ဘာထူးဆန်းလို ့လဲ

Sine SantMay 15, 20141min26128

ဘာထူးဆန်းနေလို ့လဲ

ငိုကြွေးခြင်းနဲ ့ဘဝကိုစခဲ့ကြ တော့
ပျော်ရွှင်ခြင်းတွေအမြဲမရှိနိုင် တာ
ဘာထူးဆန်းနေလို ့လဲ ¿ ¿ ¿

ဆန္ဒနဲ ့ဘဝအမြဲလွဲခဲ့ရ တော့
မျှော်ထားသမျှဖြစ်မလာတာ
ဘာထူးဆန်းလို ့လဲ ¿ ¿ ¿

အတိတ်သံသရာမှာအမှားလုပ်ခဲ့မိလို ့
လက် ရှိဘဝမှာအမှန်တရားကိုရှာဖွေကြည့်
ရင် အဖျက်သမားများနေတာ
ဘာထူးဆန်းလို ့လဲ 🙁

ကံအ ကြောင်းမ ကောင်းခဲ့လို ့
ချမ်းသာခြင်း ၊ ဆင်းရဲခြင်းဆိုတဲ့ဘဝအ
နိမ့်အမြင့်မတူညီကြတာပဲ
ဘာထူးဆန်းလို ့လဲ ? ?

ကမ ္ဘာကြီးကိုမှီတွယ်ပြီးတည်ဆောက်
ထားတဲ့မြို ့ရွာ နိုင် ငံတွေလည်း မမြဲတဲ့
သ ဘောတရားမှာတချိန်ကျကွယ်ပျောက်
ပျက်စီးသွားရမှာပဲ လေ
ဘာထူးဆန်းလို ့လဲ 🙁

ချစ် ရသူနဲ ့ပေါင်းဖက် ရဖို ့ကံပါမလာလို ့
ချစ်သူနဲ ့ကွေကွင်းခဲ့ကြတာပဲ
ဘာထူးဆန်းလို ့လဲ @@@

မမြဲတဲ့လောကကြီးမှာအတူရှိနေရတဲ့
မမြဲတဲ့သူချင်းတချိန်မှာခွဲခွာကြရတာပဲ
ဘာထူးဆန်းလို ့လဲ ? ?

ဒီခန္ဒာကိုယ်ကိုချစ်ခင် တွယ်တာနေပါလျက်
နဲ ့သေဆုံးပျက်စီးသွားတဲ့အခါထားပစ်ခဲ့ရမှာပဲ
ဘာထူးဆန်းလို ့လဲ ။ ။

ဘာမှမထူးဆန်းတာကိုအထူးအဆန်းလုပ်
ပြီးလူတစ်ယောက်နဲ ့တစ်ယောက်အမုန်း
တရားတွေနဲ ့ငြူစူစောင်းမြောင်းနေကြတာ
ကို ကျွန်မ စဉ်းစားကြည့်တယ် 😀

ဘာတွေများထူးဆန်းနေလို ့လဲ ? ?

အိပ်မ ပျော်သောညရဲ ့အ တွေးတစ် စ
🙁

LuLu
တောင် ကြီး
၁၅ , ၅ , ၂၀၁၄ ( ကြာသပ တေး )
1:45 AM

28 comments

  • ကေဇီ

    May 15, 2014 at 6:28 am

    မထူးးးဆန်းးး တာတွေ ကို
    ထူးးးဆန်းးး သယောင်
    ထူးးဆန်းးအောင် လုပ်နေကြတာကို က
    ထူးးးဆန်းးးစရာကောင်းးဘူးးးလားးး
    😀

    ကိုထူးးဆန်းးး ပျောက်နေတာကြာပေါ့

    • lu lu

      May 15, 2014 at 12:23 pm

      အင်း းးး:(
      စဉ်းစားကြည့်တော့ ဒင်္ဂါးစေ့က အဝိုင်းလေးပဲ
      မထူးဆန်းတာတွေထူးဆန်းနေတာ ဘာထူးဆန်းလို ့လဲ လေ
      🙂

  • alinsett (gazette)

