အော်ဇီ စီးပွားရေးဗီဇာအကြောင်း

sorrowMay 16, 20141min31625

မျက်နှာမမဲ့လိုက်ပါနဲ့ ..ကျုပ်ကောင်းကင်အမိုးက ခင်ဗျားလေး အပြုံးနဲ့ထောက်ထားတာရယ်….
စိတ်မပူပါနဲ့ ..ကျုပ်ကခင်ဗျားလေး ရဲ့လူပါ တသက်စာ ……..
( ကြည့် ကြည့် ..အဲ့လောက်ချစ်တတ်တာကို …မယုံ ဂီဂီ့မေးကြည့်…တုန်တက်နေတာကို …အဲ့ဖက်တီးမကြီးက ….အဟိ )

*********************
ဗီဇာအကြောင်းရေးလိုပါသော်လည်း ..ဘာတွေရေးမိမှန်းမသိပါဘူး…တဏှာအဆိပ်က ငယ်ထိပ်တက်နေတာမို့ သည်းခံဖတ်ကြကုန်…အဟီး

လိုရင်းက ..အင်မတန်မှ ဖုန်းခေါ်ရခက်တဲ့ သံရုံး ဖြစ်တဲ့အပြင် အလွန်အလုပ်ရှုပ်ဆုံးဖြစ်တဲ့ ဩဇီဗီဇာအကြောင်းလေး ပြောပြချင်လို့ဗျာ ။ မျိုးကွဲများကြီးရှိတဲ့အထဲမှာမှ …ခက်ပါတယ်ဆိုတဲ့အထဲမှာမှ ဩဇီ စီးပွားရေးဗီဇာ လျောက်ဖို့ဖြစ်လာတယ်ခင်ဗျ ။
ဆိုတော့ကာ ရစ်ပါတယ်..ဆိုတဲ့ ..နာမည်ကြီး ဩဇီစီးပွားရေးဗီဇာ အကြောင်းလေးကို ရွာသားစီးပွားရေးသမားများအတွက်ရည်ရွယ်ပြီး ရေးပါတယ်ခင်ဗျ ။

ဒီဗီဇာကတော့ စီးပွားရေးနဲ့ပတ်သတ်တဲ့ကိစ္စတွေအတွက် လျောက်ထားရတာဖြစ်ပါတယ် ( ဪ..ရှင်ပြောမှသိတော့တယ် ) ။ ဥပမာ ..
business meeting , conference မျိုးတွေအတွက် လျောက်ထားရတာဖြစ်ပြီး တခြားဗီဇာမျိုးကွဲများထက်
စာရွက်စာတမ်း လိုအပ်ချက်နည်းပါတယ်ခင်ဗျာ ။ ပုံမှန်အားဖြင့် ဩဇီမှာ သုံးလနေထိုင်ခွင့်ရမှာဖြစ်ပြီး
အကြောင်းပြချက်ခိုင်လုံခဲ့ရင် သက်တမ်းတိုးနိုင်မှာဖြစ်ပါတယ် ။ ထုတ်ပေးတဲ့ရက်ကစပြီး တစ်နှစ်အတွင်း ဩဇီနိုင်ငံတွင်းကို ဝင်ရောက်နိုင်ပါတယ် ။
အပြည့်အစုံကို ဒီလင့်မှာကြည့်ပါခင်ဗျ။
www.immi.gov.au/contacts/overseas/

