ကျနော် ညွှန်းဆိုပြချင်သော ပိုစ့်များ..( ၃ )

alinsettMay 14, 20147min22519

သူရ ညွှန်းသောပိုစ့်များထဲက

သင်….  မဖတ်ရသေးတာ /

ဖတ်ချင်မိတာ / ဖတ်ပြီးပေမယ့် ပြန် ဖတ်ချင်တာတွေ ့ရင်  ဖတ်ပေးပါ… လို ့… ။

တကယ်လို ့….

သူရ ညွှန်းပြတာက သင့် အတွက် ဖတ်ပြီးသားဖြစ်နေမယ် ….

ဖတ်ချင်စိတ်မရှိ ဖြစ်နေမယ်ဆိုလည်း ပြဿနာမရှိပါဘူး။

ဝင်ကြည့်ပေးတာ ကျေးဇူးတင်ပါတယ်။

မဖတ်ရသေးသူတွေအတွက် . . .

ဖတ်စေချင်လို့ . . .

(သူရဆိုတဲ့ ချာတိတ်တစ်ယောက်) ညွှန်းပြတဲ့ ပိုစ့်တွေ ပါပဲ ။

————————————————————————————————————————————–

 

ကဗျာဆိုတာ

 

Posted by ခင် ခ on May 6, 2014

—————————————-

 

ဒါကတော့ ကဗျာတစ်ပုဒ်ပါ ။
ကဗျာဆိုတာ ဘာလဲဆိုတဲ့မေးခွန်းကို ဖြေထားတဲ့ ကဗျာ လို့ ပြောရပါလိမ့်မယ် ။

ဖြေသူကတော့ နည်းနည်းထူးခြားပါတယ် ။

လက်ရှိ နိုင်ငံရေးလောကမှာ လူပြောသူပြောများနေတဲ့
အမေစု သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည် ဖြေထားးတာပါ။
လောကဟာ …ပုစ္ဆာတစ်ပုဒ် ဆိုပါစို့။
ကဗျာဟာ အဖြေတစ်ခုပါ။
အမေးနဲ့အဖြေ အံဝင်ခွင်ကျ ဖြစ်သလား. . .
မဖြစ်ဘူးလား ဆိုတာ
ဖတ်ကြည့် တွက်ကြည့်ကြပါဦး။
ထူးခြားတဲ့ ရေးသူတစ်ယောက်ရဲ့
ထူးခြားတဲ့ရေးဟန်. . .စာသားလေးတွေကို
ရွာထဲ သယ်ဆောင်လာပြီး
ဝေမျှ တင်ပြပေးသူကတော့
ဦးခင်ခ ပါ။

မဖတ်လိုက်ရ မရှိလေအောင်ပေါ့။

ကဗျာဆိုတာ….

https://myanmargazette.net/197237

 

—————————————————————————————————————————–

ဆက်ဆက်ပြောတဲ့ သူ့ချစ်သူအကြောင်း – ၁

Posted by on May 5, 2014

 

 

သူတို့ ခုလိုအိမ်ထောင်ရေး ပြဿနာတွေ ဖြစ်နေကြတာ စိတ်မကောင်းဖြစ်ပေမယ့် တရားဝင် ကွာရှင်းပြီးမှ စေ့စပ်ကြောင်းလမ်းဖို့ လက်ခံခဲ့တာ အ မှန်ပါ။

သူတို့ ကွာရှင်းပြတ်စဲတဲ့ကိစ္စမှာလည်း ဆက်ဆက် ရဲ့ ဆန္ဒရော တိုက်တွန်းမှုရော လုံးဝမပါခဲ့ပါဘူး။

ဆက်ဆက် က ကို မာဃ နဲ့ လုံးဝမသိခင်ကတည်းက ကိုယ့်ပညာနဲ့ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နေနိုင်တဲ့ ဗုဒ္ဓဘာသာ

မြန်မာဂျော်လကီ တစ်ယောက် ဖြစ်ပါတယ်။ လူပျိုလူ လွတ်ရဖို့ ခက်ခဲတဲ့သူလည်း မဟုတ်ပါဘူး(ဟိုကချင် နုထွားကြီးကို ညွှန်းချင်ဟန်ရှိ)။

ဆက်ဆက် ဘယ် တော့မှလဲ သူများအိမ်ထောင်ဖြိုခွင်းမယ့် ဂျော်လကီ မဟုတ် သလို ဘာကြောင့်မှလဲ

သူများအိမ်ထောင်ရေး မျက်စောင်း ထိုးမယ့် ဂျီမျိုးလည်း မဟုတ်ပါဘူး။ 

ကိုမာဃကျော်ကို လူလွတ်တစ်ယောက်ဖြစ် ကြောင်းကို လက်ခံနိုင်လောက်တဲ့ သက်သေအထောက် အထားနဲ့

ယုံကြည်အောင်ရှင်းပြထားနိုင်လို့ ဆက်ဆက် လက် ခံခဲ့တာပါ။ ဒီလိုမျိုး အမှန်တရားကို

 သိပြီးဖြစ်တဲ့ ပရိသတ် တွေရော အမှန်တရားမသိသေးတဲ့ ပရိသတ်တွေရော …..

