​နောက်​မီး

ko sixMay 13, 20141min1349

အဲဒီမီးသီးမှာ
အ​မှောင်​ကိုတက်​နင်​းတဲ့ ဖိနပ်လို့
အဓိပ္ပါယ်​ရချင်​တဲ့အခါရတယ်​
အဲဒီမီးသီးမှာ
အယ်​ဒီဆင်​ရဲ့ဝပ်​အားနဲ့
အ​မှောင်​ကိုခွင်​းတဲ့ နီဂရုန်​းကွိုင်​လို့
အဓိပ္ပါယ်​ ရချင်​တဲ့အခါ ရ​နေပြန်​တယ်​
​မှော်​လင် ့ချက်​တစ်​ခုဟာ
မိုး​ခေါင်​​ရေရှားလာတဲ့အခါ
အဲဒီမီးသီးမှာ
ဘာအလင်​း​တွေခင်​းကျင်​း​နေမှန်​း
ဘာသာပြန်​မရခဲ့ဘူး။
အိပ်​မက်​တစ်​ခုဟာ
​ထောင်​မြင်​ရာစွန်​့ကြိုးဆက်​လာတဲ့အခါ
အဲဒီမီးသီးမှာ
ပ​ရောဂါ​တွေ ​​ရှော့ရိုက်​ကုန်​ပြီလား
​နောက်​မီးဟာ
​နောက်​မီးပီပီ
​နောက်​က အဆင်း​ဘီးတွန်​းမယ်​့ကိစ္စမျိုးကို
​တော်​လှန်​​နေရင်​​တော့
စိတ်​လက်​ကြည်​သာ ဝင်​းလက်​စရာ​ပေါ့
အဲဒီမီးသီးမှာ
​သွေးတိုး​ရောဂါ ချဉ်​းကပ်​
ကြို့ကြီးထိုးဆန်​းပြားလာရင်​​တော့
​နောက်​မီးဟာ
​ရှေ့မီးနဲ့ဆန့်ကျင်​အရပ်​ကို လင်​းတယ်​
​နောက်​မီးဆိုတာ
ကိုစစ်​

9 comments

  • lu lu

    May 13, 2014 at 10:14 pm

    နောက်မီးပါဆို အ ရှေ့မီးမဟုတ်လို ့ပေါ့
    အ ရှေ့ ကိုဆက်သွားလို ့မရတဲ့အခါ နောက်တလှမ်း
    ဆုတ်ပြီးအားယူတဲ့နေရာမှာ နောက်မီးကအသုံး
    ဝင် လာတယ် ဟိုထောင် မှာတော့နောက်မီးမလင်း
    ကြနဲ ့နော် အဲဒါဆို ရှော့ဖြစ်သွားမယ် 😀

  • Wow

    May 14, 2014 at 9:20 am

    နောက်မီးလေးလင်းမှ အန်ဒရယ် ကင်းတာ ဟုတ်ဝူးလားငင်င်င် :mrgreen:

    • တောတွင်းပျော်

      May 14, 2014 at 8:12 pm

      ဟုတ်ပါရဲ ့A
      လင်းလိုက်ကြစမ်းပါအေ ့!

  • alinsett (gazette)

    May 14, 2014 at 9:58 am

    ကိုစစ်ရဲ့ ကဗျာတွေဆို
    အလွတ်ကို မပေးတော့ဘူး
    ဖတ်ဖြစ်အောင် ဖတ်ပါတယ်။

  • ko six

    May 14, 2014 at 6:33 pm

    ​ကျေးဇူးပါပဲ
    ​နောက်​မီးကိစ္စ ဘီယာဆိုင်​ကျမှ
    ထပ်​​သောက်​ရ​အောင်​

  • Mr. MarGa

    May 14, 2014 at 6:38 pm

    နောက်မီးဟာ
    ရှေ့မီးနဲ့ ဆန့်ကျင်ဘက်ကိုလင်းတယ်
    နောက်မီးဟာ
    နောက်က လိုက်လာသူတွေအတွက် သတိပေး အချက်ပြစကားပဲ
    နောက်မီး ဟာ
    ရှေ့အတွက်တော့ ဘာမှ အသုံးမဝင်ပါဘူး
    ဒါပေမယ့်
    နောက်မီး မရှိရင်
    နောက်ကားနဲ့ မိတ်ဆက်သွားတတ်တယ်ဆိုတာ…….

    သိဘူးဗျာ သိတဲ့နောက်မီးကို ဝင်ပြောသွားတာ :mrgreenn:

  • ကေဇီ

    May 15, 2014 at 7:58 am

    အေးလေ။
    ကားတွေမှာတော့ နောက်မီး မလင်းရင် နောက်က မမြင်ပဲ ဝင်တိုက်မှာပေါ့လို့။
    :mrgreenn:

    ပိုးစုန်းကြူးတွေ နောက်မီးလင်းတာကျတော့ လှသားကလားးးးး
    :mrgreenn:

    လူတွေမှာတော့ အဲ့!! အယ်!!! အဲ!!!
    😀

  • ko six

    May 15, 2014 at 9:16 am

    လင်​းတဲ့​နေရာမှာ အထာ​တွေရှိပါတယ်​
    ​နော့……..

  • ခင် ခ

    September 14, 2014 at 9:23 am

    နောက်မီးက လင်းတဲ့ ရုပ် ပေါ်မူတည်ပြီး အဓိပ္ပါယ်ရှိတယ်ကိုး

Leave a Reply