နားလည်မူ လွဲတဲ့ ည

နေရာအထားမှားခဲ့တဲ့ ညတွေ

နေဝင်ချိန်တွေကို ကျော်ပြီး အနေနီးလျက်နဲ့

မိုးမလင်းလာခဲ့ဘူး။

ညဉ့်နက်တဲ့ ညတွေထဲမှာ တိတ်ဆိတ်တဲ့ ခြေသံတွေ

ကြိုတင် ဖိတ်ထားပေမယ့်

ရောက်မလာခဲ့ကြဘူး။

ငါအတွက်တော့ ချစ်သူထားခဲ့တဲ့ အလွမ်းတွေရယ်

သောက်နေကြ ကော်ဖီခါးခါးတစ်ခွက်ရယ်

ဆွံ့  အနေတဲ့ စကားလုံးတွေနဲ့

ညနဲ့အတူ တိတ်ဆိတ်မူတွေ ပြိုင်နေခဲ့တာ

သစ်ရွက်ကလေးတွေတောင် ဆွေးမြေ့နေလေရဲ့  ။

One comment

  • Soe Thu

    August 11, 2010 at 4:53 am

    အဆွေးတွေနဲ့ ဘဝကိုအရောင်မဖော်နဲ့လေ
    စဉ်းစားအုန်း

Leave a Reply