 

 

ဒါကြီး ညွှန်းရတာ မျက်နှာတော့အပူသားး။
ပူဆို တဆက်ဆက်တည်း ဆက်ထားလိုက်တာ …ကိုယ်လည်း ဘယ်ဘဝတွေ ရောက်လို့ရောက်မှန်းမသိတော့ဘူး။

ဒါကြီးဖတ်လိုက်
တခွိခွိ ရီလိုက်

အတော့်ကို အနောက် သန်တဲ့ ဂီ လို့ ပြောမိလိုက်. . .
အဲဒီလို ဖြစ်အောင် ရေးထားတဲ့သတင်းတစ်ပုဒ်ပါ။

လက်တလော သတင်းကြီးနေတဲ့ မင်းသမီးရဲ့ ဝက်ဝက်ကွဲ အိမ်ထောင်ရေးကို သရော်မတော်တရော် ရေးပြထားတာပါ။
သတင်းပုလင်းးရဲ့ အကွဲအရှကိစ္စကို မေ့ပြီး ရေးဟန်ဟာသအနှောထဲ ပေါလောမျောသွားအောင် ရေးထားပါတယ်။

ရွာထဲက အလင်းဆက်ဆိုတဲ့ အောင်ရဲလင်းထက်တောင် အောင်ရဲလင်းနဲ့ ပိုတူသော ကောင်ချောလေး ရဲ ့နာမည်ကို အရင်း ဆွတ် ခေါ်ပြီး ရေးထားတာပါ ။

တကယ်ပဲ အလင်းဆက်ရဲ့ အခန့်အချောကို
ဂီဂီက သဘောကျ စွဲလန်းပြီးး . . သူ ့ ပိုစ့်ထဲ ထည့်ရေးတာပါ။
ညှုတယ်ပေါ့ဗျာ။

ဂီဆ်ိုတဲ့ အဖွားဂျီး   ….သတင်းပုလင်းကို ခုထိုင်ပြီး….. အဲအဲ ခုတုံး လုပ်ပြီး
အလက်ဆင်းကို တစ်သက်မငြင်းချင်လွန်းလို့
ညှုတုတု ဂလုဂလုလိုက်ပုံက
. . . .
ရီရတယ်ဗျ။
မဖတ်ရသေးရင် သွားဖတ်ကြည့်ဦးနော့. . .

https://myanmargazette.net/197157 ဆက်ဆက်ပြောတဲ့ သူ့ချစ်သူအကြောင်း – ၁

 

—————————————————————————————————————————

 

မြန်မာစာ မြန်မာစကား မြန်မာမူးလဲ

 

Posted by moonpoem on May 5, 2014

 

ဒီအတိုင်းဆို ရန်ကုန်ရောက်ရောက်ချင်း မြန်မာစာတမ်းထိုးစက်ဝယ်လို့
မဖြစ်သေးပါဘူး။

အခန်းကျဉ်းတော့ ရှောင်စရာ တိမ်းစရာနေရာလွတ်လေးရှာပြီးမှ ဝယ်တော့မလားလို့ပါ။

 

မြန်မာစကား မြန်မာစာရဲ့ အထွေထွေအပြားပြား ဝေါးဝါးနိုင်မှုကို ရှည်ရှည်လျားလျား မရေးပဲ
တိုတိုတုတ်တုတ်နဲ့ သရော်ထားတဲ့ စာမူလေးပါ ။

လိုရင်းကို တိုတိုရှင်းပြီးရေးထားတဲ့ ရေးဟန်ကျစ်ကျစ်လေးက
အရောက် ပို ့ ပါတယ် ။

ဘယ်ထိရောက်သွားလဲဆိုတဲ့
ပို့ချက်ကို . . .
မဖတ်ရသေးသူများ ဖတ်ကြည့်ကြပါဦးခင်ဗျ ။

https://myanmargazette.net/197155 မြန်မာစာ မြန်မာစကား မြန်မာမူးလဲ

 

 

————————————————————————————————————————————-

 

Falling In Love

 

Posted by Kaung Kin Pyar on Apr 18, 2014

 

ကျွန်မသိခဲ့တဲ့အသိမှာ သူဟာ ချွင်းချက်တစ်ခု ဖြစ်တယ်…။

ကိုယ်ချစ်တဲ့သူရဲ့ ဘေးမှာ နေခွင့်ရတဲ့ လက်ထပ်ခွင့်ရတဲ့သူတွေကို ကျွန်မ သိပ်အားကျတာပဲ….။ ကျွန်မလဲ ဖြစ်ချင်ပါတယ်…။ ဒါပေမယ့်လေ…

ကျွန်မ ချစ်တတ်သွားအောင် သူသင်ပေးခဲ့တာလေးတစ်ခုနဲ့တင်…ကျွန်မ သူ့ကို သိပ်ကျေးဇူးတင်တာပဲ………။………..။

 

 

ဂျူးရဲ့ နာမည်ကြီး ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့
အမှတ်တရ ဆိုတဲ့စာအုပ်ကို တော်တော်များများ ဖတ်ဖူးကြမှာပါ။

