မဟာလူသားဗုဒ္ဓ(သာသနာနှစ် ၂၅၅၈ပြည့်ဗုဒ္ဓနေ့ လက်ဆောင်)

padonmarMay 13, 20141min36322

ကဆုန်လပြည့် ဆိုတာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဆရာ ဂေါတမဗုဒ္ဓ ရဲ့ ဆု၊ဖွား၊ပွင့်၊စံ ရာ နေ့မြတ်ဖြစ်ပါတယ်။
ဂေါတမ မြတ်စွာဘုရားဟာ လူသားမိဘက မွေးဖွားပြီး အသက် ၈ဝနှစ် ထိ လူ့လောကမှာ နေသွား ကျင်လည်သွားပါတယ်။ ၄၅ နှစ်ပတ်လုံး တနေ့မှာ ညဉ့်သုံးယာမ်အနက် တယာမ်ရဲ့ သုံးပုံတပုံပဲ (တနာရီနဲ့ မိနစ် ၂ဝခန့်) အနားယူပြီး သတ္တဝါတွေအကျိုးအတွက် မနားတမ်း တရားပြ တော်မူသွားတယ်။
ဗုဒ္ဓဘုရားရှင် တကယ်ရှိခဲ့တယ်ဆိုတာကို မှန်းဆကြည်ညိုနိုင်ဖို့ ဘုရားရှင် ကျင်လည်ခဲ့တဲ့ ဒေသတွေရဲ့ မြေပုံကို ပထမမဲထီးဆရာတော်ရဲ့ ဗုဒ္ဓဝင်စာအုပ်ထဲက ကူးယူဖော်ပြပေးပါတယ်။
ဇာတ်နိပါတ် တရားတော်တွေမှာပါတဲ့ တိုင်းပြည်မြို့ရွာ တောတောင် မြစ်ချောင်းတွေနဲ့ တိုက်ဆိုင်ပြီး မှန်းဆကြည်ညိုနိုင်ဖို့ပါ။
ဥပမာ -မြတ်စွာဘုရားဟာ ဝါဆိုလပြည့် သာဝတ္ထိမြို့မှာ တန်ခိုးပြာဋိဟာပြပြီး တာဝတိံသာနတ်ပြည်တက်တယ်။ သီတင်းကျွတ်လပြည့်မှာ သင်္ကဿ နဂိုပြည်ကို ဆင်းသက်တယ်။ သာဝတ္ထိနဲ့ သင်္ကဿ နဂိုပြည်ဟာ ယူဇနာ၃ဝ ကွာတယ်။
သီတင်းကျွတ်လပြည့်နေ့မနက်စာစားပြီးထွက်လာတဲ့ ၁၂ ယူဇနာအကျယ်ရှိတဲ့ လူပရိသတ်ကို အရှင်မဟာမောဂ္ဂလာန်က တန်ခိုးနဲ့ ပို့ပေးတယ်။
ဥပမာ ၂- မြတ်စွာဘုရားဟာ တရားဦးဟောဖို့ မဟာဗောဓိပင်ရှိရာမှ ပဉ္စဝဂ္ဂီ၅ဦးရှိရာ မိဂဒါဝုန်သို့ ၁၈ ယူဇနာခရီးကို တန်ခိုးမသုံးပဲ ၁၁ရက်ကြာ ခြေလျင်ကြွပါတယ်။(ကဆုန်လပြည့်မှ ဝါဆိုလပြည့်ထိ ရက်ပေါင်း ၆ဝ – သတ္တသတ္တာဟ ၄၉ ရက်)
၁ယူဇနာကို အချို့က ၈မိုင် ၊အချို့က ၁၃ မိုင်လို့ တွက်ကြတယ်။
အဲသလောက်အပင်ပန်းခံ ခြေလျင်ကြွတာ နောင်အခါမှ ပါရမီရင့်မယ့် ဥပက တက္ကတွန်းနဲ့ လမ်းမှာတွေ့ဖို့ပါ။
အဲသလို ကြားဖူးဖတ်ဖူးတဲ့ နာမည်တွေနဲ့ ထင်ဟပ်ပြီး မြတ်စွာဘုရားရဲ့ ဗုဒ္ဓဖြစ်စဉ်နဲ့ ဗုဒ္ဓဂါယာကို ဉာဏ်ဖြင့် ဖူးမျှော်မှန်းဆ ကြည်ညိုနိုင်ကြပါစေ။

ဗုဒ္ဓသာသနိက မြေပုံ   ပန်းရောင်ခြယ်တာက အဲဒီခေတ် တိုင်းပြည်တွေနာမည်၊အပြာရောင်က ထင်ရှားလူသိများတဲ့ မြို့၊ တော၊တောင်၊မြစ် စသည်။ အစိမ်းရောင်က အခုခေတ် နာမည်များပါ
ဗုဒ္ဓသာသနိက မြေပုံ ပန်းရောင်ခြယ်တာက အဲဒီခေတ် တိုင်းပြည်တွေနာမည်၊အပြာရောင်က ထင်ရှားလူသိများတဲ့ မြို့၊ တော၊တောင်၊မြစ် စသည်။ အစိမ်းရောင်က အခုခေတ် နာမည်များပါ
က
ရှေးက မဇ္ဈိမ ဒေသ သတ်မှတ်ပုံ
ရှေးက မဇ္ဈိမ ဒေသ သတ်မှတ်ပုံ

22 comments

  • padonmar

    May 13, 2014 at 12:51 pm

    ဒီပို့စ်ကို တင်တဲ့ ရည်ရွယ်ချက်က ဂဇက်ထဲက လူငယ်တွေ ဗုဒ္ဓဝင် နာမည်တွေနဲ့ ရင်းနှီးစေချင်လို့ပါ။
    အကယ်၍ ကိုယ်သိချင်တဲ့ နေရာမှာ ဖြစ်ခဲ့တဲ့ ဇာတ်တော်အကြောင်း သိလိုမယ်ဆိုရင် ကြိုးစားပြီး ဖြေပေးချင်ပါတယ်။
    (ကိုစံလှကြီးနဲ့ ဦးကြောင်ကြီးတို့ကို ဒီနေရာမှာ အကူအညီတောင်းချင်ပါတယ်)

    • ဦးကြောင်ကြီး

      May 14, 2014 at 12:22 pm

      မေးဒိုင်းဖြေရအောင် ကစံလှဂျီးလို ဈေးအပေါဗူး.. ကိုယ်သိပ်ခါနှဲ့နေဒါ….

