ဘာထူးဆန်းနေလို့ လဲ

ငိုကြွေးခြင်းနဲ့ ဘဝကိုစခဲ့ကြ တော့
ပျော်ရွှင်ခြင်းတွေအမြဲမရှိနိုင် တာ
ဘာထူးဆန်းနေလို့ လဲ ¿ ¿ ¿

ဆန္ဒနဲ့ ဘဝအမြဲလွဲခဲ့ရ တော့
မျှော်ထားသမျှဖြစ်မလာတာ
ဘာထူးဆန်းလို့ လဲ ¿ ¿ ¿

အတိတ်သံသရာမှာအမှားလုပ်ခဲ့မိလို့ 
လက် ရှိဘဝမှာအမှန်တရားကိုရှာဖွေကြည့်
ရင် အဖျက်သမားများနေတာ
ဘာထူးဆန်းလို့ လဲ :(

ကံအ ကြောင်းမ ကောင်းခဲ့လို့ 
ချမ်းသာခြင်း ၊ ဆင်းရဲခြင်းဆိုတဲ့ဘဝအ
နိမ့်အမြင့်မတူညီကြတာပဲ
ဘာထူးဆန်းလို့ လဲ ? ?

ကမ္ဘာကြီးကိုမှီတွယ်ပြီးတည်ဆောက်
ထားတဲ့မြို့ ရွာ နိုင် ငံတွေလည်း မမြဲတဲ့
သ ဘောတရားမှာတချိန်ကျကွယ်ပျောက်
ပျက်စီးသွားရမှာပဲ လေ
ဘာထူးဆန်းလို့ လဲ :(

ချစ် ရသူနဲ့ ပေါင်းဖက် ရဖို့ ကံပါမလာလို့ 
ချစ်သူနဲ့ ကွေကွင်းခဲ့ကြတာပဲ
ဘာထူးဆန်းလို့ လဲ @@@

မမြဲတဲ့လောကကြီးမှာအတူရှိနေရတဲ့
မမြဲတဲ့သူချင်းတချိန်မှာခွဲခွာကြရတာပဲ
ဘာထူးဆန်းလို့ လဲ ? ?

ဒီခန္ဒာကိုယ်ကိုချစ်ခင် တွယ်တာနေပါလျက်
နဲ့ သေဆုံးပျက်စီးသွားတဲ့အခါထားပစ်ခဲ့ရမှာပဲ
ဘာထူးဆန်းလို့ လဲ ။ ။

ဘာမှမထူးဆန်းတာကိုအထူးအဆန်းလုပ်
ပြီးလူတစ်ယောက်နဲ့ တစ်ယောက်အမုန်း
တရားတွေနဲ့ ငြူစူစောင်းမြောင်းနေကြတာ
ကို ကျွန်မ စဉ်းစားကြည့်တယ် :-D

ဘာတွေများထူးဆန်းနေလို့ လဲ ? ?

အိပ်မ ပျော်သောညရဲ့ အ တွေးတစ် စ
:(

LuLu
တောင် ကြီး
၁၅ , ၅ , ၂၀၁၄ ( ကြာသပ တေး )
1:45 AM

About Sine Sant

Sine Sant has written 23 post in this Website..

မှန်လိုလူ