သူဖွင့်ပြောတဲ့ တစ်နေ ့ဝယ်

moonpoemMay 18, 20141min24617

ဒီတစ်ခါ Tour Leaderက အသက်က ၄ဝကျော် လူပျိုကြီးတဲ့။ သူက ပထမနေ့ကတည်းက မကြာခဏဆိုသလို ကျွန်မကိုစိုက်စိုက်ကြည့်တယ်။

သူကြည့်တာကို ကျွန်မရုတ်တရတ်ပြန်ကြည့်လိုက်
်ပြန်တော့ သူခိုးလူမိသလို ရယ်ပြီး မျက်နှာလွှဲလွှဲသွားတယ်။

နောက်တော့လည်း သူမနေနိုင်ရှာတော့ပါဘူး။
ဘယ်လောက်တောင် မြိုသိပ်ထားရတယ် မသိ။

ဧည့်သည်တွေ နားနေတဲ့အချိန် သူနဲ့ ကျွန်မ နှစ်ယောက်တည်း ဟိုတယ်က ဧည့်ခန်းမကြီးထဲမှာ ထိုင်နေတုန်း ကျွန်မမျက်နှာကို စေ့စေ့ကြည့်ပြီုး ဖွင့်ဟမေးမြန်းလာပါတော့တယ်။

မွန်းပိုအမ် ..နင့်ကို ငါတွေ့ကတည်းက သတိထားမိတာ။(ဒီလိုပဲ ဖြစ်ရမယ်လေ ဟင်းဟင်း)။

မေးရမှာ အားတော့နာတယ်။
(ကိစ္စမရှိပါဘူး အသေးအမွှားလေးတွေပါ)။

မေးမယ်နော် စိတ်တော့မရှိနဲ့။ဟိုဟာလေ မွန်းပိုအမ်က မိန်းကလေးမဟုတ်လားဟင်။အဲဒါနဲ့ ဘာဖြစ်လို့ လည်ပင်းမှာ လည်စိကြီးပါတာလဲဟင်တဲ့။

ဟီးဟီး။

17 comments

  • lu lu

    May 18, 2014 at 9:03 am

    မေးမယ်နော် စိတ်တော့မရှိနဲ့။ဟိုဟာလေ မွန်းပိုအမ်က မိန်းကလေးမဟုတ်လားဟင်။အဲဒါနဲ့ ဘာဖြစ်လို့ လည်ပင်းမှာ လည်စိကြီးပါတာလဲဟင်တဲ့။

    ( ရင် တွေခုန်လိုက် ရတာဟယ် )
    အဲဒါ ရှင်းပါအူး ဘယ်လိုဖြစ်တာလဲ shemale များလား
    တိချဉ် ဒယ် အဟိ
    😀

  • တောတွင်းပျော်

    May 18, 2014 at 10:24 am

    ကျနော်လည်း ကိုကြီး moonpoem ကို မေးချင်နေတာ
    ဘာကြောင် ့ မိန်းကလေးဖြစ်နေရတာလည်း…

  • alinsett (gazette)

    May 18, 2014 at 10:43 am

    တိန် တိန် နှစ်ခါတိန်

    :mrgreen:

    လည်စိပါတာချင်းတော့
    ကျနော်နဲ့ တူသား
    ကျန်တာတော့ တူနိုင်ပါဘူး
    အဟီဟိဟီ
    :mrgreen:

  • Mr. MarGa

    May 18, 2014 at 1:30 pm

    အင်းး
    အဲ့လိုမေးလိုက်တော့ ပူထူပြီး ဘာပြန်ဖြေရမှန်းမသိ ဖြစ်သွားတယ်ဟုတ် :mrgreen:

  • ကေဇီ

    May 18, 2014 at 1:33 pm

    လူဇိုး ရင်တွေတောင် တုန်သွားတယ်။
    ပြောလိုက် ဇီးစေ့ နင် နေတာလို့။

    :mrgreen:

  • မဟာရာဇာ အံစာတုံး

    May 18, 2014 at 3:39 pm

    မြိုင်ရာဇာ စကားနဲ့ ပြောရရင် ….
    “ထူးဆန်းပါပေ့ ဆြာတွက်ရယ်” … ပေါ့ ခညာ …
    ဘာပဲဖြစ်ဖြစ်ပါ …
    ရင်ခုန်လိုက်ရတာ အမြတ် မဟုတ်ပါလားကွယ် ….