  • kai

    May 13, 2014 at 1:50 pm

    အကူအညီအတင်းဝင်ပေးလိုက်ဦးမယ်..
    ဒီလို.. ဒီလို.. အောက်ကမြေပုံက.. မြန်မာတွေသိတဲ့..ဆွဲထားတဲ့.. ကမ္ဘာ့မြေပုံတဲ့..
    နှစ်မမှတ်မိ.. ကြည့်ရတာ.. ၁၉၀၆ပုံနှိပ်စာအုပ်မှာပါတယ်ပြောတာမို့.. ဘုရင်ခေတ်လောက်က ဆွဲထားတာလို့ထင်တာပဲ..

    • ဦးကြောင်ကြီး

      May 14, 2014 at 12:26 pm

      ရယ်စရာဂျီးနော် ဦးမာမွတ်..။ ပန်းချီကားကို ကြည့်ပီး ဘာအတွေးပေါ်မိလဲဆိုဒေါ့ စာသမားတွေလဲ ဓမ္မကို တွေးခေါ် ပုံဖော်တဲ့အခါ ခုလိုပဲကြည့်စရာ တခုတော့ ပေါ်လာသည်.. သို့သော် သိသူအဖို့ ယယ်ဆရာဂျီး.. ဟိဟိ ခွိခွိ ကွိကွိ..

  • kai

    May 13, 2014 at 1:55 pm

    ဒါကတော့.. ဘုရားပွင့်ချိန်လောက်ကို.. မှန်းပြန်ဆွဲထားတာ..တဲ့…။ ဘီစီ ၅၀၀(ခရစ်နှစ်မတိုင်မှီ ၅၀၀)
    မှတ်ချက်။။ ။ အဲဒီအချိန်က.. မြေပုံဆွဲအတတ်မပြောနဲ့.. စာရေးအတတ်တောင်..စနစ်တကျ… ရှိပုံမပေါ်သေး..။

  • padonmar

    May 13, 2014 at 2:02 pm

    ရှဲ့ရှဲ့ပါ သူကြီး။
    အပေါ်ပုံက တောင်ကျွန်းဆိုတာကို မှန်းဆ ပုံဖော်ထားတာလားလို့။

  • koko

    May 13, 2014 at 2:38 pm

    အင်း ဘယ်လိုပြောရမှန်းတောင်မသိဝူး။ မြတ်စွာဘုုရား လွန်တော်မူပြီး နှစ်ပေါင်း ၂၀ဝ ၃၀ဝ လောက်မှ ပေထက်အက္ခရာတင်တာ။ မှတ်တမ်းတွေ အရတော့ ရုပ်ပုံတော်တွေတောင် နှစ် တစ်ရာလောက်မှကြာမှ ကိုးကွယ်ခဲ့ကြတာလို့ဖတ်ဖူးတယ်။ ဇာတ်ကြီဆယ်ဘွဲ့တို့။ ဗုဒ်ဓဝင် တို့တွေက
    နှောင်းဆရာတွေရေးခဲ့ကြတာတဲ့။
    အမှန်ကတော့အမှန်ပေါ့။ နှစ်ပေါင်းများစွာ လက်ခံတာကြတာပဲ။ ကိုယ့်ဘုရားကို အမွန်းတင်ကြရင်းနဲ့မူရင်းတရားတော်ရဲ့ အနှစ်သာရ ကိုတောင်ထိခိုက်ပါတယ်။ အမှန်တရားတစ်ခုကို ပြန်လည်ဆန်းစစ်ပြီး ပညာရှင်များမှ သမိုင်းအဖြစ်မှန်ကို တရားဝင်ဖော်ထုတ်ဖို့ကောင်းတယ်။ ဒါတောင်သမိုင်းပဲရှိသေးတယ်။ အယူဝါဒပိုင်းမှာဆိုပိုဆိုးတယ်။ ဘယ်အယူက ဗုဒ်ဓဝါဒ စစ်စစ် ဘယ်အယူကတော့ ဗုဒ်ဓဝါဒ မဟုတ်ပါဘူး ဆိုပြီး တောင် ဗုဒ်ဓအယူဝါဒ ကို တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ သန့်စင်ဖို့တောင်လိုပါတယ်။ဘယ်သူမှာတာဝန် ဝတ္တရားရှိလဲနော်။

  • padonmar

    May 13, 2014 at 6:35 pm

    သူကြီးနဲ့ ကိုကိုတို့ ပမာဒလေခ ပြီး မေ့သွားလေသလား။
    ဘုရားရှင်လက်ထက်က စာပေတွေပေါ်နေပါပြီ။
    တရားတော်တွေကို ရိုသေသောအားဖြင့် နှုတ်တက် အာဂုံဆောင် ထိန်းသိမ်းကြတာပါ။
    http://satekuupuyar.blogspot.com/2011/12/blog-post_8075.html မှ ကိုးကားချက်ယူလာပါတယ်။

