အဲဒီမီးသီးမှာ
အ​မှောင်​ကိုတက်​နင်းတဲ့ ဖိနပ်လို့
အဓိပ္ပါယ်​ရချင်​တဲ့အခါရတယ်
အဲဒီမီးသီးမှာ
အယ်​ဒီဆင်​ရဲ့ဝပ်​အားနဲ့
အ​မှောင်​ကိုခွင်းတဲ့ နီဂရုန်းကွိုင်​လို့
အဓိပ္ပါယ်​ ရချင်​တဲ့အခါ ရ​နေပြန်​တယ်
မှော်​လင့် ချက်​တစ်​ခုဟာ
မိုး​ခေါင်​​ရေရှားလာတဲ့အခါ
အဲဒီမီးသီးမှာ
ဘာအလင်း​တွေခင်းကျင်း​နေမှန်း
ဘာသာပြန်​မရခဲ့ဘူး။
အိပ်​မက်​တစ်​ခုဟာ
ထောင်​မြင်​ရာစွန့်​ကြိုးဆက်​လာတဲ့အခါ
အဲဒီမီးသီးမှာ
ပ​ရောဂါ​တွေ ​​ရှော့ရိုက်​ကုန်​ပြီလား
နောက်​မီးဟာ
နောက်​မီးပီပီ
နောက်​က အဆင်း​ဘီးတွန်းမယ့်​ကိစ္စမျိုးကို
တော်​လှန်​​နေရင်​​တော့
စိတ်​လက်​ကြည်​သာ ၀င်းလက်​စရာ​ပေါ့
အဲဒီမီးသီးမှာ
သွေးတိုး​ရောဂါ ချဉ်းကပ်
ကြို့ကြီးထိုးဆန်းပြားလာရင်​​တော့
နောက်​မီးဟာ
ရှေ့မီးနဲ့ဆန့်ကျင်​အရပ်​ကို လင်းတယ်
နောက်​မီးဆိုတာ
ကိုစစ်

ko six

About ko six

ko six has written 94 post in this Website..

ဘဝဆိုတာ အပိုင်းနှစ်ပိုင်းနဲ့ရွေ့နေတဲ့ ဂေါက်သီး။ ရယူမှာလား။ ပေးဆပ်မှာလား။ အဲ နှစ်ခုစလုံးတော့ကြုံရမယ်။ ဘယ်ဟာကို အရင်ကြုံချင်လဲဆိုတာမှာ လူတော်လူညံ့ကွဲကုန်တာ။ CJ # 1122014