အားလုံးကို ကျေးဇူးတင်ပါတယ် . . .

alinsettMay 14, 20141min26432

 

တကယ်တော့ ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်စကား သေသေချာချာ ပြောသင့်ပါတယ်။

 

အခုချိန်ထိ ဒီလူဒီလူတွေကို ကျေးဇူးတင်စကား သေချာမပြောဖြစ်သေးဘူးလေ။

ဒါကြောင့် ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်စကားလေးတော့ သေချာပြောဦးမှပါ လို့ တွေးမိပြီး

ဒီစာကို ရေးမိပါတယ် ။

 

ကျေးဇူးတင်စကား ပြောခြင်းဟာ မင်္ဂလာရှိတဲ့ ကိစ္စတစ်ခုပါနော်။

အခု ကျနော် မင်္ဂလာပါလို့ အရင် နှုတ်ဆက်ပြီး ကျေးဇူးတင်စကားပြောပါရစေ…

 

————–

 

” မင်္ဂလာပါ ”

 

ကျနော် ဒီရွာထဲမှာ စာတွေရေးလာတာ သုံးနှစ်လောက်ရှိပါပြီ ။

 

ကျနော်ရေးသမျှကို ကောင်းသည်ဆိုးသည်မှန်သမျှ

အဆက်မပြတ်ဖတ်ရှု ခံစား

အားပေး ဝေဖန် ဆွေးနွေး အကြံပေးခဲ့ကြတဲ့ ရွာသူရွာသားများကို

ကျေးဇူး အထူး တင်ပါတယ် ။

 

ကျနော့် ရေးသမျှထဲက တစ်ပုဒ်ပဲဖြစ်စေ

ဝါကျတစ်ကြောင်းပဲဖြစ်စေ

ပိုစ့် ခေါင်းစဉ်ကလေးတစ်ခုပဲဖြစ်စေ ဖတ်ခဲ့ဖူးသူတွေ က အစ

အလင်းဆက်ဆိုတဲ့ နာမည်လေးကိုပဲ

တစ်ခါလောက် ရွတ်ဆိုရေးသားခဲ့ဖူးသည်ဖြစ်စေ. . ကျေးဇူးတင်ပါတယ် ။

 

ကျနော့်ပိုစ့်ကို ဖတ်ပြီး အကြောင်းအမျိုးမျိုးကြောင့် comment မပေးဖြစ်ခဲ့ပဲ အပြင်မှာတွေ့တဲ့အခါ

ဘယ်ပိုစ့်ကတော့ ဘယ်လိုဆိုပြီး ပြောဆိုဆွေးနွေးတာလေးတွေ ရှိတဲ့အတွက်

comment မပေးဖြစ်ခဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ် ။

 

ဖတ်ပြီး comment ရေး ဆွေးနွေးဝေဖန်ပေးသွားသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။

 

ကျနော် တစ်ပုဒ်ရေးပြီး တင်တိုင်း

(အရင်က တစ်ပုဒ်တစ်ရာ) အခု တစ်ပုဒ် နှစ်ရာ ပွိုင့်ပေးသော

comment တစ်ခုလာပေးခံရတိုင်း ပွိုင် ၃ ထည့်ပေးသော သဂျီး ဦးခိုင် ကိုလည်း ကျေးဇူးတင်ပါတယ်။

 

——-

 

ကျနော် ရေး တင်လိုက်သမျှ စာတွေ ကဗျာတွေကို မန်ဘာမဝင်ပဲ အပြင်က ဝင်ဖတ်ပြီး မေးလ်ကတဆင့် ဆက်သွယ် ဝေဖန် အကြံပေးခဲ့သော စာဖတ်သူများလည်း ရှိတာမို ့

အဲဒီ အပြင်စာဖတ်သူ အနယ်နယ်အရပ်ရပ်မှ မိတ်ဆွေ ပရိတ်သတ်များကိုလည်း ကျေးဇူးတင်ပါတယ် ။

 