အဲဒီ ဝတ္ထုထဲက အဆုံးသတ်စာပိုဒ်ကလေးမှာ ဖတ်သူအားလုံး နှလုံးသားငိုက်စိုက်ကျ
ဟာခနဲ ဖြစ်သွား ခံစားသွားရသလိုမျိုးးလေး လေ။။။။။
အခု . . .
ရွာသူတစ်ယောက်ရေးတဲ့ စာတစ်ပုဒ်ကို ဖတ်ပြီး ခံစားကြည့်ပါဦးလား။

အခု ကျွန်တော် ညွှန်းတဲ့ ပိုစ့်ထဲက အဆုံးသတ်စာသားလေးအထိ ရောက်အောင်ဖတ်သွားကြည့်။
ထိတယ်ဗျ ။

ဘယ်လောက်ထိလဲဆိုရင်
ကျွန်တော်ရယ် ရွာသားညိုညစ်ညစ်အသားအရေနဲ့ ကောင်လေးတစ်ယောက်ရယ်ဆိုအဲဒီ ပိုစ့်အကြောင်း တခုတ်တရ ပြောဖြစ်တယ်ဗျ။

အဲဒီပိုစ့်ကို ဖတ်ပြီး အဲဒီရွာသားလေးက ပြောတယ်….

ထိတယ်ဗျာ တဲ့။
သူ လို လူတစ်ယောက်တောင် ထိတယ်ဆိုတော့
အင်းးးဒီပိုစ့် ပေါ့သေးသေး မဟုတ်ဘူး လို့တွေးရပြီ။

တကယ်လည်း ဟုတ်တယ်ဗျ။
အဲဒီပိုစ့်တင်တုန်းကလည်း အချိန်တော်တော်ကြာ လူပြောများခဲ့တာ။
ကဲ ပြောနေကြာတယ်။
ဘာ ထိတာလဲ
ဘယ်လိုထိတာလဲ ဆိုတာ
မဖတ်ရသေးရင် ဖတ်လိုက်ပါဦး။
ဖတ်ပြီးရင်လည်း အဲဒီပိုစ့်ထဲက comment တွေ ဖတ်ပြီး
အဲဒီ ပိုစ့်ထဲက သူ ဆိုတာဟာ ဘယ်သူလဲ လို ့  တွေးကြည့်ဦးနော်. . .
(သေချာတာတော့  ဒီပိုစ့်လေး နောက်ကွယ်မှာ ဇာတ်လမ်းလေးတစ်ပုဒ် ရှိနေသေးတယ်)

:mrgreen:

 

https://myanmargazette.net/196233 Falling In Love

 

————————————————————————————————————————

 

ငရဲကြီးသလော၊ မကြီးသလော

Posted by Dr. Yi (ဆေး ၁) on May 4, 2014

 

ထို့ကြောင့် ငရဲကြီးသလော၊ မကြီးသလောဟု စဉ်းစားတွေးတော မနေရအောင်၊……..

 

 

သူတပါးအသက်ကို သတ်ခြင်းနဲ့ ပက်သက်ပြီး ငရဲကြီးနိုင်ခြင်း မကြီးနိုင်ခြင်း အချက်တွေကို
ရေးပြထားတဲ့ပိုစ့်ပါ ။

ရွာထဲက မန်ဘာအသစ်တစ်ယောက်ရဲ့ ပထမဆုံးပိုစ့်ပါ။

ဒါပေမယ့် ဝါရင့် စာရေးသူတစ်ယောက်လိုပဲ အရေးကောင်းလှပါတယ်။

သူပြောချင်တာကို ရှင်းခနဲ လင်းခနဲ မြင်အောင် ရေးပြသွားပါတယ် ။

နောက်ဆက်တွဲအဖြစ် ဆွေးနွေးစရာတွေ ဝင်လာပါတယ် ။
ပိုစ့်ကို ဖတ်ပြီးရုံနဲ့ မရပ်ပဲ comment တွေကိုပါ ဖတ်ရမှာပါ။

comment တွေ…တော်တော် ဖတ်လို ့ကောင်းပါတယ်…

ဘာပဲပြောပြော
ဒီရွာထဲမှာ ဒီလို ”ပိုစ့်အမာတွေ”
ဖတ်ရတာ ကျေနပ်စရာကောင်းပါတယ် ။

မဖတ်မိသူများ ဖတ်မိစေဖို့ ”ပိုစ့်အမာ” ”ပိုစ့်အကျစ်” တစ်ပုဒ်ကို ညွှန်းလိုက်ပါတယ်။

 

https://myanmargazette.net/197126 ငရဲကြီးသလော၊ မကြီးသလော

 

—————————————————————————————————————————

 

ဝှက်ထားတဲ့ လက်သည်း

 

Posted by on Apr 20, 2014

သတင်းဂျာနယ်တွေမှာ ကျွန်တော်သတင်းတွေ ပလူပျံနေတယ်။ ပြီးတော့ မေဇော်ဖြူ သတင်း။ ဓါတ်ပုံတွေ ဝေဝေဆာဆာနဲ့ အကယ်ဒမီမင်းသမီး တစ်လက်ရဲ့အမေး စူပါမင်းသားတစ်လက်ရဲ့ အဖြေဆိုပြီး ရေးထားကြတာများ ဂျာနယ် ခေါင်းကြီးပိုင်းတွေမှာ။

ပြီးတော့ အင်တာနက် Website တွေမှာရော Facebook တွေမှာပါ ကျော်ကျော်လတ် ဆိုတဲ့ ကျွန်တော်သတင်းတွေပွနေတယ်။

