စကားလုံးများနဲ့ ​နေဝန်​းနီ

naywoon niMay 18, 20141min27818

​နေဝန်​းနီတို့ ကဗျာသမား​တွေက စကားလုံး တစ်​လုံးရဲ့ တန်​​ကြေးကို ဘဝနဲ့ တိုင်​းတာကြတာ ။ ဘယ်​​လောက်​ထိ တန်​​ကြေးထားလဲ ? ရုရှားက ကဗျာဆရာ ယက်​တူရှင်​ကို က သူ့​ကောင်​မ​လေး ကို​ပြောတယ်​ ။
” မာရီယာ ……
မင်​းနာမယ်​​လေး ငါ့​မေ့သွားမှာ စိုးလှတယ်​
ရှာ​တွေ့ပီးသား စကားတစ်​လုံး
ကဗျာဆရာ ​မေ့သွားမှာ​ကြောက်​သလိုပဲ ”
တဲ့ ။ ကဗျာဆရာ ဟာ သူသုံးဖို့ ရှာ​တွေ့ထားတဲ့ စကားလုံးတစ်​လုံးနဲ့ ချစ်​သူရဲ့ နာမယ်​စလုံး​လေး တင်​စားပီး​ပြောတာ ။ သာမာန်​ဆိုရင်​ အဓိပ္ပာယ်​ မရှိသလို​ပေမဲ့ ကဗျာသမား​တွေ အတွက်​​တော့ အဓိပ္ပာယ်​ ကျယ်​ဝန်​းလှပါရဲ့ ။ ကျုပ်​တို့ဆီက ကဗျာဆရာ​တွေမှာလဲ သူ့ ​ဖေးဖရိတ်​ စကား လုံး​လေး​တွေရှိတယ်​ ။ ​ရှေ့လူက သုံးနှုန်​းသွားတဲ့ စကားလုံး ​နောက်​လူက လိုက်​မသုံးကြဘူး ။ အခု​နောက်​ပိုင်​းကျမှသာ စည်​းကမ်​းပျက်​သလို ဖြစ်​သွားတာ ။ တစ်​​ယောက်​က သုံးလိုက်​လို့ လူသိများသွားရင်​ ​နောက်​လူက လိုက်​မသုံးကြဘူး ။ ​ရှောင်​တယ်​ ။ ဥပမာ – ဒဂုန်​တာရာ ရဲ့ သူသိများတဲ့စကားလုံး​တွေဖြစ်​တဲ့
​လေနု​အေး
ဝတ်​လစ်​စလစ်​လမ်​းမကြီး
​ဝေါ့ဒစ္စ​နေအပြာ
​ရွှေအို​ရောင်​
တစ်​ဟီတီသွားရ​အောင်​
​အောင်​ချိမ်​့ဆိုရင်​
ဂန္ဓဝင်​မမ
မင်​းလူ ဆိုရင်​
အချစ်​လား​ဟေ့ ဝင်​ခဲ့​လေကွယ်​
အတိတ်​ဆိုတာ ထီလက်​မှတ်​ထဲထားခဲ့မယ်​
​မောင်​​လေး​အောင်​ ဆိုရင်​
သိုး​တွေက ကဗျာမ​ရေးဘူး
စသည်​ဖြင်​့ တစ်​​ယောက်​ချင်​းစ်ီမှာ မူပိုင်​လို ဖြစ်​​နေတဲ့ စကားလုံး​တွေရှိတယ်​ ။ မသုံးမဖြစ်​လို့ သုံးချင်​ရင်​​တောင်​ မူရင်​းပထမ သုံးသွားတဲ့ လူနာမယ်​နဲ့ တွဲသုံးတယ်​ ။ ကိုယ်​ပိုင်​လို သ​ဘောထားပီး ခပ်​တည်​တည်​ ယူမသုံးဘူး ။ သုံးဖို့ရာ ဝန်​​လေးကြတယ်​ ။ လမ်​း​ဘေးက ​ဆေးလိပ်​တို ​ကောက်​​သောက်​ချင်​ရင်​ ​ကောက်​​သောက်​မယ်​ ။ ​ရှေ့ကလူ သုံးသွားလို့ လူသိများတဲ့စကားလုံးကို ​နောက်​က​နေ အလွယ်​တစ်​ကူလိုက်​မသုံးဘူး ။ လိုက်​သုံးတာကိုလဲ လက်​မခံဘူး ။