———–

 

ဂဇက်ထဲရောက်ပြီးနောက်ပိုင်းမှာဂဇက်ထဲက တခြားမန်ဘာတွေရေးတဲ့ အတွေးအခေါ် အယူအဆ စာတွေကို ဖတ်ခွင့်ရပြီး

ကျနော့်အတွေး အမြင်တွေလည်း

ပြောင်းလဲတိုးတက်

သင့်သလောက် ပြောင်းလဲတိုးတက်ခဲ့ပါတယ်။

ဒါကြောင့် တခြားမန်ဘာတွေရဲ့ စာတွေကိုလည်း ကျေးဇူးတင်ပါတယ်။

အဲဒီ ပိုစ့်တွေ ရေးသားတင်ပြခဲ့ကြလို့ ကျနော်ဖတ်ရတာဖြစ်တဲ့အတွက်ပိုစ့်တင်သူများကိုလည်း ကျေးဇူးတင်ပါတယ် ။

 

ဘယ်ပိုစ့်မှာမဆိုcommentတွေ ဝေဝေဆာဆာနဲ့ ပြောကြဆိုကြ ဆွေးနွေး တိုင်ပင်ကြနဲ့ ပျော်စရာကောင်းခဲ့ ပါတယ်

အဲဒီ comment အသိုင်းအဝိုင်းကြီးထဲ ကျနော်လည်း ပျော်ရွှင်စွာ ပါဝင်ခွင့်ရခဲ့တဲ့အတွက်

အပြန်အလှန် comment ပေးကြသူများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ် ။

 

ကျနော် အစဖော်ခဲ့တဲ့ ကဗျာပြခန်းတို့ အတိုင်ပင်ခံပိုစ့်တို့မှာ တက်ညီလက်ညီ ပူးပေါင်းပါဝင် ကူညီအားပေးခဲ့ကြသူများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ် ။

 

မန်ဘာများ တစ်ယောက်ချင်းစီ တစ်ယောက်ချင်းစီ ကို ကျေးဇူးတင်ပါတယ် ။

 

မန်ဘာမဝင်ပဲ ဖတ်နေသူများကိုလည်း တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ် ။

 

ကျနော် စာတွေရေးခွင့်

ကျနော့်စာတွေ တင်ပြခွင့် ဖတ်ခွင့်ရဖို့အတွက် မရှိမဖြစ်သော

အင်တာနက်ဝန်ဆောင်မှုပေးရာ

မြန်မာအင်တာနက်ဝန်ဆောင်မှုမှသက်ဆိုင်ရာ ပုဂိ္ဂုလ်များနဲ့

တခြားအပြည်ပြည်ဆိုင်ရာ အင်တာနက်ဝန်ဆောင်မှုပေးသူများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ် ။

 

နောက်ဆုံး . . .

အခု ကျေးဇူးတင်ကြောင်း ရေးထားတဲ့ စာကို ဝင်ဖတ်နေသူများကိုလည်း ကျေးဇူးတင်ပါတယ် ။

 

အားလုံးကို

ကျေး

ဇူး

တင်

ပါ

တယ် ။

 

——————–

 

လေးစားစွာဖြင့်

 

အလင်းဆက်(Gazette)

 

13 / 5 / 2014 / 10 : 18

(ဇလွန်အသွား ကားပေါ်)

 

 

32 comments

  • alinsett (gazette)

    May 14, 2014 at 7:31 am

    အရေးကြီးတဲ့ ကျေးဇူးတင်ထိုက်သူတစ်ယောက်
    ကျန်ခဲ့တယ်ဗျို့

    ပိုစ့်ထဲ ညနေမှ ပြန်ထည့်ပါ့မယ်။

    ကျနော့်ကို ဒီရွာထဲ ဝင်ဖြစ်အောင် ဖိတ်ခေါ်ခဲ့သူ
    ကိုသော်ဇင် ကိုလည်း ကျေးဇူး အထူး တင်ရှိပါတယ်လို့. . .