မေဇော်ဖြူထိုးပြခဲ့တဲ့ ဝတ်လစ်စလစ်ဓါတ်ပုံတွေအပြင် ဗွီဒီယိုင်ဖိုင်တစ်ခုကလည်း Sharing လုပ်ကြသူပေါင်း များစွာ။ မေဇော်ဖြူကို ကျွန်တော်တစ်ခုချီးကျုးချင်တယ်။

တောင်ကမ်းပါးစွန်းက မြင်ကွင်းကို ကင်မရာမန်းတစ်ယောက်ကို ငှားပြီး ဘယ်အချိန်ကမှတ်တမ်းတင်ခိုင်းခဲ့သလဲဆိုတာ ကျွန်တော်မသိလိုက်တာပဲ။

ဒီမှာ…………………………………..

 

(၉)

“ မိန်းမတွေမှာ ဝှက်ထားတဲ့လက်သည်းတွေအများကြီးရှိတယ်

တစ်ခါတစ်ရံမှာ ကိုယ့်အရှက်နဲ့သိက္ခာကိုချနင်းပြီး ထုတ်သုံးရတဲ့လက်သည်းက ပိုချွန်မြရတယ်။”

………………………………

 

ရသနဲ့ ပက်သက်ပြီး အရေးအသားပါးနပ်တယ် ညက်ညောတယ်လို့ အသိအမှတ်အပြုခံထားရတဲ့ ကျွန်တော်တို့ ရွာသားစာရေးဆရာ
ကိုသော်ဇင် ရဲ့ စာပေဖန်တီးမှု လက်ရာတစ်ခုပါ။

ကိုသော်ဇင်ရဲ့ ရေးနေကျ ဟန်ထဲက မသိမသာလေးခွဲထွက်ထားပြီး

ဇာတ်လမ်း ဇာတ်အိမ်သာမန်ကိုမှ တင်ပြပုံ ခပ်ဆန်းဆန်းလေးနဲ့ ပြသွားတဲ့ ပြကွက်တွေ လို့ ပြောရပါလိမ့်မယ် ။

ဒီဝတ္ထုကို ဖတ်ရတာ ဘာနဲ့ တူသလဲဆိုတော့. . .
မောင်မျိုးမင်း(ရင်တွင်းဖြစ်) တို့ ညိုမင်းလွင်တို့ ရိုက်တဲ့ ဇာတ်ကားလေးတွေထဲက တစ်ကား ကြည့်နေရသလိုပါပဲ။

ဇာတ်ကွက်တွေ တစ်ကွက်ချင်း
စကားပြောတွေတစ်ကြောင်းချင်း ဖတ်နေရင်းနဲ့ကို  ကိုယ့်မျက်စိရှေ ့မှာ ဖြစ်ပျက်ပြနေသလိုကို ခံစားရစေပါတယ် ။

ဇာတ်လမ်း နဲ့ ပေးချင်တဲ့ အချက်အလက် ကိုတော့ ကျွန်တော် ဝှက်ထားပါ့မယ် ။
(မဖတ်ရသေးသူများ )
သွားဖတ်ကြည့်ကြပါဦး။

ဟုတ်ကဲ့ မြန်မာစာရေးဆရာတစ်ယောက်ရေးတဲ့ မြန်မာဇာတ်လမ်းတစ်ပုဒ်ပါ ။

https://myanmargazette.net/196370 ဝှက်ထားတဲ့ လက်သည်း

 

———————————————————————————————————————————————

 

ရွာ့အရေး အဆက်

Posted by on May 5, 2014

 

အမျိုးသမီးကို တန်ဖိုးထားပါတယ်ဆိုတဲ့  မြန်မာပြည်မှာ  တစ်လင်တစ်မယားဥပဒေထက် ပိုကောင်းတဲ့ ဥပဒေများ ရှိနေသလား။ တစ်လင်တစ်မယားထက် ပိုကောင်းတဲ့ ဥပဒေများ ရှိနေတဲ့အတွက်  တစ်လင်တစ်မယား ဥပဒေ မလိုအပ်တော့တာလား။

အိမ်ထောင်သည် မိန်းမတစ်ယောက်ဟာ ကိုုယ့်ယောက်ျား  အပြင်မှာ အပျော်အပါး ရှာပြီဆိုရင်  မသိလိုက်ဘူးဆိုတာ ရှားပါတယ်။

မသိဘူးဆိုတာ ရှိကိုမရှိတာ။ မသိချင်ယောင် ဆောင်နေတာပဲ ရှိတယ်။ 

ကိုယ့်ယောကျာ်းကိုယ် ခွင့်လွှတ်ထားပေးပြီး  မိမိအိမ်ထောင် ခိုင်မြဲဖို့အတွက်ကိုပဲ အာရုံရှိတာပါ။  ဘယ်မိန်းမမှ အရူးမဟုတ်ဘူး။

ဒါပေမယ့်  ကိုယ့်ယောက်ျားက ကိုယ့်ကို ကြောက်ကြောက်ရွံ့ရွံ့နဲ့  သူ့ဟာသူ အပြင်မှာ အပျော်ရှာတဲ့အဆင့်မကတော့ဘူး၊  ကိုယ့်မာနကို ရိုက်ချိုးတော့မယ်၊