​နေဝန်​းနီ တို့ကဗျာ စ​ရေးကာစက မန္တ​လေးမြို့က ကဗျာဆရာ ကိုလင်​းသူ ဆိုတာရှိတယ်​ ။ သူက မိုး​ဝေ ကဗျာ​ခေတ်​ကို ဖြတ်​သန်​းလာတဲ့သူ ။ ကဗျာ တစ်​ပုဒ်​​ရေးပြီးလို့ သူ့ဆီသွားပြရင်​ အဲ့လို ​ရှေ့က သုံးထားတဲ့စကားလုံး ပါလို့က​တော့ ချက်​ချင်​း ပြင်​ခိုင်​း​တော့တာ ။ ​နောက်​ အသုံးမရှိ​တော့တဲ့ ​ပေါရာဏ စာလုံး​တွေ ထည်​့​ရေးတာ မကြိုက်​ဖူး ။ အများနဲ့ ဆန်​့ကျင်​ပြီး​ရေးတာလဲ သ​ဘောမကျဘူး ။ အဲ့​တော့ ​နေဝန်​းနီ နဲ့က မတည်​့ဘူး ။ သူက ​နေဝန်​းနီကို အများနဲ့ ဆန်​့ကျင်​ပြီး ကပ်​တီးကပ်​ဖဲ့​ရေးလို့ သူပုန်​ ကဗျာဆရာ တဲ့ ။ အဲ့အချိန်​ ၁၆ နှစ်​သား ​နေဝန်​းနီက တရုပ်​ပြည်​​ပေါ်မှ ကြယ်​နီ တစ်​ပွင်​့တို့ လီနင်​တို့ ကပ်​စထရို တို့ နုရင်​ဘန်​ထရိုင်​း တို့ ဖတ်​​နေပီ ။ ​ကျော်​မြသန်​းရဲ့ ” ကျွန်​​တော်​ လက်​နက်​ချ” စာအုပ်​ကို လွယ်​အိတ်​ထဲ မှာ အမြဲ​ဆောင်​ထားတာ ။ ကြိုက်​လို့ ။ ရာဇတ်​ခန်​းမ စာကြည်​့တ်​ိုက်​က ငှားပီး​တော်​​တော်​နဲ့ ပြန်​မ​ပေးပဲထားတာ ။ သူနဲ့ အ​ချေအတင်​ စကား​ပြောရတာက ​နေဝန်​းနီ ခု ထိ ကြိုက်​​နေတဲ့
” သစ္စာမဲ့တဲ့ပိ​တောက်​
တစ်​နှစ်​လုံး လမ်​း​လျှောက်​​နေတယ်​”
ဆိုတဲ့စကားလုံး ​တော်​​တော်​​လေး အငြင်​းအခုန်​ဖြစ်​ပီး​တော့ သူ့ဆီမသွား​တော့ဘူး ။ တစ်​ပတ်​​လောက်​ရှိ​တော့ ကိုလင်​းသူမ​နေနိုင်​ဘူး ။ ​နေဝန်​းနီ အ​ဆောင်​လိုက်​​ခေါ်ပီး​ချော့တယ်​ ။ ​ရှေ့ကလူ​တွေ သုံးနှုန်​းပီးသား စကားလုံးမ​ဟုတ်​လို့ အသစ်​အဆန်​း ကိုယ်​ပိုင်​ဖန်​တီးတာ မို့ ဆိုတဲ့ စကားနဲ့ ​လျော့ချလိုက်​တယ်​ ။ အဲ့​တော့ ကဗျာ​ရေးသူ တစ်​​ယောက်​ဟာ သူတစ်​ကာ ဖန်​တရာ​တေ​အောင်​ သုံးနှုန်​းပီးသား စကားလုံး​တွေကိုလဲ လိုက်​မသုံးဘူး ။ ကိုယ်​့ဖာသာကိုယ်​ပဲ စကားလုံး​တွေကို ကျစ်​လစ်​​အောင်​ဖန်​တီးတယ်​ ။ ဒီလိုမှ မဟုတ်​ပဲ ​ရှေ့က လူ ဖန်​တီးသုံးနှုန်​းသွားတဲ့စာသား​ပေါ်မှာ အလိုက်​သင်​့ သုံးပီး အဓိပ္ပာယ်​ က​ပြောင်​း ကပြန်​ဖြစ်​​အောင်​ ​လျှောက်​လုပ်​​နေမယ်​ဆိုလဲ ရှုံ့ချတယ်​ ။ ဒါ ​​ပေါ်ပင်​ သမား ။ ကဗျာ သမား အစစ်​မဟုတ်​ဖူး ။ ပွဲလှန်​့ ဖျာခင်​းပီး ​နေရာဝင်​ယူဖို့ ကြိုးစားတာ ။
​နောက်​ မတူတဲ့ အ​ကြောင်​းအရာ တစ်​ခုနဲ့ တစ်​ခု စကားလုံး​တွေနဲ့ ု ဇွတ်​အတင်​း မဆက်​စပ်​ဖူး ။ ​နောက်​မှ စကားလုံး​တွေနဲ့ အသုံးပြု ပုံဆက်​​ပြောဦးမယ်​ ။ စိတ်​ဝင်​ရစားတယ်​ ဖတ်​ချင်​​သေးတယ်​ ဆိုရင်​​ပေါ့……..။