    🙂

  • lu lu

    May 14, 2014 at 8:20 am

    လုလု ကို ဒီရွာထဲဝင် ဖြစ်အောင် ကူညီးပေးတဲ့ကိုဆက်
    ကိုလည်းကျေးဇူးတင် ပါတယ် ။ 🙂
    ဒီဂဇက် ကပို ့စ်တွေက အပျင်းပြေရုံ တင် မဟုတ်ပဲ
    ဗဟုသုတတွေအများကြီး ရပါတယ် ။ မိတ်ဆွေလည်း
    တိုးလာတာပေါ့ ။
    ကိုဆက်လည်းပိုင့် ၁ သိန်းအမြန်ပြည့်ပြီး မုန် ့ကျွေးနိုင်
    ပါဇေ 😀
    ကျန်တဲ့အကို အမ တွေလည်း ၁သိန်း အမြန်ပြည့်ပါဇေ
    နာ လည်းကြားထဲကမုန် ့စားရပါဇေ :mrgreen:

  • weiwei

    May 14, 2014 at 9:24 am

    တစ်သိန်းအမြန်ပြည့်အောင် ကူညီတဲ့အနေနဲ့ ၃ မှတ် ပေးလိုက်ပါတယ် … 🙂
    ဂဇက်မှာ ၄ နှစ်နီးပါး မန်ဘာဖြစ်ခဲ့သူတစ်ယောက်မို့လို့ အလင်းဆက်ကို အစကနေ အခုအချိန်အထိ အမြဲတမ်း အားပေးဖြစ်ခဲ့ပါတယ်။
    တိုးတက်မှုတွေ အများကြီးရှိခဲ့တဲ့ အလင်းဆက်တစ်ယောက် နောက်ထပ် တစ်သိန်းပေါင်း အခါခါရပြီး အတွေးအရေးတွေ ဒီ့ထက်ပိုပြီး အဆပေါင်းများစွာ ကောင်းမွန်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် …

    • alinsett (gazette)

      May 14, 2014 at 9:33 am

      တစ်သိန်းပြည့်ပြီးလည်း
      စာတွေ ဆက်ရေးပြီး ရွာထဲ ဆက်ရှိနေဦးမှာပါ

      အားပေးနေပါဦးလို့

      ကျေးဇူးပါ. . . .

      🙂

  • ခင် ခ

    May 14, 2014 at 10:36 am

    မောင်အလင်းဆက်တစ်ယောက် အကယ်ဒမီရလို့ ကျေးဇူးတင်စကားပြောတာလားလို့ အပြေးဝင်ဖတ်လိုက်တာ။
    တကယ်လည်း ဂဇက်အကယ်ဒမီရတော့မှာကိုး။
    alinsett (99928 Kyats )
    စာတွေ ကဗျာတွေ အများဆုံးရေးခဲ့ပြီး ရမည့်သူမို့ တကယ်ချီးကျူးပါတယ်ဗျာ။

    • alinsett (gazette)

      May 14, 2014 at 12:36 pm

      လေးခတို့လို အားပေးမယ့် မိတ်ဆွေတွေရှိခဲ့လို့
      စာတွေ အများကြီး ရေးဖြစ်ခဲ့တာပါ
      အဲ့ဒါကြောင့် ကျေးဇူးတင်မိတာပါ

  • kai

    May 14, 2014 at 1:18 pm

    ၁သိန်းပြည့်ပြီးရင်.. ရွာထဲ..အဲ..အဲ.. မြို့ထဲမနေတော့ပဲ.. ခပ်ခွာခွာနေသူတွေကို.. မုန်းတယ်ကွယ်..။
    ဆိုတော့…
    အဲဒီစကား..မမေ့ကြေး..။

    စကားအတင်းစပ်..
    ၁သိန်းကတော့ ချက်ခ်နဲ့တူတူထွက်သွားပြီ…။
    အဲဒါကြောင့်.. ပေးပြီပြီလို့.. ယူဆနိုင်ပါကြောင်း… :mrgreen:

    ထပ်ဆင့်စကားစပ်..
    အဲဒီ၁သိန်းကို.. ကိုရင်အလင်းဆက်ကိုဂုဏ်ပြုပြီး.. ငွေလှူနေကျရွာသားတယောက်ကလှူသွားတာ.. ဖြစ်ပါတယ်နော…

    သာဓု…သာဓု…. သာဓု…။

    • alinsett (gazette)

      May 14, 2014 at 1:34 pm

      တစ်သိန်းပြည့်ပြီးတာနဲ့ ကျနော် ရွာထဲ မဝင်တော့ဘူးလို့ ထင်ထားသူတွေ ရှိတာ သိပါတယ်။
      ဒါပေမယ့် အဲ့ဒိ အထင်တွေ လွဲပါလိမ့်မယ်။
      ကျနော့်အနေနဲ့ ဒီရွာ ဒီမြို့ကို သံယောဇဉ်ရှိပါတယ်
      အဲဒီ သံယောဇဉ်က ဖြတ်ရခက်တဲ့ သံယောဇဉ်ပါ။

      ဒီတော့ ပြီးခဲ့တဲ့ အတိတ်မှာ ကျနော် ရွာက ခွါတော့မယ်ဆိုတဲ့ စိတ်တွေ ရှိခဲ့ရင်တောင်
      အခု အတိတ်ကို အတိတ်မှာ ထားးပြီး ဆက် ရှိနေဦးမှာပါ။

      ကျနော် ဆက်လက် တင်ဖို့ရေးသားထားပြီးတဲ့ပိုစ့်တွေရှိပါတယ်။

      တချို့ယောကျာ်းတွေ ( ၃ )
      ပုံပြင်မဟုတ်တဲ့ တကယ့်ဘဝတွေ
      ဝဋ်လည်တယ်ဆိုတာလား
      မိန်းမတွေဟာ နာကျင်မှုကို ကြိုက်တာလား
      စတဲ့ စာမူတွေ အပြင်
      ကဗျာတွေလည်း ရေးထားတာ ရှိပါတယ်
      တင်ပြနေဦးမှာပါ
      ဆက်အားပေးသူတွေ ရှိနေသ၍ပေါ့။

      စကားအတင်းချုပ်ပြီး မေးပါရစေ
      တစ်သိန်းကို လှူတာ ဘယ်သူလဲ ဟင်

      သိချင်လို့ပါ

      🙂

  • kyeemite

    May 14, 2014 at 1:22 pm

    အင်း..ပွိုင့် တသိန်းတောင် ပြည့်တော့မှာပါလား…လေးစားပါတယ်

    • alinsett (gazette)

      May 14, 2014 at 1:39 pm

      ဟုတ်ကဲ့ ဦးကြီး

      အဲ့ဒီ တစ်သိန်း က ကျနော့်အတွက် အမှတ်တရပါ
      ရွာသူားတွေအားလုံးရဲ့ ပေးသော ပွိုင့်တွေရယ်
      ဟို ဂုဏ်ပြု လှူတယ်ဆိုတဲ့ မိတ်ဆွေရယ်
      ပေးသော ပိုက်ဆံတစ်သိန်းပါ။

      အမှတ်တရဖြစ်သွားအောင်
      ကျနော် အဲ့ဒိပိုက်ဆံကို မသုံးပါဘူး။

      ကျနော်ချစ်သော ဖေဖေနဲ့မေမေ ကို ကန်တော့မှာပါ။
      ကျနော့် ရဖူးတဲ့ စာမူခနဲ့ ကန်တော့တယ်လို့ မှတ်မှာပါ။
      ဖေကြီးနဲ့မေမေတို့ လိုအပ်တာတွေ ဖြည့်ပေးဖို့လို့ ရည်ရွယ်ပါတယ်

      :mrgreen:

      • kai

        May 14, 2014 at 3:24 pm

        ..တစက်ချင်း.. တပေါက်ချင်းရတဲ့ရေလို.. တပွိုင့်ချင်းစု.. စာဖတ်သူတွေစိတ်ခံစားမှုလေးတွေရှိအောင်/ရအောင်နှစ်လများစွာအားထုတ်ရတဲ့.. စာမူခကို.. မိဘကန်တော့တဲ့အကျိုးအားကြောင့်.. ဘာညာ.. ဟိုဒီဆိုပြီး..ဆုမတောင်းပေးတော့ပါဘူး..
        တိုတိုနဲ့.. လိုရင်း… သာဓုလို့ပဲ..

        ဆိုတော့..
        ရွာတော်ရှင်ဆူးမမတို့..။ မနောဖြူတို့.. အဲလိုလုပ်ဖူးတယ်မှတ်တယ်..
        ပြီးတော့.. ကြက်ပျောက်.. ငှက်ပျောက်..
        ကိုရင်ကတော့..
        အင်းလေ… မပျောက်.. ပြီးတာပဲ..။ :mrgreen:

        • alinsett (gazette)

          May 14, 2014 at 3:32 pm

          ကြက်ပျောက် ငှက်ပျောက် မပျောက်ပါဘူး။
          ဟင်္သာပျောက် ပျောက်ရကောင်းမလား
          လူပျောက် ပျောက်ရကောင်းမလား
          အို ရှုပ်ပါတယ်
          ဘာပျောက်မှ မပျောက်စေရ
          မပျောက်သ၍ မပျောက်ဘူးလို့ အာမခံတယ်
          :mrgreen:

  • Kaung Kin Pyar

    May 14, 2014 at 2:49 pm

    ကိုအလင်းစက်က တကယ်တော်တဲ့ စာရေးသူမို့ အရင်ကတည်းက အားပေးနေတာပါ…။
    ဟိုတစ်သိန်းလဲ ချက်ကြီးနဲ့အတူထွက်သွားပြီကြားလို့ ဝမ်းသာပါတယ်…
    မိဘတွေကို ကန်တော့မယ်ဆိုလို့လဲ သာဓုခေါ်ပါတယ်…လို့…..
    ဖဘမှာလဲ အောင်ရဲလင်း ခရီးထွက်နေသည်ပုံတွေကို တွေ့တွေ့နေရလို့ ဒီလူခရီးတွေ ထွက်ထွက်ပြီး အတော်လူဖြစ်ကျိုးနပ်နေသည်လို့ မနာလို ဖြစ်မိနေပါကြောင်းးးးးးးးး

    • alinsett (gazette)

      May 14, 2014 at 3:22 pm

      အားပေးနေတဲ့အတွက်
      ကျေးဇူးပါခင်ဗျ

      ခရီးတွေပဲ ထွက်ချင်နေတာ

      :mrgreen:

  • အင်း တစ် သိန်း ရ သူ တစ ်ယောက် ထပ ်တိုး ပြီ ပေါ့

    ကောင်း လေ စွ

    နောက် မှာ တန်း စီ နေ သူ တွေ လဲ အများ ကြီး နော်

  • TNA

    May 14, 2014 at 6:09 pm

    ဒညင်းခွက် အဲ အလင်းဆက် အွဲ့ ဆက်ပန်ထုံ နီ ပွိုင့်တသိန်းပြည့်အောင် ကျေးဇူးတင်ပလိုက်တာမှုတ်လား။ ခုပြည့်ဘီ နာ့ဂိုမုန့်ကျွေး

    • alinsett (gazette)

      May 14, 2014 at 6:28 pm

      ဟုတ်ပါဘူးဂျာ
      ပွိုင့်တစ်သိန်းပြည့်ဖို့ နှစ်ရာကျော်လောက်လိုဒါလေးမျန်း
      တင်စရာပိုစ့်တွေ တန်းကိုစီ လို့
      အာ့တွေ မတင်သေးပဲ
      ကျေးဇူးတင်စကားလေး ကျကျနန ပြောချင်လာလို့ပါ
      🙂

