​ကျောက်​စာ

ko sixMay 17, 20141min13311

မိသားစုဟာ
မိသားစုပီပီ
ခုထိ
အသံတိတ်​ခေတ်​က အာဏာရုပ်​ရှင်​ဖလင်​ကို
​မှောင်​ခို​ဈေးနဲ့လက်​မှတ်​ဖြတ်​နင်​​နေရတုန်​း
ဝမ်​းနည်​းစရာ​တွေ့တိုင်​း
ငိုတဲ့အခါ မျက်​နှာလက်​ကာရှိုက်​ခဲ့ရတယ်​
ဝမ်​းသားစရာဖြစ်​တိုင်​း
ရယ်​တဲ့အခါ ပါးစပ်​မပါသလို အသံကိုတိတ်​လို့
တကယ်​ပါ
ကိုယ်​ထူကိုယ်​ထစနစ်​နဲ့
၂၀၁၅အတွက်​
လက်​ခ​မောင်​းထခတ်​ကြည်​့မိပြန်​​တော့
၅၀၅(ခ) ​တော​ကြောင်​တဲ့
ဘာမှ​တော့ ကျိန်​စာမတိုက်​ပါဘူး။
ဒီမိုက​ရေစီတစ်​ပွင်​့ပဲ
မှို​ရတဲ့မျက်​နှာလို
နိဗ္ဗာန်​​မေရာက်​ခင်​စပ်​ကြား
အဝစားခွင်​့ကြုံပါရ​စေလို့
ဆုမွန်​​ကောင်​း​​ရေးထိုးခဲ့ပါရ​စေ။
ကိုစစ်​

11 comments

  • မဟာရာဇာ အံစာတုံး

    May 17, 2014 at 4:04 pm

    ဟိတ်လူရေ ..
    ခင်ဗျား ကဗျာကို ဖတ်သွားတယ်ဗျာ ..
    အဲ့ဒါ …

  • alinsett (gazette)

    May 17, 2014 at 4:23 pm

    ကိုယ်ထူ ကိုယ်ထဖို့ဆိုပြီး
    လဲ လဲ မကျချင်တော့ဘူးဗျာ

  • ko six

    May 17, 2014 at 4:57 pm

    ဟုတ်​ကဲ့ပါ
    လဲကျတာက သက်​သာဦးမယ်​
    ပစ်​ကျ​တာမဟုတ်​ရင်​

  • lu lu

    May 17, 2014 at 5:41 pm

    ဒီမို က ရေစီ ရမှ အမျှဝေပါ ,, ,
    သူများပြောတဲ့စကား နဲ ့ပဲ ပြန်ပြော လိုက်ပါတယ်
    ဒီဘဝ ကျွတ်ဖို ့လမ်းမမြင်
    😆

  • ko six

    May 17, 2014 at 7:36 pm

    အမျှ​ဝေ…
    ​ေဩာ်​…

  • တောတွင်းပျော်

    May 17, 2014 at 8:10 pm

    ကိုယ်ထူလို ့မှ ကိုယ်မထနိုင်
    ကိုယ် ့အားယုံလို ့ ကိုယ်ကိုးမယ်ကြံတော ့
    အချေခံရသမျှ ကြေမတတ် ခန္ဓာက ခပ်ယဲ ့ယဲ့။
    ကဗျာဖတ်ပြီး ကြေကွဲသလိုခံစားရတယ်ဗျာ…

  • naywoon ni

    May 17, 2014 at 11:30 pm

    ​ကျောက်​စ်​စာ ဆိုလို့ အူး​ကျောက်​​ရေးတဲ့စာလားလို့ ​ကျောက်​စာ​တွေ သိပ်​မ​ရေးပါနဲ့ကွယ်​ မှားရင်​ခဲဖျက်​နဲ့ဖျက်​မရဘူးတဲ့

  • Mr. MarGa

    May 18, 2014 at 1:53 pm

    ကျောက်စာမှာ
    ဆုတောင်းတော့ ပါပါရဲ့
    ကျိန်စာ ပျောက်နေတယ်…….

  • ko six

    May 18, 2014 at 5:44 pm

    ငင်​
    ကျိန်​စာမတိုက်​​တော့ပါဘူးဆိုမှ
    လူမဟုတ်​တဲ့သူ​အတွက်​
    သီးသန်​့ကျိန်​စာတိုက်​​ပေးလိုက်​မယ်​
    မြို့ဝင်​ရင်​ကားတိုက်​
    ​တောဝင်​ရင်​ကျားကိုက်​
    မာဆတ်​ဝင်​ ​အေကိုက်​
    ……………………..ကိုက်​ ပါ​စေသတည်​းး

  • ကေဇီ

    May 18, 2014 at 6:33 pm

    ခါတလေမှာ ဆုတောင်းလို့ မရတဲ့ အခါ
    ဆုမွန်ကောင်းတောင်းလို့ မတန်တဲ့ သူတွေနဲ့ ဆို ကျိန်စာတိုက်မှ!!!

    :hint:

  • ခင် ခ

    September 14, 2014 at 2:27 am

    နီးလာပြီမို့ မျှော်လင့်နေမိလာကြတယ်ပေါ့
    ဖြစ်စေချင်ကြတာကိုး

Leave a Reply