​နေဝန်​းနီ

18 comments

  • kai

    May 18, 2014 at 6:20 am

    စိတ်ဝင်စားတယ်…။ ဖတ်ကြည့်ရင်းဆွေးနွေးကြတာပေါ့..
    ယူအက်စ်မှာတော့.. အများပိုင်စကားလုံးတိုင်း.. ကော်ပီရိုက်တင်လို့မရသလို.. တချို့အတွဲတွေကလည်း.. ကောပီရိုက်ရှိတယ်..။
    အင်မတန်ပညာသားပါ.. ရှုပ်ထွေးတဲ့လောကပါ..။
    ဒီလပိုင်း.. ကော်ပီရိုက်..။ မူပိုင်..။ ဖဲယးာယူစ်တွေနဲ့ပါတ်သက်တဲ့.. စင်မနာတွေတော်တော်တက်ဖြစ်တယ်..။
    ရှေ့နေတွေနဲ့လည်းတွေ့ဖြစ်တယ်..။

    သိစရာတွေအများကြီးထပ်ရတယ်..။
    ပြန်ပြောပြချင်သား..။ :mrgreen:

  • kai

    May 18, 2014 at 6:28 am

    What Does Copyright Protect?

    What does copyright protect?
    Copyright, a form of intellectual property law, protects original works of authorship including literary, dramatic, musical, and artistic works, such as poetry, novels, movies, songs, computer software, and architecture. Copyright does not protect facts, ideas, systems, or methods of operation, although it may protect the way these things are expressed. See Circular 1, Copyright Basics, section “What Works Are Protected.”

    Can I copyright my website?
    The original authorship appearing on a website may be protected by copyright. This includes writings, artwork, photographs, and other forms of authorship protected by copyright. Procedures for registering the contents of a website may be found in Circular 66, Copyright Registration for Online Works.

    Can I copyright my domain name?
    Copyright law does not protect domain names. The Internet Corporation for Assigned Names and Numbers (ICANN), a nonprofit organization that has assumed the responsibility for domain name system management, administers the assignation of domain names through accredited registers.

    How do I protect my recipe?
    A mere listing of ingredients is not protected under copyright law. However, where a recipe or formula is accompanied by substantial literary expression in the form of an explanation or directions, or when there is a collection of recipes as in a cookbook, there may be a basis for copyright protection. Note that if you have secret ingredients to a recipe that you do not wish to be revealed, you should not submit your recipe for registration, because applications and deposit copies are public records. See FL 122, Recipes.

