ထူးဆန်းစွာဆုံတဲ့ထူးဆန်းများ

`ကထူးဆန်းနဲ့ထူးဆန်းတဲ့တွေ့ဆုံမှု´

ဒီနေ့ lu lu ရဲ့ “ဘာထူးဆန်းလို့လဲ´´
ဆိုတဲ့ပို့စ်မှာ ကထူးဆန်း
ပျောက်နေတယ်လို့မန့်ထားတာ့တွေ့
လိုက်မှ
ကထူးဆန်းနဲ့ကျွန်မချစ်သူ ထူးဆန်းစွာ
အွန်လိုင်းမှာဆုံစည်းခဲ့ဖူးတာလေးကိုသတိယသွားတယ်။
ကထူးဆန်း နဲ့ ကိုပေတို့ဟာ ကျွန်မရဲ့ရွာအဝင်
မှာ လှိုက်လှဲအားပေးခဲ့ကြသူတွေမို့ဘယ်တော့မှ
မမေ့ပါ။
သူတို့ကမေ့သွားလောက်ရင်တောင်
ကျွန်မကမေ့မည်မဟုတ်။

ကျွန်မရွာထဲတရားဝင်မရောက်ခင် တစ်နှစ်လောက်က
ကျွန်မချစ်ချစ်ဟာ ကိုထူးဆန်းဆိုတဲ့လူတစ်ယောက်နဲ့
ဂျီတော့မှာ စကားစမြည်ကြာကြာပြောဖူးကြောင်း
အစိုးရအလုပ်လုပ်နေနိုင်တာ လေးစားပါကြောင်း
သူကတော့ပြည်ပမှာလုပ်နေတာဖြစ်ကြောင်း
တွေပြောဖြစ်ကြသတဲ့။
အွန်လိုင်းပြတိုက်က ကိုထူးဆန်းဖြစ်တဲ့အတွက်
ရွာက ကထူးဆန်းဟုတ်မဟုတ်ကျွန်မမသိပါ။
ဒါပေမယ့် အွန်လိုင်းမှာ ပုံစံတစ်မျိုးစီ အဖွဲ့တစ်ခုစီနဲ့သုံးနေတဲ ့ကျွန်မတို့နှစ်ယောက်လုံး
ထူးဆန်းသောလူတစ်ဦးနှင့် တစ်နေရာစီမှာ
ဆုံဆည်းမိကြောင်းလေးကို ထူးဆန်းစွာရေးချင်လာတာကြောင့်
နုတ်ပက်ထဲတင်ရေးပြီးဖုန်းနဲ့ပင်တင်လိုက်မိပါတယ်။
စာစဉ်မပြေပြစ်က ဖုန်းအပြစ်ပါရှင်။့

29 comments

  • surmi

    May 16, 2014 at 9:55 pm

    ထူဆန်းလှစွာသော တိုက်ဆိုင်မှုပါတကားးးး 🙂

  • ROssI

    May 16, 2014 at 10:17 pm

    ရွာထဲက မယီးဆန်း လား… အစိုးရအလုပ်လုပ်မှာ ..
    အာဟိ

    😛

    • ကထူးဆန်း

      May 16, 2014 at 11:06 pm

      မဟုတ်ပါဘူး နန်းတော်ရာသူ ရယ် ..
      နံမည် ထူးဆန်းစွာ တူတာသွားပါ ..
      မကြီးယီး (စန်း) ဆန်း
      (ရှက်တတ်လို့ပုန်းနေတာပါ ) အဟိ … :kwi:

  • ကာလအတန်ကြာ ထူးဆန်းစွာတစ်ယောက်တည်းဟုထင်နေမိတာ
    ထူးဆန်းစွာပေါ်လာဖြေရှင်းတဲ့ကထူးဆန်းကြောင့်
    ထူးဆန်းမှုအမှန်ကိုသိလိုက်ပါပြီ
    တယ်လဲထူးဆန်းပါပေ့
    😀

  • padonmar

    May 17, 2014 at 12:04 am

    Disney land မှာ It’s a small world ဆိုတဲ့ ပြကွက်လေးရှိတယ်။
    ကမာ္ဘကြီးထဲက လူမျိုးတွေများစွာကို ဂူထဲက ရေစီးထဲမှာ လှေလေးစီးရင်း ကြည့်ရတာ။
    တနေရာစီကလူတွေ မထင်မှတ်ပဲ တိုက်တိုက်ဆိုင်ဆိုင်တွေ့ကြတဲ့အခါ ကမာ္ဘကြီးကျဉ်းတယ်လို့ ညည်းပြော၊ဝမ်းသာပြောပြောကြတာပေါ့။
    ဒီထဲမှာ ကမာ္ဘကြီး အကျဉ်းဆုံးက ဦးကျောက်ဖြစ်မယ်။

    • ဦးကျောက်ခဲ

      May 17, 2014 at 9:47 am

      ဟုတ်ပါ့ အန်တီဒုံရယ် ဂဇက်မှာ နာမည်ဝှက်နဲ့ ပုန်းခါမှ…
      အဲဒါနဲ့ မထူးတော့ပါဘူးဆိုပြီး လူလုံးပြလိုက်ရရော…
      😀

  • naywoon ni

    May 17, 2014 at 2:34 am

    ထူးဆန်​းစွာ ကထူးဆန်​းပါ ​ပေါ်လာပါက​ကောလား ထူးဆန်​း​ပေစွ ဒကာ​တော်​ …..