    စတုတ္ထအကြိမ်သင်္ဂါယနာတင်ခြင်း
    (၁) အကြောင်းခံ သာသနာနှစ် (၄၅၀) ကြာသော် သီဟိုဠ်နိုင်ငံသို့ သာသနာကူးပြောင်းလာခဲ့ရာတွင် အငတ်ဘေးနှင့်သူပုန် ဘေးကြီး (၁၂)နှစ်ကြာကျရောက်ခဲ့ရသဖြင့် သံဃာအစစ်များ ဒုက္ခရောက်ခဲ့ကြမှုကို အကြောင်း ပြုပြီးတင်ခဲ့သည်။
    (၂)သာသနာနှစ် (၄၅၀) နှစ်
    (၃) နေရာ သီဟိုဠ်နိုင်ငံ မလယဇနပုဒ် အလောကလိုဏ်ဂူ
    (၄) ခေါင်းဆောင် အရှင်မဟာဓမ္မရက္ခိတမထေရ်
    (၅) သံဃာဦးရေ ရဟန္တာပေါင်း (၅၀၀)
    (၆)မင်း ဝဋ္ဋဂါမဏိမင်း
    (၇)ကြာမြင့်ချိန် တစ်နှစ်
    – သီရိဓမ္မာသောကမင်း၏ သားတော်ရဟန္တယမဟိန္ဒနှင့်သမီးတော်ရဟန္တာ သင်္ဃမိတ္တာထေရီတို့ ပြုခဲ့သောသာသနာသည် သီဟိုဠ်တွင် ထွန်းကားခဲ့ရာမှ အငတ်ဘေးနှင့် သူပုန်ဘေးများ (၁၂) နှစ်ကြာ ပေါ်ပေါက်သဖြင့် ဒါယကာ ဒါယိကာမများမှ ပစ္စည်းလေးပါးပံ့ပိုးမှုမရှိတော့သဖြင့်ဝိနည်းလေးစားသော သံဃာအစစ်တို့သည် ဒုက္ခရောက်ကြရသည်။
    – အချို့သော သံဃာအစစ်တို့သည် ဘုရားရှင်၏ ဓမ္မများ မပျောက်ပျက်ရလေအောင် နှုတ်ဖြင့်ရွတ်ဆိုရင်း သဲသောင်ပေါ်တွင် ဗိုက်ပေါ်သဲများ တင်ပြီးမမေ့လျော့အောင် ရွတ်ဖတ်ထိန်းသိမ်းနေကြသည်။ အချို့သံဃာတို့တွင်လည်း လွန်စွာချို့တဲ့လာကြသဖြင့် နီဝရဏတရားများ လွှမ်းမိုးလာ ကြသည်။
    – သူပုန်ဘေး (၁၂) နှစ်ကာလပြီးဆုံးချိန်တွင် သာသနာလွန်စွာ ညှိုးမှိန်နေသဖြင့် အရှင်မဟာဓမ္မရက္ခိတ မထေရ် ဦးဆောင်သောရဟန္တာ (၅၀၀) တို့ ပါဝင်သော သံဃာထု အထောက်အပံ့ပြုကြသော ဝဋ္ဋဂါ မဏိမင်း၏ မင်းထု သာသနာဝင်များ ပြည်သူလူထု ထု (၃) ထု ပူးပေါင်းဆောင်ရွက်ကြသည်။
    – ပိဋကတ်တော်များသည် နှုတ်ထက်အက္ခရာတင်လျှင် နောင်တွင် အလွယ်တကူ ပျောက်ကွယ်သွား နိုင်သည်ကို သိလာသဖြင့် မှတ်တမ်းအဖြစ် ပေရွက်ပေါ် ရေးတင်ပြီး ပေထက်အက္ခရာတင်ခဲ့ရာ တစ်နှစ် ကြာမြင့်ခဲ့သည်။

    မြေပုံထဲက ေကာသမ္ဗီပြည်မှာ စာမတတ်တဲ့ ဃောသက မွေးစားသားကို သတ်ပစ်ဖို့ မွေးစားဖခင် သေဌေးကြီးက မိတ်ဆွေတဦးဆီ စာရေးပေးပြီးလွှတ်ပါတယ်။ အဲဒါကို ကြားရွာမှာ ဝင်နားတုံး တည်းအိမ်က သူကြွယ်သမီးက စာခိုးဖတ်ပြီး သူနဲ့ ပေးစားဖို့ စာပြင်ပေးလိုက်ရာက ဃောသကသေဌေးဖြစ်ခဲ့တဲ့ ဇာတ်လမ်းဟာ ဂေါတမဘုရားရှင်လက်ထက်ပါ။
    ဒါကြောင့် မှတ်တမ်းမှတ်ရာ မြေပုံတွေ ရှိနိုင်ပါတယ်။

    • kai

      May 14, 2014 at 4:12 pm

      စတုတ္ထအကြိမ်သင်္ဂါယနာတင်ခြင်း
      (၁) အကြောင်းခံ သာသနာနှစ် (၄၅၀) ကြာသော်

      The best-known Brahmi inscriptions are the rock-cut edicts of Ashoka in north-central India, dated to 250-232 BCE. The script was deciphered in 1837 by James Prinsep, an archaeologist, philologist, and official of the British East India Company.