    Can I copyright the name of my band?
    No. Names are not protected by copyright law. Some names may be protected under trademark law. Contact the U.S. Patent & Trademark Office, 800-786-9199, for further information.

    How do I copyright a name, title, slogan, or logo?
    Copyright does not protect names, titles, slogans, or short phrases. In some cases, these things may be protected as trademarks. Contact the U.S. Patent & Trademark Office, 800-786-9199, for further information. However, copyright protection may be available for logo artwork that contains sufficient authorship. In some circumstances, an artistic logo may also be protected as a trademark.

    How do I protect my idea?
    Copyright does not protect ideas, concepts, systems, or methods of doing something. You may express your ideas in writing or drawings and claim copyright in your description, but be aware that copyright will not protect the idea itself as revealed in your written or artistic work.

    Does my work have to be published to be protected?
    Publication is not necessary for copyright protection.

    Can I register a diary I found in my grandmother’s attic?
    You can register copyright in the diary only if you own the rights to the work, for example, by will or by inheritance. Copyright is the right of the author of the work or the author’s heirs or assignees, not of the one who only owns or possesses the physical work itself. See Circular 1, Copyright Basics, section “Who Can Claim Copyright.”

    How do I protect my sighting of Elvis?
    Copyright law does not protect sightings. However, copyright law will protect your photo (or other depiction) of your sighting of Elvis. File your claim to copyright online by means of the electronic Copyright Office (eCO). Pay the fee online and attach a copy of your photo. For more information on registering a copyright, see SL-35. No one can lawfully use your photo of your sighting, although someone else may file his own photo of his sighting. Copyright law protects the original photograph, not the subject of the photograph.

    Does copyright protect architecture?
    Yes. Architectural works became subject to copyright protection on December 1, 1990. The copyright law defines “architectural work” as “the design of a building embodied in any tangible medium of expression, including a building, architectural plans, or drawings.” Copyright protection extends to any architectural work created on or after December 1, 1990. Also, any architectural works that were unconstructed and embodied in unpublished plans or drawings on that date and were constructed by December 31, 2002, are eligible for protection. Architectural designs embodied in buildings constructed prior to December 1, 1990, are not eligible for copyright protection. See Circular 41, Copyright Claims in Architectural Works

    Can I get a star named after me and claim copyright to it?
    No. There is a lot of misunderstanding about this. Names are not protected by copyright. Publishers of works such as a star registry may register a claim to copyright in the text of the volume [or book] containing the names the registry has assigned to stars, and perhaps the compilation of data; but such a registration would not extend protection to any of the individual star names appearing therein. Copyright registration of such a volume of star names does not confer any official or governmental status on any of the star names included in the volume. For further information on copyright protection and names, see Circular 34, Copyright Protection Not Available for Names, Titles, or Short Phrases.

  • alinsett (gazette)

    May 18, 2014 at 7:45 am

    ဒါမျိုးအကြောင်းအရာတွေ အဘနီတို့လို စာပေသမားတွေပြောလို့မှ
    စိတ်မဝင်စားရင်
    ကျနော် ကဗျာ စာပေကို ချစ်တယ်လို့ မပြောတော့ဘူး

    ဆက်ရေးပေးပါဦး အဘနီ
    ဆက်ဖတ်ဖို့ အဆင်သင့်ပါ။
    အခု ရေးပြသွားတာတွေကိုလည်း ရင်နဲ့ ဖတ်သွားပါတယ်။

    ဝင်တော့ မဆွေးနွေးနိုင်သေးဘူး။
    နားထောင်ရုံ လေ့လာရုံသက်သက်ပဲ လုပ်နိုင်သေးလို့ပါ

  • surmi

    May 18, 2014 at 8:46 am

    လောလောဆယ်ဆယ်ကျနော်ထိပြီအဘနီရေ 🙂
    ဟိုရက်ကတင်လိုက်တဲ့ပို့စ်ခေါင်းစဉ်မှာ ဆရာငြိမ်းကျော်ရဲ့
    နာမည်ကြီးဝတ္တုခေါင်းစဉ်ပါနေလေရဲ့
    ပြင်လိုက်ပါ့မယ် ဗျို့ ။
    ဆရာမောင်စိန်ဝင်းကဗျာတွေလဲပါနေတော့
    ဖြုတ်ချသင့်ရင် ပြန်ဖြုတ်ချလိုက်ပါ့မယ်နော

