ငါ ့ကိုယ်ငါ မျက်စိနောက်တယ်

ငါရေးတဲ ့ဇာတ်
ငါကိုယ်တိုင် ဇာတ်ညွှန်းခွဲပြီး
ငါကိုယ်တိုင် ဒါရိုက်တာလုပ်တဲ ့
ငါ ဆိုတဲ ့ ငါ ့ပြဇာတ်မှာ
မင်းသားကြီးက ငါ…

အဆိုလည်း ငါ
အကလည်း ငါ
အသောလည်း ငါ
အလွမ်းလည်း ငါ
အရယ်လည်း ငါ
အငိုလည်း ငါ..
ငါ..ငါ…ငါ…

ငါအထပ်ထပ်နဲ ့
ငါနဲ ့အတုတ်ခံရတာလည်း ငါ
ငါနဲ ့တုတ်တာလည်း ငါ
ခဲ ထု ဆုအချခံရတာလည်း ငါ
ခဲ ဆုချတာလည်း ငါ…

ဪ! ပရိဿတ်ကလည်း ငါ…

12 comments

  • မဟာရာဇာ အံစာတုံး

    May 17, 2014 at 8:02 pm

    ​နောက်​အခါ
    ငါ ကို မျက်​စ်ိ​နောက်​ရင်​
    အီစကို လို့ ​ရေးဗျာ ဟာဟ

  • Mr. MarGa

    May 17, 2014 at 8:15 pm

    ငါတစ်ယောက်တည်း က တာ
    နားချိန်လည်း မရှိပါ
    ဒါကြောင့်
    ငါ့ဘဝနဲ့ ငါ….. အဟိ

  • lu lu

    May 17, 2014 at 9:13 pm

    ငါဟာငါမဟုတ်
    ငါဟာသူလည်းမဟုတ်
    ငါဟာဘယ်သူမှမဟုတ်
    ငါဟာငါ့ရန်သူ ဖြစ်နိုင် တယ်
    🙂

  • alinsett

    May 18, 2014 at 7:48 am

    ငါ ဆိုတဲ့ ထင်တစ်လုံးနဲ့
    ငါအဖြစ် ဖြစ်တည်နေတာကိုက
    တယ် ဟုတ်တဲ့ငါ ဆိုပြီး. . . .

    :mrgreen:

    ကဗျာလေးကို ဖတ်သွားပါတယ် ကိုတောပျော်ရေ
    ကဗျာနာမည်လေးကို သဘောကျတယ်
    🙂

  • ကေဇီ

    May 18, 2014 at 1:39 pm

    သများတော့ ကိုယ့်ကိုယ်ကို မျက်စိမနောက်ဘူးးး

    ကိုယ့်ကိုယ်ကိုပဲ စိတ်ဝင်စားတယ်။
    ကိုယ့်ကိုယ်ကိုပဲ ချစ်တယ်။
    ကိုယ့်ကိုယ်ကိုပဲ အလိုလိုက်တယ်။
    ကိုယ့်ကိုယ်ကိုပဲ ကြည့်ချင်တယ်။
    ကိုယ့်ကိုယ်ကိုပဲ သနားတယ်။
    ကိုယ့်ကိုယ်ကိုပဲ ညှာတာတယ်။

    သများ သိပ် အတ္တမကြီးပါဘူးနော်။

    :mrgreen:

  • Ma Ma

    May 18, 2014 at 8:56 pm

    ငါရေးတဲ့ ဇာတ်
    ငါ ဒါရိုက်တာ
    ငါ ဇာတ်လိုက်
    အဲ…
    အဲဒါတောင် အဆင်မချောတာတွေ အမျ ားကြီးးးးးးးးးး 🙁

  • ဦးကြောင်ကြီး

    May 19, 2014 at 12:41 am

    တောတွင်းပျော်
    မောနင်းစော်
    ကျောပျင်းခေါ်
    ဒေါတင်းအော်..

    • တောတွင်းပျော်

      May 19, 2014 at 7:42 pm

      မီမီပျောက်လို ့ ကြောင်ကြီး ရွာထဲပတ်ရမမးနေပြီ
      မီမီရေ ထွက်လာပြီးလာထိန်းလှဲ ့

  • naywoon ni

    May 19, 2014 at 4:13 am

    မျက်​​စေ့​နောက်​ရင်​ မှန်​မကြည်​့နဲ့ ကျုပ်​ဆို မှန်​မကြည်​့ဖြစ်​တာ တစ်​လ ​ကျော်​ပီ ။ ၂ လ တစ်​ကြိမ်​ ဆံပင်​ညှပ်​ဆိုင်​​ရောက်​မှ ကြည်​့ဖြစ်​တယ်​ ဗျ ။

    • တောတွင်းပျော်

      May 19, 2014 at 6:59 pm

      ကိုနေဝန်းနီလည်း ကျနော် ့လိုပဲကိုယ် ့ကိုကိုယ်မျက်စိနောက်တယ်ထင်ပ။
      ကျနော်လည်း တစ်နှစ်မှာ ၃ခါလောက်တော ့ ညှပ်ဖြစ်တယ်။
      တောထဲကထွက်မှပါ။

  • kyeemite

    May 19, 2014 at 11:58 am

    ငါ…ဆိုတာ သူများတွေရှိမှ အဓိပ်ပါယ်ရှိတာတဲ့ :loll:

    • တောတွင်းပျော်

      May 19, 2014 at 7:04 pm

      သူတွေ မရှိလို ့ ကိုယ် ့ဟာရှုပ်နေတာ!

Leave a Reply