နာမည်သာကြီးနေပေမယ့် တစ်ခါမှ နဖူးတွေ့ဒူးတွေ့မတွေ့ရ ။ လျောက်လဲမလျောက်ဖူး ။
ဗီဇာကို တစ်ပတ် ( လိုချင်တာက နှစ်ရက်အတွင်းဆိုပဲ ) လျောက်ရဖို့ဖြစ်လာရောခင်ဗျ ။ ဒီမှာပဲ ကချင်နုထွားကြီးနဲ့ အော်ဇီဗီဇာ တွေ့တာပါပဲ ။ ဆိုတော့ ကောင်စစ်ဝန်ကလေးနဲ့ စကားပြောဖို့ဖြစ်လာရောခင်ဗျ ။
လက်ရှိ ထင်တာပြောပါတယ်…မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ ၊ မြန်မာ ပညာရှင်တွေကို ဩဇီက ဗီဇာပေးဖို့ .လိုလိုလားလား ရှိပုံပေါ်ပါတယ်ခင်ဗျ ။ သိပ်ထွေထွေထူးထူးမေးမြန်းမနေပါဘူး ။ ဘာကြောင့်သွားချင်တယ်..ဘယ်လောက်ကြာမယ် ဒီလောက်ပဲမေးပါတယ်ခင်ဗျ ။ ကျော်တို့ စာအုပ်တွေထဲမှာ အနောက်နိုင်ငံဗီဇာတွေတန်းစီ ရှိနေလို့လားတော့မသိ ။ ထင်တာပြောပါတယ်.ကပ်ကြွားလေး.အဟီး

ဗီဇာဖောင် NO 1415 ကို ဒီလင့်ကယူရပါတယ်ခင်ဗျ ။
http://www.burma.embassy.gov.au/rang/Visas_and_Migration.html

လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့ အောက်ပါအတိုင်းပါပဲခင်ဗျ

1) ပတ်စ်ပို့စာအုပ် ( သက်တမ်းခြောက်လကျန်ရပါမည် )
2) ပတ်စ်ပို့ မိတ္တူ ( ခရီးသွားဖူးပါက ရှိသမျှ ဗီဇာစာရွက်အကုန် ) အဟီး..သူတို့နဲ့ဘာမှလဲမဆိုင်ပဲတောင်းတယ်..
2) ဓါတ်ပုံတစ်ပုံ
3) မှတ်ပုံတင် ( မိတ္တူ + နိုတြီ မိတ္တူ )
4) သန်းခေါင်စာရင်း ( မိတ္တူ + နိုတြီ မိတ္တူ )
5) ဩဇီ မှ ခေါ်စာ ( Letter of Invitation )
6)မြန်မာကုန်ပဏီမှ ထောက်ခံစာ ( Letter of recommendation )
7) မြန်မာကုန်ပဏီ မှတ်ပုံတင် ( Form 6 & 26 )
8) ဘဏ်စာအုပ် ( စုဆောင်းငွေ များလေ ကောင်းလေ ။ ခြောက်လအနည်းဆုံးထည့်သွင်းထားပြီးဖြစ်ရမည် )
9) ဗီဇာဖောင် NO 1415 နှင့် NO 80
10) ဗီဇာကြေး 130 ဒေါ်လာ
စသည်ဖြင့်လိုအပ်ပါတယ် ခင်ဗျ ။ ဗီဇာက 14 ရက်အချိန်ယူပါတယ်ခင်ဗျ ။ ဆိုတော့ သွားမည့်ရက်ထက် အနည်းဆုံးတစ်လလောက်ကြိုတင်လျောက်ထားဖို့ အကြံပေးလိုပါတယ်ခင်ဗျ ။

တကယ်ပြောချင်တာက အခုမှလာတာ ။

ဗီဇာရပါပြီတဲ့… လေယဉ်လက်မှတ်လိုမှာပေါ့နော်.ခြေကျင်သွားလို့မှမရတာ..ဘဖောဆိုရင်တော့တမျိုး …သူကသိန်းဘောကြီးရှိတယ်…..အဟီး

