လူ…
ဒီနေရာမှာ… ကွယ်လွန်သွားပြီဖြစ်တဲ့… ဆရာကြီးဦးသုခရဲ့ စကားအဖွင့်လေးကို ယူသုံးခွင့်ပြုပါခင်ဗျာ…
အာဒံနဲ့ဧ၀ကပဲစတယ်ပြောပြော… ဗြဟ္မာကြီးလေးဦးကပဲစတယ်ပြောပြော ခြေနှစ်ဖက်… လက်နှစ်ဖက်နဲ့ ပုခုံးနှစ်ဖက်ကြားမှာ ခေါင်းရှိပြီး ဘာသာစကားတစ်မျိုး သို့တည်းမဟုတ် တစ်မျိုးထက်ပိုပြီး ပြောဆိုနိုင်သော သတ္တ၀ါကို လူဟုခေါ်ပါသည်လို့ အဖွင့်လေးမှာ ကျွန်တော်ဆိုချင်သဗျ…
နိုင်ငံခြားအဘိဓာန်တချို့ရဲ့အလိုကျတော့ Having human form or attribute တဲ့ဗျား…
လူသားပုံစံ သို့ လူသားဆန်သောပင်ကိုယ်အရည်အချင်းတွေရှိရင် လူသားလို့ဆိုလိုပါတယ်တဲ့…
ကဲ…ဟုတ်ပါပြီဗျာ…
ဒီတော့ လူဆိုတာနဲ့ လူသားပုံစံဝင်ရမယ်… ခြေနှစ်ဖက်ပေါ်ရပ်ပြီးလမ်းလျှောက်ရမယ်… လက်နှစ်ဖက်နဲ့ ဦးခေါင်းပါဝင်ပြီး လူသားတို့အရည်အချင်းတွေဖြစ်တဲ့ စကားပြောဆိုဆက်ဆံတာတို့ ပေါင်းသင်းဆက်ဆံရေးတို့ မွေးဖွားခြင်း၊ သေဆုံးခြင်းတို့ တည်ရှိဖြစ်ပျက်နေရင် မြို့ကြီးသားပဲဖြစ်ဖြစ်… တောနေလူပဲဖြစ်ဖြစ်… လူသူအရောက်အပေါက်နဲတဲ့နေရာက လူရိုင်းပဲဖြစ်ဖြစ်… အားလုံးကို ခြုံကြည့်လိုက်တော့ လူဟာ လူပါပဲ…
ဒီနေရာမှာ ဘာသာတရားတွေမပါဘူး… ဘာသာစကားတွေမရှိဘူး… ဓနဥစ္စာတွေ မလွှမ်းမိုးဘူး… နယ်မြေစည်းတွေ ခြားမထားဘူး… လူဆိုတာ အခြေခံအကျဆုံးအခေါ်အဝေါ် အင်္ဂလိပ်ဘာသာအလိုအရ… Human…
ဒီနေရာမှာ Human Right ဆိုတဲ့စာလုံးတစ်လုံး… မြန်မာဘာသာနဲ့ဆိုရင် လူ့အခွင့်အရေးပေါ့…
အဲဒီလူ့အခွင့်အရေးဆိုတာကို သမားရိုးကျလွယ်လွယ်ဘာသာပြန်ကြည့်လိုက်ရင်…
လူဟုခေါ်သော လူသားမျိုးနွယ်တိုင်းရရှိသင့်တဲ့အခွင့်အရေးလို့ပြောရမယ်…
ဒီလိုအဓိပ္ပာယ်ဖွင့်တဲ့နေရာမှာ ဘာသာတရားအဆုံးမအတွေမပါဘူး… ဘာသာစကားတွေမရှိဘူး… ဓနဥစ္စာတွေ မလွှမ်းမိုးဘူး… နယ်မြေစည်းတွေ ခြားမထားဘူး…
လူတစ်ယောက်ရဲ့အခြေခံအခွင့်အရေးတွေက မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ မိမိရွေးချယ်ပိုင်ခွင့်ရှိရမယ်… မည်သူတစ်ဦးတစ်ယောက်ရဲ့အတင်းအကြပ်စေခိုင်းလို့ရွေးချယ်ရတာမျိုးမဖြစ်စေရဘူး… အဲဒီလိုပဲ…
မိမိခံစားချက်… မိမိယုံကြည်ချက်… မိမိခံယူချက်ကို လွတ်လပ်ပွင့်လင်းစွာ ရေးသားခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်၊ ဆွေးနွေးခွင့်၊ ရွေးချယ်ခွင့်ရှိခြင်းဟာ လူ့အခွင့်အရေးပါပဲ…
ဒါပေမယ့် ဒီနေရာမှာ လူတစ်ယောက်ရဲ့ခံစားချက်… အပြုအမူ… ခံယူချက်တွေ… ရေးသားထုတ်ဖော်ပြောဆိုမှု တွေဟာ တခြားသူတစ်ဦးတစ်ယောက် သို့တည်းမဟုတ်… တစ်ယောက်ထက်ပိုသောသူများကို ထိခိုက်နစ်နာ စေခြင်းမရှိသ၍ လူတစ်ဦးရဲ့လွတ်လပ်ခွင့်အဖြစ်တည်ရှိပြီး… လူတစ်ဦးတစ်ယောက် သို့တည်းမဟုတ် တစ်ယောက်ထက်ပိုသောသူများ၏ စိတ်ကိုသော်လည်းကောင်း ရုပ်ခန္ဓာကိုသော်လည်းကောင်း ထိုသူများ၏ လူ့အခွင့်ရေးကိုသော်လည်းကောင်း ထိခိုက်နစ်နာစေပြီဆိုရင်ဖြင့် ဒါဟာ လူ့အခွင့်အရေးချိုးဖောက်မှု စဖြစ်ပြီပေါ့…
ကဲ… ပြောလိုရင်းကို စပြောပါပြီဗျာ…
ရွှေည၀ါဆရာတော်ကြီးက စကားတစ်ခွန်းပြောလိုက်တယ်…
ကုလားပဲဖြစ်ဖြစ်၊ တရုတ်ပဲဖြစ်ဖြစ် လူသားဆိုတဲ့အမြင်နဲ့ကြည့်ရမယ်…
ဒါမှထေရ၀ါဒဗုဒ္ဓဘာသာပီသမယ်တဲ့…
အဲဒီစကားလေးကို ကြားတော့ ခပ်တန်းတန်းဖြစ်နေတဲ့ဗုဒ္ဓမြတ်စွာဘုရားအကြောင်းသတိရလိုက်မိတယ်…
ဇတ်နိမ့်၊ ဇတ်မြင့်ခွဲခြားမှုတွေသိပ်ပြင်းထန်တဲ့ အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓဘာသာမျိုးစေ့ချပြီး… လူသားတိုင်းကို သံသရာဝဋ်ဆင်းရဲမှကယ်တင်ချင်တဲ့ ဗုဒ္ဓမြတ်စွာ… ဒါကိုပြန်သတိထားလိုက်မိတော့…
ကျုပ်တို့နိုင်ငံက ဗုဒ္ဓဘာသာဘုန်းကြီးတချို့… ဗုဒ္ဓစကားကိုနားမထောင်တော့ပါလား…
သေချာပြန်လေ့လာကြည့်ရင်… ဗုဒ္ဓဘုရားက လူ့အခွင့်အရေးကိုလေးစားတယ်… သူ့တရားတွေကနေ လူ့အခွင့်အရေးဆိုတာကိုအလေးပေးကြောင်း မြင်သာတယ်… မိမိကိုယ်ပိုင်အသိနဲ့ ယုံကြည်ကြပါလို့တောင် ပြောခဲ့ဖူးသေးတယ်…
ရွှေည၀ါဆရာတော်ကထပ်ပြောပါသေးတယ်…
International အမြင်ကို စွန့်ပြစ်လို့မရပါဘူးတဲ့… အမျိုးသားရေးဆိုတဲ့ National အမြင်ကြီးနဲ့ သွားမကြည့်နဲ့၊
ကျဉ်းမြောင်းတဲ့အယူအဆတွေနဲ့ပြောနေကြမယ်… ဆိုနေကြမယ်ဆိုရင်
ဗုဒ္ဓဘာသာတွေဟာ အဆင့်အတန်းမြင့် ပါလျက်နဲ့ မမြင့်ဘဲဖြစ်လိမ့်မယ်…
ကဲဗျာ…
ထပ်ကြားလိုက်ပါသေးတယ်…
