လွမ်းခြင်း ရဲ့ လွမ်းချင်း

ပြီးခဲ့တဲ့ နှစ်နှောင်း က ရွာထဲဝင်တစ်ချက်၊ မဝင် တစ်ချက် နဲ့ နောက်ပိုင်း ရွာ့ကာလသားကြီး ကို ကျောက် တစ်ယောက် ရွာသူလေးနှင်း နဲ့ တူနှစ်ကိုယ်လက်တွဲ ရော
အရီးခင် တစ်ယောက် အသဲကွဲပြီး ရွာထဲက ပျောက်ရော မထင်လိုက်ကြပါနဲ့။
တကယ်တော့ သူရို့ သားဦး/သမီးဦး လေးရမှ ပြန်ဝင်လာ မလားလို့ ပါ။

နောက်တာပါ။
အမှန်ကတော့ အရီး ပျောက်နေခြင်းအကြောင်းက  ကလေးကျောင်းကြီး အပြောင်း သွားရတဲ့ ကျောင်းက  မြို့ဟိုဘက် ဒီဘက် ခရီး ဝေးလွန်းသမို့ အိမ်ပြောင်းရပါတယ်။
ဝေးတာထက် ဖြတ်ရတာ မြို့လည်ကားကျပ်တာမှ တစ်ခါကဆို လမ်းပိတ်ပြီး ကားထဲမှာ ၂နာရီကြာပါတယ်။
ဒါနဲ့ ကျောင်းနားကို ပြောင်းရတာပါ။
ခရစ်စမတ်မတိုင်ခင် ပြောင်းပါတယ်။
ပြောင်းတဲ့ အိမ်ကအသစ်ဆောက်တဲ့ အိမ်ယာမို့ ပြောင်းပြောင်းချင်း ဖုန်းမရပါ။ အင်တာနက်မရပါ။
ဒီလို ရင်းဂလိပ်နိုင်ငံကြီး မှာ ဒီလို ဖြစ်တာ ဆန်းသွားသလား။ 🙂
မဆန်းကြပါနဲ့။
ကိုယ်တင်မဟုတ်။ အသစ်ဆောက်တဲ့ နေရာတိုင်းမှာ ဖြစ်နေကျ ပြသနာဖြစ်နေပါတယ်။
အကြောင်းပြချက်ကတော့ အမျိုးမျိုးပါဘဲ။
မယုံမရှိပါနဲ့။
အဲလိုမရတာ တစ်လမဟုတ်၊ နှစ်လမဟုတ်။
သုံးလ နီးပါးပါ။
တစ်ချို့ ဆို လေး၊ ငါးလ ကြာတယ်ပြောသမို့ ကိုယ်က တော်သေးဖြေရမလားပါဘဲ။

အလုပ်ကလဲ အရင်လို ကွန်ပျူတာ ကို တစ်ချိန်လုံး ကြည့်နေလို့ရတဲ့ ဘဝ မဟုတ်တော့။
အရေးထဲ အိမ် က ကွန်ပျူတာမှာ မြန်မာစာ ဘယ်လိုဖြစ်တယ်မသိ။ အားလုံး လေးထောင့်ချည်းဖြစ်နေ။
ပြင်ဖို့လဲ အချိန်မရ။
ဒါနဲ့ဘဲ အားလုံး နဲ့ရော လောကကြီး နဲ့ပါ အဆက်ပြတ်ရော။

ကြားမှာ အဆင်ပြေတာရှိ၊ အဆင်မပြေ စိတ်ပျက်စရာတွေလဲ ရှိ ပေါ့။
အဲဒီအချိန် ဘုရား ဟော မမြဲခြင်း တရား တွေ ကိုလဲ ပွါးပါတယ်။