    သဂျီး နဲ့ မော့မော့များကယ်ဂျဘာ
    ပြန်ဖြုတ်ပေးကြပါဦး
    :mrgreen:

    • kai

      May 18, 2014 at 10:05 am

      Fair Use ဆိုတာရှိပါတယ်..
      အသေးစိတ်ကို ဘိုလိုသာမြည်းပေတော့…။

      ခပ်ကြမ်းကြမ်းဆိုရရင်တော့.. ကော်ပီရိုက်လုပ်ထားတာတွေကို.. လေ့လာ..စိစစ်..ဝေဖန်.. ကော်မန့်ရေး.. သတင်းအဖြစ်တင်.. စာအဖြစ်သင်ကြားပို့ချ.. ရီဆချ်လုပ်.. စတာတွေမှာ… ယူသုံးလို့ရပါတယ်..။
      အဓိကအချက်က.. အဲဒီကော်ပီရိုက်ထားတာတွေကနေ.. အကျိုအမြတ်တခုခုရသလား.. ယူသလားနဲ့ဆုံးဖြတ်ရတာပါ..
      မြန်မာဆန်ဆန်ဆိုရရင်တော့.. လူ့ကျင့်ဝတ်ကို ..စောင့်ပါတယ်ပေါ့..။
      သူတပါးအခွင့်အရေးကို.. ကိုယ်က.. .ဖေါက်ထားသလား.. ပြန်စိစစ်ကြည့်ဖို့ပဲ..
      ဘိုလိုဆိုရင်တော့.. ထာဝရဘုရားဆီမှာ (တချိန်ကျ) ဝန်ခံရဲလားနဲ့ကြည့်ပေါ့…။

      http://en.wikipedia.org/wiki/Fair_use
      Fair use is a limitation and exception to the exclusive right granted by copyright law to the author of a creative work. In United States copyright law, fair use is a doctrine that permits limited use of copyrighted material without acquiring permission from the rights holders. Examples of fair use include commentary, search engines, criticism, parody, news reporting, research, teaching, library archiving and scholarship. It provides for the legal, unlicensed citation or incorporation of copyrighted material in another author’s work under a four-factor balancing test.

      The term fair use originated in the United States. A similar principle, fair dealing, exists in some other common law jurisdictions. Civil law jurisdictions have other limitations and exceptions to copyright.

      Fair use is one of the traditional safety valves intended to balance the public’s interest in open access with the property interests of copyright holders.

  • lu lu

    May 18, 2014 at 9:09 am

    စိတ်ဝစားစွာ ဆောင့်ဖတ် အယ် စောင့်ဖတ်နေပါတယ်
    လို ့ရေးပါအူး ဗျို ့
    :mrgreen:

  • naywoon ni

    May 18, 2014 at 9:48 am

    ကိုခိုင်​​ရေ့ မြန်​မာလို ပြန်​ထားတာ မရှိဘူးလားဗျ ဘာသာပြန်​ဖတ်​​နေကျဆို​တော့ အဲ့ဒိ အီးက ​ကျောင်​းပြန်​သွားပီဗျ တစ်​လုံးချင်​း​တောင်​ အသံမနဲထွက်​​နေရ ………..

    • kai

      May 18, 2014 at 10:08 am

      အင်း… ကျုပ်မှာမရှိဘူးဗျ..။
      လောလောဆယ်မှာကို.. စာအုပ်၂အုပ်နဲ့.. စင်မနာကဖိုင်တွေရှိနေတာ.. ဘာသာပြန်ပေးချင်တာ.. :buu:

