(၂၂) ကြိမ်မြောက် ဒါဇင်ပလပ်စ်အလှူ

etoneMay 14, 20142min22613

ဒါဇင်ပလပ်စ်အဖွဲ့ရဲ့ (၂၂) ကြိမ်မြောက် အလှူအဖြစ် ပညာသင်ထောက်ပံ့ရေး အလှူငွေ ၃၄၃,၀၀၀/-ကျပ်နှင့် စာရေးကိရိယာ ၁၀၀,၀၀၀/-ကျပ်ဖိုး စုစုပေါင်း ၄၄၃,၀၀၀/-ကျပ် (လေးသိန်း လေးသောင်း သုံးထောင်ကျပ်)ကို ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ စိမ်းလန်းမြေ မိဘမဲ့ ပရဟိတဂေဟာသို့ ပေးပို့ လှူဒါန်းပြီးစီးခဲ့ပါတယ်

ဒီတခါ (၂၂)ကြိမ်မြောက် အလှူ လုပ်ခဲ့တဲ့ ကျောင်းလေးက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအမျိုးစားထဲကမဟုတ်ပဲ လူမှု ဝန်ထမ်း အသိမှတ်ပြု လူငယ်ဖွ ံ့ဖြိုးရေး မိဘမဲ့ ဂေဟာ တစ်ခုပါ ။ စတင်တည်ထောင်ခဲ့သူကတော့ ထိုင်ဝမ်လူမျိုး MR.CHOUလို့ သိရပြီး ၂၀၀၄ စက်တင်ဘာလ ၁ရ ရက်နေ့မှာ ဂေဟာစတင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ် ။

၂၀၀ရခုနှစ်မှာမှ စပြီး လူမှုဝန်ထမ်းဦးစီးဌာန အသိမှတ်ပြု လူငယ်ဖွ ံ့ဖြိုးရေး ဂေဟာ တစ်ခုဖြစ်ခဲ့ပါတယ် ။ စတင်တည်ထောင် ခဲ့သူ MR.CHOUဆိုသူကတော့ တွံ ့တေး မင်္ဂလာ ပရဟိတကျောင်းမှာ ကျောင်းဆောင်တစ်ဆောင် လှူ ဒါန်းထားရင်း သီးခြားဂေဟာ တည်ထောင်ဖို့ စိတ်ကူးရခဲ့တာကြောင့် ယခု စိမ်းလန်းမြေ ပရဟိတ ဂေဟာလေးကို တည်ထောင်ဖြစ်ကြောင်းလည်းသိခွင့်ရခဲ့ပါတယ် ။ ဒါ့အပြင် တချို့သော ပရဟိတ ဂေဟာတွေ ၊ ဘကကျောင်းတွေမှာလည်း MR.CHOU လှူထားတဲ့ ကျောင်းဆောင်တွေ ရှိကျောင်းလည်း သိခဲ့ရပါသေးတယ် ။

မြန်မာ့ စိမ်းလန်းမြေ လူငယ်ဖွံ ့ဖြိုးရေ ဂေဟာ စတင်ဖွင့်လှစ်တဲ့ နှစ်မှာ ကျောင်းသား ၁၆ ဦးသာ ရှိခဲ့ပြီး ၊ တွံတေး မင်္ဂလာကျောင်းမှ ကျောင်းသားများကို လက်လွှဲယူပြီး စတင်လေ့ကျင့် ပျိုးထောင်ပေးခဲ့ကြောင်းလည်း သိရပါတယ် ။ ယခုစာသင်နှစ်အတွက်တော့ ကျောင်းသား ၄၂ယောက် ( ကျား ၂၆ ၊ မ ၁၆ ယောက်)ကို လက်ခံထားလျှက်ရှိကြောင်း သိရပါတယ် ။ ကျောင်းသားအများစုမှာ မူလတန်းကျောင်းသားများဖြစ်ပြီး နေ့စဉ်ဝေယျာဝစ္စကို ဆရာမ ၅ယောက်နှင့် အတန်းကြီးကျောင်းသားများမှလည်း ဆင့်ကဲတာဝန်ယူပေးထားကြောင်းလည်း သိရပါတယ် ။ ပညာသင်ကြားနိုင်တဲ့ ဉာဏ်ရည်မှီ ကျောင်းသားများကိုတော့ အနီးနား အစိုးရကျောင်းများသို့ပို့ပြီး ပညာသင်ပေးကြောင်းလည်း သိရပါတယ် ။ ကလေးများ ကျန်းမာရေးအတွက်ကိုလည်း ဆေးပေးခန်းထားရှိပြီး volunteer ဆရာဝန်များ ၊သူနာပြုများက ရံဖန်ရံခါ လာရောက် အကူညီပေးလျှက်ရှိကြောင်းလည်း သိခဲ့ရပါတယ် ။

