” ဘယ်လိုအဆုံးသပ်ရမလဲ မသိလို့”

ခင္ခMay 15, 20141min24320

” ဘယ်လိုအဆုံးသပ်ရမလဲ မသိလို့”

 

တစ်ခါတစ်လေ ဂဇက်ကိုစိတ်နာသည်

တစ်ခါတစ်လေ ဂဇက်ကိုလွမ်းပါသည်

တစ်ခါတစ်လေ ဂဇက်ကိုခင်တွယ်သည်

တစ်ခါတစ်လေ ဂဇက်ကိုပစ်ပယ်သည်

တစ်ခါတစ်လေ ဂဇက်ကိုအားမရသည်

တစ်ခါတစ်လေ ဂဇက်ကိုအားကျသည်

တစ်ခါတစ်လေ ဂဇက်ထဲမှာနေမိသည်

တစ်ခါတစ်လေ ဂဇက်ထဲမှထွက်မိသည်

တစ်ခါတစ်လေ ဂဇက်ထဲမှာရန်ဖြစ်သည်

တစ်ခါတစ်လေ ဂဇက်ထဲမှာအော်ရသည်

တစ်ခါတစ်လေ ဂဇက်ကြီးကပျင်းစရာဖြစ်သည်

တစ်ခါတစ်လေ ဂဇက်ကြီးကပျော်စရာဖြစ်သည်

တစ်ခါတစ်လေ ဂဇက်မှာရှာမိသည်

တစ်ခါတစ်လေ ဂဇက်မှာအညာမိသည်

တစ်ခါတစ်လေ ဂဇက်ကအဖြေရသည်

တစ်ခါတစ်လေ ဂဇက်ကအမေးပွားသည်

တစ်ခါတစ်လေ ဂဇက်ကထွက်ပေါက်ဖြစ်သည်

တစ်ခါတစ်လေ ဂဇက်ကြောင့်ဆို့နစ်ရသည်

တစ်ခါတစ်လေ ဂဇက် ………………….

တစ်ခါတစ်လေ ဂဇက် ………………….

တစ်ခါတစ်လေ ဂဇက် ………………….

တစ်ခါတစ်လေ ဂဇက် ………………….

တစ်ခါတစ်လေ ဂဇက် ………………….

…………………………………………………

…………………………………………………

…………………………………………………

…………………………………………………

…………………………………………………

…………………………………………………

(စိတ်မရှိပါနဲ့ဗျာ ကျုပ်ဘယ်လိုအဆုံးသတ်ရမလဲ စဉ်းစားမရသေးလို့ပါ)

 

 

ခင်ခ။

 

20 comments

  • ကေဇီ

    May 15, 2014 at 12:31 pm

    ဘယ်လို အဆုံးသတ်ရမှန်းမသိလို့
    ဒီ မှာပဲ ရွာလည်နေသာကြည့်!

    😀

    • ခင် ခ

      May 15, 2014 at 3:21 pm

      ကျုပ်တို့တိုင်းပြည်မှာတော့ ရွာထဲမှာ ရွာလည်ရုံမကဘူး အင်တာနက်လိုင်းကလည်း ကလည်လည် နှစ်ထပ်ကွမ်းလည်သမို့ မူးနောက်ရပါကြောင်း ဒေါ်ကေဇီရေ။

  • alinsett (gazette)

    May 15, 2014 at 12:32 pm

    ပုစ္ဆာတွေဟာ အဖြေကိုယ်စီရှိကြပါတယ်
    ဒါပေမယ့် တခါတလေ အဖြေ ရှာမရတဲ့ ပုစ္ဆာတွေနဲ့ တွေ ့ရတတ်လို့
    စိတ်ရှုပ်ထွေးရတယ်

    ဒါ ပုစ္ဆာတစ်ပုဒ်လိုပဲလား
    ဘယ်လို အဆုံးသတ်ရမလဲ
    ဘယ်ရလဒ်ကို အတည်ပြုရမလဲ
    အဖြေ. . . .
    ရှိတော့ ရှိလိမ့်မယ်. . . .

  • kyeemite

    May 15, 2014 at 2:50 pm

    အဆုံးသတ် ဆိုတာကျုပ်တို့လိုလူတွေအတွက် မရှိနိုင်သေး…
    အင်တာနက်အဝိုင်းလေးလို လည်နေကြရတာပါဗျာ…သံသရာ ကြီးမှာပေါ့

  • ခင် ခ

    May 15, 2014 at 3:24 pm

    မောင်အလင်းဆက် အဖြေရရင် ကျုပ်ကိုလည်း လက်တို့ပြောအုံးဗျို့။

    ဆရာဦးကြီးမိုက်တို့ကတော့ နေမြဲဘဲ လုပ်သင့်ပါ့ဗျာ။

  • Mr. MarGa

    May 15, 2014 at 4:01 pm

    အဆုံးသတ်လုလု ဖြစ်လာတိုင်း
    အရှိန် လျော့လုလု ဖြစ်လာတိုင်း
    အသစ် အသစ်တွေ ထပ်ထွက်ပြီး
    သံသရာ လည်နေတော့
    အဆုံးမသတ်ဘဲ ဒီအတိုင်းပဲ ထားလိုက်ပါ ဗျာ 🙂