      အသောကမင်း တတိယသံဃာယနာတင်တဲ့အချိန်(ဘုရားပွင့်ပြီးနှစ်၃၀ဝလောက်) မှာ.. စာပေတပိုင်းတစပေါ်နေပါပြီ..။
      အဲဒီရှေ့.. ဘုရားလက်ထက်တော်ကတော့..
      အဟမ်း…
      သမိုင်းသိပ္ပံတွေ့ရှိတဲ့.. အချက်အလက်ကိုယူကြစေလို… :mrgreen:

      မှတ်ချက်။ ။ အောက်မြေပုံထဲက.. Orissa ဟာ.. (သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းပြောတဲ့..) တဖုတ္တ နဲ့ ဘလ္လိက ညီနောင်၂ယောက် ဘုရားဆံတော်ပင့်သွားပြီး ထားတဲ့.. ဒေသပဲ..
      အဲဒီခေတ်ကာလက.. လူသားရဲ့ခရီးသွားနိုင်မှု.. ယဉ်လှည်းလှေအသုံးပြုမှုတွေအရကောက်ရင်လည်း.. ဖြစ်နိုင်ခြေအရမ်းများတယ်..
      သူတို့ဒေသရဲ့.. တိုးရစ်ဇင်အင်တာနက်မှာလည်း.. ဂေါတမဗုဒ္ဓဆံတော်ရှိရာဒေသလို့ရေးထားတယ်..
      အာသောကမင်းကျောက်စာတပိုင်းတစလည်း.. အဲဒီဒေသမှာပြန်တူးဖေါ်တွေ့ရတယ်..

      =
      Tapassu and Bhallika of Orissa, Their Historicity and Nativity
      orissa.gov.in/e-magazine/Orissareview/nov…/Pages01-11.pdf
      Odisha
      by DCB Gopinath Mohanty – ‎Related articles
      Orissa Review * November – 2007. 2 of India. Under this historical backdrop, we have to identify the … relics of Buddha’s hair (eight handful strings of hair) and …

  • ko six

    May 13, 2014 at 8:44 pm

    မသိတာ​တွေ သိရ​တော့
    ​ကျေးဇူးအထူးတင်​တယ်​လို့ပဲ​ပြောတတ်​တာ

  • koko

    May 13, 2014 at 10:26 pm

    ခက်စ်တော့စ်နေပြီ
    သမိုင်းမှာတောင် ကျောက်စာမတွေ့ရင် သမိုင်းမတင်ပါဘူး
    ထားပါ

    ကိုယ်ပြောတာကိုယ်ရေးတာ အမှန်ဖြစ်အောင်တော့မငြင်းချင်ဘူး
    personal ကိုဘေးဖယ်ထားပါတယ်။
    အကျိုူးရှိမယ်ထင်လို့ ပါ။
    ိကိုယ်သဘောထားအတိုင်းပါပဲ
    ဒါပေမယ့် အဲဒီ သဘောထားတွေဟာ သူ့ရဲ့ ရပ်တည်ရာ နေရာပေါ်မူတည်ပြိး များစွာအကျိူးသက်ရောက်ပါတယ်။

  • lu lu

    May 14, 2014 at 6:32 am

    ဗုဒ္ဓရဲ ့ဂုဏ်တွေပိုသိလာတော့ပိုပြီးကြည်ညိုလာတယ်
    သူ ့ရဲ ့အဆုံးအမ တွေ ကလက်တွေ ့အသုံးချလို ့ရ
    တယ် အားလုံးနဲ ့တိုက်ခိုက်ပြီး ဗုဒ္ဓကိုရွေးချယ်ခဲ့တာ
    ဗုဒ္ဓရဲ ့တရားတွေကသစ္စာထိုက်တဲ့တရား အခုရော
    နောင်ရောအကျိုးများမယ့်တရားတွေမို ့ပါ ။
    ဗုဒ္ဓ ကြောင့်လူ ့ဘဝကိုပိုပြီးတန်ဖိုးထားတတ်လာ
    တာပါ 🙂

    • alinsett (gazette)

      May 14, 2014 at 2:24 pm

      လုလုရေ
      လုလုအကြောင်း သိလာလေလေ
      အသိအမှတ်ပြုမိလေလေပါပဲ
      ——–

      အန်တီဘုံမာရေ
      ဗဟုသုတရတဲ့အတွက်
      ကျေးဇူးပါ

  • kyeemite

    May 14, 2014 at 2:15 pm

    “မဟာလူသားဗုဒ္ဓ” ဆိုလို့ စာအုပ်အကြောင်းပြောမလို့ထင်မိတာ…
    ဆရာပါရဂူ ဘာသာပြန်တဲ့ “မဟာလူသားဗုဒ္ဓ”ဆိုတဲ့စာအုပ်ရှိတယ်..
    တော်တော်ဖတ်ကောင်းပါတယ်…“ဗုဒ္ဓ” ကိုမဟာလူသား စစ်စစ်အဖြစ် အမှန်တကယ်နားလည်ဖို့လိုအပ်ပါတယ်…

  • ဝင့်ပြုံးမြင့်

    May 14, 2014 at 11:57 pm

    ဟိုလေ၊ ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ဆိုတာ ဘာသာရေးအဆုံးအမတွေ နီးစပ်မှုတွေ အခုလို လေ့လာလိုက်စားမှုတွေ ငယ်ကတည်းက ရင်းနှီးယဉ်ပါးမှုတွေ အဲဒါတွေ တကယ်လိုအပ်နေတာလား။ အလိုလို သိတဲ့စိတ်နဲ့ မဖြစ်ဘူးလား။ မျှစ်ကြော်ကတော့ ဘုရားတရားစာ သိပ်မဖတ်ဖူးဘူး။ ဗုဒ္ဓဝင်ပုံပြင်တွေကို သိပ်လည်းမယုံဘူး။ ဒါပေမယ့် ဗုဒ္ဓဘာသာစစ်စစ်ပဲလို့ ကိုယ့်ကိုယ်ကိုယ်ယုံတယ်။ ကံသတ္တိ ဆိုတာရယ်၊ ဒီခန္ဓာကြီးဟာ တဆက်တည်းမဟုတ်ဘူးလေ ဒါသိဖို့က သိပ်ပြီး အချိန်ယူစရာမလိုပါဘူး။ အဲဒါ ဆို ရပြီမဟုတ်လား။