မျိုးစောင့်ဥပဒေကိုကန့်ကွက်တဲ့အဖွဲ့တွေကိုလဲ အမျိုးသားသစ္စာဖောက်တွေအဖြစ်သတ်မှတ်ကြကြောင်းတဲ့…
တကယ်တော့… လူဆိုတာ…
လူသားပုံစံဝင်ရမယ်… ခြေနှစ်ဖက်ပေါ်ရပ်ပြီးလမ်းလျှောက်ရမယ်… လက်နှစ်ဖက်နဲ့ ဦးခေါင်းပါဝင်ပြီး လူသားတို့အရည်အချင်းတွေဖြစ်တဲ့ စကားပြောဆိုဆက်ဆံတာတို့ ပေါင်းသင်းဆက်ဆံရေးတို့ မွေးဖွားခြင်း၊ သေဆုံးခြင်းတို့ တည်ရှိဖြစ်ပျက်နေရင် မြို့ကြီးသားပဲဖြစ်ဖြစ်… တောနေလူပဲဖြစ်ဖြစ်… လူသူအရောက်အပေါက်နဲတဲ့နေရာက လူရိုင်းပဲဖြစ်ဖြစ်…
ဒီနေရာမှာ ဘာသာတရားတွေမပါဘူး… ဘာသာစကားတွေမရှိဘူး… ဓနဥစ္စာတွေ မလွှမ်းမိုးဘူး… နယ်မြေစည်းတွေ ခြားမထားဘူး…
လူ့အခွင့်အရေးငတ်ခဲ့တဲ့… ဒီမိုကရေစီကို ဘာမှန်းမသိလိုလားကြသော မြန်မာနိုင်ငံသားများနဲ့… ကိုယ်နဲ့အမြင်မတူရင် အမျိုးသားသစ္စာဖောက်တွေအဖြစ်သတ်မှတ်ချင်ကြသော ရဟန်းရှင်လူများခင်ဗျား…
အခြေခံအကျဆုံး လူဆိုတာဘာလဲနဲ့ လူ့အခွင့်အရေးကိုနားလည်စေချင်ပါတယ်… မြန်မာနိုင်ငံ တစ်ဦးတစ်ယောက်ထဲ ၀ါးလုံးခေါင်းထဲလသာပြီး ကျွန်စွန့်ပစ်တဲ့သရက်စေ့လိုဘ၀ကနေ ရုန်းတက်ချင်တယ်ဆိုရင်… လူဆိုတာဘာလဲဆိုတာကို အရင်ဆုံးနားလည်စေချင်ပါတယ်… ဒီမိုကရေစီလမ်းကြောင်းကိုသွားနေချိန်မှာ ဘယ်လိုအာဏာရှင်မှမလိုချင်သလို… မရှိချင်သလို… ယူနီဖောင်းဝတ်အာဏာရှင်အပြင်… သင်္ကန်းဝတ်အာဏာရှင်များလဲအလိုမရှိပါဘူး…
အဲဒီလိုပဲ… လူလဲလူအလုပ်… စစ်သားလဲစစ်သားအလုပ်… ဘုန်းကြီးလဲ ဘုန်းကြီးအလုပ်ကို ပီပီပြင်ပြင်လုပ်စေချင်ပါတယ်…
အခုလုပ်နေပုံကဖြင့် သူငယ်ချင်းတစ်ယောက်ပြန်ပြောဖူးတဲ့စကားလေးကိုယူသုံးရရင်ဖြင့်…
လူမျိုးဘာသာမခွဲခြား လူသားအားလုံးကို ရင်ဝယ်သားကဲ့သို့ ချစ်မြတ်နိုးသော ဗုဒ္ဓမြတ်စွာဘုရားကိုယ်တော်ကြီးကိုလဲ အမျိုးသားသစ္စာဖောက်အဖြစ်သတ်မှတ်ရတော့မှာဖြစ်ပါကြောင်း…
နိုင်ငံရဲ့မဏ္ဍိုင်တွေထဲ.. ဘာသာရေးဝင်စွက်ပါလာရင်ကို.. အဲဒီနိုင်ငံကျဆုံးခြင်းသို့.. ရောက်တာပါ..။
တကယ်တော့.. မြန်မာ့နေ့စဉ်လူနေမှုဘ၀..အတွေးအခေါ်တွေထဲ.. ဘာသာရေးက၀င်ပါလွှမ်းမိုးလွန်းတယ်..။
လောကီ..။ လေကုတ္တရာ.. အယူတွေရောထွေးလွန်းလွန်လွန်းတယ်…။
အနိစ္စ…။
Was this answer helpful?
LikeDislikeအော်…ညီလေးရယ်
ကွန်းမန့်ပေးလိုက်မဟဲ့လို့ ၀င်လာလိုက်တာ
ကိုယ် သိတ်မသိတဲ့ ဘာသာရေး တွေဖြစ်နေပါတယ်ဗျာ…။
ချစ်ခင်သော စိတ်ဖြင့် အားပေးဖတ်ရှုပြီး
ကွန်းမန့်များကိုသာ စောင့်ဖတ်ပညာယူတော့မည် ဖြစ်ပါကြောင်း…။
Was this answer helpful?
LikeDislikeအမျိုးသားက သစ္စာဖောက်ရင် အမျိုးသား သစ္စာဖောက်။

အမျိုးသမီး က သစ္စာဖောက်ရင် အမျိုးသမီး သစ္စာဖောက်။။
ဂေးက သစ္စာဖောက်ရင် မိန်းမလျာ သစ္စာဖောက်။
တွန်ဘွိုင် က သစ္စာဖောက်ရင် ယောက်ကလျှာ သစ္စာဖောက် အဲလို မှတ်လိုက်တာပဲ။
သစ္စာဖောက် မဖြစ်ချင်လို့ ဘယ်သူ့နဲ့မှ သစ္စာမထားဘူးးး။
” ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ဆီသို့ ” နှစ်ပေါင်းများစွာ မမှိတ်မသုန်ချီတက်ရင်း အဆင်းရဲဆုံးတိုင်းပြည်ဆိုတဲ့ ဂုဏ်ပုဒ်ကို ပြိုင်ဖက်အနည်းငယ်နဲ့ ပူးတွဲရရှိခဲ့တယ်..။
” သာသနာတော်ကြီးက နေလိုလလို ထွန်းလင်းနေတယ်.. ကမ္ဘာမှာမြန်မာလောက် ဗုဒ္ဓဘာသာ ထွန်းကားတဲ့နိုင်ငံမရှိတော့ဘူးရယ်လို့ ” ကြွေးကြော်ရင်းနဲ့ပဲ အမျိုးဘာသာသာသနာကို အာဏာစက်နဲ့ အပူတပြင်း စောင့်ရှောက်ဖို့ လုံးပမ်းနေကြရတယ်..။
ဒေါ်စုကို ပုဂ္ဂိုလ်ရေးအရ ဘယ်လောက်မုန်းမုန်း.. အပေါ်က အဖြစ်သနစ်တွေရဲ့  တရားခံဟာ ဒေါ်စု မဟုတ်ခဲ့ဘူးဆိုတာလောက်တော့.. သိဖို့ကောင်းတယ်..။
အခုတော့.. ပညာရှိ-ပညာတတ်ဆိုသူတွေကအစ.. အမျိုးဘာသာ သာသနာဆိုတဲ့ ခေါင်းစဉ်အောက်ကနေ.. ဒေါ်စုနဲ့ NLD ကို တရားခံလုပ်-အဖြစ်ဖို့နေကြ
တာ.. အံ့သြကုန်နိုင်ဖွယ်ပါပဲ..။
Ko Navana ဒီနေ့ပြောတာလေးကြိုက်လို့။

Was this answer helpful?
LikeDislikeဟိုလေ ဒီလိုပါ

လူအ ကြောင်းတော့သိပ်မသိပါဘူး
နာ လည်းလူဆိုတော့ လူဖြစ် ရတဲ့ အတွက် ကံကောင်းခြင်းဆုလာဘ်
တမျိုး ပိုင် ဆိုင် ထားရတာကိုပဲကျေနပ်ပါပြီ
Was this answer helpful?
LikeDislikeတိန် တိန်
နှစ်ခါတိန်
Was this answer helpful?
LikeDislikeမြတ်စွာဘုရားက နှစ်ပေါင်း ၂၅၀၀ ကျော်တုန်းက ထားရှိခဲ့ အယူအဆ အတွေးခေါ် တွေဟာ ကျင့်သုံးသူတွေ ကြောင့်
Was this answer helpful?