မိဘမဲ့ ကလေးတစ်ဦးတစ်ယောက်ချင်းစီရဲ ့နောက်ကွယ်မှာ စိတ်မကောင်းစရာ ဇာတ်လမ်းကိုယ်စီရှိကြောင်းလည်း သိခဲ့ရပြီး ဒီလိုကလေးတွေအတွက် စားဝတ်နေရေး ပညာသင်ကြားနိုင်ရေးသာမကပဲ စိတ်ဓါတ်ကြံခိုင်ရေးအတွက်ပါ လေ့ကျင့်သင်ကြားပေးနေကြောင်းလည်း သိရပါတယ် ။ ခိုကိုးရာမဲ့ ကလေးများ ပညာသင်ကြားနိုင်ရေးအတွက် တဖက်တလမ်းကနေ ကူညီအားဖြည့် လှူဒါန်းလိုပါလျှင် အောက်ပါ လိပ်စာ အတိုင်း သွားရောက် လှူဒါန်းနိုင်ပါတယ်နော် ။

မြန်မာ့စိမ်းလန်းမြေ ပရဟိတဂေဟာ

ငါးဆူတောင် ကျေးရွာ ၊ လှည်းကူးမြို ့နယ် ၊ ရန်ကုန်တိုင်း ။

ဖုန်း -0949347971

ရွာထဲက အမျိုးချစ်တွေရှိတယ်ဆိုလို …. ကိုယ့်အမျိုးနွယ်ထဲက ကလေးတွေ စာတတ်မြောက်ဖို့ အလှူထည့်လိုပါလျှင် အောက်ပါ အီးမေးလ် လိပ်စာများကိုလည်း ဆက်သွယ်ပြီးစာပို့ လှူဒါန်းနိုင်ပါတယ်နော် …

amatmin@gmail.com

eikyipyarsoe@gmail.com

nyein2lwin@gmail.com

mayzawhan@gmail.com

tzayar.it@gmail.com

 

၂၂ ကြိမ်မြောက် ပညာသင်အထောက်ပံ့အလှူငွေ
၂၂ ကြိမ်မြောက် ပညာသင်အထောက်ပံ့အလှူငွေ

 

10171229_10152186778913371_2690954673981844978_n

 

 

 

ဒီလို ကလေးတွေအတွက် ပြုစုပျိုးထောင်ပေးမယ့် ကျောင်းတွေ အများကြီးရှိသင့်ပါတယ် ။
ဒီလို ကလေးတွေအတွက် ပြုစုပျိုးထောင်ပေးမယ့် ကျောင်းတွေ အများကြီးရှိသင့်ပါတယ် ။

 

စာရေး ကိရိယာ တသိန်းဖိုး
စာရေး ကိရိယာ အလှူ

 

13 comments

  • alinsett (gazette)

    May 14, 2014 at 10:05 am

    မိဘမဲ့ဂေဟာ ဆိုလို့
    ကျနော်လည်း ဟိုတလောက မိဘမဲ့ဂေဟာတစ်ခုဆီ ရောက်ဖြစ်တယ်
    အဲ့ဒီက ကလေးတွေရဲ့ ဘဝတွေဟာ
    တကယ့်ကို ဝမ်းနည်းစရာ
    သနားငဲ့ညှာစရာတွေပါဗျာ
    အဲ့ဒိကအပြန် စာတစ်ပုဒ်တောင် ချရေးဖြစ်သေးတယ်
    ——

    မွန်မြတ်တဲ့ ကူညီထောက်ပံ့မှုတွေ အစဉ်တစိုက်ပြုလုပ်နိုင်နေတဲ့
    ဒီအဖွဲ ့ကို လေးစား ချီးကျူး
    ကျေးဇူးတင်မိကြောင်းပါ

  • Kaung Kin Pyar

    May 14, 2014 at 10:46 am

    ဟေ…ဟေ့… အပေါ်ဆုံးပုံမှာ…သာမီးလက် ပါတယ်….။ 😀
    အရမ်း ပျော်တယ်…အဲ့တုန်းက….
    ကလေးတွေလဲ ချစ်ဖို့ကောင်းကြတယ်…။

  • kyeemite

    May 14, 2014 at 2:06 pm

    ဂုဏ်ယူပါတယ်..ဒါဇင်ပလပ်စ် ရေ….ဒီလို နှမ်းလေးတွေများလာမှ ဆီဖြစ်တော့မပေါ့ဗျာ…
    သာဓု…သာဓု…သာဓု…ပါနော

  • အားကျပါတယ်အီးတုံတို့ရေ
    အစ်မတို့တော့ အဝေးလှမ်းမလှူဖြစ်ပဲ အနီးကပိုဆင်းရဲတာတွေလှူဖြစ်နေသေးတယ်
    🙂