ကိုယ့်အနေအထားကို မြောင်းထဲလွှင့်ပစ်တော့မယ်ဆိုရင်  ဘယ်မိန်းမမှ သီးခံနိုင်စွမ်းရှိမှာမဟုတ်ဘူး။

မယားကြီးငုတ်တုတ်ရှိနေရက်နဲ့  သူက မင်္ဂလာဆောင်ပြတော့မယ်ဆိုရင်  ကိုယ်ဘာဖြစ်သွားမလဲ။

မြန်မာပြည်မှာသာ  အမျိုးသမီးတစ်ယောက် ဒီလောက်စော်ကားခံရတဲ့အဖြစ်မျိုး ရှိတယ်။…..

 

 

ဆွဲထုတ်ပြသွားတာလေး လှလို့ပါ။
ဆရာမဝင့်ပြုံးမြင့်ကလည်း ဟိုမင်းသမီးတို့ကိစ္စမှာ အကွက်လှလှလေးတစ်ကွက် ရွှေ ့သွားတာကို လှစ်ခနဲ မြင်ပြီး
နောက်ထပ်  အတွေးလှလှလေးနဲ့ ပြန်ပြောပြထားတာပါ။

ပိုစ့်ရဲ့ ရည်ရွယ်ချက်နဲ့ စေတနာကတော့ သာမန်မဟုတ်တဲ့ အကြီးစားပါ။

စဉ်းစားစရာ ဆွေးနွေးကြစရာပါပဲ။

((တစ်လင်တစ်မယားစနစ်ဟာ မြန်မာအမျိုးသမီးတွေရဲ့ အိမ်ထောင်ရေးနဲ့ ဂုဏ်သိက္ခာကို ထိပါးမခံရအောင် ကာကွယ် ပေးနိုင်လိမ့်မယ်လို ့ မျှော်လင့်ရပါတယ် ။
(တိတိကျကျပြဌာန်းကြည့် လိုက်ရင်တော့ အဲဒီ ဥပဒေရဲ့ အကျိုးနဲ့ အပြစ်တွေကို လက်တွေ ့ သိရမယ်ပေါ့။ ) ))

အဲဒီလို ကိစ္စကို ဆွေနွေးပြထားတဲ့ ပိုစ့်ပါ။
မဖတ်မိလိုက်ရ မရှိလေအောင် ညွှန်းရမယ့် ပိုစ့်တစ်ပုဒ်ပါ။

https://myanmargazette.net/197147 ရွာ့အရေး အဆက်

 

———————————————————————————————————————————————

 ကျနော် .. ငါးသမား ..

Posted by on Apr 25, 2014

 

ဒါက တော့ ရွှေငါးလောကမှာ ဘုရင် တဆူလို့ သတ်မှတ်လို့ ရတဲ့ အော်ရင်ဒါမျိုးစိတ်ပါ…

အမြီးအတောင် ရှည်လား ရှည်ရဲ့ ..ဗိုက်ပူလား ပူရဲ့ ..အတောင်အလက် လှလား လှရဲ့ ….ထူးခြားတာက ခေါင်းမှာ ဂျယ်လီ လို အမောက်ရှိနေခြင်းပါ…

သိပ် ချစ်ဖို့ကောင်းတဲ့ ငါးမျိုးတွေပေါ့ … မျိုးရင်း သိပ်ကောင်းရင် ခေါင်းသာမက ..မျက်ခုံးတွေပါ…အဖတ်အဖတ်နဲ့ အင်မတန်လှတာကလား

ပြီးပြည့်စုံတဲ့ ရွှေငါး ဆိုတာ ဒါမျိုးကွ …လို့ ပြောရမယ့် အဆင့်ငါးတွေပါ …အကြမ်းခံနိုင်တာ …ဈေး နှုန်းနဲ့ …သားပေါက်တာမှာရော ..

ရွှေငါးရွာထဲမတော့ အလယ်အလတ်တမ်း ရှိသမို့ …common အဖြစ်ဆုံး ဆြာတွေ လို့ တင်စားချင်ပါရဲ့. ….

 

000

ငါးမွေးမြူခြင်းအကြောင်းကို
စိတ်ဝင်စားဖွယ်ရာဖြစ်အောင် ရိုးရိုးရှင်းရှင်း ပြောပြထားတဲ့ ပိုစ့်လေးပါ။

သိုင်းသိုင်းဝိုင်းဝိုင်းနဲ့ အတော်လေး ပြည့်ပြည့်စုံစုံ ဖော်ပြထားပေးတဲ့အပြင် စာရေးသူရဲ့ အတွေး အမြင်လေးတွေကို မထိတထိ ထည့်ရေးပြထားပုံက
ဖတ်သူ ရင်ထဲ ငြိလောက်စရာပါ။

ဖတ်သင့် မှတ်သင့် အသိအမှတ်ပြုသင့်တဲ့ ပိုစ့်ကောင်းလေးမို ့ မဖတ်မိသူတွေအတွက် ပြန်ညွှန်းလိုက်ပါတယ် ။

ဖတ်ကြည့်ကြပါဦး ။

https://myanmargazette.net/196603  ကျနော် .. ငါးသမား ..