    ဒီရွာထဲမှာ ပြသနာဖြစ်နေကြတာက လောကီရေးနဲ့ ဘာသာရေး လိုက်ရောနေကြလို့ မဟုတ်ဘူးလား။ ဥပမာ သတ်သတ်လွတ်ကိစ္စပေါ့။ ဘာသာရေးလုပ်ရင် ကိုကြောင်ပြောသလို သတ်သတ်လွတ်စားကြပေါ့။ ဆွမ်းခံရတဲ့ ကိုယ်တော်တွေတော့ ချွင်းချက်။ လူဝတ်ကတော့ သတ်သတ်လွတ်ကလေးတောင် မစားနိုင်ရင် ဘာသာရေးလည်း လုပ်မနေကြနဲ့တော့ပေါ့။ မစားလို့လည်း ငရဲမကြီးနိုင်ပါဘူး။ အကောင်သတ်ရင်လည်း အကုသိုလ်တော့ ဖြစ်မှာပေါ့။ ဒါပေမယ့် ဒီကမာ္ဘပေါ်မှာ လူ့ငစဉ်းလဲတွေ ဒီလောက်များတာ။ သူတို့နဲ့ယှဉ်ရင် ဒီငရဲလေးက သေးသွားလို့ ကြောက်စရာမလိုပါဘူး။ ကျမလည်း သတ်သတ်လွတ်သမားပဲ။ အားပြတ်သွားပြီဆိုမှ အသားပြန်စားတာ။ ကျမက ဘဲဥဟင်းဆိုရင်တောင် အကာပဲစားတာ။ အနှစ်ကညှီလို့ မစားနိုင်ဘူး။ ဒါပေမယ့် သတ်သတ်လွတ်စားတာကို လုံးဝအားမပေးဘူး။ ခလေးတွေကို အသားတွန်းပြီးကျွေးနေတာ။ အဲလိုမျိုး ကိုယ့်အကြိုက်နဲ့ အများဖြစ်သင့်တာ မတူနိုင်ဘူးလေ။ လောကီရေးထဲမှာ ဘာသာရေးအတွေးအခေါ် ဝင်ပါလို့ မရဘူးလေ။ ဒီအချက်ကြောင့် ရဟန်းသံဃာတွေရဲ့ ပါဝင်ပတ်သက်မှုကို စိတ်ထဲမှာ လက်သင့်မခံနိုင်ဘူး။ သူတို့ဟာသူတို့ ဘာသာတရားအကြောင်း ဘယ်လောက်သိသိ လောကီရေးမှာ သူတို့မသိနိုင်ဘူး။ ဘက ကျောင်းတွေကို ကျမ မထောက်ခံဘူး။ ဓမ္မစကူးလ်မှာ ခလေးတွေကို တရားထိုင်ခိုင်းတဲ့ကိစ္စ ကျမ မထောက်ခံဘူး။ ပညာရေးစစ်စစ်ထဲမှာ ဘာသာတရားအဆုံးအမ ပါလာတာ မကောင်းဘူး။ အခုက ခလေးတွေ ယဉ်ကျေးလိမ္မာဖို့ဆိုပြီး ဘာသာရေးလုပ်ကြတယ်။ တကယ်က ခလေးတွေ ပျော်ရွှင်ဖို့ဆိုတာ လုပ်ရမှာ။ ပညာရေးထဲမှာ ဘာသာရေးသင်ခန်းစာပါလာတာ ကြောက်စရာကောင်းတယ်။ အဲဒါကို ကျမ ရေလည်အောင် မရှင်းပြနိုင်ဘူး။ ရှင်းလည်း မရှင်းပြရဲဘူး။ ၁၀ဝ နဲ့ ၁ယောက်တောင် မက၊ တစ်သောင်းနဲ့ တစ်ယောက်ဖြစ်နေလို့ပါ။ ပညာရေးထဲမှာ ဘာသာရေးပါလာမှုကို နောင် ၁၅နှစ် အနှစ်၂ဝလောက်အကြာမှာ တိုင်းပြည်ဟာ ကော့နေအောင်ခံရမယ်။ ပြောလည်း ယုံမှာ မဟုတ်ပါဘူးလေ။ ဗုဒ္ဓကို အကြည်ညိုပျက်အောင် ပြောတယ်လို့ထင်မှာပေါ့။ ဘာသာခြားတွေလည်း ဘာသာရေးလုပ်ကြတော့ ကိုယ်ကလည်း ကိုယ့်ဘာသာ၊ သာသနာ အဓွန့်ရှည်အောင်လုပ်ဖို့လိုတယ်။ အဲဒါက တစ်ပိုင်း၊ ကျမပြောချင်တာကို မပြောတတ်ဘူးဖြစ်နေတယ်။ ကျမ ဖတ်ခဲ့ဖူးတဲ့စာအုပ်တွေက တစ်မျိုးဖြစ်နေလို့ဖြစ်မယ်။

    • kai

      May 15, 2014 at 5:32 am

      ကျုပ်နားလည်တဲ့ ဗုဒ္ဓတရားဓမ္မဆိုတာက.. လူသားတွေနဲ့တိုက်ရိုက်ပါတ်သက်ပြီး.. အဲဒီအရှုပ်ထဲမှာတင်.. ရှင်းအောင်လုပ်နေသွားတာပါ..။
      ဗုဒ္ဓဘာသာဟာ.. ကိုးကွယ်ရာဘာသာတရားမဟုတ်သလို… ဆုတောင်းရယူနိုင်တာလည်းမဟုတ်ဘူးလို့.. သိထားပါတယ်..။