LikeDislikeမျိုးစောင့်ဥပဒေနှင့် မျက်ဖြူဆိုက်ကြခြင်း
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်)ရဲ့ ကြေညာချက်ထဲမှာ အမျိုးစောင့်ဥပဒေ (၄)မျိုး အကြောင်းကို လေ့လာရန် တိုက်တွန်းသည်လို့ ဆိုထားတဲ့အတွက် အင်တာနက်ထဲမှာ ရှာဖတ်ဖြစ်တယ်။ အဲဒါနဲ့ပဲ စာမျက်နှာ ၂၇ မျက်နှာပါ PDF file ကို ရှာဖတ်ဖြစ်တော့ ၄မျိုးတော့ မဟုတ်။ ကိုးကွယ်ရာဘာသာနှင့် ပတ်သက်၍ မှတ်ပုံတင်ဥပဒေ(မူကြမ်း)နဲ့ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ အရေးပေါ်ဥပဒေ(မူကြမ်း) ဆိုပြီး ၂မျိုးတွေ့တယ်။
ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး တွေးမိတာတွေရယ် မေးခွန်းတချို့ရယ် ခေါင်းထဲမှာ ပေါ်လာလို့ ချရေးဖြစ်တယ်။
ကိုးကွယ်ရာဘာသာနှင့် ပတ်သက်၍ မှတ်ပုံတင်ဥပဒေလို့ ခေါင်းစဉ်တပ်ထားပေမယ့် တကယ်တော့ ဘာသာပြောင်းခြင်း ဥပဒေဆို ပိုမှန်မယ်ထင်တယ်။ ဘာသာပြောင်းတာကတော့ ဘယ်တော့မှဖြစ်လာမှာမဟုတ်လို့ မဆွေးနွေးသေးပါ။ မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ အရေးပေါ် ဥပဒေ(မူကြမ်း)ထဲမှာတော့ မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဝင် ဖြစ်ရမည်။ ဘာသာခြား ဖြစ်ခဲ့သူက မြန်မာဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်ပေါင်းသင်း မည်ဆိုပါက ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင်လက်မှတ်ရရှိထားသူဖြစ်ရမည်တဲ့။ တရားဝင်ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။ မှတ်ပုံတင်ထဲမှာ ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ ဆိုတာကို ဆိုလိုတာလား။ အဲဒါဆို တရားဝင်ရောလား။ မှတ်ပုံတင်လျှောက်တဲ့အခါ ဘာသာ လူမျိုးတွေက ကိုယ့်ဘာသာ ဖြည့်ရတာမဟုတ်ဘူးလား။ ဘာသာခြားက ဗုဒ္ဓဘာသာဆိုပြီး ဖြည့်လိုက်ရင်ရော။ မှတ်ပုံတင် ထွက်လာရင် ဗုဒ္ဓဘာသာ ဆိုပြီးတော့ပဲ ထွက်လာပြီး တရားဝင်ဗုဒ္ဓဘာသာ ဖြစ်ရောလား။ ပြီးတော့ ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင်လက်မှတ်တဲ့။ အဲဒီလက်မှတ်က မျိုးစောင့်ဥပဒေဆိုတာနဲ့ တူတူ ထွက်ပေါ်လာမှာလား။ အဲဒီဥပဒေကြမ်းထဲမှာတော့ ဘာမှမဖော်ပြထားတဲ့အတွက် အခုကတည်းက ပဲ ရှိနေသလိုလို။ ကျွန်တော့်မှာတော့ တရားဝင်ဗုဒ္ဓဘာသာလက်မှတ်မရှိ။ ဒါဆို ကျွန်တော်က ဘာသာမဲ့ဖြစ်သွားပြီလား။ တော်တော်ကြီး လွဲနေသလိုပဲ။
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်)ရဲ့ ကြေညာချက်မှာ မည်သူမဆို ဆွေးနွေးလိုပါက ဖိတ်မန္တက ပြုလိုက်ပါသည်လို့ ဆိုထားပေမယ့် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ လိပ်စာ အီးမေးလ်တွေလည်း မတွေ့ရဘူး။ ဒီကိစ္စကို အဓိက ဦးဆောင်သူဟာ အရှင်ဝီရသူဆိုရင် သူရဲ့ ဖေ့ဘုတ်ကရော သူရဲ့ တရားဝင်လား။ အဲဒီဥပဒေ မူကြမ်းမှာ ၂၀၀၈ အခြေခံဥပဒေထဲက အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များထဲက ပုဒ်မတော်တော်များများကိုလည်း မှီငြမ်းပြီး အများကြီးရေးထားတာ တွေ့ရတယ်။ အခြေခံဥပဒေရဲ့အလိုကို နာခံသလိုလိုပေါ့။ ဒါပေမယ့်
အခန်း(၈) ပုဒ်မ ၃၄၈ ဖြစ်တဲ့ “နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ။” ဆိုတာကိုတော့ ထည့်သွင်းရေးထားခြင်းမပြုထားဘူး။
ပြီးတော့ ပုဒ်မ ၃၆၁၊ ၃၆၂၊ ၃၆၃တို့ကို ထည့်သွင်းရေးသားထားပြီး ပုဒ်မ ၃၆၄ ကိုကျတော့ သမ္မတက မသိတာပဲလား မေ့နေလား မသိဘူး ထည့်မရေးထားဘူး။ ပုဒ်မ ၃၆၄ က
“နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ။ ထို့ပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း တစ်ဖက်နှင့် တစ်ဖက်၊ တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်သည်။” လို့ အတိအလင်းရေးထားတယ်။ ဒါဆိုရင် ဒီဥပဒေကြမ်းကြောင့် အဖွဲ့ ၉၀ကျော်က ကန့်ကွက်တယ်။ ဒါကို အမျိုးသားသစ္စာဖောက်တွေ ဖြစ်တယ်ဆိုတော့ တစ်ဖက်နဲ့ တစ်ဖက် မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုး ပေါ်ပေါက်လာရန်အကြောင်းရှိနေတဲ့ ဥပဒေကြမ်းဖြစ်နေတယ်လို့ ပြောရင် ဘာပြန်ပြောမလဲ သိချင်မိတယ်။
တကယ်တမ်း မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ ဘာသာရေးအကြောင်းပြောရင် ၉၆၉၊ ဘင်္ဂါလီ၊ ရိုဟင်ဂျာ၊ အဓိကရုဏ်းတွေ မပါရင်မပြီးဘူး။ အခြေခံအရင်းအမြစ်ကနေစပြီးလေ့လာရမယ်။ သိရှိရမယ်။ ဒီဥပဒေကြမ်းရဲ့ အစပိုင်းမှာ ပါတဲ့ ဘုရားပုံတော်တွေကို ခြေထောက်နဲ့ နင်းခိုင်းတာ၊ ဘုရားစင်က သောက်တော်ရေခွက်ခွဲခိုင်းတာ စတာတွေဟာ အခုလို လူမှုအင်တာနက်စာမျက်နှာတွေ မပေါ်ခင် ၁၉၈၀လောက်ကတည်းက ပြန့်နေခဲ့တာပဲ။ အမျိုးပျောက်မှာ စိုးကြောက်စရာ (သေချာတော့မမှတ်မိ ရေးသူ – ရှင်သာမဏေကျော်လို့တော့ ထင်ပါတယ်။) ဆိုတဲ့ ဘာသာရေး သွေးခွဲတဲ့ စာအုပ်ထွက်ခဲ့ပါတယ်။ အဲဒီအချိန် မဆလအစိုးရရဲ့ လိုအပ်ရင် လိုအပ်သလို ထုတ်သုံးဖို့သွေးခွဲထားတဲ့ ချိန်ကိုက်ဗုံးတစ်လုံးပေါ့။ ကျွန်တော်တို့ မြန်မာတွေကလည်းခက်တယ်ဗျာ။ ဘာသာရေးနဲ့မှိုင်းတိုက်လိုက်ရင် ဘာမှကို မမြင်ကြတော့ဘူး။ မျက်ဖြူဆိုက်လေ စာဖတ်နေသူကြီးနဲ့ အပေါင်းအပါများက ကြိုက်လေဆိုတဲ့ အကွက်ထဲမှာ ကွက်တိကို ၀င်လို့။
Share from Si Thu Thanlwin
Was this answer helpful?
LikeDislikeစကေားမစပ်ဗျာ
ကွေးခြောက်ကွေးတွေ စောစောကပေါ်လာရင်…
သိပ်ဒတ်ထ ကိုယ်တော်ကြီးတောင် အိမ်ထောင်ကျဖို့မရှိဘူး ..
သူကစ တပြည်သူ ယူခဲ့တာကိုး .. (အမျိုးမတူတဲ့ အသူရာ သမီးယူတဲ့ … သိကြားဆိုတဲ့ ချာတိတ်ကား ဆိုဖွယ်ရာမရှိပြီ)
တနေ့သေဂျယမီ …မသေခင် ယူချင်တဲ့လူ ယူဂျ…။
Was this answer helpful?
LikeDislikeကိုကြီး ကြောင်ဝတုပ် ကြိုက်လို့ မှာ ရှယ်ပါရစေ ညော်
Was this answer helpful?
LikeDislikeSorry Facebook မှာ ကျောတာ
Was this answer helpful?
LikeDislikeလွတ်လပ်တဲ့ တွေးခေါ်ပိုင်ရှင်ကြီးတွေကို သာမီးအရမ်း အားကျတာပဲ မေမေရယ် မျိုးစောင့်ဥပဒေကြီးကို သာမီးတို့ ကန့်ကွက်နိုင်ခဲ့ရင် သာမီးတော့မမှ်ီတော့ဘူး သာမီးနဲ့ သာမီးကိုကို ဗုဒ္ဓဘာသာက မွေးလာတဲ့ ကလေးလေးတွေ သူတို့ ယူချင်ရာ ယူလို့ရမယ်။ သူတို့ရဲ့ လူ့အခွင့်အရေးအရ ကိုးကွယ်ချင်ရာ ကိုးကွယ်မယ်။ ဗုဒ္ဓဘာသာရဲ့ အဓိပ္ပာယ်ကိုလဲ သူတို့ သိပေမယ့် လိုက်နာချင်မှ လိုက်နာမယ်။ ဒီလိုနဲ့ သာမီးတို့ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့လူမျိုး တစ်မျိုးဟာ လူ့အခွင့်အရေးဆိုတဲ့ စကားလုံး ငါးလုံးအောက်မှာ ပြားပြားမှောက်မယ်။ ဒါမှ ဘာသာခြားနဲ့ ယူတဲ့ ဗုဒ္ဓဘာသာဝင်ဟာလဲ ဘာသာခြားထဲဝင်လို့ရမယ်။ ဗုဒ္ဓဘာသာနဲ့ ယူတဲ့ ဘာသာခြားကလဲ ဘာသာခြားထဲ သွင်းခွင့်ရမယ်။ အရမ်းလွတ်လပ်တဲ့ လူ့အခွင့်အရေးပါပဲ မေမေရယ်။
Was this answer helpful?
