ကံယုံတိုင်​းပြည်​

naywoon niMay 18, 20141min18214

ငါတို့မှာ
​မွေးစကတည်​းက
လက်​ပွန်​းတစ်​တည်​း​နေလာခဲ့ရတာက မဲနှိုက်​တာနဲ့ ကံစမ်​းမဲ
ရလိုသူက တစ်​ရာ
​ပေးနိုင်​တာက တစ်​ဆယ်​
​မ​ဝေ​လောက်​မခြမ်​း​လောက်​
သိပ်​​ခေါင်​း​ခြောက်​မခံပါနဲ့
မဲလိပ်​နှိုက်​မယ်​တဲ့……။
မဲနှိုက်​တယ်​ မဲ​ပေါက်​တယ်​ဆိုတာက
လတ်​တစ်​​လော ကံစမ်​းတာတဲ့​လေ
မဲ​ပေါက်​တဲ့သူကရွှင်​ပြုံး
မဲမ​ပေါက်​တဲ့သူရှုံ့မဲ့
ကံ​ကောင်​းခြင်​း မ​ကောင်​းခြင်​းဟာ
မဲ​ပေါက်​ခြင်​း မ​ပေါက်​ခြင်​းနဲ့ပဲဆိုင်​တယ်​ ။
ကံဆိုတာအလုပ်​ ဆို​ပေမဲ့
ဘာမှမလုပ်​ပဲ ကံ​ကောင်​း​စေနိုင်​တဲ့ ဂါထာ ​တွေ ရွတ်​ဖတ်​​နေသူ​တွေရှိ​နေသ၍​တော့

ကံဆိုတဲ့ အဓိပ္ပာယ်​
ဒီမျှနဲ့ ကိစ္စဖြတ်​
ဒီ​နေ့ထိကိုပဲ
ကံစမ်​းမဲ ဖုန်​းကဒ်​မဲ
ဘာမဲ ညာမဲ
တစ်​မဲထဲ မဲ​နေ​ပေါ့
ဘယ်​​တော့ဖြူလာမှာလဲဟင်​
တို့တိုင်​းပြည်​ ကံကို မယုံတဲ့​နေ့ထိ
ဖြူလာမလား ပြာခါကျမလား
အင်​းတစ်​ခုခု​တော့
တစ်​ခုခု​ပေပဲ ။

​နေဝန်​းနီ

14 comments

  • lu lu

    May 18, 2014 at 11:02 am

    တမဲတည်းမဲနေတဲ့ ကံစမ်းမဲတွေနှိုက်နေသ ရွေ ့
    တို ့ကံတွေလည်းမဲနေဦးမှာပဲ

    ကံဆိုတာအလုပ်​ ဆို​ပေမဲ့
    ဘာမှမလုပ်​ပဲ ကံ​ကောင်​း​စေနိုင်​တဲ့ ဂါထာ ​တွေ ရွတ်​ဖတ်​​နေသူ​တွေရှိ​နေသ၍​တော့
    ွ ဒီလိုပဲ မဲနေကြမှာ ပေါ့
    :buu:

  • alinsett (gazette)

    May 18, 2014 at 11:22 am

    ကံကို ယုံပါ
    ဒါပေမယ့် စိုက်ခင်းလေးကိုတော့ ရေလောင်းပါ တဲ့
    အဲဒိစကားလေး ကို သတိရသွားတယ်

  • ဦးဦးပါလေရာ

    May 18, 2014 at 11:25 am

    . အဘတို့ကို သက်သက်ညှာညှာ မြင်ပေးပါကွယ်……
    . အဘတို့ တသက်လုံး လုပ်တတ်သမျှက-
    . ရေဗူးပေါက်ထဲမှာ ရေပါ ပါတယ်လို့ ဇွတ်လိမ်တာရယ် ……
    . မဝေတတ်ရင် ကံစမ်းမဲနှိုက်ခိုင်းတာရယ် …..
    . ဒီနှစ်မျိုးပဲ တတ် လို့ပါ ကွယ် ……

