ပြယ်လွင့်တက်သောလောက

နိုင်နိုင်August 11, 20101min1002

ပြယ်လွင့်တက်သောလောက….
လောက၊ဘဝကိုလှပဖို့ပြင်ဆင်နေကြတယ်…..
ရုံးကန်ရင်းနဲ့ ကံကုန်သွားတာတွေသိရဲ့လား
မိုးတိမ်ကိုအတုယူလွင့်ပြယ်ခြင်းဆိုတဲ့
ပုံစံအတူတွေပါ…
(ရေစက်ဆုံခဲ့တာက ခန်းခြောက်ဖို့နော်….
တွေးကြည့်ဘယ်အရာခိုင်မြဲနေလို့လဲ…။
မျက်နှာဖုံးစွပ်အတုရောင်လောကနော်….
နေထိုင်သူတွေမျက်နှာဖုံစွပ်ထားခြင်းကလဲ
မထူးဆန်းလှပါဘူး…..
အပြုံးတု၊အချစ်တု ဆေးရောင်စုံလူသားတွေကလဲများသား….
ကဲ….ဘယ်လိုနေမလဲ..လောက ၊ ဘဝမှာ
အချိန်တန် အိမ်ပြန်ကြရမှာပဲလေ…
မွေးခဲ့တယ်..သေခြင်းတရားဆီသို့…
ဟုတ်တယ်နော်…
ဘယ်လိုပုံစံနဲ့ ပြယ်လွင့်သွားကြမလဲ…
မျက်နှာဖုံးတွေချွတ် တွေးကြည့်ကြရအောင်ဗျာ…..။

နိုင်နိုင်ထွန်း >> cherrylandlay

2 comments

  • Soe Thu

    August 11, 2010 at 4:34 am

    ဘယ်အရာ တည်မြဲလို့လဲ သူငယ်ချင်း

    • cherrylandlay

      August 12, 2010 at 7:03 am

      တည်မြဲတာ တစ်ခုတော့ရှိနေတယ် အဲဒါက မတည်မြဲခြင်းဆိုတာပါပဲ သူငယ်ချင်း ….။

Leave a Reply