ဒါလေးကမြန်မာတွေအသွားများတဲ့ Perth အချိန်စာရင်းလေး ညွှန်းတာပါ ။

1 SQ 997 RGNSIN 1035AM 310PM
2 SQ 215 SINPER 645PM 1155PM
3 SQ 224 PERSIN 630AM 1155AM
4 MI 518 SINRGN 220PM 345PM

ရန်ကုန်မှ စင်ကာပူ ပျံသန်းချိန် သုံးနာရီရှိပြီး စင်ကာပူမှ ဩဇီ ပါ့တ်သို့ ပျံသန်းချိန် ငါးနာရီဆယ်မိနစ်အတိရှိပါတယ်ခင်ဗျ ။  မဲလ်ဘုန်းဆိုရင်တော့ ခုနှစ်နာရီ မိနစ် 20 ပျံသန်းချိန်ရှိပါ့မယ် ။
ဆိုတော့ကာ ဒီခရီးစဉ်မှာလဲ စလုံး ဝင်မယ် စိတ်ကူးမရှိရင် အိတ်ကို တခါထဲ check through လုပ်ထားရင် ပိုအဆင်ပြေပါတယ်ခင်ဗျ ။
စင်ကာပူလေကြောင်းလိုင်းက 970 အစိမ်းလောက်နဲ့ အသက်သာဆုံးရှိနေပါတယ် ။
ထိုင်းလေကြောင်းလိုင်းဆိုရင်ဖြင့် 1070 အစိမ်းလောက်ကျပါလိမ့်မယ် ။
ဆစ်ဒနီ ။ မယ်လ်ဘုန်း ။ ဘရစ်စဘန်း ဆိုရင်လည်း ဈေးအနည်းငယ်ပဲကွဲပါမယ် ..(အနည်းငယ် = 200 လောက် ) ။

နာမည်ကြီး QANTAS AIRWAYS ။ LUFTHANSA ။ VIRGIN AUSTRALIA ။ VIRGIN ATLANTIC အစရှိသည် ့ ဘန်ကောက် ။ စင်ကာပူက တဆင့်ရှိနေသော်လည်း ဘူဆို ဘူးးးမှမစီး..ဈေးကြီး အဟီး

ဆိုတော့ဖြင့် ဘဖော ပို့စ်များဖတ်ပြီး နယူးဇီလန်သွားလိုသည့် ရွာသား စီးပွားရေးသမားသူဌေးကလေးများ ရှိရင်ဖြင့် တစုံတခု အထောက်အကူရနိုးနိုး ရေးပါသည် ခည…..

 

 

25 comments

  • Mr. MarGa

    May 16, 2014 at 2:47 pm

    နယူးဇီလန် သွားချင်တာ ဘာလို့ အော်ဇီဗီဇာ ယူသလဲ
    ဘဖော ရေးပြီးပလားတော့မသိ မျက်စိလျှမ်းသွားတာဖြစ်မယ်
    ဟီးး အဲဒါ ရှင်းပြပါ

    • sorrow

      May 16, 2014 at 3:01 pm

      မှားတွားတာ..ဘဖောကဝင်လို့ရတယ် ..သူက ဩဇီ.PR မို့ …

  • ဦးကျောက်ခဲ

    May 16, 2014 at 2:54 pm

    အိပ်ရေး အပျက်ခံနိုင်ရင် ညထွက်တဲ့ SILK AIR နဲ့ ပိုအဆင်ပြေတယ်…
    ဟိုကိုအချိန်ကောင်းရောက်ပြီး စလုံးမှာ မလောရတော့ဘူးပေါ့…
    ဗီဇာကို ဟောင်ကောင်မှာတော့ မရစ်ဘူး… အီးမေးလ်နဲ့ ၂ရက်အတွင်း ပြန်ပို့တယ်…
    ဝါးတီးကတော့ ဘာမှသယ်မရဘူး… ဆတ်သားခြောက်တွေ မွင်းငှါးတွေ မရ…
    ဟိုမှာ မြန်မာဆိုင်တွေပေါလို့ ကျောက်ပျဉ်တောင်ရတယ်… ဟိ
    😀

