ယူနန်ကသင်္ကြန်ပုံရိပ်အလှ – ၄ Thingyan

KyaemonMay 18, 20147min29515

 


မြန်မာ ယိုးဒယား လားအို ကမ်ဘောဒီယား တို့နဲ့ထပ်တူ၊ 

တရုပ်နိုင်ငံ ယူနန်ပြည်နယ်က ထိုင်း(ရှမ်း)လူမျိုးစုတွေ သင်္ကြန်ပွဲကို
နှစ်စဉ်နှစ်တိုင်း တခမ်းတနားပါဝင် ဆင်နွဲကြတယ်၊ 

 
မြန်မာပြည်နဲ့ယိုးဒယားနိုင်ငံက သင်္ကြန် ရိုးရာဓလေ့အချို့ပျောက်ကွယ်စ ရှိသော်လည်းဘဲ
ယူနန်ပြည်နယ်မှာ ယင်းရိုးရာဓလေ့တွေကို ဆက်ထိန်းဆဲလို့ ဆိုနိုင်တယ်၊

——————
Mangshi မန်ရှီမြို့နားFeihong ဖေဟောင်ရွာ က ရှမ်းအိုးစည်အ “က” ၊


ရှမ်းလွယ်အိပ်၊ ဒေါင်းငှက်မွှေး အတောင်၊ ခေါင်းပေါင်း၊

 ဘောင်းဘီရှည်တို့နဲ့ဟန်ပါ ပါ “က” နေကြတာ အားရစရာ

 

Water-splashing Festival held in SW China

http://news.xinhuanet.com/english/photo/2014-04/11/c_133255591_4.htm

http://news.xinhuanet.com/english/photo/2014-04/11/c_133255591.htm

 

 

ywfmc2

—————

 

မန်ရှီမြို့နား ဖေဟောင်ရွာ က ပုံပါဘဲ

သင်္ကြန်က နံ့သာရေမွှေးတွေကို ပက်ဖျမ်းဘို့

“အောင်သပြေ” ရွက်လို အပင်မျိုးတွေပါ၊
၎င်းအပင်တွေကိုဈေးမှာတင်ရောင်းဘို့ရာ

အမျိုးသမီး တဦးက တောထဲကိုသွားပြီး
လိုက်ကောက်နေပုံ

 

ywfmc3

 

——-

ဖေဟောင်ရွာက ရွာသူရွာသားတွေက သန့်သန့်ပြန့်ပြန့်
ဝတ်စားဆင်ယင်ကာ တပျော်တပါး စုဝေးပြီး
တည်ခင်းစားသောက် ကြတယ်၊

ပုံထဲက အမျိုးသမီးရဲ့ ခမောက်က ရောင်စုံပန်းချီတွေနဲ့

အမျိုးသားရဲ့ခေါင်းပေါင်းဆိုရင် အုပ်ထုပ်လို ခပ်ကြီးကြီး ၊
ဝတ်တာ စားတာ က တင့်တယ် စုံလင်

 

ywfmc4

—–

စားနေရင်း၊ အ “က” တွေနဲ့လဲ ဧည့်ခံ ဖျော်ဖြေခံရ၊

 

ywfmc1

============================================
Water-splashing festival marked in SW China
http://news.xinhuanet.com/english/photo/2014-04/15/c_133264357_4.htm

http://news.xinhuanet.com/english/photo/2014-04/15/c_133264357.htm

——–
ထိုင်းလူမျိုးစု Xishuangbanna ကိုယ်ပိုင်အုပ်ချုပ်ရာဒေသ
Jinghong ဂျင်ဟောင်မြို့ကပုံပါ၊

ရှေးရိုးရာဓလေ့အတိုင်း ရွာသူတွေက
“နတ်ရေကန်” မှ ရေချိုမြ ကို တကူးတကန့်
သွားသယ်လာ၊

အဝတ်အစားတွေက သားနား ၊
ဆံထုံးနဲ့ပန်းတွေနဲ့ ၊

ဘိနပ်ကဖြင့် အပျံစား

ရေအိုးတွေကိုပန်းရောင်စုံနဲ့သီကုံးထား၊

ရေခပ်ဘို့တောင် ရှေးရိုးရာအတိုင်း ဝါးနဲ့လုပ်တဲ့

ရှေးခေတ်က ရေခပ် အတံ ကို ခုမှဘဲတွေ့ရတာ

 

ywf14jc1

 