      ဒီအခြေခံသဘောကို ကင်းလွတ်ပြီး.. တည်ဆောက်သင်ကြားနေတဲ့… ဘကပညာရေးရဲ့အကျိုးဆက်တွေကို.. လူထုဟာအခုကစ.. ခံစားနေရမယ်ဖြစ်ပြီး.. နောင်အနှစ်၂၀.. အခုပညာသင်နေတဲ့အငယ်ဆုံးကလေး..အရွယ်ရောက်လုပ်နိုင်ကိုင်ချိန်မှာ.. အစွန်းရောက်ဖက်ကိုတွန်းပို့ပြီး.. ပြည်ပျက်မှာဖြစ်တယ်လို့.. တည့်တည့်… နမိတ်ဖတ်လိုက်ပါတယ်..။

      ကယ်တင်ချင်ရင်…
      အခြေခံပညာရေးဆရာဖြစ်ကျောင်းတွေမှာ.. ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးကျွမ်းကျင်တဲ့.. ပါမောက္ခတွေက…ဘုန်းတော်ကြီးတွေကို.. မွန်းမံသင်ကြားပေးဖို့လိုမယ်လို့… :mrgreen:

      • ကေဇီ

        May 15, 2014 at 8:05 am

        ခု က ပြည် မပျက်သေးဘူးလားးး

        :mrgreen:

      • ဦးကြောင်ကြီး

        May 15, 2014 at 12:33 pm

        သဂျီးဇုတ်.. သူများကြတော့ ငရဲနဲ့ခြောက်သလေးဘာလေးနဲ့ သူကြတော့ တိုင်းပြည်ပျက်မယ်ဆိုေဲ… ကောင်းဂျဒေးရဲ့လား အရက်တတို့…

    • padonmar

      May 15, 2014 at 9:33 pm

      ပြုံးရေ
      အန်တီ့အမြင်ကတော့
      (၁)ဘုရားမြင်မှ တရားမြင်တယ်။
      (ဘုရားမြင်တယ်ဆိုတာ ဘုရားရဲ့ အရည်အချင်းတွေကို နားလည်တာ။ဘုရားဆိုတာ သူတကာနဲ့မတူအောင် သည်းခံတတ်တယ်။သူတကာထက် ကြိုးစားတယ်။သူတကာလိုက်မမီအောင် ဝီရိယကောင်းတယ်။စိတ်ထားကောင်းတယ်။မေတ္တာထားတယ်။
      အဲဒါ ဘုရားဖြစ်မှ မဟုတ်ဘူး။နုစဉ် ဘုရားအလောင်းတော်ဘဝကတည်းက။
      စဉ်းစားပြီး ကိုယ်ချင်းစာကြည့်လို့ တောင်မရအောင် ကောင်းတာ၊တော်တာ။
      အဲဒါကို ရင်ထဲကနားလည်ခံစားနိုင်မှ ဘုရားကိုမြင်တယ်။
      Ideal person စံပြပုဂ္ဂိုလ်အဖြစ် မြင်စေချင်တယ်။
      အခု အန်တီတို့အရွယ်တွေ ဗိုလ်ချုပ်အောင်ဆန်းကို မကြုံ ဖူးပဲ ကြည်ညိုတယ်ဆိုတာ ဗိုလ်ချုပ်အကြောင်း ကောင်းကောင်းဖတ်ခဲ့ဖူးလို့ပါ။
      သေချာ မဖတ်ခဲ့ရ၊နားမလည်ခဲ့ရတဲ့ အေဘရာဟမ်လင်ကွန်း၊ချေဂွေဗားရား၊ဟိုဆေးရီဇော် တို့ကို ဗိုလ်ချုပ်လောက် မကြည်ညိုမိဘူး။
      ဒါကြောင့် ကလေးတွေ လူငယ်တွေကို ဘုရားရဲ့ လုပ်ဆောင်ချက်တွေ သိစေချင်တယ်။
      တန်ခိုးပြာဋိဟာတွေ သိစေချင်တာ မဟုတ်ပါဘူး။
      ဘုရားအလောင်းတော်ဘဝ၊ဘုရားဖြစ်တဲ့ဘဝတွေမှာ ဘယ်လောက်တောင် အများအကျိုးဆောင်သွားတယ်ဆိုတာ သိစေချင်တယ်။
      အဲသလို သိဖို့က ခမည်းတော်=သုဒ္ဓေါဒနမင်းကြီး
      မယ်တော်= မယ်တော် မာယာဒေဝီ
      ဆိုတာတွေက အပေါ်ယံပါ။
      အနှစ်က ဘုရားအလောင်းဘဝ စွန့်ခြင်းကြီး ၅ပါး ဘယ်လို စွန့်လွှတ်အနစ်နာခံခဲ့ရတယ် ဆိုတာမျိုး ကလေးတွေ နားလည်အောင် ပုံပြောသလိုပြောပြရမှာပါ။
      (အန်တီ့သူငယ်ချင်း မေအေးဦးက သူ့ရဲ့ ယဉ်ကျေးလိမ္မာသင်တန်းတိုင်းမှာ ကလေးတွေကို အဲဒီလို သင်ပါတယ်။ပြုံးကို ကြုံရင် ခေါ်ပြချင်ပါတယ်။
      သူ့သင်တန်းတက်ရတဲ့ ကလေးတိုင်း ပျော်လွန်းလို့၊နားလည်းလည်တယ်။)
      ဒါပေမယ့် အဲသလို သင်တတ်တဲ့ အရည်အချင်း၊အဲသလို စေတနာက ဆရာမတိုင်းမှာ မရှိနိုင်တော့ တွေ့ရတဲ့ ယဉ်ကျေးမှု သင်တန်းတွေမှာ ဆရာမကလည်း အဖြစ်သင်၊ကလေးကလည်း နားမဝင်တော့ ထွက်လာတဲ့ ရလာဘ်က တခြားစီ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ကလေးက တွမ်အင်ဂျယ်ရီ စဉ်းစားနေတယ် ဆိုတာမျိုး ဖြစ်သွားတတ်ပါတယ်။
      ကလေးတွေကို တရားထိုင်ခိုင်းတယ်ဆိုတာလည်း အဲဒီသဘောမျိုးပဲ၊နားလည်အောင် ရှင်းပြပြီးမှ လုပ်ခို်င်းရမှာပါ။
      အန်တီဖတ်ဖူးတာ ထေရဝါဒဗုဒ္ဓဘာသာ မဟုတ်တဲ့ တိုင်းပြည်တွေမှာတောင် ကလေးလေးတွေကို ကျောင်းမတက်ခင် ၅ မိနစ်လောက် Meditation practice လုပ်ခိုင်းတယ်တဲ့။ကလေးတွေမှာ Concentration power ပိုကောင်းလာတာတွေ့ရတယ်လို့ မှတ်ဖူးပါတယ်။
      တကယ်လည်း အန်တီ့တူတူမတွေမှာ သူတို့ကို တရားအားထုတ်ခိုင်းကြည့်ပြီးနောက် စာပိုတော်၊စာမှာ ပိုစူးစိုက်တတ်လာတာတွေ့ရပါတယ်။
      ပေါ်လစီနဲ့ အများယောင်လို့ လိုက်ယောင်တာ မဟုတ်ပဲ တကယ်လုပ်ရင် တကယ် အကျိုးရှိပါတယ်။
      အိယောင်ဝါးတွေ တွေ့လို့ အားလုံးပဲ အိယောင်ဝါးတွေချည်းပဲ ထင်ပြီး ကောင်းတာလိုက်မလုပ်မိရင် ကိုယ်နစ်နာပါတယ်။