  • ခင် ခ

    May 15, 2014 at 4:13 pm

    ဒါဆို ဦးမာဃရေ လမ်းဆက်လျှောက်မယ် ငါ့ကိုမုန်းတာ ဘယ်သူတွေလဲ သိချင်လား ……. ဆိုပြီးတာ ဆက်လျှောက်ဗျာ။

  • lu lu

    May 15, 2014 at 5:42 pm

    ဒီ ဂဇက် ကြီးတည် ရှိနေသ ရွေ့ အဆုံးသတ်ကိုရှာတွေ ့မှ ဟုတ်သေးဘူး
    ဂဇက် ရှိနေသမျှ ခံစားမှု အစုံရှိနေမှာမို ့ 🙂

  • TNA

    May 15, 2014 at 8:44 pm

    ဒီတခါလဲ အဆုံးသတ်ချင်စိတ်ကိုမြိုသိပ်ထားရတာမို့ အတော်ဆိုးသား။ အဆုံးသတ်ချင်သော်ညား သံယောဇဉ်ဖြတ်မရတော့ မြင်ချင်တာကိုကျိအိ မမြင်ချင်တာကို မကျိအိဆိုတာမိုးနဲ့ပဲ လောလောဆယ်ဆယ် အဆုံးသတ်ထားသေးပါကြောင်း

  • ခင် ခ

    May 15, 2014 at 11:05 pm

    lu lu ရေဟုတ်ပ ရသမျိုးစုံလှတဲ့ ဂဇက်ပါဗျ

    ဒေါ်သဲရေ မလုပ်ပါနဲ့အုံး မလွမ်းချင်သေးလို့ပါဗျ

  • naywoon ni

    May 16, 2014 at 1:34 am

    ဦးဘဂျမ်​း ကာတွန်​း​တောင်​ ​ပြေးသိရရဲ့ …… ။ အာဇာနည်​​နေ့ အ​လေးပြုခိုင်​း ပီ း ” ​နေမြဲ” ဆိုတာ​လေ “။ ​နေမြဲ ” ဆိုတာသိရဲ့လား ” ” သွားမြဲ လာမြဲ ခိုးမြဲ လည်​မြဲ ” ​ပေါ့ဗျာ

  • ခင် ခ

    May 16, 2014 at 9:24 am

    အဘနီပြောမှဘဲ နေမြဲဆိုတာ အဲလိုဂိုး

  • surmi

    May 16, 2014 at 9:42 am

    ဘာဗျ !!!¡¡¡
    သွားချင်တိုင်းသွားလို့ရမယ်ထင်သလားဦးခ
    ကျုပ်လိုက်ခေါ်မှာ 🙂

    အခုတော့ကျနော်ပြေးဦးမယ် :mrgreen:

  • ခင် ခ

    May 16, 2014 at 10:20 am

    ဘာလို့ပြေးမှာလဲ ကိုဆာကလည်း အခုတလော ရွာမှာ လော်ကြီးတွေနဲ့ အော်တီးနေကြလို့ ဆူညံသံလေး ပွစိပွစိ ရှိလှနေတာကိုး။

  • Paing Lay

    May 16, 2014 at 3:17 pm

    ဒီရွာမှာ သဂျီးရယ်၊အောင်ကြူးရယ်၊ ကိုရင်စံလှကြီးရယ် သုံးယောက်ပေါင်းပြီး Talk Show လုပ်ခိုင်းလိုက်ရင်ကောဗျာ ဘယ်လိုနေမလဲမသိ အနော်စိတ်ကူးမိတာလေးကိုပြောပါတယ် 😀

  • စ တော့ စ ခဲ့ တာ ဘဲ ဘယ် အချိန် မှာ ဘယ် လို အဆုံး သတ် မယ် ဆို တာ တော့ ကျ နော် လဲ မသိ။
    သေ ချာ တာက တော ့ သေ မှ ရပ ်မယ် ထင် မိ ပါ ၏။

  • snow smile

    May 16, 2014 at 3:51 pm

    အ ရေး အ ဖတ် အ တတ် ပ ညာ အ မြဲ ဘဲ ဒို ့ လေ့ လာ

  • အရီးခင်

    May 17, 2014 at 10:34 pm

    ဟုတ်ပ မနန်းပြောတာမှန်တယ်။ ဟိဟိ။
    မဟုတ်လဲ
    “ဆက်ရန်ရှိသေးသည်” ပေါ့။ 🙂

Leave a Reply