 

——————————————————————————————————————————————

 

 

ရွှေဖိနပ်ကြီး ရှပ်တိုက်စီးနေသူများ

Posted by on Apr 26, 2014

 

ကျမတို့ငယ်ငယ်က အင်မတန် စည်းကမ်းကြီးတဲ့ မိဘ၊ဖွားကြီး၊ဖွားလေး၊ကြီးတော် တွေနဲ့ နေခဲ့ရပါတယ်။

ကျောင်းကပြန်လာရင် ကျောင်းဝတ်တဲ့ ဂါဝန်ကိုချွတ်၊အိမ်နေဂါဝန်နဲ့ လဲဝတ်ရပါတယ်။

(ကျမတို့က နယ်မှာနေတော့ ကျောင်းဝတ်စုံ အဖြူအစိမ်းကို ၈တန်းနှစ်ရောက်မှ စဝတ်ရပါတယ်)
ဖိနပ်ဆို ကျောင်းစီးတာက ခပ်လတ်လတ်၊အိမ်နေဖိနပ်က ခုံဖိနပ် စီးရပါတယ်။

အလှူမင်္ဂလာဆောင်သွားရင် ဖိနပ် လှလှရွရွလေးစီး၊ပြန်လာရင် ပြန်သိမ်းရပါတယ်။
အဲသလို သူ့နေရာနဲ့သူ ဝတ်ရ၊စီးရတော့ ကျမတို့ အဝတ်အစားတွေ တော်တော်နဲ့ မဟောင်းသလို ဖိနပ်တွေဆိုလည်း နှစ်ပေါက်အောင် စီးရပါတယ်။
တခါတော့ မင်္ဂလာဆောင်သွားပြီး နောက်တနေ့ ဖိနပ်အကောင်းလေးကို ကြွားချင်လို့ ကျောင်းကိုစီးသွားမိပါတယ်။

မိုးရွာတာနဲ့ တိုးတော့ ဖိနပ်အသစ် ရွရွလေးဟာ တခါတည်းပြတ်ပြီး ကျောင်းအပြန် ဖိနပ်ပြတ် လက်ကကိုင်ပြန်ခဲ့ရပါတယ်။
အင်မတန် စည်းကမ်းကြီးတဲ့ ကြီးတော်က ` ရွှေဖိနပ် ရှပ်တိုက်စီးတဲ့ သူဌေးမ၊ ဒီလိုသာဆို ခုဆင်းရဲရင် နောင်ဘယ်တော့မှ မချမ်းသာဘူး၊ခုချမ်းသာရင် နောင်တာရှည်မခံဘူး´ဆိုပြီး ဆူတာ ခံခဲ့ရလို့ တသက်လုံးမှတ်သွားပါတယ်။

နောင်ဆိုရင် ဒူးနေရာဒူး၊တော်နေရာတော် ဆိုသလို ဝတ်ရစီးရပါတော့တယ်။

အခုတော့ ရွှေဖိနပ် ရှပ်တိုက်တဲ့ သူတွေ တွေ့နေရပြန်ပါပြီ။  ………………………

 

3333

 

ပုံပမာလေးတစ်ခုနဲ့ ရည်ရွယ်ချက်ကို ရောက်အောင် ရေးပြသွားနိုင်တဲ့ ပိုစ့်ကောင်းလေးပါ။

တာဝန်ယူမှု
တာဝန်သိမှုနဲ့
ရေရှည်အကျိုး မျှော်ကိုး လုပ်ဆောင်လိုမှုတွေ ဖြစ်လာစေပါတယ် ။

ဖတ်မိသူတွေအတွက်
ကိုယ် ဖတ်လိုက်လို့ တွေးမိ သိမိရင်ပဲဖြစ်ဖြစ်
ပြန်ပြောပြ
ဆွေးနွေးနိုင်ရင်ပဲဖြစ်ဖြစ်
အကျိုးများစေတဲ့ ပိုစ့်လေးမို့
ပြန်ညွှန်းလိုက်ပါတယ်။

https://myanmargazette.net/196638 ရွှေဖိနပ်ကြီး ရှပ်တိုက်စီးနေသူများ

 

 

ကျူးးးးးး ကျူးးးးး ပြီး လစ် တဲ့ Tulip

Posted by on Apr 20, 2014

 

ကျူးးးလစ်ပန်း ဆိုတာ ကဘာ မှာ ပေါ်ပြူလာ အဖြစ်ဆုံးပန်းမှာ ၃ နေရာမှာရှိသတဲ့။ (အဲဒီ ပန်းကို အသက် ၃ဝ ကျော်မှ မြင်ဖူးတော့တယ်။)
ဟော်လန် (နယ်သာလန်) မှာပဲ အများဆုံးစိုက်ပျိုးနိုင်တယ် ဆိုလားးး
ပြောနေတာ နားစွန်နားဖျားကြားရတာပဲ။ အဲဒါကိုဒီမှာ ပြပွဲလုပ်ပြီး ကြွားတယ် ထားပါတော့။
လုပ်ပေါ့ ဘဘလီရယ်။ ရှင်တို့ ခေတ်ကိုးးးး
ကိုယ်တွေက မမြင်ဖူးပဲ ကြည့်ချင်တော့လည်း ပေးပေါ ပိုက်ဆံ။  :mrgreenn:  ဒါနဲ့ပဲ ဒီ အောက်က ပုံတွေ တင်လိုက်တယ်တို့ ဘာတို့။