      ဆက်ပန်ထုံ တဲ့လား

      တိန် တိန်
      နှစ်ခါတိန်

      :mrgreen:

  • Mr. MarGa

    May 14, 2014 at 6:33 pm

    Comment ရေးခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပျော်ရွှင်မိပါတယ်ဗျာ
    အခုလို comment ရေးဖို ့ လွန်ခဲ့တဲ့ တနှစ်လောက်ထဲက အိပ်မက်မက်ခဲ့ရတာပါ
    အခုုလို ရေးခွင့်ရတဲ့အတွက် ဘုရားနှင့်တကွ သိကြားမင်း ဗြဟ္မာမင်း နတ်မြတ်နတ်ကောင်း သူတော်ကောင်းအပေါင်းတို ့ကို အရင် ဆုံးကျေးဇူးတင်စကားပြောချင်ပါတယ်
    နောက်ပြီး ကျွန်တော့ကို လူ ့လောက ထဲ မွေးထုတ်ပေးခဲ့တဲ့ ကျေးဇူးရှင်မိဘ နှစ်ပါးကိုလဲ ကျေးဇူးတင်ပါတယ်
    နောက်ပြီးတော့ ကျွန်တော့ကို ပညာသင်ကြားပေးခဲ့တဲ့ ဆရာများ အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်သူငယ်တန်းကျလို ့ ထမီကန်တော့ပီး ၁ တန်းတင်ပေးခဲ့တဲ့ ဆရာမ ( ချောချောလေး ငိငိ ) ကိုလဲ ကျေးဇူးတင်ပါတယ်
    အထူးသဖြင့် ညနေတိုင်း BE နှစ်ပိုင်း လိုက်လိုက်တိုက်တဲ့ ဦးတုတ်ကြီး ကိုလဲ ကျေးဇူးတင်ပါတယ် ပြီးတော့ ကျတော် ညညလိုက်ကြောင်တဲ့ ပါးရိုက်ရိုက်လွှတ်တဲ့ ကောင်မလေးကိုလဲ ကျေးဇူးတင်ပါတယ် ( အာပွားး ဟီဟိ )
    ထမင်းစားတိုင်းလိုက်လိုက် တောင်းတတ်တဲ့ အိမ်က ခွေးလေး ပိုက်ဆံချေးပြီး ပြန်မဆပ်ရင် အိမ်ရှေ ့က လာလာအော်တတ်တဲ့ ဒေါ်ဘုမ အလှူအိမ်မှာ ဖိနပ်ခိုးတုန်းက တွေ ့ရဲ ့သားနဲ ့ မအော်ပဲ ရှယ်ယာ တောင်းတဲ့ ကိုသံချောင်း လမ်းထိပ် အကြော်ဆိုင်က အကြော်အကြေတွေ ကျွေးတဲ့ မတင်ရွှေ ( သူ ့ညီမလေးက ရှစ်စရာလေး ငိငိ ) ကားခမရှိတော့လို ့ ပြောစီးတာကို လူကြားထဲ အကျယ်ကြီး အော်တဲ့ ၄၈ စပယ်ယာ ကိုရှည်ကြီး ( နာမည်ရင်းမေ့ ) နှင့် ဝိတ်ရုံက အလေးတွေ ခိုးခိုး ထုတ်ပေးတဲ့ ကိုဗလ တို ့ကို အထူးကျေးဇူးတင်ရှိကြောင်းဒီနေရာကနေ လှိုက်လှိုက်လဲလဲ ပြောကြားအပ်ပါတယ် ခင်ဗျာ !!