  • Wow

    May 18, 2014 at 12:14 pm

    ကံစမ်းမဲ ဘယ်တော့မှ မပေါက်ဘူးတဲ့ နာ့ဘွ ကံဆိုးလှချည်ရဲ့ 😥

  • ကေဇီ

    May 18, 2014 at 1:26 pm

    ကံ ကို ယုံတာ ရပါတယ်။
    ချီးပုံ မနင်းရင် ပြီးတာပဲ…
    😀

  • မဟာရာဇာ အံစာတုံး

    May 18, 2014 at 3:52 pm

    ဟုတ်မယ် .. ဟုတ်မယ် …
    မွေးစတည်းက ကံစမ်းလိုက်ရတဲ့ ဘဝ ….
    ဖတ်စာအုပ် မလောက်လို့ ကံစမ်းမဲ နှိုက်ခဲ့ရတယ် ….
    ပညာရေးမှာပါ ကံစမ်းနေရလေတော့ ….
    အင်း .. အနာဂါတ် မျိုးဆက်ကြီးကတော့ ………

  • အရီးခင်

    May 18, 2014 at 8:15 pm

    မောင်ဘလှိုင် ရဲ့ အခန်းဆက်ဝတ္တုရှည်ကြီး – အခြေအနေမဲ့ သန်းကြွယ်သူဌေး ရဲ့
    (ရုပ်ရှင် – Slumdog Millionaire ) အဆုံးသတ်လိုပေါ့။
    It is written တဲ့။
    Result အားလုံးက ရေးထားပြီးသား ဖြစ်နေမှာပါဘဲ။
    ဒါပေမဲ့ ကိုယ့်ဖက်ကတော့ IF Pattern တွေ စစ်ပြီး ထားရင် အကောင်းဆုံးဖြစ်မလားလို့ ဖြစ်နိုင်သမျှ ကြိုးစား ရပေမပေါ့။ 😉

    ဒီတော့ ဘာဘဲဖြစ်ဖြစ်၊ ဖြစ်ချင်ရာဖြစ် မသိသေးတဲ့ ရလာဒ် /ကံ ကိုတော့ ပူမနေတော့ဘူး။
    ဖြစ်ချင်ရာဖြစ်မှာ သူ့သဘော၊ ကြိုးစားနေရမှာက ကိုယ့်သဘော။
    ကြိုးစားတယ် ဆိုတာလဲ ဉာဏ်လေးနဲ့ယှဉ်နိုင်ဦးမှ။

    စိတ်သဘောမတိုက်လဲ ကြောင်ကိုသာ လွှတ်လိုက်ပါ အဘနီ ရေ။ :-))))

  • padonmar

    May 19, 2014 at 12:24 am

    ကျမတော့ ကံစမ်းမဲစနစ်ကို မသုံးဖို့ ကိုယ့်ပတ်ဝန်းကျင်မှာ ပြင်နေတယ် အဘနီ။
    အရည်အချင်းသာသူ ဦးစားပေးမယ်။
    ပြီးရင် အားနည်းသူ ဦးစားပေးမယ်။

  • ဦးကြောင်ကြီး

    May 19, 2014 at 12:31 am

    ကံကိုယုံ
    ဆန်ပိုကုန်
    ဖျံဖိုအုံ
    လံချိုဟုန်
    ရန်ပြိုဂုဏ်
    အံတိုမြုံ
    ခံလိုပုံ
    သံမှိုလုံ..

  • Paing Lay

    May 19, 2014 at 2:57 pm

    စကားအတင်းစပ် ကံကိုယုံပြီး ကံစမ်းခဲ့ရတာ နှစ်အတန်ကြာခဲ့ပေါ့နော် ကံကိုယုံကြည်ခြင်း အထိမ်းအမှတ်လုပ်ရင် လူတော်တော်စည်လိုက်မယ်ဖြစ်ခြင်း :mrgreen:

  • ကြောင်ဝတုတ်

    May 19, 2014 at 3:16 pm

    ဒီကဗျာလေးကို ရပ်ကွက်ရုံးရှေ့သွားကပ်ထားဦးမှ…
    GSM မဲမပေါက်တာ ကြာကြာလှပြီ…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • kyeemite

    May 19, 2014 at 3:36 pm

    ကံ…ကံ…ကံ
    ခံ…ခံ…ခံ
    ဉာဏ်…ဉာဏ်…ဉာဏ်
    စံ…စံ…စံ…

  • ခင် ခ

    September 14, 2014 at 1:02 am

    ၂၀၁၅ မဲ ကတော့ ကံ ကိုဘဲပုံလို့ မရကောင်းဘူးနော်

Leave a Reply