    May 15, 2014 at 7:31 am

    ကျန်းးးးး ဒီကောင်မလေး
    ညက တော်တော်နဲ့မအိပ်ပဲ စာထိုင်ရေးနေတယ်ပေါ့

    မနေ့ညက
    အင်တာနက်လိုင်း မကောင်းဘူးကွယ်
    Viber တောင် သုံးလို့မရ

    အင်းလေ
    ဘာထူးဆန်းလို့လဲ

    🙂

    • lu lu

      May 15, 2014 at 12:19 pm

      ဟုတ်တယ်ကိုဆက် ရေ အိပ်မ ပျော်တာများလို ့
      အိပ်ပျက်ညများတာ ဘာမှမထူးဆန်းတော့ပါဘူး
      😥

  • ခင် ခ

    May 15, 2014 at 3:34 pm

    မထူးဆန်းတာတွေထဲက ထူးဆန်းတာများတွေ့မလားလို့ ရှာဖွေနေမိပေမယ့် နောက်ဆုံးတော့လည်း ဘာထူးဆန်းလို့လဲဟုသာ အဆုံးသတ်ခဲ့ခြင်းသည်လည်း ဘာထူးဆန်းလို့လဲနော်။

    • lu lu

      May 15, 2014 at 5:19 pm

      ရှာရင်းရှာရင်းနဲ ့ကြာလာတော့ကိုယ့်ကိုယ်ကိုဘာရှာနေမိမှန်းကို
      မသိတော့ဘူး 😀

  • TNA

    May 15, 2014 at 5:08 pm

    မိုးရွာတော့ မီးပျက်၊ မီးပျက်တော့ အင်တာနက်မရ အဲ့မထူးဆန်းတာကို ထူးဆန်းသလိုရေးနေမိတော့ ကထူးဆန်းတယောက် ပျောက်နေတာလဲ ထူးဆန်းသွားတယ်

    • lu lu

      May 15, 2014 at 5:20 pm

      ကထူးဆန်းဆိုတာဘူလဲဟင် 🙂

      • ROssI

        May 15, 2014 at 5:30 pm

        ရွာ့ နာမည်ကျော် မိတ်ကပ်ပညာရှင် မကြီးဆန်း ကိုပြောတာဗျ…

        😀

        • lu lu

          May 15, 2014 at 6:35 pm

          မသိလိုက်တာ နာတယ်
          ရွာထဲအလာနောက်ကျခဲ့လို ့ နာမည်ကျော် ကိုမသိလိုက်တာ
          ဘာထူးဆန်းလို ့လဲ ဟင့်
          :mrgreen:

  • Mr. MarGa

    May 15, 2014 at 7:04 pm

    ဘာမှ မထူးဆန်းဘူး ဆိုတာ ဝင်ပြောသွားပါတယ် ဗျာ

    • lu lu

      May 15, 2014 at 9:08 pm

      မ မေ့မ လျော့ ဝင် ပြောခဲ့အတွက် ကျေးဇူးကဘာဆိုင် ရော
      🙂

  • naywoon ni

    May 16, 2014 at 1:59 am

    မထူးဆန်​းဘူး ဆိုတာက ကို ထူးဆန်​း​နေတာ …………………….

    • lu lu

      May 16, 2014 at 6:57 am

      ဖြစ်နိုင် ပါတယ်
      အဲဒါ လည်းထူးဆန်းတာပဲ 😀

  • မဟာရာဇာ အံစာတုံး

    May 16, 2014 at 4:43 pm

    ကဘာဂျီး လုံးတယ် ပြောတာလည်း …
    ဘာထူးဆန်းလို့လဲ ..
    ကဘာဂျီး ပြားတယ် ပြောတာလည်း …
    ဘာထူးဆန်းလို့လဲ …
    အဲ …
    ကဘာဂျီးက လုံးလည်း လုံးတယ်၊ ပြားလည်း ပြားတယ် ဆိုရင်တော့ ..
    ထူးဆန်းသလိုလိုပဲ …
    :mrgreen:

    • lu lu

      May 16, 2014 at 7:27 pm

      ကဘာဂျီး က လေးထောင့် ဆိုရင် ရော
      ဘယ်လိုဖြစ်ကုန်မလဲ
      🙂

  • padonmar

    May 16, 2014 at 9:25 pm

    စီဂျေကြီး ကထူးဆန်းရေ
    ဒီမှာ ….
    ဘာထူးဆန်းလို့လဲ ဆိုတာ လာရှင်းပြပါအုံး။
    ခင်ချောစွိနားချည်းပဲ ကပ်မနေပါနဲ့။
    အဲ…တချို့ ဒင်္ဂါးက လေးဒေါင့်တို့ ၅ဒေါင့် ၆ ဒေါင့်တို့ လည်းရှိသေးသနော်.