    ခဏလောက်ဗျ မဟုတ်သေးဘူး အဖြစ်အပျက်က ဒီလို ကိုတုတ်နဲ့မမြ ရွာမှာ သတ်ပုတ်ကြရင်း ကိုရင် ဝင်ဆွဲတာ သတင်းကြီးခဲ့သေးတယ်လေ ပျော်စေပျက်စေဆိုပြီး နွားဝင်ခွေ့တာ အရှက်ကိုကွဲရော အရက်လေးပါမှနေကောင်းတဲ့ ကျော်မောင်တစ်ယောက် လမ်းဘေးမှာ ကိုယ်တုံးလုံးကြီးလေ မြို့တက်လာတဲ့ အေးစိန်မ တစ်ယောက်ကလည်း ပိုက်ဆံရှာရင်း အကသင်ဖြစ်သွားတယ်လေ ဘထက် ဘထက်နဲ့ ရွာသူဌေးလေ အော် ချောလာလိုက်တာဗျာ ဆီတောင်သုတ်ထားရမလားပဲ ပျော်တာတော့ ပျော်တာပေါ့ စာကလည်း မလုပ်ဖြစ် စာမေးပွဲကလည်းကျ စိတ်ကလည်းညစ်နဲ့ ဝီစကီ ထိုင်သောက်တာ မူးလဲကွဲပြဲပါလေရော အော်မေ့နေတာ ချစ်ရသူလေး မခင်ရွှေလေ ရွှေရောင်းတာ အလိမ်ခံလိုက်ရလို့စီးပွားပျက်သွားတယ်ဗျာ သူ့အတွက်စိတ်မကောင်းရင်း ရည်းစားထားတာ ခုဆို သက်စေ့ရှိတော့မယ် ရှုပ်တာလည်းမဟုတ်ပါဘူး မွေးကတည်းကိုက ချစ်တတ်လာတာပါ ပြောရင်းဆိုရင်း ဦးရှင်ကြီးတင်ဖို့လူလိုနေတာ မြို့က အပြန် သက်ဆိုင်ရာနဲ့တစ်ဆင့် ခေါ်လာပေါ့ ဘောကန်တဲ့ မြောက်ဘက်ရွာက နေမိုးလေ ခြေကျိုးပြီးသဝေထိုးနေတာ ရွှေအိုးတောင်တွေ့တယ်ဆိုပဲ သာယာတယ်မဟုတ်ပေမဲ့ ပျော်စေချင်တာ်သူများကို အဲ့တော့လည်း အမှိုက်လိုက်ကောက်ပေးတယ်လေ ကိုသာအေးကြီးရာလွမ်းလိုက်တာဗျာ ဗလကောင်းကောင်းဇရှိတုန်း ပြောရမယ်ဆိုနီနီခင်ဇော်တို့လိုဟဲနိုင်တုန်း လုပ်ထားဗျ အလုပ်ပြောပါတယ် နန်းခင်ဇေယျာ မကြာခင် ကားလာရိုက်မယ်ကြားတယ် မြန်မြန်တော့လာပေါ့ဗျာ တရုတ်ခေါင်းဆောင်ဆီက လက်မှတ်လည်းယူခဲ့ပေါ့ မီးရောင်စုံလင်းနေတဲ့ ရွာလေးမှ ကြိုဆိုနေသော မောင်သာခဲ