ဟို လူကြီးရဲ့   “Stay Hungry. Stay Foolish”  ကို လက်ကိုင်ထားပါတယ်။
ဒီ အရွယ်ကြီးရောက်ကာမှ အသားကျနေတဲ့  တစ်ခုကနေ ဘာမှမဆိုင်တဲ့  နောက်တစ်ခု  ကို ပြောင်းဖို့ ကြိုးစားနေတာ ရူးနေလို့ပါဘဲ။
ဆာ တာကတော့ မပြောနဲ့။ ရွာထဲက ကိုယ့် ဖေးဘရိတ် ထမင်းဆိုင် ကိုတောင် လှည့်မကြည့် နိုင်တာ။
နောက် ရှိသေးတယ်၊  နောက်တစ်ယောက် ရဲ့ စကား။ အမြဲ နားထောင်ပါတယ်။
‘You never fail until you stop trying.’
စာမေးပွဲ ဆိုတာ ဖြေရတာ များလာရင် ကျ တတ်တယ် ဆိုတာ သူ့ခမျာ မသိသွားဘူး။ :-)))

ဒီလိုအကြောင်းတွေ နဲ့ ဘဲ အရီး တစ်ယောက်လဲ စကား သိပ်မပြောနိုင်တော့ ဘဲ ပြောချင်တာတွေ ရင်ထဲ ထားပြီး နေရတဲ့ ဘွ ဖြစ်သွားတာပါ။
ဒါတောင်မှ မပြီးသေးတဲ့ ပန်းချီကား တွေ ရှိနေသေးရဲ့။
အရင်လောက်တော့ အဆက်မပြတ်လောက်တော့ပါဘူး။
ရွာထဲ အမာခံလုပ်ပြီးမှ ဘယ်လို ခွဲထွက်နိုင်ပါတော့မလဲ။
အင်တာနက် ပြတ်တုန်းက ရုပ်ရှင်တစ်ကား ကြည့်လိုက် မိတာ ကို ရွာထဲ ဝင်ပြီး ပြောချင်လိုက်တာ။
မင်းသားက Ashton Kutcher၊ “The Butterfly Effect” တဲ့။
မင်းသားက လက်ရှိမှာ ဖြစ်နေတာ ကို မလိုချင်ရင်  အိမ်မက် လိုက်ချိန် မှာ ပြင်နေလိုက်တာ။
သဘောက တော့ အတိတ်ကြောင့် (အကြောင်း) ဖြစ်လာ တဲ့ လက်ရှိ အဖြစ်တွေ (အကျိုး) ကို ပြနေတာပါ။
ဒါပေမဲ့ ရုပ်ရှင်ထဲကျ မလိုချင်ရင် အတိတ်ကို ပြန်သွား ပြီး ပြန်ပြင်လိုက်တာ။
သိပ်တော့ အကောင်းကြီးမဟုတ်ပေမဲ့ ရွာထဲ မှာ ငြင်းလေ့ရှိတဲ့ အတိတ်ကံ ၊ ပစ္စုပန်ကံ အကြောင်းတွေကို သွားသတိရမိလို့။
နောက်ပြီး Amy Chua (Battle Hymn of the Tiger Mother) ရဲ့ စာအုပ် အသစ် ထပ်ထွက်လာတယ်။
ဒီတစ်ခါတော့ သူ့ ယောက်ျားနဲ့ တွဲရေးတာ။
The Triple Packageတဲ့။
သူကြီး တို့ အမေရိကား က လူတွေဖတ်ဖို့ကောင်းတယ်။
အဲဒီ အကြောင်းတွေ ကိုလဲ ဆွေးနွေးချင်တာ။

လောလောဆယ် ပြောချင်နေဆဲ သတင်း ကတော့ ဒီနှစ် ဥရောပသီချင်းဆိုပြိုင်ပွဲ မှာ နိုင်သွားတဲ့ မုတ်ဆိတ်မွေးလေဒီ အကြောင်းဘဲ။
ဆက်ပြီး ပြောဖြစ်မလားဘဲ။
ဒါပေမဲ့
ဒီနေ့ အဖို့ တော့ မပြောဖြစ်ခဲ့တဲ့ လွမ်းခြင်း ရဲ့ လွမ်းချင်း ကို အဆုံးသတ်တော့မယ်။ 🙂