—-
ဂျင်ဟောင် မှာ လူတွေက သောင်းချီပြီး ရေကစားကြတယ်၊ 

ywf14jc2

 

——-
အနိုင်မခံ အရှုံးမပေး
လက်နက်က ယိုးဒယားထက် ခေတ်မှီ

ywf14jc3

——–
ပုံး ကလေး ကိုင်ပြီး
ကုတ်ကုတ်လေးနဲ့ထွက်ပြေး

 

ywf14jc4

 

=============

 

 

 

ဂျင်ဟောင်ထိုင်းလူမျိုးစု ရွာသူ(ရှမ်းသူမ) ရဲ့ထီး က တမူထူးခြား၊
ဝတ်စုံ က အနီနုရောင်နဲ့လဲလိုက်တယ်၊ လူကလဲချော၊

 

ywfa4

——-
သာသနာ အလံ တွေကိုင်၊
ရှမ်းလွယ်အိပ်တွေ လွယ်လို့၊
ထိုင်း/ရှမ်းစာနဲ့တရုပ်စာ စာတမ်းထိုး ထားတဲ့
တံခွန်နဲ့ရွာတဝှိုက် စီတန်းလှဲ့လည်

 

ywfa3

——
ပန်းပန်ပြီး ချင်းတောင်းလေးတွေကိုင်ကာ

ချီတက်ပွဲမှာ ပါဝင်၊
ချင်းတောင်းလေးကအကြောင်းရှိမှာ
ကျနော်မသိပါ၊

 

ywfa7

———-

 


နတ်ရေကန်မှရေချိုမြတွေကို
ထမ်းလာကြတဲ့ဂျင်ဟောင်ရွာက
နောက် အမျိုးသမီး ရေထမ်းတပ် တဖွဲ့ပေါ့ဗျာ၊

 

 

 

ywfa6

——–

 

ဘူးသီးခွံနဲ့လုပ်တဲ့ ပလွေတွေကိုကိုင်ဆောင်လာကြတဲ့
ဂျင်ဟောင်က ခလေးလူငယ် တူရိယာအဖွဲ့လဲ
ချီတက်ပွဲမှာ ပါ၊

 

ywfa5ywfa8

—–

 

 

Jinuo ဂျင်နို လူမျိုးစုလဲ ပါဝင်ဆင်နွဲ

ywfa2

 

——

 

 အခြားလူမျိုးစုလဲ ပါဝင်ဆင်နွဲ

 

ywfa1

———

 

 

 

 

===============
ထိုင်းလူမျိုးစုနဲ့ဂျင်ဖော်(ကချင်) လူမျိုးစုတို့ရဲ့
ကိုယ်ပိုင်အုပ်ချုပ်ရာဒေသ Dehong ဒေဟောင် အရပ်မှာ
ပဒေသာကပွဲကျင်းပ

 

ywfb1

 

——–
ဒေါင်း အ “က”
အမူအရာတွေက နွဲ့နောင်း ပျော့ပြောင်း

 

ywfb2

 

______

ywf53

 

——–
ထိုင်းလူမျိုးစု/ရှမ်းအမျိုးသမီး

 

ywf54

——

ywf55

——

ywf56

15 comments

  • alinsett (gazette)

    May 18, 2014 at 5:42 pm

    ဟို ထီးဆန်းဆန်းနဲ့ ရွာသူကို ဂျစ်ချင်ဒယ်

    :mrgreen:

  • ကေဇီ

    May 18, 2014 at 6:24 pm

    လှတယ်။

    🙂

  • Wow

    May 18, 2014 at 6:47 pm

    မြန်မာပြည်ထဲ ရောက်လာတဲ့ တရုတ်တော်တော်များများ ယူနန်ကလားလို့ ကြားဖူးသိဖူးတာ 🙂

  • Ma Ma

    May 18, 2014 at 7:38 pm

    ထူးထူးဆန်းဆန်းပုံတွေ မြင်ရ တွေ့ရလို့ ကျေးဇူးတင်ပါတယ်။
    သူတို့သင်္ကြန်က ဒီကသင်္ကြန်ထက်တောင် ယဉ်ကျေးပြီး ပျော်စရာကောင်းနေသေးတယ်။ 🙂

