ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တာလေးတွေကိုပါ။ ကျနော်ငယ်ငယ်က အသိအကိုကြီးတစ်ယောက်ပြောထားတဲ့ အဖြစ်ပျက်လေးပါ။

(၁)

ကိုစန်းနဲ့ ညီညီတို့ ကအရမ်းခင်တဲ့ သူငယ်ချင်းတွေပါ။ ပြောရမယ်ဆိုရင် သူတို့က ညီအစ်ကိုတွေထက်တောင်ရင်းနီးခင်မင်ကြသူတွေ။ တစ်ရပ်တစ်ကျေးထဲ မှာ အတူတူကစားကြီးပြင်းခဲ့သူတွေ မူကြိုနေအစ တက္ကသိုလ်ရောက်တဲ့အထိ ခင်ကြမင်ကြသူတွေပေါ့ဗျာ။

(၂)

ညီညီ က ၁၀တန်းနှစ်လောက်ကတည်းက ဆေးလိပ်သောက်တတ်လာတယ်။ အဲဒါကို ကိုစန်းက လုံးဝကိုမကြိုက်ဘူး။ သူကလည်းဘာအသောက်အစားမှမရှိ သူညီလိုချစ်တဲ့ ညီညီ ကို ဆေးလိပ်သောက်တာ လုံးဝမကြိုက်ဘူး။ ဒီလိုနဲ့ သူတို့ ၂ယောက် ၁၀တန်းအောင်လို့ မြို့တက် ပြီး တက္ကသိုလ်တက်တဲ့အထိ ညီညီ ဆေးလိပ်သောက်တာကို မကျေ မချမ်းနဲ့ တဖွဖွ ဆိုဆုံးမနေတော့တာပဲ။ ကိုစန်း ဘယ်လိုဆုံးမပြောပြော ညီညီကတော့ သောက်မြဲသောက်လျက်ပဲ။

(၃)
ညီညီ နဲ့ ကိုစန်းနဲ့ အဆောင်အတူတူနေတဲ့အထိ ညီညီက ဆေးလိပ်ကိုအမြဲတစ်ဖွာဖွာသောက်နေတော့ ကိုစန်း တစ်ယောက် ပိုဒေါသဖြစ်လာတယ်။
ညီညီတစ်ယောက် ဆေးလိပ်ပြတ်ဖို့အရေးသူဘယ်လိုလုပ်ရမလဲလို့ပဲအမြဲ စဉ်းစားနေတယ်။

(၄)
တစ်နေ့ ကိုစန်း ကအကြံတစ်ခုရတယ်။အဲဒီအကြံက ဘာလဲဆိုတော့ ညီညီ ဆေးလိပ်သောက်ပြီးတော့ ကျန်တဲ့ ဆေးလိပ်(ဆေးပေါ့လိပ်)အတိုတွေကို ပထမ သူသိမ်းပြစ်တယ်။ ဒါပေမဲ့ ညီညီက မရဘူး အသစ်ဝယ်သောက်တယ်။ ဒီအတိုင်းသောက်လက်စလေးတွေကို ထုံးစံအတိုင်းထားခဲ့တယ်။

(၅)

နောက်တစ်မျိုး ကိုစန်း စဉ်းစားတယ်။ အဲဒီမှာသူသိလိုက်တယ်။ ဒါနဲ့ ညီညီကို သူကြေငြာလိုက်တယ်။ “ညီညီ မင်းဆေးလိပ်တွေကို သောက်ရဲသောက် ကြည့် မင်းသောက်လက်စထားတာနဲ့ ငါ မင်းဆေးလိပ်တိုတွေကို ငါ့ဖင်ထဲထိုးထဲ့ထားမယ်။ မင်း ကအဲဒီလိုလုပ်တာကိုမှ မရွံ့တတ်ရင်သောက်ပေါ့ကွာ”

(၆)
ညီညီကလည်း ကိုစန်းပြောတာကို တစ်စက်မှမယုံဘူး။ သောက်တယ်။ ပထမတော့ သိပ်မသိသာပေမယ့်နောက် ပိုင်း ညီညီ နည်းနည်းမသင်္ကာဖြစ်လာတယ်။ အနံ့က ဆိုးလာတာကို ဒါနဲ့ ညီညီ နောက်ပိုင်း ဆေးလိပ်သိပ်မသောက်ဖြစ်တော့ဘူး။ ဆိုပါစို့ တစ်ဖြည်ဖြည်းနဲ့ ဆေးလိပ်ပြတ်သလောက်ဖြစ်သွားတယ်။

(၇)