    • sorrow

      May 16, 2014 at 3:03 pm

      ဪရယ်..ပြောတတ်တယ်..ရစ်မလားဂျ…ဆြာက ကုန်ပဏီအကြီးကြီးက ဂျာအကြီးကြီးလေဂျာ …

      • sorrow

        May 16, 2014 at 3:21 pm

        RGN SIN 0025 0500 MI 509
        SIN PER 0745 1250 SQ 213

        ကျောက်စ် ပြောတဲ့ဖလိုက်…အချိန်ကောင်းသည်….သို့သော် .နှစ်ခါအိပ်ရေးပျက်မီ….အဟီး

  • kai

    May 16, 2014 at 3:46 pm

    စီးပွားရေးဗီဇာဆိုလို့..
    ယူအက်စ်မှာဆို.. စီပွားရေး ဗီဇာဆိုရင်က.. ရှယ်ဗျ…။
    ခဏအလည်မဟုတ်.. အစိမ်းကဒ်ထုတ်လို့ရတဲ့အထိ.. ရှိကြတာ..။
    ရင်းနှီးမြုတ်နှံသူ…။ စီပွားရေးလုပ်ငန်းဖွင့်သူ..။ အဲဒီမှာအလုပ်လုပ်သူတွေပေါ့..။

    E တွေ.. L တွေပေါ့..။
    ဩဇီဗီဇာထဲ.. ယူအက်စ်ဝင်ရှုပ်လိုက်တာ.. ဆောတီး :mrgreen:
    =
    L-1A Intracompany Transferee Executive or Manager | USCIS
    http://www.uscis.gov/…/l-1a-intraco...
    U.S. Citizenship and Immigration Services
    Jun 17, 2013 – The L-1A nonimmigrant classification enables a U.S. employer to transfer …. Canadian citizens, who are exempt from the L-1 visa requirement, …
    ===
    E-Visas
    Treaty Trader (E-1), Treaty Investor (E-2), Australian Specialty Occupation Worker (E-3)

    The E category includes treaty traders and investors who come to the United States under a treaty of commerce and navigation between the United States and the country of which the treaty trader or investor is a citizen or national. This category also includes Australian specialty occupation workers.

    Treaty traders carry on substantial trade in goods, including but not limited to services and technology, principally between the United States and the foreign country of which they are citizens or nationals.
    Treaty investors direct the operations of an enterprise in which they have invested, or are actively investing, a substantial amount of money.
    Australian specialty occupation workers perform services in a specialty occupation

    • sorrow

      May 16, 2014 at 4:10 pm

      ပထမက မေရိကန်ဗီဇာအကြောင်းရေးအုံးမို့ပါ.. .အွန်လိုင်းမှာ ဗီဇာဖောင်ဖြည့် …အင်တာဗျူးအပွိုင့်မန့်ယူ …ကောင်စစ်ဝန်နဲ့တွေ့ မေးတာဖြေ..သူဗီဇာပေးချင်ပေးမယ် မပေးချင်မပေးဘူး ..ဒါလေးပဲဆိုတော့ …
      တခုပဲ ..မေကန်ဗီဇာလျောက်ရင် …additional form ဖြည့်ရတယ်….
      အဲ့မှာ သင် ။ သင့်မိသားစုထဲမှာ ကြံ့ဖွတ်ပါတီဝင်။ နအဖ အဖွဲ့ဝင် ။ နဝတအဖွဲ့ဝင် ။ တပ်မတော်သားရှိသလား လို့မေးသဗျာ ..ဆိုတော့ကာ စဉ်းစားစရာ …..

  • alinsett (gazette)

    May 16, 2014 at 6:55 pm

    အဟန့် (ရှိုက်သံ)
    လယ်လယ်ဆောတော့(လောလောဆယ်တော့)
    ဒါလေးက ကိုယ့်အတွက် မဟုတ်သလိုပါပဲကွယ်
    😥
    ဒါမယ့် လေ့လာသွားရတာပါပဲ
    :kwi:

    ဟို (ငယ်ထိပ်ကို ဘာတက်ဆောင့်နေတယ်ဆိုလား) လူဂျီး
    ခီညားက အချစ်အကြောင်းတွေ ရေးမှ လိုက်တာဗျ