  • တောတွင်းပျော်

    May 18, 2014 at 7:41 pm

    kyaemon ကျေးဇူးကြောင် ့ မမြင်ဘူးတဲ ့ ယဉ်ကျေးမှု
    ဓလေ ့အစုံစုံ မြင်တွေ ့လေ ့လာခွင် ့ရတာ
    ကျေးဇူးအများကြီးတင်ပါတယ်ဗျို ့။

    သူများတွေများ ရိုးရာအခန်းအနားတွေလုပ်ရင် ယဉ်ယဉ်ကျေးကျေး
    ခန်းခန်းနားနား စည်းကမ်းရှိရှိ အားကျအတုယူဖွယ်ကောင်းလေစွ။

  • ဦးကြောင်ကြီး

    May 19, 2014 at 12:22 am

    တရုတ် ဆန့်ကျင်ရေး ဖိလစ်ပို်င်-ဗီယက်နမ် ပူးတွဲဆန္ဒပြ

    ပုံနှိပ်ရန်
    ဖြန့်ဝေရန်

    ဖိလစ်ပိုင်နိုင်ငံက တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ၊ (မေ ၁၆၊ ၂၀၁၄) ဖိလစ်ပိုင်နိုင်ငံက တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ၊ (မေ ၁၆၊ ၂၀၁၄)

    ဗွီအိုအေ (မြန်မာပိုင်း)

    တောင်တရုတ် ပင်လယ်ပြင်တွင်း ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေကြတဲ့ နယ်မြေမှာ တရုတ်နိုင်ငံရဲ့ ဩဇာချဲ့ထွင်မှုကို ဆန့်ကျင်တဲ့ အနေနဲ့ ဖိလစ်ပိုင်ရောက် ဗီယက်နမ်လူမျိုးတွေနဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေ ပူးပေါင်းပြီး မနီလာမြို့မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။

    ဗီယက်နမ် နိုင်ငံကလည်း ပိုင်ဆိုင်ကြောင်း ပြောဆိုထားတဲ့ ရေပိုင်နက်မှာ တရုတ်နိုင်ငံက ရေနံတူးဖော်နေတာတွေ ရပ်ဆိုင်းဖို့ မနီလာမြို့က တရုတ်ကောင်စစ်ဝန်ရုံး အပြင်မှာ ဆန္ဒပြသူ ၁၀ဝ ကျော်က တောင်းဆို ခဲ့ကြတာပါ။ ဖိလစ်ပိုင်နိုင်ငံကလည်း တောင်တရုတ်ပင်လယ်ပြင်တွင်းက ကျွန်းတွေ ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံကို ဆန့်ကျင် ကန့်ကွက်နေ တာ ဖြစ်ပါတယ်။

    တရုတ်နိုင်ငံရဲ့ တောင်တရုတ် ပင်လယ်ပြင် တွင်းက လုပ်ရပ်တွေဟာ အန္တာရာယ်များလွန်းပြီး၊ ရန်လိုရာ ကျတဲ့အကြောင်း အမေရိကန် ဒုသမ္မတ Joe Biden က ဝါရှင်တန်မှာ ရောက်နေတဲ့ တရုတ်ထိပ်တန်း စစ်ခေါင်းဆောင်ကို ပြောဆိုခဲ့ပြီး နောက်တနေ့မှာပဲ ဖိလစ်ပိုင်မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။ တရုတ်စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ်ကြီး Fang Fenghui ကတော့ တရုတ်နိုင်ငံက ပိုင်ဆိုင်တဲ့ နယ်မြေမှာ ဆောင်ရွက်မှုတွေဟာ လုပ်ရိုးလုပ်စဉ် သာ ဖြစ်တဲ့ အကြောင်းနဲ့ ဗီယက်နမ်နိုင်ငံရဲ့ လုပ်ရပ်ဟာ လက်မခံနိုင် စရာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

    ဗီယက်နမ်နိုင်ငံက ထိုင်ဝမ် သံမဏိစက်ရုံက တရုတ်အလုပ်သမား တဦး သေဆုံးပြီး လူပေါင်း ၁၅ဝ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တဲ့ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီးနောက် အမေရိကန်နဲ့ တရုတ်ထိပ်တန်း တာဝန်ရှိသူတွေရဲ့ တုန့်ပြန်ချက်တွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