  • ရွှေ ကြည်

    May 18, 2014 at 2:49 pm

    သာဓု သာဓု သာဓု ပါ ဒါဇင်ပလပ်ရဲ့ခြေလှမ်းပေါင်းများစွာအတွက်ခွန်အားတို့ပြည့်ဝကြပါစေ

  • ကေဇီ

    May 18, 2014 at 2:52 pm

    ကလေးတွေက သနား စရာ ချစ်စရာ။

  • မဟာရာဇာ အံစာတုံး

    May 18, 2014 at 3:27 pm

    သာဒု .. သာဒု .. သာဒု ပါဗျို့ …
    ၂၂ ကြိမ်ဆိုတော့ ၂၂ လ ပေါ့နော် …
    ၁၂ လမှာ တစ်နှစ် ဆိုတော့ …
    အင်း .. ၂ နှစ် ပြည့်ခါနီးပြီပေါ့ ……
    လေးစားကြည်နူးမိပါရဲ့ဗျာ ….

  • အရီးခင်

    May 18, 2014 at 8:33 pm

    ၂၂ကြိမ်မြောက် ဆိုတော့ ၂နှစ် နီးပါးတောင် ရှိတော့မယ်။
    ဒီလောက် ရေရှည်ကာလ ကို စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင် အတူတွဲ ကူညီ နေကြဆဲ လူငယ်လေးတွေ အတွက် တကယ်ဘဲ ဂုဏ်ယူပါတယ်။
    ဆက်ပြီး အောင်မြင်ပါစေဆုတောင်းပါတယ်။
    သာဓု လဲ အကြိမ်ကြိမ်ခေါ်ပါတယ်။
    (မဟုတ်ရင် ၃ ခါ ရေးနေရမစိုးလို့) 😉

    PS – အပေါ်က လက် လေးတွေ ပုံ idea ကို သဘောကျတယ်။ 🙂

    • ကြောင်ဝတုတ်

      May 19, 2014 at 3:21 pm

      ဒါဇင်ပလပ်လတိုင်း အဲဒီလက်ပုံစံလေးပါတယ်…
      နောက်တစ်ခါ ဒါဇင်ပလပ်လိုဂိုပြင်မယ်ဆိုရင် အဲ့လက်ပုံလေးဆွဲမလားစဉ်းစားမိတယ်…

      ကျွန်တော်တို့ မချမ်းသာပါဘူး…
      အလှူသွားတဲ့နေ့ဆိုရင် ခါတိုင်းထက်ပိုစိတ်ချမ်းသာမိတယ်….
      ကျွန်တော်တို့ မတတ်စွမ်းပါဘူး…
      အလှူအတွက်ဆို စွမ်းအင်အကုန်သုံးတတ်ကြတယ်…
      ကျွန်တော်တို့ မအားကျပါဘူး…
      အလှူသွားမယ့်နေဆို မအားအားအောင်လုပ်တတ်ကြတယ်…
      ကျွန်တော်တို့ နားချင်ကြပါတယ်…
      အလှူသွားမယ့်နေဆို မနားမနေချီတက်ကြပါတယ်…
      ကျွန်တော်တို့ အများကြီးမတတ်နိုင်ပါဘူး…
      အလှူအတွက်တော့ လက်ကုန်ထုတ်လှူကြတာပါ…
      ကျွန်တော်တို့ လှုပ်ရှားသူနဲနဲလေးပါ…
      အလှူအတွက် ထည့်ဝင်သူများများလာကြပါလို့…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • ဦးကြောင်ကြီး

    May 19, 2014 at 12:52 am

    ပိုက်ဆံရှိရင် လှူ လို့ရဒါများ.. သောက်ကျီးတောက်ကြယ်….

    • ကြောင်ဝတုတ်

      May 19, 2014 at 3:26 pm

      ဒမှာဦးကြောင်….
      မရှိလို့မလှူ…. မလှူလို့မရှိ…
      အရက်ဖိုးထဲကလှူတာ… ငါလိုလူ ဇမ္ဗူမှာရှိသေးရဲ့လားကွ…

      (ကြောင်နှစ်ကောင်ပြာသိုလမှာ ကိုက်နေတယ်လို့ မထင်ကြပါနဲ့…)

      ခင်မင်လျက်-
      ဖက်ဖက်ကက်

  • Ma Ei

    May 19, 2014 at 1:05 pm

    တစ်လထက် တစ်လ အလှူတော်ငွေ
    တန်ဘိုးဂဏန်း တက်လာတာတွေ့ရလို့
    ( အဖွဲ့ဝင်၊ အလှူရှင် တွေတိုးလာလို့)
    ဝမ်းသာ ပီတိ နဲ့ ဂုဏ်ယူမိပါတယ်…

  • အာဂ

    May 19, 2014 at 5:31 pm

    နာရေးထားတဲ့ ကမန့် ဘယ်နားရောက်သွားပါလိမ့်။ ပိတီဖြစ်တယ်တို့ ဂရုနာသက်မိတယ်တို့ ရေးထားတာလေ.။

Leave a Reply