LikeDislikeမြတ်ပုညရေ…
စာအရေးအသားကြည့်လိုက်တော့ ယောင်္ကျားလားမိန်းမလားအသေအချာမခွဲနိုင်ပေမယ့်…
သာမီးဆိုတဲ့ အသုံးအနှုန်းကြောင့် မိန်းခလေးလို့ သတ်မှတ်လိုက်မကွဲ့နော်…
ဗိုလ်နေ၀င်းတိုင်းပြည်အုပ်ချုပ်တုန်းက…
ဖယ်ဒရယ်မူကို အမြင်မကျယ်… အသိမကြွယ်တဲ့မြန်မာလူထုကြားမှာ တိုင်းပြည်ပြိုကွဲမယ့်မူဆိုပြီး…
Brainwash လုပ်လို့ ဆိုရှယ်လစ်လမ်းစဉ်လိုက်ပြီး တိုင်းပြည်ခွေးဖြစ်စေခဲ့တယ်…
အဲဒီလိုပဲ ဗိုလ်သန်းရွှေလက်ထက်ရောက်တော့…
လူ့အခွင့်အရေးဆိုတဲ့ အမြင်ကျယ်မှာစိုးလို့… ဘာသာရေးနဲ့ မြန်မာနိုင်ငံသားတို့ရဲ့အတ္တကိုအကြောင်းပြ…
စည်းနဲ့ကမ်းနဲ့ဒီမိုကရေစီဆိုပြီးတော့… Brainwash လုပ်ခဲ့ပြီး တိုင်းပြည်ကိုအဆင်းရဲဆုံးတိုင်းပြည်စာရင်း
ဝင်အောင်လုပ်ခဲ့တယ်…
လူ့အခွင့်အရေးမှာ လွတ်လပ်စွာကိုးကွယ်ခွင့်ဆိုတာပါတယ်…
လူတစ်ယောက်ဖြစ်လာရင်…
နှစ်သက်ရာကိုးကွယ်ခွင့်ရရမယ်… ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်၊ အစ္စလာန်ပဲဖြစ်ဖြစ်၊ ခရစ်ယာန်ပဲဖြစ်ဖြစ်…
အဲဒီမှာ ဗုဒ္ဓဘာသာကိုးကွယ်နေသူတစ်ယောက်က ဒီဘာသာကိုမနှစ်သက်ချိန်မှာ…
အတင်းအကြပ်ခိုင်းစေမှုမပါဘဲ… မည်သည့်ဘာသာကိုမဆိုပြောင်းလဲကိုးကွယ်ခွင့်ရှိရမယ်…
အဲဒီလိုပဲ တခြားသော အစ္စလာန်နဲ့ ခရစ်ယာန်ဘာသာတွေလဲ ဒီအတိုင်းပဲ…
တကယ်၍ အတင်းအကြပ်စေခိုင်းလာရင် တရားဥပဒေကြောင်းအရ
လူ့အခွင့်အရေးကိုကာကွယ်ပေးရမယ်…
်ဥပမာဗျာ…
ကျုပ်က ဗုဒ္ဓဘာသာတစ်ယောက်… ကျုပ်လက်ထပ်ချင်တဲ့မိန်းခလေးက ဘာသာခြားဖြစ်နေပြီဆိုပါတော့…
အဲဒီလိုပဲ… ကျုပ်က ကျုပ်နဲ့လက်ထပ်မယ့် ဘာသာခြားမိန်းခလေးကို ဗုဒ္ဓဘာသာအတင်းဖြစ်ရမယ်လို့
ဇွတ်လုပ်ရင်… ကျုပ်က လူ့အခွင့်အရေးချိုးဖောက်တာပဲ….
အဲဒီလိုပဲ…သူက ကျုပ်ကို သူ့ဘာသာထဲဝင်ရမယ်လို့ ဇွတ်အတင်းလုပ်ရင်
သူလဲလူ့အခွင့်အရေးချိုးဖောက်တာပဲ…
အဲဒီတော့ ကျုပ်တို့ နှစ်ယောက်သဘောတူညီချက်ရတယ်… လက်ထပ်ကြမယ်…
ကျုပ်တို့နှစ်ယောက် ကျုပ်လဲ ဗုဒ္ဓဘာသာပဲကိုးကွယ်မယ်… သူလဲသူ့လက်ရှိဘာသာနဲ့ပဲဆက်လက်နေမယ်…
ဒီမှာ မျိုးစောင့်တွေရေ… ဖြေပါဦး…
မျိုးစောင့်ဥပဒေအရ… ကျုပ်တို့နှစ်ယောက်လက်ထက်ခွင့်မရှိဘူးပေါ့…
ဒါဆို အဲဒီမျိုးစောင့်ဥပဒေက လူ့အခွင့်အရေးကိုချိုးဖောက်တာပဲ…
နောက်တစ်ခု…
လူတိုင်းလွတ်လပ်စွာကိုးကွယ်ခွင့်ပေးပြီး…
သာသနာဝန်ထမ်းတွေကလဲ တရားမျှတစွာ သာသနာပြုခွင့်ရှိရပါမယ်…
ဘာသာတိုင်း ဘာသာတိုင်းပါ…
၈၀%ကျော် ဗုဒ္ဓဘာသာကိုကိုးကွယ်နေကြတဲ့ မြန်မာနိုင်ငံမှာ… တခြားသောဘာသာခြားများလဲ…
လွတ်လပ်စွာသာသနာပြုခွင့်ရှိရပါမယ်…
အဲဒီလို သာသာတိုင်းက သာသနာ့ဝန်ထမ်းတိုင်း လွတ်လပ်ညီမျှစွာသာသနာပြုခွင့်ရပါလျက်…
တစ်နေ့တစ်ခြား ဗုဒ္ဓဘာသာဝင်ဦးရေ လျော့သထက်လျော့လာပြီဆိုလျှင်ဖြင့်…
သာသနာပြုသူတို့၏တာဝန်နှင့် အရည်အချင်းသာဖြစ်ပြီး…
ဒီအရာကို လူ့အခွင့်အရေးကြောင့်လို့စွတ်စွဲလို့မရသကဲ့သို့…
အတင်းအကြပ်…ဥပဒေပြုလုပ်လို့မရပါဘူး…
ဗုဒ္ဓဘာသာဝင်တွေလျော့နည်းလာရင် သာသနာ့ဝန်ထမ်းတွေအလုပ်မလုပ်လို့ပါပဲ…
ဒါမှမဟုတ်… သာသနာပြုနည်းလမ်းတွေမှားနေလို့ပါပဲ…
အတင်းအကြပ်လုပ်ဆောင်မှုတွေရှိနေရင် တရားဥပဒေကြောင်းအရရင်ဆိုင်ပါ…
မဟုတ်ရင်တော့ ဘာမှလုပ်လို့မရပါဘူး…
နိုင်ငံရေးနဲ့နှစ်ပေါင်းများစွာဝေးကွာခဲ့တဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့…
လူ့အခွင့်အရေးဆိုတာ… သူများသစ်ခုတ်လို့ရပြီး… သူများကားတစ်စီးစီးတိုင်း…
ကိုယ်လဲသစ်ခုတ်ခွင့်ရ… ကားစီးရတဲ့အခွင့်အရေးမျိုးလို့ ထင်နေကြတာပါ…
တကယ်တော့ လူ့အခွင့်အရေးရဲ့ အနှစ်သာရကိုမသိမချင်း… နားမလည်မချင်း…
ဘာမှန်းမသိလိုချင်နေကြတဲ့ ဒီမိုကရေစီဆိုတဲ့ဟာကြီး… မရနိုင်ကြောင်းပါနော…
ဘာပဲရမလဲဆိုရင်… ခင်ဗျားတို့နဲ့တန်တဲ့… ယူနီဖောင်းနဲ့သေနတ်နဲ့ဟာကြီးပဲ ပြန်ရမှာပါနော…
ခင်မင်လျက်-
ကြောင်ဝတုတ်
Was this answer helpful?
LikeDislikeဖက်ဖက်ကက်ရေ
မတွေ့တာကြာပေါ့။
ဘာသာရေးကို တန်ဖိုးထားလွန်းလို့ ဘာအတွက်မှ အသုံးချခံ မဖြစ်စေချင်ပါဘူး။
Was this answer helpful?
LikeDislikeမနေ့ကတည်းက ဖတ်ပြီးခဲ့ပေမယ့်
ဘာပြောရမှန်းမသိလို့ ဖတ်ပဲ ဖတ်နေမိပါတယ်။
——
Was this answer helpful?
LikeDislikeကဖက်ရယ် ညီးက ဗလအားကိုးနဲ့ ပေါရဲတာပေါ့အေ… တူရို့က ဘုရားပေါ်တော် ကားအနက်ကြီးဒွေ တန်းစီ ကောဇောအနီဂျီး ခင်းပီး တက်ချလာတာအေ…
တူရို့က ရဲဒွေ အေ့
Was this answer helpful?