  • kai

    May 19, 2014 at 3:51 am

    အင်း..
    ကချင်..၀.. ကိုးကန့်တွေကို.. မြန်မာအစိုးရနဲ့စစ်တပ်တွေဆက်ဆံနေပုံနဲ့.. သူတို့တွေ.. ယူကရိန်းလိုဖြစ်သွားနိုင်သလား.. အကြိမ်ကြိမ်တွေးနေမိတယ်..
    သင်္ကြန်အလှမှာ.. စိတ်ညစ်စရာတွေပါသွားရင်..ခွင့်လွတ်ပါ..။

    • Foreign Resident

      May 19, 2014 at 2:35 pm

      kai says:
      ” ကချင်..၀.. ကိုးကန့်တွေကို.. မြန်မာအစိုးရနဲ့စစ်တပ်တွေဆက်ဆံနေပုံနဲ့ ”

      ဟုတ်တယ် ။
      ကချင် တွေ ၊ ရှမ်း တွေ ၊ ဝ တွေ ဟာ တရုတ်ပြည်ထဲမှာ ၊
      ပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်း နှင့် နေနိုင်ကြတယ် ။

      မြန်မာနိုင်ငံဖက် အခြမ်းက ကချင် တွေ ၊ ရှမ်း တွေ ၊ ဝ တွေ ကတော့ ၊
      အမြဲတမ်း စစ်ဖြစ် ၊ စစ်ပြေး ၊ သေကြေနေရတယ် ။

      သေချာတာကတော့ ၊ တရုတ်တွေ အုပ်ချုပ်ပုံက ၊
      မြန်မာတွေ အုပ်ချုပ်ပုံထက် ပို တရားမျှတလို့ဘဲ ။

      မြန်မာ လက်အောက်ခံ တိုင်းရင်းသားတွေရဲ့ ဘဝ ကို အရမ်းသနားတာဘဲ ။
      ရက်စက် ကြမ်းကြုတ်တဲ့ ၊ စစ်လိုလားတဲ့ ၊
      မြန်မာ လူမျိုးတွေရဲ့ အတွေးအခေါ်တွေကို ပြင်သင့်ပြီ ။

      kai says:
      ” ယူကရိန်းလို ဖြစ်သွားနိုင်သလား.. အကြိမ်ကြိမ်တွေးနေမိတယ် ”

      ဒေါ်စု သာ အာဏာ မရရင် / ဖယ်ဒရယ် ကိုသာ လက်မခံရင် ၊
      တစ်နေ့ မဟုတ် တစ်နေ့ မှာ ၊ မြန်မာပြည်ဟာ အပိုင်းပိုင်း ကွဲမှာဘဲ ။

      နောက်ပြီးတော့ စစ်တပ် က တရုတ်ကြီး ကို မ ဖားနိုင်တော့တဲ့ တစ်နေ့မှာ ၊
      တရုတ်ကြီး က တိုင်းရင်းသားတွေရဲ့ ဘဝ ကို ကယ်တင်လိုက်လိမ့်မယ် ။
      ဖြစ်ဖို့များတာကတော့ ၊ ကချင် ၊ ရှမ်း ၊ ဝ ဒေသ တွေ တရုတ် နှင့် ပူးပေါင်းသွားလိမ့်မယ် ။
      အဲဒီတော့မှဘဲ ၊ တိုင်းရင်းသားတွေရဲ့ ဘဝတွေ အေးချမ်းသွားမှာပါ ။

      • Kyaemon

        May 20, 2014 at 3:40 am

        အဘဖော ရဲ့စကားဟာ
        သွေးထွက်အောင် မှန်ကန်တဲ့စကား၊
        ကျနော်က လုံးဝထောက်ခံပါတယ်နော်၊

        “မဟာလူမျိုးကြီးဝါဒ”ကို လက်ကိုင်ပြုပြီး၊
        ဖြုတ်ထုတ်သတ်၊ မုဒိန်းကျင့်၊
        မြေလှန်မီးရှို့၊ ဓမြတိုက်၊
        နေသမျှ ကာလပတ်လုံး…..