      (၂) တရားမြင်မှ ဘုရားမြင်တယ်။
      နိုင်ငံခြားသားတွေ တရားအားထုတ်ရင် စည်းကမ်းလိုက်နာပြီး စူးစူးစမ်းစမ်း တကယ်လေ့လာပါတယ်။
      အဲဒီအခါ သူတို့ တရားတော်ရဲ့ သနိ္နဋ္ဌိက ဆိုတဲ့ သူများပြောကြားစကားနှင့်မျှ မယုံရဘဲ
      ကျနကိုယ်တိုင် သိမြင်နိုင်သော တရားတော်မြတ် ဆိုတဲ့ ဂုဏ်တော်ကို သိသွားကြပါတယ်။
      အဲဒီတော့မှ ဘုရားကို ဉာဏ်ဖြင့် မြင်ကြပါတယ်။
      ………..
      နောက်တခုပြောပြချင်တာကတော့
      ကိုယ်တွေ့ရကြုံရတဲ့ ပတ်ဝန်းကျင်ဆိုတာ ကိုယ့်ရဲ့ သဒ္ဓါဆိုတဲ့ ယုံကြည်မှုပေါ်တည်ပြီး ပြောင်းလဲလာတတ်ပါတယ်။
      အရင်က အန်တီတို့လည်း ဘုရားဆိုတာကို မယုံ၊တရားလည်းမယုံ၊သံဃာဆိုတာဝေးရော။
      အစဉ်အလာအရသာ လှူဒါန်းနေတာပါ.
      အခု သေချာလေ့လာကြည့်တော့မှ
      ဘုရားကိုလည်း ကြည်ညိုမဆုံးဘူး။
      တရားဆိုတာလည်း ယုံကြည်လာတယ်။
      ကံ-ကံ၏အကျိုးကိုလည်း မျက်မြင်သိလာတယ်။
      (ကြောင်းကျိုး ဆက်စပ်သိမြင်လာတယ်)
      တကယ်ကြည်ညိုဖွယ်ကောင်းတဲ့ သံဃာကိုလည်း တွေ့ဖူးလာတယ်။
      အဲဒီအခါ အရပ်ထဲမှာတွေ့နေရတဲ့ သံဃာတုတွေကို ဥပေက္ခာပြုပြီး (စိတ်ထဲမထားတော့တာ)
      အရိယာသံဃာနဲ့ သမုတိသံဃာကို ကြည်ညိုတတ်လာပါတယ်။
      ပြုံးနဲ့ သူကြီးလည်း တနေ့တော့ တွေ့လာမှာပါ။