LikeDislikeသူကြီးရေ…
ကျွန်တော့်ခံယူချက်ကတော့ဖြင့် ဘုန်းကြီးအလုပ်ဘုန်းကြီးလုပ်… လူအလုပ်လူလုပ်ပေါ့ဗျာ…
ရဟန်းသံဃာတော်ဆိုရင် ကြည်ညိုလက်စ… စကားနားထောင်လက်စရှိတဲ့ မြန်မာနိုင်ငံသားတွေကို…
ဒီလိုလုပ်တာ… အာဏာအလွဲသုံးစားလုပ်သလို ခံစားရပါကြောင်း…
လေးဘလက်ရေ…
ကျွန်တော်ရေးတာ ဘာသာရေးမဟုတ်ပါဘူးဗျ…
ကျွန်တော်တို့အားလုံးညီတူညီမျှရရမယ့် အခွင့်အရေး… လူ့အခွင့်အရေးပါ…
အခုကတည်းက ကြိုပြောထားသင့်ပြောထားရမယ်… မတော် မျိုးစောင့်ဥပဒေပြီးရင်…
ယမကာဥပဒေထွက်လာလို့…
အရက်သောက်ရင်တောင် ခိုးကြောင်ခိုးဝှက် ခွက်ပုန်းခုတ်နေရဦးမယ်နော်…
မမကေဇီရေ…
တခြားသောအမြင်များနဲ့အားဖြည့်တဲ့အတွက် ရင်ဘတ်ချင်းညီမျှသမို့ ကျေးကျေးပါနော…
လူလူပြောတဲ့
ကံကောင်းခြင်းဆုလာဒ်ဟာ ဘာလဲတော့မသိ…
ဒါပေမယ့် လူတိုင်းဟာ ကိုယ်ရသင့်တဲ့အခွင့်အရေးကို မသိရင်… ဘယ်တော့မှအခွင့်အရေးမရပါဘူး…
အလက်ဆင်းရေ…
တတိန်တိန်နဲ့ ဘာပြောရမှန်းမသိဘူးဖြစ်နေပြီလား…
အနုပညာသမားဆိုတာ လွတ်လပ်မှုကိုမြတ်နိုးသတဲ့…
လွယ်လွယ်လေးပဲလေဗျာ…
ခင်ဗျားဘယ်သူ့ကိုမှ မထိခိုက်ပဲကဗျာရေးနေတာကို ကဗျာတွေဟာလူ့စိတ်ကိုပျော့ပြောင်းနူးညံ့စေလို့…
ဥပဒေထုတ်ပြီး ပိတ်ဆို့မယ်ဆိုရင်… ခင်ဗျားဘယ်လိုခံစားရမလဲ…
အဲဒါ ဥပမာမဟုတ်… တစ်ချိန်တုန်းက တကယ်ဖြစ်ခဲ့ဖူးသောသမိုင်းကို ကိုးကားတာပါနော်…
ဂီဂီရေ…
ကျုပ်ပြောဖူးသဗျ…
ကိုယ်ပိုင်အတွေးအခေါ်မရှိဘဲ… အမှားအမှန်တွေးခေါ်စဉ်းစားခြင်းမပြုဘဲနဲ့…
မိဘပြောသမျှ မှန်မှန် မှားမှားခေါင်းညိတ်လိုက်နာရင်… အဲဒီလူက သားလိမ္မာ သမီးလိမ္မာတော့
အများအမြင်မှာဖြစ်မယ်ဗျ… ဒါပေမယ့် ဘယ်တော့မှလူလိမ္မာမဖြစ်ဘူး… လူတုန်းလူအပဲဖြစ်မှာ…
သိဒတ္ထကိုယ်တော်ကြီးများ မိဘစကား၊ သူ့လက်ထက်က မင်းဆရာပရောဟိတ်ကြီးများစကားကိုဖြင့် မျက်စိမှိတ်နားထောင်ခဲ့ရင်ဖြင့် ဦးချစရာတောင်ရှိမယ်မထင်ပေါင်ဗျာ…
အိမ်လွမ်းသူရေ…
Share မယ်ဆိုရင်လဲ ရှယ်စေပေါ့…
နဲနဲအဆဲခံရတာနဲ့ များများအဆဲခံရတာ သိပ်တော့မထူးပါလေ…
အန်တီဒုံရေ…
အန်တီပြောလိုက်တော့မှ ကျွန်တော့ရင်ထဲအချက်တစ်ချက်ဝင်လာတယ်…
ဘာသာတရားကို ရောင်းစားတာကိုဖြင့် မြတ်နိုးတာကြောင့်မဟုတ်ရင်တောင်…
လူ့ယဉ်ကျေးမှုအရ မလုပ်သင့်တဲ့အလုပ်ပါဗျာ…
သူငယ်ချင်းဝေါင်းရေ…
အဲ့ ဘုရားပေါ်ကားအနက်ကြီးတွေတက်တာတို့… လယ်တီသိမ်ဖျက်လိုက်တုန်းကတို့များ…
ဟိုများမျိုးစောင့်တွေ လမ်းထိပ်ဘုံဆိုင်ရောက်နေတယ်ထင်ပါ… အသံကိုမထွက်ဘူး…
ကျုပ်ပိုစ့်တစ်ပုဒ်ရေးပါဦးမယ်… ရခိုင်ပြည်ရဲ့မျိုးချစ်တွေအမျှော်အမြင်ကြီးမှုတွေအကြောင်းပေါ့…
အားလုံးကို ခင်မင်လျက်-
ကြောင်ဝတုတ်
Was this answer helpful?
LikeDislikeဘုန်းကြီးက.. နိုင်ငံရေးလုပ်သင့်သလား.. မေးခွန်းဖြစ်သွားမယ်ထင်တယ်..
ကျုပ်အယူအဆကတော့.. ဘုန်းကြီးနိုင်ငံရေးလုပ်သင့်သဗျ…
ဘုန်းကြီးအလုပ်..ရဟန်းအလုပ်မှာ.. လူတွေကိုအသိသညာမြှင့်ပေးဖို့အဓိကတာဝန်ပါတယ်လို့.. ယူဆမိတာပါ…။
ဂေါတမဗုဒ္ဓကိုယ်တော်တိုင်လည်း.. နိုင်ငံရေး(နိုင်ငံ..တိုင်းပြည်အရေး) လုပ်တယ်ဆိုရမယ်..။
ဖတ်နေသူတွေ.. နည်းနည်းရှုပ်ထွေးနေသလိုဖြစ်သွားမှာမို့.. ဒီကိစ္စ.. ပို့စ်တခုနဲ့ရေးတင်မှနဲ့တူတယ်..
ဒါမှမဟုတ်… အပြန်အလှန်ဆွေးနွေး.. Brainstorming လုပ်ရင်း.. အဖြေတခုထုတ်ကြည့်ချင်သား..။
Was this answer helpful?
LikeDislikeသူကြီးရေ…
ဒါမျိုး သူကြီးမှ ကလိမထိုးရင်… အဲလေ… သူကြီးမှ တည်မပေးရင်…
ဘယ်သူတည်မလဲလို့… လုပ်လိုက်စမ်းပါ…
နောက်အပတ် စစ်တွေမသွားခင်လေး… ကြဲလိုက်ရအောင်…
စစ်တွေရောက်တော့မှ… မျိုးစောင့်မျိုးချစ်များအကြောင်း ညမအိပ်ဘဲရေးပါဦးမယ်…
ခင်မင်လျက်-
ဖက်ဖက်ကက်
Was this answer helpful?
LikeDislikeBuddhism and Politics
By Barbara O’BrienApril 9, 2008
Paul Harrison, professor of Buddhist studies at Stanford University, discussed Buddhism and the acceptable role of monks in politics with Jayshree Bajoria of the Council of Foreign Relations. This interview raises vital questions.
“Direct involvement in political activity, strictly speaking, is not sanctioned” by the Buddha’s teaching, he said. Traditionally, the role of Buddhist monastics and clergy was limited to advising rulers on the proper application of Buddhist teachings to government, Harrison continued. However, in recent decades increasing political instability and oppression in Asia caused a change in the relationship between Buddhism and politics.
From monk Thich Quang Duc’s self-immolation in Vietnam, 1963, to ongoing political agitation by Buddhist monks in Tibet, Buddhist monastics have played an increasingly assertive — and sometimes militant — role in political situations. When is this appropriate? When is it not appropriate? By what criteria do we judge?
The Vietnamese monk Thich Nhat Hanh emerged from his nation’s upheavals as a champion of “engaged Buddhism.” The example of his life, and his Fourteen Precepts of Engaged Buddhism, provide as good a context for this discussion as any I know.
=
ဒါလေးကတော့ တော်တော်ပြည့်စုံတာလေး..
http://www.budsas.org/ebud/whatbudbeliev/229.htm
In the Jataka, the Buddha had given to rules for Good Government, known as ‘Dasa Raja Dharma’. These ten rules can be applied even today by any government which wishes to rule the country peacefully. The rules are as follows:
1) be liberal and avoid selfishness,
exercise non-violence,
2) maintain a high moral character,
3) be prepared to sacrifice one’s own pleasure for the well-being of the subjects,
4) be honest and maintain absolute integrity,
5) be kind and gentle,
6) lead a simple life for the subjects to emulate,
7) be free from hatred of any kind,
9) practise patience, and
10) respect public opinion to promote peace and harmony.
Was this answer helpful?
