ဒီနေ့ sunday ,
မွေးမိခင် ဖခင် ကျေးဇူးရှင် များ ချက်စ်ကျောင်းမှာ ဝတ်ပြုဆု တောင်း
နေတဲ့အချိန် သူ တို့ ရဲ့ ချစ်လှစွာသော သမီးလေးက သူတို့ လှည့်
တောင် မကြည့်တဲ့ နေရာတစ်ခုမှာ သူတို့ နဲ့ ဆန့် ကျင် ဘက်
ရှိခိုးကိုးကွယ်နေ ခဲ့တယ် ။
သူ့ တို့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကိုဖောက်ဖျက်
ပြီး ကိုယ်ယုံကြည်တဲ့စိတ်တစ်ခုနဲ့ ပဲ နေထိုင် ခဲ့မိတယ် ။
တခါ တ လေ
ကျေးဇူးကန်းရာများ ရောက်မလား ၊ စော်ကားရာများကျမလား ဆိုပြီး
စိတ်မ ကောင်းလည်းဖြစ်မိတယ် ။ အမှန်တရားအတွက် ဘယ်သူ့ ကို
မှ မ ကြောက်ဘူးဆိုပေမယ့် ကိုယ့်အတွက်နဲ့ ကျေးဇူးရှင် အဖွား
မျက် ရည်ကျနေတယ် တဲ့ ။ အသိုင်းအဝိုင် မှာ နာမည်ပျက် အောင်
လုပ်တယ် တဲ့ ဦးလေး အ ဒေါ် တွေပြောတဲ့စကား ။
မှန်ပါတယ် ။
အပြစ်မမြင် ပါဘူး ။ ဒါပေ မယ့် ငါ လည်းမမှားပါဘူး ။
လူဖြစ်အောင် ကျွေးမွေးပေးခဲ့တဲ့ကျေးဇူး တွေကို မ မေ့ပါဘူး ။:lol:

ကိုယ်ကြောင့် ဆွေမျိုးအသိုင်းအဝိုင်းတစ်ခုလုံးမျက်နှာပျက် ၊ အရှက် ရ
ခဲ့တယ်ဆိုတဲ့ အဖြစ်ကိုတော့ တောင်းပန် ရုံမှတပါး ဘယ်လိုမှပြန်ပြင်
ပေးလို့ မရပါဘူး ။ဒီအတွက် အားနာတယ်ဆိုတာ ရိုးသားစွာ
ဝန်ခံမိပါတယ် ။
ကိုယ်လျှောက်မယ့်လမ်း ကို ကိုယ်ကပဲဖောက်ကြရတာပါ ။
အသိမှန်တွေ သိခဲ့ပြီးမှ တော့ ကြောက်နေလို့ မဖြစ်တော့ဘူးပေါ့ ။
ကျေးဇူးရှိခဲ့တဲ့ မိဘ ဘိုးဘွား အားလုံးကို အားနာမိတဲ့ အ ကြောင်း
ကလွဲ လို့  တခြားပြော စရာမရှိပါဘူး ။
တကယ်အားနာပါတယ် အမှန်တရားအတွက်ပါ ။

:(

လုလု
တောင် ကြီး
1:44 PM , 18,5,2014

About Sine Sant

Sine Sant has written 23 post in this Website..

မှန်လိုလူ