သာစွဟန်လင်း

ဆောင်းတွင်းအခါ မြောက်လေလာက
အိမ်သာအနံ့ ဝတ်အနံ့တို့
သင်းပျံ့မွှေးစွာ နေရပါဘိ
စိတ်မှာမရွှင် အိမ်ပြန်ချင်သည်
ခဲသလဲပါ ရောင်ဝါထိန်ငြီး
လုံးတီးထမင်း ပျော့ဖျင်းဖျင်းကို
ရသာကင်းစွာ လွေးရပါဘိ
စိတ်မှာမရွှင် အိမ်ပြန်ချင်သည်
အရေကျဲကာ ဆီမပါသည့်
ဟင်းလျာအဟုတ် ချက်ပြုတ်ရန်တွက်
အက်သံထက်သေး အတုံးလေးများ
ရရှိလာအောင် ဖန်ဆင်းဆောင်သည့်
ဂုဏ်ရောင်ပြောင်ထူး စားဖိုမူးအား
နိုဘယ်ဆုပင် အပ်နှင်းချင်သည်
သက္ကသီလာ မြကျွန်းသာရိပ်
ချွေးသိပ်ခိုဝင် ပညာသင်ရင်း
ဆောင်ဟန်လင်းမှာ ကြုံလာသောက
အဝဝတို့ ချောလှတမူ
နှင်းဆီသူနှင့် အတူယှဉ်တွဲ
ဒင်နာပွဲကြောင့် ဒီမောင့်ရင်ခွင်
ကင်းပျောက်စင်ရာ တာဝတိ ံသာက
ရူံးရလောက်သည် ပီတိဖရဏ
စိတ်မှာထင်ဟပ် ရွတ်ဆိုအပ်ပြီ
သာစွဟန်လင်းပေတကား။

မျိူးမြင့်သန်း(မန်းစက်မြေ)