  • ဝင့်ပြုံးမြင့်

    May 17, 2014 at 12:07 am

    ရှည်ရှည်ဝေးဝေး ရှင်းပြပေးတာ ကျေးဇူးပါ တီဒုံရေ။ မျှစ်ကြော် ပြောတာက ဘာသာရေးလည်း မဟုတ်၊ လူ့အရေးလည်းမဟုတ်။ ဒီနှစ်ခု ပေါင်းစပ်ခြင်းကို ပြောတာပါ။
    (ကျုပ်နားလည်တဲ့ ဗုဒ္ဓတရားဓမ္မဆိုတာက.. လူသားတွေနဲ့တိုက်ရိုက်ပါတ်သက်ပြီး.. အဲဒီအရှုပ်ထဲမှာတင်.. ရှင်းအောင်လုပ်နေသွားတာပါ..။) အဲဒါ သဂျီးပြောတာပါ။
    ကြော်က ဘယ်လိုထင်လဲဆိုတော့ ဘာသာရေးဆိုတာ ဒီမိုကရေစီပြောင်းပြန်လို့ထင်တယ်။ ဒီမိုက ခွင့်တူညီမျှဝါဒ။ ဘာသာရေးက အယုတ်အလတ်အမြတ် ဆီတွန်းပို့နေတယ်။ ဥပမာ လှူ တာတောင် သီလရှိတဲ့လူဆိုဘယ်လို၊ သီလမရှိတဲ့လူဆို ဘယ်လို၊ ရှုပ်နေတာပဲ။ လှူ ပါတယ်ဆိုမှ ငတ်တဲ့လူကိုလှူ ရမှာပေါ့။
    ဘာသာရေးလွှမ်းမိုးအားကြီးတော့ အခုပဲကြည့် ဘယ်သူမဆို ဘဘကြီးတွေကို လက်တုန့်ပြန်ဖု့ိ စိတ်ကူးသိပ်မရှိဘူး။ ငရဲကိုတာဝန်ပေးထားတယ်။ ဘာသာရေးကိုင်းရှိုင်းတာလည်း ကောင်းပါတယ်။ ဒါပေမယ့် ဒီလိုလူတွေ သိပ်များစရာ မလိုဘူးလို့ ထင်တာပါ။ များမှ ဘာသာ သာသနာ အားကောင်းမှာ မဟုတ်ပါဘူး။ နည်းမှ ပိုအားကောင်းမှာပါ။ ဘာသာရေးဖွဲ့တည်လာတဲ့အခါ လူမှုအဆောက်အဦကြီးဟာ လက်တွေ့ကျလွန်းတဲ့ ကမာ္ဘကြီးထဲမှာ ယိုင်နဲ့သွားတယ်။ အခုလို ဆင်းရဲမွဲတေသွားတော့ရော ဘဝတွေက ပိုလှပလာမလား။ ပိုအကုသိုလ် များလာတော့မှာပေါ့။ လူ့ဘဝမှာ လူပီသအောင် နေနိုင်မှ ငရဲနည်းမှာပေါ့။ လူ့ဘဝမှာ လူပီသအောင် မနေနိုင်ဘူးဆိုကတည်းက စိတ်ဆင်းရဲမှု အဲဒီကတဆင့် ငရဲဆီ တွန်းပို့သွားမှာ မဟုတ်လား။ စိတ်ကို လှလှထားနိုင်အောင်ဆိုတာ လူက အရင်ဝနေမှဖြစ်မှာ။

    ကိုယ်ရေးကိုယ်တာလေး နည်းနည်း ပြောပြချင်ပါသေးတယ်။ ကြော်က ပရိတ်ကြီး ၁၁ သုတ်၊ ပဌာန်း အတို အရှည်၊ အဘိဏှ၊ မဟာသမယ၊ ဓမ္မစကြာ၊ အနတ္တလက္ခဏ၊ ဓာရဏပရိတ်၊ စသဖြင့် တော်တော်များများကို အလွတ်ရတယ်။ ငယ်တုန်းက အမေကမုန့်ဘိုးပေးပြီး ကျက်ခိုင်းလို့ ကျက်ခဲ့တာပါ။ အဓိပ္ပါယ် တစ်လုံးမှ မသိဘူး။ တကယ် ဗုဒ္ဓဘာသာဝင်ဖြစ်တာကတော့ အသက် ၂ဝ လောက်ကျမှ ဓမ္မစကြာ နဲ့ အနတ္တလက္ခဏ၊ ဒီနှစ်ခုရဲ့ မြန်မာပြန် အဓိပ္ပါယ်ကို သိပြီး တစ်ထိုင်တည်း ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့တာ။ နောက်ပိုင်းမှာလည်း မြန်တယ်။
    ဒါပေမယ့် ဘာသာရေးနဲ့နွယ်တဲ့ အယူအဆ တွေ လက်သင့်မခံနိုင်ဘူး။ အခုလို လှူတာတမ်းတာမျိုးကအစ၊ ရှုပ်ရှက်ခတ်နေတာပဲ။ ပြီးတော့ ဒီထဲက ရွာသားတွေလောက် ဘာသာရေးဗဟုသုတ ကြော့်မှာ မရှိဘူး။ ကိုအေးလွင်ဦးတို့၊ ကိုကြောင်တို့၊ ကိုစံလှကြီးတို့၊ ဘပုတို့။ သူတို့လိုသာ လေ့လာလိုက်စားရရင် ဦးနှောက်ပျက်ကိန်း။ တီဒုံကို ခင်လို့ပြောပြတာပါ။

  • မောင်မိုဘိုင်(သလ္လာဝတီ)

    May 18, 2014 at 12:48 am

    ပို့စ်နှင့်တကွ ဆွေးနွေး/ဖြည့်စွက်ထားတာတွေကိုပါ ဖတ်ရတာ
    မင်္ဂလာရှိလှပါတယ်…….
    ပြောချင်တာလေးတွေတော့ရှိပါတယ် ဒါပေမယ့် မပြောတော့ပါဘူး.

    • kai

      May 18, 2014 at 3:58 am

      လွတ်လပ်စွာပြောစေချင်ပါတယ်ကွယ်…
      မှန်တာမှားတာထက်.. အချက်အလက်အဖြစ်..သမိုင်းမှာကျန်နေရစ်မှာပေါ့..
      သိတဲ့သူတွေ..ဖွင့်မပြောလို့.. ဒီဘဝရောက်နေကြရတာ..

      သိပ်မကြာတဲ့ တနေ့မှာ… စေတီဘုရားကျောင်းတွေကနေ.. အုပ်စ..ကျောက်စ.. သစ်စလေးတွေဆွဲထုတ်ပြီး.. ကာဗွန်စစ်ဆေးမှုနဲ့.. သမိုင်းမှန်.. သက်တန်းမှန်..ထုတ်ပေးမယ့်သူပေါ်လာမယ်.. ထင်ရတာပဲ…။
      အဲဒီကျမှ… :mrgreen:

Leave a Reply