 

11111 22222

 

ဒီတစ်ပုဒ်ကိုတော့ စာအလှထက် မြင်ကွင်းအလှအပ ခံစားရစေချင်လို့ ပုံလေးတွေအများကြီးပါတဲ့ ပိုစ့်တစ်ပုဒ် ညွှန်းမယ်ဗျာ ။

ရိုးရိုးပုံ မဟုတ်ဘူးဗျ။
ကြည့်လိုက်သူတိုင်း တအံ့တဩဖြစ်ပြီး ရင်သပ်ဖို့မေ့တဲ့အထိ ရှုမောသွားမှာ. . .

အနံ့မွှေးမွှေးလေးတွေပါ ရလာသလား ထင်ယောင်မိလိမ့်မယ်။
မယုံရင် သွားကြည့်. . .
ဒီမှာ. . .   https://myanmargazette.net/196274 ကျူးးးးးး ကျူးးးးး ပြီး လစ် တဲ့ Tulip

 

 

 

——————————————–

 

လေးစားစွာဖြင့်…..

 

အလင်းဆက် ( Gazette)

14 . 5 . 2014 .

 

 

 

 

19 comments

  • alinsett (gazette)

    May 14, 2014 at 8:43 pm

    ဟူးးးးး
    ဒီပိုစ့်တစ်ပုဒ်တင်ရတာ…
    လိုင်းမကောင်းတော့.. နှစ်နာရီနီးပါးကြာတယ်ဗျာ.. ။
    ဒါတောင်..ဖုန်းထဲမှာ.. စာညွှန်းတွေ ကြို ရေးထားသေးလို ့….

    :kwi:

    ကဲ..ညွှန်းတတ်သလောက်လေးနဲ ့… ညွှန်းလိုက်ပါပြီ..

    မဖတ်ရသေးတာလေးတွေ ပါရင်.. သွားဖတ်ပေးကြပါဦးနော်..
    ကျနော် ညွှန်းရကျိုး နပ်အောင်… အမောပြေအောင်ပါ…
    :mrgreen:

    ရေးခဲ့ ညွှန်းခဲ့ ဝေဖန်ခဲံ့သမှထဲ..လွဲချော်တာ ပါရင်လည်း..ထောက်ပြ ဝေဖန်ပေးကြပါဦး…

  • ဝင့်ပြုံးမြင့်

    May 15, 2014 at 12:28 am

    အစ်မပို့စ်ကို ညွှန်းပေးတဲ့ အတွက် ကျေးဇူး။ တကယ်က အဲဒါရေးပြီးကတည်းက စိ်တ်ဓာတ်တော်တော်ကျနေတာ။ မြန်မာပြည်မှာ တစ်လင်တစ်မယားဥပဒေ မဖြစ်နိုင်တော့ဘူး ထင်ပါတယ်ဆိုပြီး စိတ်ဓာတ်ကျသွားတာ။

    • alinsett (gazette)

      May 15, 2014 at 6:09 am

      အင်းးး
      အဖတ်နည်းခဲ့တဲ့ပိုစ် ထင်လို့ ပြန်ဆွေးနွေးကြသင့်
      ပြန်ဖတ်ကြသင့်တယ်ထင်လို့ ကျနော် ထပ်ညွှန်းထားလိုက်တာပါ

      ကျနော့်အထင်. . .
      အဲဒီ စာကို ဒီထဲမှာပဲ ထားနေမယ့်အစား
      လူဖတ်များတဲ့ ပရင့်မီဒီယာတစ်ခုခု ဂျာနယ် သတင်းစာတစ်စောင်စောင်ကို ပို့သင့်တယ် ထင်တယ်နော်
      ဝေဖန်ရေးဆောင်းပါး ပုံစံလေး ပြင်ရေးပြီးတော့ပေါ့။

      🙂

  • lu lu

    May 15, 2014 at 2:04 am

    တကယ်ကောင်းတဲ့ စာမူ တွေပါ 🙂
    အဲ့ထဲမှာ ” ကဗျာဆိုတာ “ကိုတော့မဖတ် ရသေးဘူး ပြန်သွားဖတ်လိုက်ဦးမယ် ဂျာ
    ဒီထဲမှာ မီမီ ရေးတဲ့ ” ရှက်တတ် ရင် သေလို ့ရတယ် ” ဆိုတဲ့ပို ့စ်လေးပါ ထပ်ဖြည့်
    ပေးရင် ပိုပြီးပြည့်စုံသွားမယ်ထင် တယ် ။ အခု ဟော့ ဖြစ်နေတဲ့မှာပါနေလို ့ပါ
    ကိုဆက်ရေ ဆက်ပြီးညွှန်းပေးပါဦးနော်
    :mrgreen:

    • alinsett (gazette)