      မြန်မာလိုတယောက်ယောက်ပြန်ပေးရင်ကောင်းမယ်..။
      မြန်မာပြည်မယ်.. ကော်ပီသီချင်းကစလို့.. အနုပညာ.. ပစ္စည်းထုတ်ကုန်.. အင်တာနက်အသုံး.. တော်တော်များများ.. တော်တော့်ကိုများများ.. ကော်ပီရိုက်.. ပက်တန့်.. ထရိတ်မတ်ခ်.. စတာတွေနဲ့ညိနေတာပါ…။
      အသိသညာပွင့်ကြစေလိုပါတယ်.. လို့..။ :mrgreen:

  • Wow

    May 18, 2014 at 12:24 pm

    အနော့်ဆီ အပ်လေ ဒဂျီး

    ဘာသာပြန်ပေးမယ်

  • ကေဇီ

    May 18, 2014 at 1:31 pm

    မီးတို့က စာနဲ့ ပေနဲ့ အတော်ဝေးပါတယ်ကိုနီ။

    မဆွေးနွေးနိုင်ပါဘု။

    ကော်ပီ ကိစ္စတွေလည်းမသိဘု။

    ဒါမဲ့ ဖတ်သွားကြောင်း လာပြောတာ။

    😀

  • Mr. MarGa

    May 18, 2014 at 1:47 pm

    စာဖတ် စာမှတ်တာ များတဲ့သူမို့
    သူများစကားလုံးကိုပဲ စွဲနေ သုံးနေမိတယ်ဗျ

    ဒီစာကိုလည်း မှတ်သွား ဖတ်သွားတယ်ဗျာနော

  • မဟာရာဇာ အံစာတုံး

    May 18, 2014 at 3:22 pm

    ထပ်ပြီး ကြားပါရစေ ဆြာနေ …
    ကဗျာ ဝါသနာရှင်တစ်ယောက် အနေနဲ့
    ကဗျာ ဆရာတစ်ယောက်ရဲ့ စကားလုံး ဆိုတာကို
    ထောက်ခံပါတယ် …

    ကျွန်တော့် အတွေ့အကြုံအရ …
    တစ်ခါတစ်ခါ ကိုယ်တွေ့ရှိလိုက်တဲ့ စကားလုံးတွေဟာ
    အဟောင်းတွေနဲ့ သွားသွားပြီး ဆင်တူနေတာကို တွေ့မိသဗျ …
    ဒီအခါ ဖီးလ်တော့ နည်းနည်း အောက်သွားတတ်တယ် …

  • padonmar

    May 19, 2014 at 1:05 am

    ကျေးဇူးပါ အဘနီ၊
    ဒီပို့စ်မတွေ့လို့ ဟိုဖက်မှာ မန့်ခဲ့သေးတယ်။
    ကျမတို့က စုတု ပဲရှိသေးတော့ စကားလုံးသစ်မသုံးတတ်သေးဘူး။
    ပြု အဆင့်မရောက်နိုင်သေးပါဘူး။
    သကြားပြောသလိုပဲ ချ ရေးမယ်ဆို ဆရာ့ဆရာတွေရဲ့ စာတွေ သီချင်းတွေ ကဗျာတွေပဲ ဝင်လာတယ်။
    အဲဒါလေး လူတိုင်းသိပြီးသားလေး ညွှန်းပြီးရေးရတာ ပိုထိတယ်ထင်မိ(သူများပိုနားလည်မယ်လို့ထင်တာ)