    😆

  • lu lu

    May 16, 2014 at 7:19 pm

    မ သေ ခင် ကြုံခဲ့ ရင် ပေါ့ လေ့လာသွားပါတယ်
    :mrgreen:

  • ko six

    May 16, 2014 at 7:42 pm

    ရွာသားဆို​တော့
    ရွာစီးပွား​ရေးလုပ်​မလို့ဟာ
    ​အော်​ဇီနဲ့ ​ဝေးပါ​သေးတယ်​ဗျာ

  • ကေဇီ

    May 16, 2014 at 7:47 pm

    မှတ်ထားတယ်။
    အဲဒီက ယူ ရင် ဝန်ဆောင်မှု အလကားလားးး

    :boss:

  • padonmar

    May 16, 2014 at 8:05 pm

    အဘဖေါက အော်ဇီမှာ တွေ့ဆုံပွဲလုပ်ဖို့ စပွန်ဆာ လုပ်ရင် ဒို့တွေ အဲဒီ ဗီဇာ လျျှောက်မယ်။ကျေးကျေးပါ နုထွားကြီး။

  • Crystalline

    May 17, 2014 at 11:15 am

    ခက်ပါတယ်ဆိုတဲ့ဗီဇာတော်တော်များများကို လျှောက်ဖူးပါတယ်.. ဆောရိုးစီးပွားကို တုတ်နဲ့ထိုးလိုခြင်း လုံးဝမရှိရပါ… :mrgreenn: ဘူးဇီးနက်စ်ဗီဇာလေးနဲ့ သွားဖူးအောင်… နောက်တခါသွားချင်ရင် ရှင်တို့ကမ်ပနီက ဒါရိုက်တာအနေနဲ့ ရကမ်မန်ဒေးရှင်းလေး လုပ်ပေးလို့ရမလားဟင်.. :mrgreenn:

    • sorrow

      May 17, 2014 at 4:03 pm

      ဟုတ်တယ်..တဂျီးကိုမကောင်းပြောရင် …ဝန်ဆောင်မှု အလကား…ပရိုမိုးရှင်းလုပ်ထားတယ်. ရှက်တတ်ရင်သေလို့ရတယ် ဆိုတဲ့နာမည်ကြီးမမ သွားချင်ရင် လေဆိပ်အကြိုအပို့ ပါ ဖရီး….အဟီးဟီး… ( စတာ ..အတည်မယူကြေး )

  • black chaw

    May 17, 2014 at 1:12 pm

    ကိုယ်တို့ နဲ့ သိတ်ဝေးပါတယ် ညီလေးရေ…။
    အော်ဇီ စီးပွားရေးဗီဇာတဲ့လား…။
    ဟေးဟေး…။
    နေပြည်တော် လောက် ပဲ တဝဲလည်လည် ဖြစ်နေရသူပေမယ့်…
    ကိုယ့်ညီလေးပို့စ်မှာ ကွန်းမန့်ရေးချင်လို့
    မျက်နှာပြောင်တိုက်ပြီး ဝင်ရေးသွားပါတယ် ဗျာ…။
    😀

    • sorrow

      May 17, 2014 at 4:36 pm

      နေပြည်တော်ကားလက်မှတ်ပါရောင်းတီ…ဆက်သွယ်ပါ…. ( အဟိဟိ …သိပ်မငတ်ရှာဘူး ..ငါကွ )

      • black chaw

        May 18, 2014 at 12:07 pm

        အော်…ညီလေး ဆောရိုးက လိုင်းစုံ ရတယ်ပေါ့…။
        မနက်ဖြန်နေပြည်တော် သွားမလို့…
        ရာဇာမင်းကားလက်မှတ်လေး ၂ စောင်လောက် ဖြတ်ပေးပါဗျာ…။
        ကိုကိုတို့က ရာဇာမင်း ကားကိုပဲ စီး…တယ်…။

