ငါရေးတဲ့ ဇာတ်
ငါကိုယ်တိုင် ဇာတ်ညွှန်းခွဲပြီး
ငါကိုယ်တိုင် ဒါရိုက်တာလုပ်တဲ့ 
ငါ ဆိုတဲ့  ငါ့ ပြဇာတ်မှာ
မင်းသားကြီးက ငါ…

အဆိုလည်း ငါ
အကလည်း ငါ
အသောလည်း ငါ
အလွမ်းလည်း ငါ
အရယ်လည်း ငါ
အငိုလည်း ငါ..
ငါ..ငါ…ငါ…

ငါအထပ်ထပ်နဲ့ 
ငါနဲ့ အတုတ်ခံရတာလည်း ငါ
ငါနဲ့ တုတ်တာလည်း ငါ
ခဲ ထု ဆုအချခံရတာလည်း ငါ
ခဲ ဆုချတာလည်း ငါ…

သြော်! ပရိဿတ်ကလည်း ငါ…

တောတွင်းပျော်

About တောတွင်းပျော်

has written 51 post in this Website..

ဒေါင်ကျကျ ပြားကျကျ ဒေါင့် မကျိုးတဲ့ လူ