    • naywoon ni

      May 19, 2014 at 4:25 pm

      စုရင်​း တုရင်​းနဲ့ပဲ ​ရှေ့ကလူသုံးသွားတဲ့ စကားလုံး ကိုယ်​့စကားလုံးဖြစ်​​အောင်​ ဖလှယ်​တန်​တာဖလှယ်​ ကုလားဖန်​ထိုးတန်​တာ ထိုးနဲ့ လိုချင်​တဲ့ အဓိပ္ပာယ်​​ရောက်​​အောင်​ သုံးခဲ့ ရတာပဲ ။ ညကျမှ စကားလုံးများရဲ့ အဓိပ္ပာယ်​ ရှာပုံ​တော်​ကိုတင်​​ပေးပါ့မယ်​ ။ အစ​တော့မလွယ်​ဘူး​ပေါ့ ။ ​နောက်​​တော့လည်​း အသားကျသွားတာပါပဲ ။ ကျွန်​​တော်​​ရှေ့မှာ​ရေးခဲ့တယ်​​လေ ” တစ်​ကယ်​ဆို ဖြဲတတ်​ဖို့ပဲ လိုတယ်​ ” ဆိုတာ အမှန်​အတိုင်​းဝန်​ခံရရင်​ ” တစ်​ကယ်​ဆို အချစ်​ပဲ လိုတယ်​ ” ဆိုတဲ့ သီချင်​းစာသားကို ဖလှယ်​သုံးခဲ့တာပဲ ။ စကာလုံး အစားထိုးတယ်​လို့ လဲ ​ပြောမရဘူး ။ အချစ်​ ဆိုတာက နာမ်​ ဖြဲတတ်​ဖို့ ဆိုတာက ကြိယာ အဲ့​နေရာမှာ နာမ်​ တစ်​ခုခုကို ထည်​့သုံးရင်​​တော့ စကားလုံး အစားထိုးသုံးတယ်​ ​ပြောလို့ရမှာ​ပေါ့ ။ ခု ကြိယာ ညှပ်​သုံးလ်​ိုက်​တဲ့ အတွက်​ ​ပြောမရ​တော့ဘူး ။ အဲ့ဒိလို ဖလှယ်​တာ​တွေ ​ရှေ့​နောက်​လှန်​ပစ်​တာ​တွေ နဲ့ စု တု ပြု ကြတာ​ပေါ့ ။

  • ဦးကြောင်ကြီး

    May 19, 2014 at 1:18 am

    ကဗျာသမား
    လျှာယား
    အာပွား
    ဆာလား..။

    ဆာလား = ယောက်ဖ

  • အာဂ

    May 19, 2014 at 5:21 pm

    ကျနော့် ကဗျာတွေရော ဆရာပြောသလို လွတ်ကင်းရဲ့မသိ….ဒါပေမဲ့ ကျနော်ကတော့ လိပ်ပြာသန့်တယ်။ ခိုးမခြဘူး မကူးယူဘူးဆိုတာကိုလေ..။

  • moonpoem

    May 20, 2014 at 8:19 am

    မှတ်တမ်းတင်နိုင်လောက်တဲ့ စကားလုံးလှလှလေးတွေ ဘယ်လိုများစဉ်းစားပြီး ရေးကြလဲ မသိဘူးနော်။ ကျွန်မထွင်ထားတဲ့ စကားလုံးဆိုတာတော့ မရှိသေးဘူး။ ဆမာကဒါ နိုင်ငံတော်ဆိုတာပဲ ပေါက်တတ်ကရ ရှိတယ် 😀

  • naywoon ni

    May 20, 2014 at 1:46 pm

    ထွင်​တာမဟုတ်​ဘူး အ​ကြောင်​းအရာတစ်​ခု​ပေါ်မှာ အာရုံခံစားရင်​းနဲ့ သူ့အလိုလို စီးဆင်​းလာတာမျိုး တစ်​ခါ ​ရှေ့ကလူ သုံးပီးသားမှန်​းသိလို့ ​ရှောင်​လွဲသုံးရင်​းနဲ့ အ​ကြောင်​းအရာနဲ့ဟတ်​မိပြီး လှသွားတာမျိုးပါ moonpoem ရင်​မှာခံစားမိတဲ့အ​ကြောင်​းကိစ္စ တစ်​နဲ့ပဲ ပတ်​သက်​ပီး စဉ်​းစား​နေကြည်​့ စိတ်​ကူး​နေကြည်​့ သူ့ဖာသာ စကားလုံး​တွေစီးဆင်​းလာပါလိမ်​့မယ်​ ။ ရင်​ထဲမှာ​မွေးမထားပဲနဲ့ ချက်​ချင်​းချ​ရေးတဲ့အခါ ဖတ်​ရတာလဲ ဇိမ်​းဆတ်​ဆတ်​ စကားလုံး​ထောက်​​နေတဲ့​နေရာက ​ထောက်​​နေတတ်​တယ်​ ။ တစ်​ခု​လောက်​စမ်​းကြည်​့ပါလား

Leave a Reply