တစ်နေ့ ….ကိုစန်း အဆောင်မှာဟိုရှာဒီရှာလုပ်နေတာ ညီညီတွေတော့ ဘာရှာလည်းမေးမိတယ်။ ဒါပေမဲ့ ကိုစန်းက လုံးဝမဖြေဘူး။ တစ်ခုတော့ပြောလိုက်တယ်။“ ညီညီ မင်းဆေးလိပ်မသောက်တော့ဘူးလား” ညီညီက “ဟုတ်တယ် ကိုစန်းခင်ဗျားလုပ်လို့ ကျူပ်ဆေးလိပ်သောက်ချင်တဲ့စိတ်မရှိ တော့ဘူး” “မင်းတကယ်ပြောနေတာလားညီညီ” “ ဟုတ်တယ်ကျူပ်တကယ်ပြောနေတာလုံးဝမသောက်တော့ဘူး”ကိုစန်း တစ်ယောက် “ အေးအေးဒါဆိုလည်း ပြီးတာပဲကွာ ငါလည်းစိတ်ချမ်းသာတယ်ဟေ့. အခုမှငါ့မင်းဆေးလိပ်ပြတ်ဖို့ကြိုးစားခဲ့တာအောင်မြင်တယ်”

(၈)
အဲဒီလို ညီညီက ကိုစန်းကိုဆေးလိပ်ပြတ်ကြောင်းပြောပြီးနောက်ပိုင်း ကိုစန်းတစ်ယောက်နေမသိထိုင်မသာဖြစ်သွားပြီး လမ်းထပ်ကိုအပြေးထွက်သွားတယ်။
အဲဒီမှာ ညီညီကလည်း ကိုစန်းတစ်ယောက်ဘာဖြစ်သလဲဆိုပြီးတော့ နောက်က လိုက်ကြည့်လိုက်တဲ့အချိန်မှာ….။ ကိုစန်း တစ်ယောက်…ဆေးပေါ့လိပ့် ၀ယ်နေတာတွေ့လိုက်ရတယ်။ပထမ ညီညီလည်းအံသြသွားတယ်“ သြော်သူငါ့ ဆေးလိပ်ပြတ်တာမယုံလို့စမ်းမမလို့မနေမပေါ့လေ”ဆိုပြီးတွေးရင် အဆောင် ကိုပြန်လာတယ်။

(၉)

နောက်နေ့ အဆောင်က ရေချိုးခန်းအိပ်သာထဲမှာ ဆေးလိပ်တွေ ညီညီတွေ့တယ်။ ဒါလည်းကိုစန်းလက်ချက်နေမှာပဲဆိုတာသူသိနေတယ်။ ညီညီကလည်း ပြတ်ပြီဆိုပြတ်ပြီပဲမို့…လုံးဝလှည့်မကြည့်ဘူး။ ရှင်းရှင်းပြောရရင် ကောက်တောင်ကိုင်မကြည့်ဘူး။ ဒါမျိုးနဲ့တော့ သူစိတ်ကိုလာမစမ်းနဲ့ ပေါ့လေ့..။

(၁၀)

ရက်လည်းနည်းနည်းကြတဲ့အထိ အဲဒီလိုဆေးလိပ်တွေတွေ့တွေ့နေတော့ ညီညီ နည်းနည်း စိတ်ဝင်စားသွားပြီး ကိုစန်းကို မေးတယ်။ အိပ်သာထဲက ဆေးပေါ့လိပ်တွေက ခင်ဗျားသောက်ထားတဲ့ ဟာတွေလား..။ အဟောင်းတွေဆိုမတွေ့ရဘူး ။ဖက် အစိမ်းလေးတွေနဲ့ချည်းပဲ။
ကိုစန်းက ပျာပျာသလဲ ဟာ..ဟင်..အဲ….နဲ့..နောက်ဆုံးအတင်းမေးတော့မှ…..

ငါ့ မင်းကိုဆေးလိပ်ပြတ်စေချင်တာနဲ့ မင်း သောက်တဲ့ ဆေးလိပ်တိုတွေကို ဖင်ကြားထဲ ထိုးထိုးထည့်လာလိုက်တာ..နောက်ဆုံးမင်းက ဆေးလိပ်ပြတ်ငါ့ ကမှာကလည်း ဖင်ထဲ ဆေးလိပ်ထိုးထိုးထည့်တဲ့အရသာကိုဆွဲသွားရင်းက…နေပြီ..တော့အခုလို………..အဟင့်ဖြစ်သွားတော့တာပါပဲကွာ.။

About အာဂ

အာ ဂ has written 177 post in this Website..

ဘ၀ ကို အခုမှ စပြီး ချရေးနေတာ ။ ဗလာစာရွက်ဆိုတော့ နည်းနည်းတော့ကြမ်းတယ်။ CJ # 8112011