  • တချိန်ချိန်မှာ တယောက်ယောက်အတွက်ပဲဖြစ်ဖြစ်လိုအပ်ရင်ဗဟုသုတရအောင် သိမ်းလိုက်ပါတယ်

  • kyeemite

    May 17, 2014 at 2:51 pm

    ကိုဖေါ စပွန်ဆာတော့ မျှော်မနေနဲ့တော့ အာတီဒုံရေ….
    သူတို့လင်မယားရှာတာ…သူတို့ပြန်သုံးနေတာနဲ့တောင်မလောက်ချင်ဘူး… 😀
    ကိုဆောရိုးရေ…လိုအပ်သူတွေအတွက်အသုံးတဲ့ပါတယ်ဗျာ…
    ကိုယ်တိုင်လည်းလိုချင်လိုလာမှာ..(ဟီး..အားမလျှော့ပါဘု) :boss:

    • Foreign Resident

      May 17, 2014 at 7:52 pm

      kyeemite says:
      ” ကိုဖေါ စပွန်ဆာတော့ မျှော်မနေနဲ့တော့ အာတီဒုံရေ….
      သူတို့လင်မယားရှာတာ…သူတို့ပြန်သုံးနေတာနဲ့တောင်မလောက်ချင်ဘူး… 😀 ”

      ဟီ ဟိ ၊ ဦးမိုက် တစ်ယောက်ဘဲ အမှန်တရား ကို မြင်တတ်တယ် ။
      အဘ တို့ခမျာ ၊ ပိုက်ပိုက် ပါးရှားရှာတဲ့ ဘဝ ပါကွယ် ။
      အဲဒါကို ၊ ခဏ ခဏ လဲ ၊ ရေးလဲရေး ပြောလဲပြော ပါတယ်ကွယ် ။

  • sorrow

    May 17, 2014 at 4:05 pm

    ရွာသူရွာသားထဲကသွားလိုသူများ …သွားရန်ရှိသူများ ..အလကားဝန်ဆောင်မှုပေးပါမည် ခည … တဆင့်ဆက်သွယ်ပေးသူများ ..ဝန်ဆောင်ခ နှစ်ဆ…အဟိဟိဟိ

  • မဟာရာဇာ အံစာတုံး

    May 17, 2014 at 4:15 pm

    ဖတ်တွားဒယ်ဗျာ …
    တစ်ချိန်ချိန်မှာတော့ လိုချင် လိုကောင်း လိုလာလိမ့်မယ်လို့ ထင် .. ဒယ် .. :mrgreenn:

    စကားမစပ် …
    တာမွေအဝိုင်းမှာ ဟိုဒင်းဟိုဟာတွေ ဖွင့်ပီဆိုတော့
    နောက်ခါ .. အဝေးကြီး သွားစရာ မလိုတော့ဘူးပေါ့နော့ …

    • sorrow

      May 17, 2014 at 4:25 pm

      ဒါပေါ့..ခင်ညားနဲ့ ခင်ညားရဲ့ ချစ်စရာကောင်းတဲ့ ကတုံးမလေး လာခဲ့စမ်းပါ ။ ကြက်ကြော်ပွပွကြီးကျွေးပါ့မယ်… ။ ဖက်တီးမလေးကတော့ ဝမှာစိုးလို့ ..ရေပဲတိုက်မှာ…..အဟိဟိဟိ ….

    • Foreign Resident

      May 17, 2014 at 7:31 pm

      မဟာရာဇာ အံစာတုံး says:
      ” တာမွေအဝိုင်းမှာ ဟိုဒင်းဟိုဟာတွေ ဖွင့်ပီဆိုတော့ ”

      ဟင် ၊ ဘာကြီးတုန်း ?????