        ပျက်စီးယိုယွင်းဘို့ပါဘဲ၊
        ဘယ်နိုင်ငံမဆို ကို ပြောတာနော်၊

        ဒီထဲက ကြောင်ကြီး တကောင်ပါတယ်နော်၊
        သတိထားမိသလားတော့မသိဘူး၊

        သူက စကားမနိုင်ရင်
        အကြောင်းကိစ္စတွေ ကို မ ဆွေးနွေးတော့ဘဲ၊

        “မဟာလူမျိုးကြီးဝါဒ” ကို ကိုင်ပြီး လူကို “ချ”
        “အိုးမဲသုတ်” “လူမျိုးရေး” ဘဲ ပြောတော့တယ်၊

        ရူးသလိုလိုနောက်သလိုလို ဟန်ဆောင်ကာ
        ဂျပန်ဖက်ဆစ်တွေလို၊ စစ်သားယုတ်တွေလို၊
        မိန်းမသားတွေကို စော်ကားမော်ကားပြောဘို့
        စိတ်မှာ အမြဲ ကိန်းအောင်းနေတာ၊

        မသိတဲ့သူတွေကျတော့ တဟားဟား တခွမ်းခွမ်း
        ပွဲကျနေတာ ပေါ့ဗျာ၊

        (ဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်း ဩဝါဒပေးခဲ့သလို၊
        ဘော်လုံးပွဲမှာမနိုင်ရင် လူကို”ချ” တဲ့အကျင့်ကို စ
        ပြုပြင်သင့်တယ်)

        စစ်တပ်နဲ့လက်ဝေခံတွေ ကိုဆန့်ကျင်တဲ့အပိုင်းကလဲ အဲဒီလို
        “မဟာလူမျိုးကြီး” ဝါဒီတွေ ကိန်းအောင်နေကြတာ
        ” မြုံ” နေကြတာ ကိုလဲ သတိပြုနိုင်အုံးမှ၊

        • ဦးကြောင်ကြီး

          May 21, 2014 at 1:12 pm

          ကူမြူ နစ်ကေဒါ တရုတ်သဗုံ ကြေးမုံဂျီးကလဲ ဒီဃ ခြစ်လို့ စဒါကို… ကဲ.. ကဲ.. ယွာဒါးများ တုဂို အဖက်မလုပ်ကြနဲ့… ဝသဗုံလက်ထဲ ဒင်းဘွ ဘဲကင်ဖြစ်ဖြစ် ဝက်ကင်ဖြစ်ဖြစ် နေရစ်ခဲ့ဗေဒေါ့.. ဒချိ ဒချိ ဒချိ..။

  • Ma Ei

    May 19, 2014 at 11:29 am

    ပန်းပွင့်ထီးနဲ့ ရွာသူလေး ရယ်…ကလေးတွေရယ်…
    ယဉ်ကျေး လှပတဲ့ အက အဖွဲ့ ပုံလေးတွေ လှတယ်နော်..
    ချစ်စရာလေးတွေ…

  • Paing Lay

    May 19, 2014 at 3:25 pm

    ဘော်ဘော်တွေ စုံတဲ့နှစ်ကျရင် သွားကဲဖို့ တေးထားဦးမှ :kwi:

  • kyeemite

    May 19, 2014 at 3:42 pm

    အင်း..
    ကချင်..၀.. ကိုးကန့်တွေကို.. မြန်မာအစိုးရနဲ့စစ်တပ်တွေဆက်ဆံနေပုံနဲ့.. သူတို့တွေ.. ယူကရိန်းလိုဖြစ်သွားနိုင်သလား.. အကြိမ်ကြိမ်တွေးနေမိတယ်..
    မဖြစ်နိုင်ပါဘူးသဂျီးရယ်…သူတို့က မြန်မာထက်တရုတ်ကိုပိုကြောက်ပါတယ်..

  • Kyaemon

    May 20, 2014 at 2:27 am

    တတိယပုံကို သေချာကြည့်ရင်၊
    စားပွဲဝိုင်းလေးတွေ
    အရှေ့က ၂ လုံး
    အလယ်က ၃ လုံး၊
    အ နောက် က ကားနားတဝှိုက် ၃ လုံး လောက်
    ရှိမယ်၊

    စုစည်းညီညာ ငြိမ်းချမ်းသာယာ
    ဧမြတဲ့အနေအထား ဆီက
    သင်ခဏ်းစာ

  • ဟွန်.သင်္ကြန်တဲ့.. ဆက်ဆီဆွဲနေတာ.. တိုင်ပတ်နေတာ.. မူးပြီးပြဲနေတာတွေလဲမပါဘူး..
    ပျင်းချာကြီး……………ဟီးဟီးဟီး…………

    ဒါမှရိုးရာသင်္ကြန်အစစ်ပေါ့နော်.. အားပေးသွားတယ်ဗျို.

Leave a Reply