ကျားကွက်​

ko sixMay 16, 20141min1768

နတ်​နဲ့နဂါး
ရိုးရိုး​လေး လှည်​့စားပြီး
ဂဏန်​းတစ်​​ကောင်​ရဲ့​ခြေရာမှာ
ဘွဲ့လက်​မှတ်ကို ထိုး​ကျွေး
ဝမ်​းမီးကို ဆီသတ်​မွှ​ကြော်​လိုက်​ရ
မုတ်​သုံကိုလည်​းမယုံဘူး
ပလီတဲ့အခါ တိမ်​​တွေ​တောင်​
အ​ရောင်​​တောက်​ပြရုံသာသာ
ကကြိုးက ခုနှစ်​​ထွေလို ​မှော်​ထ
ညဆိုးက ငှက်​တစ်​​ကောင်​ရဲ့သီချင်​း
ငါ့ကို လာပြီးကတိမ​ပေးနဲ့
အသံ​ဆိုတာ
​ပြောပြီး​လေထဲမှာတင်​ ​ပျောက်​ကွယ်​တတ်​တဲ့အမျိုး
ရိုးရိုး​လေးပဲကြံပါ
အလျားနဲ့အနံဟာ
ဆတူ ချဉ်​းကပ်​လာတဲ့ အခါ
အ​ရွေ့​ကောင်​းရင်​​တော့
အ​လောင်​းလှပါလိမ်​့မယ်​။
ကိုစစ်​

8 comments

  • lu lu

    May 16, 2014 at 7:49 pm

    နာ့ အ လောင်းလှချင် ဒယ်
    မကြီးဆန်းကို ရွေးရင် ကောင်းမလား အရမ်းတော်တဲ့ မိတ်ကပ် ဆြာကြီးဆိုလို ့
    ကျားကွက်ကို ကွက်ကျား ကွက်ကျား ဆော့ချင် တယ် အဟိ
    😀

  • ko six

    May 16, 2014 at 8:17 pm

    ငင်​…
    အ​လောင်​းလှ​အောင်​
    သတိ​ဆောင်​၍
    ပျားသကာလို ချိုလှ​စေ..ငိင်​

  • alinsett (gazette)

    May 17, 2014 at 7:41 am

    အရောင်မရှိတဲ့ ရေကလည်း
    ပင်လယ်ဆိုပြီး ပြာတတ်တယ် တဲ့

    မာယာတွေအကြောင်း
    တာရာမင်းဝေ ပြောခဲ့တာလေး

    ဒီကဗျာ ဖတ်ပြီး သတိရသွားတာ

    😆

  • အရီးခင်

    May 17, 2014 at 2:36 pm

    အချပ်ကောင်းတဲ့ ဖဲ ကလဲ အလောင်း ဘေးမှာ လှ တတ် တယ် ကိုစစ် ။
    ကိုဖိုက် နဲ့ မဆဲဗင်း ရော နေကောင်းကြလား။
    🙂

  • မဟာရာဇာ အံစာတုံး

    May 17, 2014 at 3:18 pm

    အလျားနဲ့ အနံနဲ့ ဆတူချည်းကပ်လာတော့ ..
    စတုရန်းပုံစံ ဖြစ်လာမှာပေါ့ …
    ဒီထဲမှာ ဝင်ခွေဖို့ဆို အရပ်ပုတဲ့လူမှ ဖြစ်မှာ …
    ရွှေတိုက်တို့ လိုမျိုးပေါ့ …

  • ko six

    May 17, 2014 at 3:59 pm

    ကျ​နော်​က
    ဂျပုဗျ

  • Mr. MarGa

    May 18, 2014 at 2:07 pm

    ကျားကွက်ပေါ်မှာ
    ချက်စ် ထိုးနေမိ

Leave a Reply