  • lu lu

    May 17, 2014 at 5:02 am

    ရွာထဲမှာလည်းထူးဆန်းတာတွေချည်းပါလား
    ဒါလည်းထူးဆန်းတဲ့သူတွေ ရှိလို ့ထူးဆန်းတာပဲဆိုတော့
    ဒါလည်းဘာထူးဆန်းလို ့လဲ အဟိ
    🙂

  • kyeemite

    May 17, 2014 at 9:27 am

    ထူးထူးဆန်းဆန်း ကထူးဆန်း ဘာများဆန်းလဲ ကထူးဆန်း
    😀

  • alinsett (gazette)

    May 17, 2014 at 12:20 pm

    ကျနော့်အတွက်လည်း
    ကထူးဆန်းဆိုတာ
    ဆန်းပါကြောင်းးးး

    😆

  • Wow

    May 17, 2014 at 12:59 pm

    အခုတစ်လော ထူးထူးဆန်းဆန်း အားလုံး ပြန်ပေါ်လာဂျတာ ထူးဆန်းနေတယ် :boss:

  • black chaw

    May 17, 2014 at 1:09 pm

    ကျွန်တော်ကတော့…
    ကိုထူးဆန်း နာမည်ကြားရင်…
    ပြာဂလောင် အမွှာညီနောင်ရဲ့မိဘတွေဖြစ်တဲ့…
    ကိုထူးဆန်းနဲ့ ခင်ချောစွိ ပုံကိုပဲ ပြေးမြင်ယောင်မိနေတာဗျ…။
    ဂယ်ပြောတာ…
    ရွာထဲက ကိုထူးဆန်းမှာလည်း…
    ခင်ချောစွိလို မိန်းမမျိုးရှိတယ် လို့…
    နားစွန်နားဖျား ကြားမိတာပဲဗျာ…။
    ဟေးဟေး…
    😀

  • အရီးခင်

    May 17, 2014 at 2:20 pm

    ဒီရွာထဲ မတော့ ထူးဆန်း တဲ့ ဟေ့။ တစ် ထူးဆန်း ဘဲ ရှိပါတယ်။
    အများကြီးမဟုတ်။ LOL 🙂

  • မဟာရာဇာ အံစာတုံး

    May 17, 2014 at 3:20 pm

    ရွာထဲက ဥထူးဆန်း …
    အန်လိုင်း ပြတိုက်က ထူးဆန်း …
    ထူးဆန်းတဲ့ တိုက်ဆိုင်မှု ..
    ထူးဆန်းစွာ ရောက်လာမှု ….
    စတာတွေကို …
    ထူးဆန်းစွာ ဖတ်တွားဘာဒယ် ယောက်ခမ ….

  • TNA

    May 17, 2014 at 10:59 pm

    ထူးဆန်းပါပေ့ကွယ်။ တော်ရုံတိုက်ဆိုင်မှု့မဟုတ်ပဲကိုး။ ရွာထဲပထမဆုံးပိုစ့်တင်တော့ ပထမဆုံးကွန်မင့်ပေး တဲ့ကပေ့ကိုလဲ ထူးထူးဆန်းဆန်းသတိယနေမိပါရဲ့။

  • etone

    May 18, 2014 at 1:16 am

    ရွာထဲက ကထူးဆန်းက အစိုးရ အလုပ်လုပ်နေတာ မဟုတ်ပဲ ပြင်ပစီးပွားရေး( ဝန်ဆောင်မှု လုပ်ငန်း) လုပ်နေတယ်လို့ သိထားတာပါပဲ ။

  • Mr. MarGa

    May 18, 2014 at 1:54 pm

    အဲ့ဒါပဲ ဟွာဝေးဆိုတော့ ဘယ်လိုလုပ် စာပြေပါတော့မလဲ ဒါ ဖုန်းအပြစ် အဟိ အဟိ

  • ကေဇီ

    May 18, 2014 at 2:04 pm

    ခုတလော တော်တော် ထူးဆန်းနေပါ့လားးး

    😀

  • ရွှေ ကြည်

    May 18, 2014 at 2:37 pm

    အူးထူးဆန်း ရွာအပြင်ကပတ်နေတာနေမှာ

  • Ma Ma

    May 18, 2014 at 8:11 pm

    ရွာထဲမှာ ကထူးဆန်းဖြစ်နေတာကို
    ကထူးဆန်းရဲ့ ခင်ချောစွိကတောင်မသိဘူးဆိုရင်
    ပိုပြီး ထူးဆန်းသွားမယ်ထင်တယ်။ 😀

Leave a Reply