  • Foreign Resident

    May 17, 2014 at 6:56 pm

    ဟဲ ဟဲ ၊ ဒီနေ့မနက်ဘဲ ၊
    အမေရိက ၊ ကနေဒါ ခရီးစဉ် ကနေ ဩဇီ ပြန်ရောက်တယ် ။
    ( ရွာထဲမှာ အဘ မရှိတုန်း ပွဲကောင်းနေတယ် ကြားတယ် ။ ဟဲ ဟဲ )

    ပြီးခဲ့တဲ့ လ ကဘဲ ၊ အဘ အသိ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ၊
    ဩဇီကို လာလည်လို့ ဆစ်ဒနီမြို့ အနှံ့ လျှောက်ပြရသေးတယ် ။

    သူက ဩဇီ ကို Business Visa လျှောက်ပြီးလာတာတဲ့ ၊
    အဲဒါ ဩဇီ က ( 1 ) year Multi Entry Visa ပေးလိုက်တယ်တဲ့ ။
    ( ဒီအတိုင်းဆို ၊ ဩဇီက သိပ် အညှာလွယ်နေသလိုဘဲနော် ၊
    ဟဲ ဟဲ ၊ သူဋ္ဌေးတွေကိုတော့ ဘယ်နိုင်ငံကမဆို ကြိုဆိုပါတယ်ကွယ် )

    ဩဇီ နိုင်ငံမှာ ငွေအလုံးအရင်း နှင့် စီးပွားမြုပ်နှံမယ့်သူတွေကို ၊
    ဩဇီ အစိုးရက လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေပါတယ်ကွယ် ။

    စကား မစပ် ၊ ပြီးခဲ့တဲ့ တစ်လ လောက်ကမှ ၊ ဩဇီ ဝန်ကြီးချုပ် Tony Abbott ၊
    မဟာ့ မဟာ စီးပွားရေး အင်အားကြီး တရုတ်နိုင်ငံ ကို သွားပြီး ၊
    တရုတ်နိုင်ငံ က စီးပွားရေး လုပ်ငန်းရှင် သူဋ္ဌေးတွေနှင့် သွားတွေ့ပြီး ၊
    ဩဇီ နိုင်ငံမှာ ငွေအလုံးအရင်း နှင့် စီးပွားမြုပ်နှံကြဖို့ သွားဆွဲဆောင်ခဲ့သေးတယ် ။
    ( ဒဲ့ပြောရရင် ၊ တရုတ်နိုင်ငံ ကို အော်မီတော်ဖေါ်သွားလုပ်တာပေါ့ )

    ဒီမှာကဖြင့် ၊ ဆစ်ဒနီမြို့ ရဲ့ အိမ်ခြံမြေ အရောင်းအဝယ် ရဲ့ ၁၈ % က ၊
    တရုတ် နှင့် တရုတ် အဆက်အနွယ်တွေက ဝယ်ပြစ်လိုက်လို့ ၊
    ဒီက ဩဇီတွေ ၊ တရုတ်တွေ ဩဇီ ကို သိမ်းနေပါပြီ ဆိုပြီး အော်ဟစ်နေကြပြီ ။

    Chinese buyers to invest $44b in Australian real estate: analysts
    —http://www.abc.net.au/news/2014-03-05/chinese-buyers-to-invest-44-billion-dollars-in-australian-real-/5300494—
    Chinese buyers are currently purchasing around 12 per cent of new homes in Australia.
    estimated 18 per cent of new dwellings in Sydney and
    14 per cent in Melbourne are being purchased by Chinese nationals.

    ဟီ ဟိ ၊ ၄၄ ဘီလျှံ တဲ့ တကယ့် ကြောက်စရာ Amount ကြီးဘဲ ။
    တကယ်က မြစ်ဆုံ အတွက် ကုန်ကျငွေ ၂ ဘီလျှံ ဆိုတဲ့ ပိုက်ဆံဟာ ၊
    တရုတ်ကြီးအတွက် သွားကြားတောင် မ ညှပ်လောက်ဘူး ထင်တယ် ။

    တကယ့်တကယ် ကလည်း ၊ ဩဇီ ရဲ့ စီးပွားရေးဟာ ၊
    တရုတ်နိုင်ငံကို အဓိက မှီခိုနေရတဲ့ အခြေအနေ ကို ရောက်နေရှာပါပြီ ။

Leave a Reply