    နာလဲ ကျေးဇူးတင်စကား လမ်းကြုံဝင်ပြောတာ :mrgreenn:
    (ကျွန်တော်ဆိုပြီးဖြစ်ကတည်းက အပြောနည်းခဲ့တော့လည်း ခုဆို cmt တောင်ရှည်ရှည်မရေးနိုင်ဘူးဗျာ နားလည်မယ်ထင်ပါတယ် တိုလွန်းသွားရင် အနူးအညွတ်တောင်းပန်ပါတယ်နော် :P)

    _____
    😛 😛 😛 😛

    • lu lu

      May 14, 2014 at 6:55 pm

      ဒီ comment ဖတ်လိုက်တာပို ့စ်တစ်ပုဒ် ကို ဖတ်နေတယ် လို ့
      တောင် ထင် သွားတယ် ဦးMr.MarGa ရေ ကိုဆက်လိုပဲ ဒါကိုခွဲထုတ်ပြီး
      တင် ထိုက်သူအားလုံးကို တင် ပါတယ်ဆိုပြီး ပွိုင့် တွေကိုသိမ်းပိုက်ယူတာဟုတ်ဘူး
      😀
      ဟီးဟီး ရန်တိုက်ပေးလိုက်ပြီ
      :mrgreen:

    • alinsett (gazette)

      May 14, 2014 at 7:33 pm

      သဂျား… နိ ကွန်မန့်ဖတ်ရတာ..ရေတောင် ငတ်လာတယ်..
      မောလိုက်တာကွာ..
      ဘာတွေ ရေးထားတာလဲ…
      ဆေးမှန်မှန် မသောက်ဘူးလား ။

      ဘာပဲဖြစ်ဖြစ်..နီ လည်း..နာ ့အတွက် ကျေးဇူးတင်ထိုက်သူတစ်ယောက်ပါ…
      🙂

  • ko six

    May 14, 2014 at 6:37 pm

    ​ရော​ရောင်​ပြီး​ကျေးဇူးအတင်​ခံလိုက်​ရခြင်​းအတွက်​ ဒိီကလည်​းဘယ်​လိုကျးဇူး​တင်​ရပါ့

    • alinsett (gazette)

      May 14, 2014 at 7:41 pm

      အပြန်အလှန် ကျေးဇူးတွေ တင်ကြစို ့ပေါ့…
      ကိုစစ်ရဲ ့ကဗျာတွေကလည်း.. ကျနော့်အတွက် အတွေးသစ်တွေ..ရသခံစားမှုတွေ..ရစေပါတယ်..
      :kwi:
      အဲဒီအတွက်..
      ကျေးဇူးပါ…

  • padonmar

    May 14, 2014 at 9:01 pm

    တသိန်းပြည့်သွားပြီ၊
    ဒေါ်ဖွားမေ အကြော်ကျွေးပါ။
    ကျေးဇူးတင်ပါမည်.

    • alinsett (gazette)

      May 14, 2014 at 9:05 pm

      ဒေါ်ဖွားမေ နဲ ့ ခေါ်တော့ဘူး..
      ဦးကြောင်ကို ပေးလိုက်ပြီ…

      :mrgreen:

  • ဝင့်ပြုံးမြင့်

    May 15, 2014 at 12:32 am

    ရောမ ရောက်ရင် ရောမလိုကျင့်ရတာပေါ့နော်။ ဘိရုမာနဲ့ဆိုရင် ဘိရုမာလိုကျင့်သင့်တာပေါ့နော်။
    ဘိရုမာမှာ အခုဆိုရင် နေ့ပြန်တိုးက ၁၅ကျပ်တိုးတောင်လေ။ လတိုးက ၆၀%တဲ့။ သဂျီးတော့ ရင်တုန်ပန်းတုန်ဖြစ်ရင် လျက်ဆားလျက်ပေးပါ။

  • ကေဇီ

    May 15, 2014 at 7:52 am

    နာ့ ကို ရော ကျေးဇူးမတင်ဘူးလားးး
    ကလေးတွေ စိတ်ခံစားချက်ကို နားမလည်ပါးမလည် ဂလောက် ဆူဆူပူပူ လုပ်နေတာကိုလေ။

    :mrgreen:

    • alinsett (gazette)

      May 15, 2014 at 10:39 am

      ကျေးဇူးတင်တဲ့အထဲ ဒို ့မမဂျီးလည်း ပါတာပေါ့
      ကျနော် အလွမ်းရေးရင် အားရပါးရ လိုက်လွမ်းပေး
      ရီစရာဆိုလည်း ရီပေး
      ကျေးဇူးတင်စရာတွေမှ အများကြီးရယ်

      😆

  • Crystalline

    May 15, 2014 at 2:38 pm

    ယွာဝဲလ်ကမ်း.. :mrgreenn:

Leave a Reply