LikeDislike“ဘုန်းကြီးခရိုနီ”
မနေ့က အသိဒကာကြီး တစ်ယောက်နဲ့ စကားပြောဖြစ်ပါတယ်။ “ခရိုနီဆိုတဲ့ အခုခေတ်စားနေတဲ့ စကားလုံးကို ဒကာကြီး ဘယ်လို နားလည်ထားလဲ” လို့မေးတော့ “တိုင်းပြည်နဲ့ လူမျိုးကို ချစ်သလိုလို၊ ကောင်းစားစေချင်သလိုလို၊ အများအကျိုးစီးပွားကို ရွက်သယ်ပိုးနေတာလိုလို ဟန်ရေးပြပြီး အာဏာရှိသူတွေနဲ့ အကျိုးတူ ပူးပေါင်းကာ မတရားမှုတွေကို တရားသယောင်ယောင် လုပ်ပြီး နောက်ဆုံး အာဏာရှင်တွေကိုပါ နားလှည့်ပါးရိုက်ပြီး သူ့ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်နဲ့ လူမျိုးကို ဖျက်ဆီးနေတဲ့သူလို့ မြင်ပါတယ်ဘုရား” လို့ ပြောပါတယ်။
ဒကာကြီးပြန်သွားတော့ သူပြောခဲ့တဲ့ ခရိုနီအဓိပ္ပာယ် ဖွင့်ဆိုချက်ကို ပြန်လည်စဉ်းစားရင်းနဲ့ မိမိတို့ သာသနာတော် အတွင်းမှာလည်းပဲ သာသနာတော်ရဲ့အကျိုးစီးပွားကို ဆောင်ရွက်နေတာ လိုလို တိုင်းပြည်နဲ့ လူမျိုးအတွက် သူတို့ဘဝကြီး တစ်ခုလုံးကို ပေးဆပ်နေတာ လိုလိုနဲ့ ဟန်ရေးပြပြီး ရာမြင်လို့ ထောင်စွန့်နေကြတဲ့ ဘုန်းကြီး စီးပွားရေးသမားတွေ၊ အာဏာပိုင်တွေ၊ အာဏာပိုင်ရဲ့ ကျောထောက်နောက်ခံ တွေနဲ့ ပူးပေါင်းပြီး သူတို့ထင်ပေါ်ကျော်ကြားဖို့ အတွက်၊ သူတို့ဘဏ်အကောင့် ထဲမှာ သိန်းထောင်ဂဏန်း၊ သောင်းဂဏန်း ရှိနေဖို့အတွက် သာသနာတော်ကြီးနဲ့ တိုင်းပြည်ကို ဖျက်ဆီးနေကြတဲ့ ဘုန်းကြီးခရိုနီတွေ သံဃာအဖွဲ့အစည်း အဆင့်ဆင့်နဲ့ အောက်ခြေ သံဃာထုထဲမှာပါ များပြားသထက် များပြားလာတာကို သတိပြုမိလိုက်ပါတယ်။
ပြီးခဲ့တဲ့စစ်အစိုးရက သူတို့ကုလားထိုင်ကို လာမလှုပ်ရင်ပြီးတာပဲ ဆိုပြီး ဘုန်းကြီးတွေ ဘာလုပ်လုပ် မသိသလို မမြင်သလို နေပေးခဲ့တာတွေကြောင့် ဘုန်းကြီးခရိုနီတွေ၊ ဘုန်းကြီး စီးပွားရေးသမားတွေ တိုးပွားလာခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စစ်အစိုးရသက်တမ်း တစ်လျှောက်လုံးမှာ မဟန အဖွဲ့ကြီး ကိုတောင်မှ စစ်အစိုးရနဲ့ အလွန်းသင့်တဲ့ ဘုန်းကြီးခရိုနီ ၇၅ ရာခိုင်နှုန်းလောက်က ကြီးစိုးထားနိုင် ခဲ့ပါတယ်။ မဟနအဖွဲ့ကြီးမှာ ဘုန်းကြီးခရိုနီတွေ တန်ခိုးထွားအောင် စစ်အစိုးရက မသိဟန်မမြင်ဟန် ဆောင်ခဲ့တာတွေ ရှိသလို ဘုန်းကြီးခရိုနီတွေ ရာထူးကနေ မည်သည့် အကြောင်းကြောင်းနဲ့မှ ပြုတ်မသွားရအောင်လည်း နောက်ကွယ်ကနေ တစ်မျိုး၊ ပေါ်ပေါ်တင်တင်တစ်မျိုးနဲ့ ပံ့ပိုးပေးခဲ့တာကြောင့် ဘုန်းကြီးခရိုနီ တွေဟာ ပုန်းလျှိုးကွယ်လျှိုးနဲ့ လာဘ်စားပြီး ဓမ္မကိုအဓမ္မ၊ အဓမ္မကို ဓမ္မလုပ်နေရာကနေ နောက်ပိုင်းမှာ ပေါ်ပေါ်တင်တင်ပါ ဗြောင်လုပ်လာ ကြပါတော့တယ်။
ထိုအခါမှာ မဟနအဖွဲ့ရဲ့ အကျိုးတော်ဆောင်ချုပ် ဖြစ်တော်မူတဲ့ မင်းကွန်း ဆရာတော်ဘုရားကြီးက “ဒီစီရင်ဆုံးဖြတ်ချက်တွေဟာ တရားနဲ့ လျော်ညီခြင်းမရှိလို့ ပြန်လည်ဆုံးဖြတ်ပါ” လို့ ပြောဆိုတဲ့ အခါတိုင်း မဟန အဖွဲ့ရဲ့ ဘုန်းကြီးခရိုနီခေါင်းဆောင်ကြီးက “ဆရာတော်မကျေနပ်ရင် မဲခွဲပြီး ဆုံးဖြတ်ကြမယ်လေ” လို့ ပြောဆိုပါတယ်။ မဲခွဲ ဆုံးဖြတ်တဲ့ အခါတိုင်းမှာလည်း ဘုန်းကြီးခရိုနီတွေက အင်အား ကောင်းနေတာကြောင့် မင်းကွန်းဆရာတော်ကြီးပဲ အမြဲရှုံးပါသတဲ့။
တစ်ခါတုန်းက အထက် မြန်မာပြည်က ဘုန်းကြီးခရိုနီတစ်ပါးနဲ့ အောက်မြန်မာပြည်က ဘုန်းကြီး ခရိုနီတစ်ပါးတို့ဟာ ကျောင်းမှုတစ်ခုကို ငွေသုံးသိန်း လာဘ်စားပြီး မတော်မတရား ဆုံးဖြတ်လိုက်တာကို သိရှိလိုက်ရတဲ့ မင်းကွန်းဆရာတော် ဘုရားကြီးဟာ “သုံးသိန်းကြီးများတောင်၊ သုံးသိန်းကြီးများတောင်” လို့ ပြောဆိုရေရွတ်ကာ မျက်ရည်ပေါက်ပေါက် ကျတော်မူ ခဲ့ရှာတယ်လို့ ဆရာဘုန်းကြီးက စာဝါချရင်း ပြောဆိုခဲ့တာကို ကိုရင်ဘဝတုန်းက မှတ်သားဖူးပါတယ်။
တစ်ခါတုန်းကတော့ လက်ရှိ မဟနဥက္ကဋ္ဌဖြစ်တော်မူတဲ့ ဗန်းမော် ဆရာတော်ကြီးကို မင်းကွန်းဆရာတော်ဘုရားကြီးက တိနိ ကျောင်းတိုက်ရဲ့ စာချနာယကအဖြစ် ခန့်အပ်တဲ့ပွဲ အခမ်းအနားမှာ ဗန်းမော်ဆရာတော်ကြီးကို ချီးကျူးတော်မူရင်း စကားစပ်သွားတာနဲ့ မဟနအဖွဲ့မှာ ဘယ်ဘုန်းကြီးတွေက ဘယ်လိုလာဘ်စားပြီး မှုခင်းဓမ္မ ကံတွေကို မတော်မတရား အဂတိလိုက်ပြီး ဆုံးဖြတ်တဲ့ အကြောင်းကို ပြောဆိုမိသွားပါတယ်။ ထိုအခါမှာ အနားမှာထိုင်နေတဲ့ မဟနအဖွဲ့မှာ တွဲဖက်အကျိုးတော်ဆောင် ရာထူးကို ရယူထားတဲ့ ဘုန်းကြီးခရိုနီ ခေါင်းဆောင်ကြီးက “ကိုယ်တော်ကြီး သေခါနီးနေမှ ဘာ သူများ မကောင်းကြောင်း ပြောနေရတာတုံး” လို့ ငေါက်ငမ်းလိုက်တာကြောင့် မင်းကွန်းဆရာတော် ဘုရားကြီးက လက်အုပ်ကလေးချီ၍ “တပည့်တော် အမှန်တွေပြောမိလို့ ခွင့်လွှတ်တော်မူပါဘုရား” လို့ ပြန်လည် တောင်းပန်လိုက်ရပါတယ်။
ဘုန်းကြီးခရိုနီတွေဟာ စစ်အစိုးရရဲ့ ပံ့ပိုးမှုကြောင့် မင်းကွန်း ဆရာတော်ဘုရားကြီးလို ပုဂ္ဂိုလ်မျိုးကို တောင်မှ ရိုင်းပျစွာ ဆက်ဆံခဲ့ကြတာပါ။ သေသေချာချာတွေး ကြည့်လိုက်တော့ ဆန်းတော့လည်း မဆန်းလှပါဘူး။ ခွေးတောင် သခင်အားကိုး ရှိနေရင် အစိမ်းအကျက် မရွေး ဟောင်ရဲကိုက်ရဲသေး တာပဲလေ။
မိမိငယ်စဉ်က ပညာသင်ကြားခဲ့တဲ့ စာသင်တိုက်ကြီးထဲမှာ သစ်ကုန်သည်ကြီး တစ်ယောက်က ကျောင်းဆောင်ကြီးတစ်ခုကို ဘုံပျံ နတ်နန်းကြီးသဖွယ် ဟီးထနေအောင် ဆောက်လုပ် လှူဒါန်းပါတယ်။ အဲဒီကျောင်းဆောင်ကြီး ဆောက်လုပ်နေစဉ် ကာလမှာ ကျောင်းဒကာနဲ့ ညှိနှိုင်းလုပ်ဆောင်နိုင်စေရန် အတွက် ဆရာတော်ဘုရားကြီးက လည်လည်ဝယ်ဝယ် ရှိတဲ့ ရဟန်းတစ်ပါးကို တာဝန်ပေးပါတယ်။ အဲဒီ ရဟန်းဟာ ကျောင်းဒကာနဲ့ ရင်းနှီးခင်မင် သွားရုံတင်မကဘဲ ကျောင်းဒကာရဲ့နောက်ခံဖြစ်တဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဆိုသူနဲ့ပါ ရင်းနှီးသွားပြီး ဝန်ကြီးချုပ်အားကိုးနဲ့ သင်္ကန်းမချွတ်ဘဲ စီးပွားရေး လုပ်တော့တာပါပဲ။ နောင်အခါ အဆိုပါ ဝန်ကြီးချုပ် အာဏာလက်မဲ့ ဖြစ်သွားချိန်မှာ ဝန်ကြီးချုပ်လောက် နီးနီး သြဇာအာဏာ ရှိသူနဲ့ ပြန်လည် ဆက်သွယ်မိသွားပြန် ပါတယ်။
