ရေးပါလို့။ နော။

    ခင်မင်စွာဖြင့်
    အရီး :-)))

  • padonmar

    May 26, 2014 at 9:50 pm

    မီမီရေ
    ဒီပို့စ်ကို မဖျက်ပစ်ချင်ပါနဲ့။
    ဒီပို့စ်ကြောင့် မူရင်းပိုင်ရှင် ကိုကြီးမိုင်းတောင် ရွာထဲရောက်လာရသေးတာ.
    မီမီလည်း စာရေးကောင်းပါတယ်။
    ဒီရွာက အမြင်မတူပေမယ့် တွဲနေလို့ရပါတယ်။

  • Ma Ma

    May 26, 2014 at 10:37 pm

    မီမီရေ-
    မတူတဲ့အတွေးနဲ့ ရေးကြ ငြင်းကြတာကိုက ဒီရွာရဲ့ အနှစ်သာရပဲ။
    ဒီလို ငြင်းရင်း ခုံရင်းနဲ့ပဲ အတွေးအမြင်တွေ ကျယ်ပြန့်သွားကြရတာ။
    ငြင်းခုံခြင်းအနုပညာလို့တောင် သဂျီးက နာမည်လှလှပေးထားသေးတယ်။
    ဒီရွာမှာပဲ အနေကြာလို့လား မသိဘူး တစ်ဖက်ထဲညီနေပြီး တစ်သံတည်း ထွက်နေရင်တောင် စာဖတ်ရတာ ပေ့ါပျက်ပျက်လို့ ဖြစ်နေသလိုပဲမို့….
    ဆက်ရေးပါလို့ အားပေးပါတယ်။ 🙂

  • ဦးကြောင်ကြီး

    May 26, 2014 at 11:57 pm

    အဲလို တောင်းပန်လို့ ကြေရိုးလားကွယ်..။ စကားကျွံ လူနဲ့ဆပ်ရဒယ်..။ မီမီတကယ် နောင်တရလျင် ဦးကြောင်ကို ဆားဂွင့်ပြုပါ။

  • lu lu

    May 27, 2014 at 8:00 am

    မမီမီ ရဲ ့အ ရေးအသားအ တွေးအ ခေါ်တွေ ကို
    လေးစားအားပေးလျက်ပါ ဒီပို ့စ်ကိုဖျက် စရာလည်း
    မလိုဘူး အမြင် မတူတဲ့လူကြားထဲမှာ ကိုယ့်အမြင်
    တွေကိုလွတ်လပ်စွာထုတ်ဖော်ပိုင် ခွင့်ရှိပါတယ်
    ဒါကြောင့်ဒီရွာကလည်းထွက်မသွားပါနဲ ့မမီမီ ချစ်တဲ့
    စာ ကဗျာ တွေကို လွတ်လွတ်လပ်လပ် ဆက် ရေးသွားပါလို ့တောင်းဆိုပါရ စေ ။
    :mrgreen:

  • ဦးကြောင်ကြီး

    May 27, 2014 at 8:37 am

    လုလုနဲ့မီမီ အဂုလို ခြစ်ခြစ်ခင်ခင်နေဒါ တွေ့ရဒေါ့ ဦးကြောင် အယွေးမှန်သွားဒယ်..။

Leave a Reply