      May 15, 2014 at 6:05 am

      လုလုရေ
      မီမီရေးတဲ့ ရှက်တတ်ရင်သေလို့ရတယ်က စတစ်ကီဖြစ်နေတဲ့ပိုစ်ဖြစ်နေတာကတစ်ကြောင်း
      ကျွန်တော့်အာရုံထဲ ဝင်မလာတာကတစ်ကြောင်း
      လက်ရှိလည်း ရွာထိပ်မှာ မြင်နေရတာကတစ်ကြောင်း
      လူအများလည်း သိနေ ဖတ်နေတဲ့ပိုစ့် ဖြစ်တာကတစ်ကြောင်း
      အဲ့ဒီ အကြောင်းတွေကြောင့် ထည့်မညွှန်းတော့ပါဘူး။
      နောက်ထပ် သူရေးမယ့်ပိုစ့်တွေကိုတော့ စောင့်မျှော်နေပါတယ်
      စာရေးကောင်းသူ မဟုတ်လား။
      ——
      🙂

  • ကေဇီ

    May 15, 2014 at 6:35 am

    ကျေးးဇူးးတင်ပါတယ် ဆက်ဆက်ရေ
    :s:

    • alinsett (gazette)

      May 15, 2014 at 6:41 am

      ဆက်ဆက်ပန်ထုံပေါ့နော်
      တိန် တိန်
      နှစ်ခါတိန်

      :mrgreen:

    • alinsett (gazette)

      May 15, 2014 at 9:59 am

      ကိုသော်ဇင့်ရဲ့ စာပေလက်ရာက
      အသိအမှတ်ပြုထိုက်သော ဖန်တီးမှုတွေမို့ ပါ

      🙂

  • ခင် ခ

    May 15, 2014 at 9:54 am

    ကျွန်တော် ချစ်ခင်လေးစားသော ဒေါ်အောင်ဆန်းစုကြည် (အမေစု) ရဲ့ ကဗျာလေးကို ပြန်လည်ကာ ညွှန်းဆိုပြတဲ့ထဲ ပါလာလို့ ညွှန်ဆိုပြသူ မောင်အလင်းဆက်ကို ကျေးဇူးပါနော်။
    မန်းလာဖြစ်ရင် ဆက်သွယ်ပါအုံး စားသောက်ကာစကားပြောကြအုံးစို့ မောင်အလင်းဆက်ရေ။

    • alinsett (gazette)

      May 15, 2014 at 10:27 am

      ဟုတ် လေးခ
      မန်းလေးကို လာချင်သေးတယ်
      လာဖြစ်ရင် အကြောင်းကြားပါ့မယ် လေးခ ရေ

  • နာ လွတ်ထားတဲ့ ပို့စ် တစ်ပုဒ် နှစ်ပုဒ် ပါလာလို့ ပြန်ဖတ်လိုက်ဦးမယ်..

    ရှဲရှဲ အလော့တ်..

    • alinsett (gazette)

      May 15, 2014 at 10:42 am

      ပြန်ဖတ်စရာတွေ ့တယ်ဆိုတော့ ညွှန်းရတဲ့ ကောင်လေး
      ဝမ်းသာတာပေါ့

      🙂

  • snow smile

    May 15, 2014 at 10:45 am

    ရွာ ထဲ ဝင် ဘို ့ မ အား
    အား တဲ့ အ ချိန် လိုင်း က မ ရ
    ဝင် လာ ပြန် လဲ မန့် ့ မ ရ နဲ့မို ့
    ဆက် ဆက် ညွှန်း တာ တွေ့ ့ က တဲ က ဖတ် ချင် နေ တာ လို ့
    မန် ့ တာ လဲ မန် ့ မ ရ
    ကဲ ဖတ် ပြီ နော်

    • alinsett (gazette)

      May 15, 2014 at 10:52 am

      တီနှင်းပြုံး ရွာထဲ ဝင်ရ ခက်နေတာလား
      အခုတလော အင်တာနက်လိုင်းက မကောင်း
      မြန်မာပြည်တင် ကွက် မကောင်းတာပါ
      :mrgreen:

      အခုအချိန်မှာ ပိုစ့်တစ်ပုဒ်တင်ဖို့မပြောနဲ့ comment တစ်ခုပေးဖို့တောင် မလွယ်. . . .
      ဆိုတော့ သဂျီး
      ပိုစ့်တစ်ပုဒ်တင်သူကို သုံးရာလောက် ပေးသင့်ပါကြောင်းး

      ဟီဟိ

      🙂

  • Mr. MarGa

    May 15, 2014 at 2:49 pm

    ဟွာလေ…
    ဂဇက် မှာက ကွန်မန့်တွေကပါ အနှစ်သာရ ရှိတတ်တာ ဆိုတော့
    ကွန်မန့်တွေပါ ထုတ်ပြ ညွှန်းပြဖို့ အစီအစဉ် ရှိမရှိ သိလိုပါတယ် ဆက်ဆက် ရေ
    :mrgreen:

    • alinsett (gazette)

      May 15, 2014 at 3:04 pm

      ညွှန်းဖို့ အစီအစဉ် ရှိပါတယ် မာမာရေ
      ညွှန်းလည်း ထည့် ညွှန်းခဲ့ဖူးပါတယ်

      ဒီ တစ်ခေါက်တော့ ဘယ် ကွန်မန့် ညွှန်းရမလဲ မဝေခွဲတတ်လောက်အောင်ကို ဖြစ်သွားတာမို ့
      . . . .

      :mrgreen:

Leave a Reply