၂၀၀၇ ခုနှစ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရဟန်းသာမဏေများ လမ်းပေါ်ထွက်ပြီး မေတ္တသုတ် ရွတ်ကြတဲ့အခါ မှာ မိမိ ပညာသင်ကြားနေတဲ့ စာသင်တိုက်ကလည်း တစ်တိုက်လုံးနီးနီး လမ်းလျှောက်ပြီး မေတ္တသုတ် ရွတ်ဖတ်ကြပါတယ်။ အရေးအခင်းကြီး ပြီးသွားတဲ့အခါမှာ သက်ဆိုင်ရာ အရာရှိတွေက ဆရာတော်ဘုရားကြီးထံ ရောက်လာပြီးတော့ မိမိတို့ စာသင်တိုက်ထဲက ဆန္ဒပြခေါင်းဆောင် ရဟန်း ၁၀ ပါးဆိုပြီး ဘွဲ့နာမည် အတိအကျ၊ နေတဲ့ ကျောင်းဆောင်နာမည် အတိအကျနဲ့ စာရင်းပြသပြီးတော့ ဖမ်းဆီးမယ်ဆိုတဲ့ အကြောင်း ပြောကြားပါတယ်။ ဆန္ဒပြခေါင်းဆောင် ဆယ်ပါးစာရင်းကို သိရှိလိုက်ကြရတဲ့ တစ်တိုက်လုံးက ရဟန်းသာမဏေတွေ အားလုံး အံ့သြကုန်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မေတ္တသုတ် ထွက်ရွတ်ရာမှာ ခေါင်းဆောင် မဟုတ်ရုံ မျှသာမက မေတ္တသုတ် ရွတ်ဆိုရာသို့ လိုက်ပါခြင်းမရှိတဲ့ ရဟန်းတွေလည်း စာရင်းထဲ ပါရှိနေတာကြောင့် ဖြစ်ပါတယ်။
အဆိုပါစာရင်းကို စစ်အစိုးရက ကောက်ယူခဲ့ခြင်း မဟုတ်ဘဲ အထက်မှာ ပြောခဲ့တဲ့ ဘုန်းကြီးခရိုနီက သူ့ဘာသာ စာရင်းပြုလုပ်ကာ သူနဲ့ရင်းနှီးတဲ့ ဝန်ကြီးရဲ့လက်ထဲကို ထည့်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ သူနဲ့ပုဂ္ဂိုလ်ရေး အဆင်မပြေတဲ့ ရဟန်းတွေကိုပါ ဆန္ဒပြခေါင်းဆောင် စာရင်းထဲကို ထည့်ပေးပြီး အပြတ် ရှင်းလိုက်တာပါ။ ဆရာတော် ဘုရားကြီးက သူ့အရှိန်အဝါနဲ့ ကာကွယ်ပေးခဲ့လို့ တစ်ပါးမှအဖမ်း မခံရပေမယ့် စာသင်တိုက်ထဲက ထွက်ခွာပြီး ရှောင်ရတိမ်းရ တချို့ဆိုရင် ရူးမတတ် ခံစားရပြီး တစ်ပတ်အတွင်း အရိုးပေါ်အရေတင်တွေ ဖြစ်ကုန်ကြပါတယ်။ သူကတော့ စာရင်းပေးခ အဖြစ် သိန်းထောင်ကျော်တန် အကောင်းစား ကားကြီးတစ်စီး ရရှိသွားခဲ့ပါတယ်။
တချို့သော ခရိုနီဘုန်းကြီးများ ကတော့ ပါးနပ်လိမ္မာစွာဖြင့် အကွက် ရွှေ့တတ်လွန်းလို့ ခရိုနီဘုန်းကြီးမှန်းတောင် တော်ရုံနဲ့ မသိနိုင်ပါဘူး။ သူတို့က အာဏာရှိသူနဲ့ ကြိုတင် လက်ဝါးချင်းရိုက်ထားပြီး အာဏာရှင်ကို ဆန့်ကျင်တာ လိုလို၊ အာဏာရှင်ကို မလိုလား မနှစ်သက် တာလိုလိုနဲ့ အာဏာရှင် မကောင်းကြောင်းကို အာပေါင်အာရင်း သန်သန်နဲ့ပြော၊ လူထုဘက်က ပါဟန်ဆောင် လူထုအကျိုးစီးပွားကို ဆောင်ရွက်ဟန်ပြုပြီး နောက်ဆုံးမှာတော့ လူထုကို အာဏာရှင်ဘက် ပါအောင် မသိမသာလေး စည်းရုံး သိမ်းသွင်းလိုက်ပါတယ်။ လူထုက အဆိုပါ ဘုန်းကြီးခရိုနီရဲ့ လေကြောမှာ မျောသွားပြီး အာဏာရှင်ကို ကယ်တင်ရှင်ကြီး တွေလိုလို၊ ကျေးဇူးရှင်ကြီးတွေ လိုလို၊ တိုင်းပြည်နဲ့ လူမျိုးကို ကယ်တင်ပေးနေတဲ့ သူတွေလိုလို ထင်ယောင်ထင်မှားတွေ ဖြစ်ပြီး ကိုယ့်လည်ပင်းလှီးမယ့် ဓားကို ကိုယ်တိုင် သွေးပေးနေလို့ သွေးပေးနေမှန်း မသိတဲ့ဘဝကို ရောက်မှန်းမသိ ရောက်သွားကြ ပါတော့တယ်။ လူထုရှေ့မှာ အာဏာရှင်မကောင်း ပြောနေပေမယ့် နောက်ကွယ်မှာတော့ အာဏာရှင်တွေ ပေးသမျှ ကျွေးသမျှစားပြီး တဟီးဟီး တဟားဟားနဲ့ ဖရဏာပီတိဂွမ်းဆီထိသို့ အာဏာရှင် နဲ့အတူ အောင်ပွဲခံ နေကြပါတယ်။ ကြိုတင် လက်ဝါးချင်းသာ ရိုက်မထားရင် အာဏာရှင်က ကဘော်ချိုင့်ဝှမ်း ပို့လိုက်တာကြာပါပြီ။
ရန်ကုန်မြို့က စာသင်တိုက်တစ်ခုကို ဘုန်းကြီးနှစ်ပါးက တွဲဖက်ပြီး အုပ်ချုပ်ပါတယ်။ သူတို့နှစ်ပါးဟာ ကျောင်းမှာ စာသင်သားကိုရင် အပါး ငါးဆယ်ခြောက်ဆယ်လောက် မွေးထားပါတယ်။ ဒီစာသင်သားတွေကို ပြပြီး ကျောင်းကို အဝင်အထွက်ရှိတဲ့ ဒကာ ဒကာမတွေဆီကို ဝါဆိုချိန် ဝါဆိုသင်္ကန်း၊ ကထိန်ချိန် ကထိန်သင်္ကန်း အလှူခံပါတယ်။ ပွဲပြီးတာနဲ့ သင်္ကန်းအကောင်းစား မှန်သမျှ သူတို့နှစ်ပါးက ခွဲယူပြီး ဆိုင်မှာ ပြန်ရောင်းစားပါတယ်။ စာသင်သားလေးတွေ ကိုတော့ ဝတ်လို့ အဆင်မပြေတဲ့ မလေးရှား စီဝိုင်စီလို သင်္ကန်းအညံ့စား တွေကိုသာ တစ်ပါးတစ်စုံ ခွဲဝေပြီးပေးပါတယ်။ ဆွမ်းစားကွမ်းစား လိုက်ရာက ရရှိသမျှပိုက်ဆံ တွေကို ရေဖိုးမီးဖိုး ဆိုပြီး သိမ်းဆည်းကာ သူတို့ပဲ ခွဲဝေပြီးတော့ ယူပါတယ်။ အဲဒီကျောင်းမှာ ပထမလတ်တန်း အထိ ကိုရင်တွေကို စာသင် ပေးပါတယ်။ စေတနာရှိလို့ သင်ပေးတာမျိုးတော့ မဟုတ်ပါဘူး။ ဆန်တောင်းဖို့အတွက် ပြသစရာ မျောက်ကလေးတွေ အဖြစ် မွေးထားတာပါ။
(ဆက်လက်ဖော်ပြပါမည်)
Written by မိုးသု (မန္တလေး)
The Voice Weekly
Was this answer helpful?
LikeDislikeမနက်ကလေးပဲ…
အဲ့ဆောင်းပါးဖတ်လိုက်ရတယ်…
စိတ်ထဲ တစ်ခုပဲဖြစ်သွားတယ်… သူလဲလေ… လူပဲကိုးလို့…
ခင်မင်လျက်-
ဖက်ဖက်ကက်
Was this answer helpful?
LikeDislikeမျိုးစောင့်ဥပဒေ ကတော့ ဘယ်လို ရေးလည်း မသိဖူး…..
ကျွန်တော်လည်း မြင်မိသလောက် ပြောရရင်တော့…
ဒီဥပဒေ ဖြစ်လာတာက မွတ်စလင်ဘာသာ ကြောင့်လို့ ပြောရမှပဲ……
မြင်မိသမျှ အတွဲတွေ ယောကျာင်္းလေးက ပဲ ဖြစ်ဖြစ် မိန်းကလေးပဲ ဖြစ်ဖြစ် မွေးလာတဲ့ကလေးက မွတ်ဆလင် ဖြစ်သွားတာချည်းပဲ……
ဆိုတော့ ဒါကို တားဖို့ မသင့်ဖူးဆိုတာတော့ လက်ခံပါတယ်…..
ဒါပေမယ့် ဘာသာခြား ဘာနဲ့ ပဲ ဖြစ်ဖြစ် ဘယ်လိုပဲတွဲတွဲ….
ယောကျာင်္းကဖြစ်စေ မိန်းမကဖြစ်စေ တဘက်ဘက် ကို အတင်းဆွဲမခေါ်ပါဖူးဆိုတဲ့ ဥပဒေလိုမျိုး….
ပီးတော့ အဲ့ဥပဒေဟာဖြင့် တကယ် အသက်ဝင်တဲ့ဥပဒေမျိုး…..
စကတည်းက ဒီလို အတင်း ဆွဲခေါ်ခဲ့ရင် နင်က လက်ခံမှာလား… စတဲ့မေးခွန်းမျိုး (ဟုတ်တယ်လေ… တဘ၀လုံး ကိစ္စပဲ စဉ်းစားပေါ့….)
လက်မထပ်ခင်ကတည်းက တရားသူကြီးက မေးသင့်တယ်လို့ ထင်တယ်….
ဒါမှမဟုတ် စကတည်းက ဘယ်သူပဲဖြစ်ဖြစ် တဘက်ဘက်ကို ၀င်…. ဟိုဘက်ပဲဝင်ဝင် ဒီဘက်ပဲဝင်ဝင်…. ခက်တာကလည်း မြန်မာလူမျိုးက သိပ်ယုံကြည်လွယ်တာမျိုးဗျ…. ဟိုက ဒီဘက်ထဲဝင်မယ်လို့ ပြောပီး ကလေး တယောက်ရမှ ချစ်ရယ်… ဟိုဘက် လိုက်ခဲ့ပါလို့ ပြောလည်း ရသား…. မိန်းမက အဲ့ကျမှ မလိုက်ဖူးပြောတော့လည်း လင်မယားကွပြဲချင်ပြဲ မပြဲချင်တော့လည်း သည်းခံပေါ့….. ဒါမျိုး ဒုတ်ခ ဆိုတာလည်း ပြောရင် လွယ်သလောက် ဖြစ်လာရင် အင်မတန်မှ ခံစားရခက်တယ်…..