    • ကထူးဆန်း

      May 16, 2014 at 11:13 pm

      အဟင့် သူများရှက်တတ်လို့ ပုန်းနေတာကို …
      :hee:

      • lu lu

        May 17, 2014 at 4:49 am

        ရှက်ပါနဲ ့ဂျာ
        ရွာထဲမှာ ရှက် ရမယ့် ဘူး မရှိပါ ဘူးးးးး
        ပြန်လာတဲ့အတွက် ပြန်ဆုံရတာကို ကျေးဇူးတင် ပါတယ်
        ဒါနဲ ့ မိတ်ကပ်ဆြာမ ဂျီး လုပ်နောတာချို
        🙂

    • lu lu

      May 17, 2014 at 4:45 am

      ကထူးဆနးကို ခေါ်လာပေးတဲ့ တွက်ရော
      ၅ဒေါင့် ၆ဒေါင့် ရှိတယ် ဆိုတာရော ကျေးဇူးပါ ချင့်

  • ချစ်သူကိုမျှော်လင့်လို့မရတော့တဲ့ဘဝမှာ
    မနက်ဖြန်တိုင်းဟာငရဲတမျှပါပဲဆိုတာ
    ဟုတ်ပါသလား

    • lu lu

      May 17, 2014 at 4:54 am

      ချစ်သူကိုမျှော်လင့် လို ့မရတဲ့ဘွ မှာ ဒီက နေ ့လည်း ငရဲသမျှ ခံစားရပါတယ်
      မနက်ဖြန်ဆိုတာ ဝေးပါသေးတယ် ကွယ်
      လွမ်းရလွန်းလို ့ ဒီနေ ့ပဲ သေသွားရင် မနက်ဖြန် မ ရောက်နိုင် တော့ဘူး လေ
      အဟဲ
      😀

  • snow smile

    May 17, 2014 at 5:18 am

    ဘာ မှ မ ထူး
    ဘာ မှ လဲ မ စမ်း ရဲ ပါ ချင့်

    • lu lu

      May 17, 2014 at 5:23 am

      ဟုတ်တယ် အစ်မဂျီး မနှင်းပြုံး ရေ
      ဘယ်အရာမှ စမ်းတိုင်းမ ကောင်းနို်င် ပါဘူး
      ခုခေတ်များ ပိုဆိုးသေး
      က လေးတွေ လက်တည့်စမ်းနေကြတာ များ ရင် လေးစရာ နော်
      😥

  • အရီးခင်

    May 17, 2014 at 2:14 pm

    ဒါက ရွာ့ဘိုးအေကြီး ကထူးဆန်း ကို ပြန်ခေါ် တဲ့ ကဗျာ ပေါ့လေ။
    တောင်ကြီးသူလေးလားဟေ့။
    ဖတ်ရတာ ဝမ်းသာပါတယ်နော။ 🙂

    • lu lu

      May 18, 2014 at 1:09 pm

      တောင် ကြီးမှာနေတဲ့ မြစ်ကြီးနားသူပါ ချင့်
      အယ် ဒါလည်း တောင် ပေါ်သူပါပဲ လေ
      လာဖတ်ပေးတဲ့အတွက် ကျေးဇူးကဘာဆိုင် ရော …
      :mrgreen:

  • Ma Ma

    May 18, 2014 at 8:36 pm

    ရန်ကန်ကနေ
    အင်တာနက်ကြီးစီးပြီး
    တောင်ကြီးမှာနေတဲ့
    မြစ်ကြီးနားသူကို
    အမေလိကန်သဂျီးရဲ့ ဆိုဒ်မှာတွေ့ရတာလည်း ဘာထူးဆန်းလဲ နော့ 😀

    • lu lu

      May 18, 2014 at 9:28 pm

      ဟီးဟီးးး
      အဲ့ဒါ လည်းထူးဆန်းပါဘူး
      ကဘာကြီးက ရွာငယ်လေး ဖြစ်သွားပြီပဲ
      ( ကယ်တော့ ကဘာမပတ်ဖူးဘူး မြန်မာပြည်တောင် အနှံ ့မရောက်ဖူးတာ )
      ဒါလည်းမထူးဆန်းပါဘူး
      မြန်မာက ကမ္ဘာ ၊ကမ္ဘာ က ရွာဖြစ်နေတာဆိုတော့
      😀

Leave a Reply