  • Wow

    May 18, 2014 at 4:22 pm

    မုတ်ဆိတ်လေဒီတောင် ရှိသေးတာ

    လယ်စိလေးညားးးးး :mrgreen:

  • Ma Ma

    May 18, 2014 at 8:02 pm

    လောလောဆယ် အိုက်တင်ခံထားအုံးမှလို့များ မတွေးထားဘူးလား…. :kwi:

  • အရီးခင်

    May 18, 2014 at 10:06 pm

    အဲဒါ Sex Discrimination ။
    မိန်းမလေးလဲ လည်ပင်း ရှိရင် လည်စိ ရှိတာ ဆန်းသလား လို့။
    တစ်ရာစွဲ ပြစ်လိုက်။ :-))))))

  • moonpoem

    May 18, 2014 at 10:08 pm

    ကျွန်မမှာ တကယ်လည်စိပါတာရှင့် ဟင့် 😛

    • ခင် ခ

      September 14, 2014 at 1:11 am

      တကယ်ကြီးလား မနောက်နဲ့နော်

  • snow smile

    May 19, 2014 at 4:34 am

    ပြော လိုက် စမ်း ဘာ
    ရွာ ထဲ က အ မ တ ယောက် ဆို ရင်
    လည် စိ တင် မဟုတ်
    နှုတ် ခမ်း မွှေး လည်း ပါ တယ် လို ့

  • Crystalline

    May 19, 2014 at 12:44 pm

    ရင်ခုန်လိုက်ရတာအမြတ်ပေါ့.. :mrgreenn: လည်စိတော့သိဘူး.. နှုတ်ခမ်းမွှေးတော့ရှိသွားတယ်…ကိုယ်က ၅နှစ်ခြောက်နှစ်လောက်.. အစ်ကိုတွေက ၁၉..၂ဝတွေ.. သူတို့လုပ်သမျှလိုက်လုပ်တာ.. သူတို့နှုတ်ခမ်းမွှေးရိတ်တာကြည့်ပြီး သူတို့သွားတာနဲ့ မှန်ရှေ့သွားပြီး သူတို့လိုလုပ်တာ… အဲဒါကြောင့်လို့ပြောတယ်… :cryy:

  • Ma Ei

    May 19, 2014 at 12:56 pm

    မိန်းကလေးမဟုတ်လားဟင်…တဲ့
    …သူ့ခမျာ အတော့်ကို သိချင်လွန်းလို့
    ကြိုးစားပြီး ဖွင့်ပြောရရှာတာပါလား..
    🙂

  • kyeemite

    May 19, 2014 at 3:46 pm

    ဒါများမွန်းပိုအမ်ရယ်…လည်စိပါတာအပြစ်လားလို့ မေးလိုက်ပေါ့…
    ဒါမှမရရင်..အမွှေးပါပြလိုက်(ခြေသလုံးမွှေးပြောတာ) 😀

  • naywoon ni

    May 19, 2014 at 6:59 pm

    ​တော်​​တော့ကို သတ္တိ​မွေး အားတင်​းပြီး ​မေးရှာပုံပါဘဲ ​သေချာ ရှင်​းပြလိုက်​​လေ

  • moonpoem

    May 20, 2014 at 8:00 am

    ရှင်းပြလိုက်ပါတယ် ထိုင်းသွားတုန်းက မနေနိုင်တော့လို ့………….

    .ရောက်တုန်းရောက်ခိုက် မြဘုရားဖူးခဲ့တာလို ့ဟီးဟီး။

Leave a Reply