ပြောချင်တာက ကိုဖက်ကတ် ပြောတဲ့ လူ့ အခွင့်အရေး….
အဲ့ဒါကလည်း ရှင်းရှင်းလေးပါ… ခုနက ပြောသလိုပဲ ဇာတ်ရှုပ်လေးတွေ ဘယ်လောက်ပဲ ရှိနိုင်သော်ငြားလည်း….
အစိုးရ က တကယ်လုပ်ပေးရင် ရပါတယ်….. ( ပညာစမ်းတော့လို့ တော့ မထင်ပါနဲ့ ဗျာ… ကျွန်တော်လည်း တကယ် မတွေးတက်လို့ ပါ… ခုနလို ဟန်ဆောင် ဇယားလေးတွေ ဖြစ်လာရင်ကော ဘယ်လို မျိုးနဲ့ များ ရှင်းပေးဖို့  စဉ်းစားထားပါသလဲ…. အစိုးရ အနေနဲ့ ဆိုရင်ပေါ့….. )
လေးစားလျက်
တိမ်မည်း
========================================
စာကြွင်း
====
(ကိုဖက်ကတ် ပွင့်ပွင့်လင်းလင်းပြောရရင်ဖြင့် အမျိုးသား သစ္စာဖောက်ကို ဘုရားတော့ စွဲမထည့်ပါနဲ့ ဗျာ…. ထည့်ခြင်းထည့် ဒါတွေကို ခုတုံးလုပ်နေတဲ့ သူတွေကို သာ ပေါ်တင် ထည့်ရေးလိုက်စမ်းဘာ….. ဘုရားကတော့ သူ့ ဘာသာသူ နေပါ့စေ….)
Was this answer helpful?
LikeDislikeသူငယ်ချင်းတိမ်မည်းရေ…
မဟာလူသားဗုဒ္ဓဘုရားရှင်ကြီးကို ကျုပ်ဖြင့်အမျိုးသားသစ္စာဖောက်ထဲဆွဲထည့်တာမဟုတ်ရကြောင်းပါ့ခင်ဗျာ့…
ပြောရရင်ဖြင့် တပည့်မကောင်းတော့ ဆရာ့ခေါင်းဖြစ်သွားသကိုး…
ဆိုလိုရင်းကဖြင့် ဒီလိုဗျာ…
ဗုဒ္ဓဘုရားရှင်တော်မြတ်ကြီးရဲ့ရိုးရှင်းလွန်းတဲ့အမြင်ကိုက
အားလုံးကို လူလို့ပဲမြင်ထားတဲ့… လွန်စွာမှ ဒီမိုကျတဲ့အမြင်ဆိုရမပေါ့…
အဲဒီလိုပဲ… သူဟောတဲ့တရာတော်တွေ… သူမျိုးစေ့ချသွားတဲ့ဘာသာရေးကို ကိုးကွယ်သူက
တခြားဘာသာမပြောင်းရ… တခြားဘာသာဝင်နဲ့လက်မထပ်ရလို့ ကျမ်းကြီးကျမ်းငယ်အသွယ်သွယ်မှာ
ဟောမထားခဲ့ဘူးဗျ…
အဲဒီလိုပဲ… အမြဲတမ်းမှန်ကန်သောသစ္စာတရားတွေကို လူသားအားလုံးကိုချပြပြီး…
ရိုးရှင်းမှန်ကန်လွတ်လပ်ခွင့်တွေပေးပြီးတော့ သာသနာပြုခဲ့တာ…
ဘယ်ဘာသာဝင်မို့… ဘယ်လူမျိုးနွယ်မို့ဆိုတဲ့ အစွဲလုံးဝမပါဘဲထားခဲ့တဲ့ ဘာသာရေး…
လူသားအားလုံးကို ချုပ်ချယ်မှုမပါဘဲ… တည်ထောင်ခဲ့တဲ့ဘာသာရေးတစ်ခုကို…
အဲဒီဘာသာဝင်တွေက… ထပ်ပြောရရင် ဘုရားသားတော်လို့တင်စားခေါ်ဝေါ်ကြတဲ့ ရဟန်းတော်တွေအပါအ၀င်…
ဗုဒ္ဓဘာသာဝင်တွေက တလွဲဆံပင်ကောင်းပြီး… မျိုးစောင့်ဥပဒေပြုကြတာဟာဖြင့်ရင်…
သူတို့လုပ်ပုံအရ… သူတို့အယူအဆအရ…
ဗုဒ္ဓဘာသာဝင်ကနေ မယုံကြည်တော့လို့ဖြစ်စေ… အကြောင်းကြောင်းကြောင့်ဖြစ်စေ… မိမိဆန္ဒအလျောက်
အခြားဘာသာတစ်ခုခုကို ကူးပြောင်းသွားသူများ… ထိုသို့ကူးပြောင်းသွားတာကို တားမြစ်လိုစိတ်မရှိသူများ… လူကိုလူလိုမြင်ပြီး လူ့အခွင့်အရေးကိုအလေးထားသူများအားလုံးကို… အမျိုးသားသစ္စာဖောက်လို့ ခေါင်းစဉ်တပ် စွတ်စွဲရင်ဖြင့် ကိုတိမ်မည်းရေ…
မဟာလူသားဗုဒ္ဓမြတ်စွာဘုရားကြီးမလဲ… အဲ့ခေါင်းစဉ်အောက်မှာ အမျိုးသားသစ္စာဖောက်ဖြစ်ရပြီပေါ့ဗျာ…
ခင်မင်လျက်-
ကြောင်ဝတုတ်
Was this answer helpful?
LikeDislikeသူတို့ကသာ မျိုးစောင့် အုပဒေ ဆိုပီး တစ်ခန်းတစ်နားလုပ်နေတာပါဗျာ ။ ယူပီးဖတ်ကြည့်တော့လဲ ဘာမှ မပါပါဘူး ။ တစ်ဘက်သား နှိပ်ကွပ်ထားကတော့ တစ်မနက်တောင် မရေးရပါဘူး ။ အဟုတ် ။ ဘာတဲ့ ထိမ်းမြားလက်ထပ်ခြင်း အရေးပေါ်အုပဒေ ဆိုလား အဲ့မှာ ဘာသာခြားကိုသာ ဘာဖြစ်ရမယ် ညာဖြစ်ရမယ် လုပ်နေတာ ။ ဘာသာတူခြင်းဆိုရင် ကမြင်းကြောထ ချင်သလိုထ ဆိုတဲ့ သဘောမျိုးဖြစ်နေတယ် ။ ကျုပ်တို့ နယ်တွေမှာ ဘာသာတူချင်းတော့ ဘာသာတူချင်းပဲ ။ မင်္ဂလာဆောင်သွားကြည့်လိုက်ရင် ကောင်မလေးက ၁၄/၅ နှစ်ဖြစ်လိုဖြစ်နေတာ မတားဆီးတော့ဘူးလား ။ ရွာတွေမှာ ပိုဆိုးသေး။ ပီးတော့ မိဘက သဘောတူရင်ပီးရော ။ မင်္ဂလာဆောင်တာဗျာ အိမ်ရှေ့ မန်းဒတ်ကြီး ထိုးလို့ အိမ်ဝိုင်းမကျယ်တဲ့သူကျတော့ လမ်းပိတ်ပီး မန်းဒတ် ထိုးကြသဗျ ။ အဲ့ဒါကျ မပြောတော့ ဘူးလား ။ နောက် မင်္ဂလာ ဆောင်ဆိုပြီး တစ်ရက်ကြိုပီး အသံချဲ့စက်မိုင်ကုန်တင်ဖွင့် မနက်လင်းအားကြီး လေးနာရီလော က် ထထ ဖွင့်တာကော ဒီအတိုင်းကြည့်ကောင်း နေကြသလား ။ အေးလေ အုပဒေ ဆွဲတဲ့ သူတွေထဲမှာ အောက်ခြေနင်းပြားထဲက သူမှမပါတာ ။ သူတို့ဘယ်သိကြမလဲ နော့ ။ ဘာမှ မဟုတ်တဲ့ သူတစ်ပါးနှိပ်ကွပ်ရေး ဥပဒေကို မထောက်ခံရင် သေတ္တာဖောက်တဲ့လား မပြောတော့ပါဘူးဗျာ ။ ပြည်သူတွေ ဖြစ်ချင်တာ တစ်ခြား သူတို့လုပ်နေတာ တစ်လွဲ ။ မ ဆ လ ခေတ်က ပေါ်လစီ အရှိန်က ခုထိ ပါနေတုန်း ။ ကုန်ပဲ မကုန်နိုင်ဘူး ဖြစ်နေတယ်
Was this answer helpful?
LikeDislikeမျိုးစောင့်ဥပဒေမဟုတ်ပါဘူးဆြာနီရာ…
အတ္တတစ်ခုအတွက် လူကြားကောင်းအောင်ခေါင်းစဉ်တပ်ထားတဲ့…
လူ့အခွင့်အရေးချိုးဖောက်တဲ့စာစုတွေပါ…
ခင်မင်လျက်-
ကြောင်ဝတုတ်
Was this answer helpful?
LikeDislikeဒါတွေ …
ဒါတွေထက် …
ဝ တာလည်း လူ …
ပိန် တာလည်း လူပါပဲ …
(ကိုဂျီး .. အဲ့ဒါ ဟုတ်ဒလားဗျ …)
Was this answer helpful?
LikeDislike