၁၉၄၈ ​နောက်​ပိုင်​း

ko sixMay 18, 20141min1419

နာရီလက်တံဟာ
အ​မှောင်​ထဲမှာလည်​း သစ္စာရှိတယ်​
ဓားရိုးကမ်​းတဲ့ပြဇာတ်​က
ယ​နေ့အထိလူကြိုက်​များ​နေတုန်​းလား
ဧရာဝတီဟာ
မုဆိုးမရဲ့မျက်​ရည်​လို
လူမသိသူမသိ စီးလို့
အမိန်​့ရ အ​ပေါင်​ဆိုင်​ကလည်​း
မီးတို့ ထိန်​ထိန်​လင်​း​နေတာပဲ
ခက်​လိုက်​တာ​နော်​
​လောကပုံရိပ်​​တွေဟာ
အ​မှောင်​ထဲမှာ
​ပြောင်​းပြန်​လည်​းမ​ပေါ်ဘူး
အတည်​့လည်​းမ​ပေါ်ဘူးရယ်​
ကိုစစ်​
၁၇၊၅၊၂၀၁၄

9 comments

  • ကေဇီ

    May 18, 2014 at 6:43 pm

    ဒီ တစ်ခေါက် အခွင့်အရေးလွတ် သွားရင် …………………..
    လောကပုံရိပ်တွေ………….. ဒီ တစ်သက်လုံး………….. ပျောက်သွားမှာ။
    အမှောင်တွေဟာလည်း ဒီ တစ်သက် မလင်းးးးး နိုင်တော့ဘူးးးးးးးးးးးးးးးး
    😥

  • alinsett (gazette)

    May 18, 2014 at 8:48 pm

    ကျနော်တို ့ရှာနေတဲ့အရာဟာ…ခုချိန်ထိတော့…ပုန်းချက်သားကောင်းနေပါသေးတယ်…

  • ko six

    May 18, 2014 at 8:59 pm

    ရှာရမှာပေါ့
    သေသည်ထိရှာရမှာပေါ့

  • lu lu

    May 18, 2014 at 9:35 pm

    ကိုစစ် ကဗျာထိတယ် ဗျာ
    စာသားတွေ ကြိုက်တယ်
    :mrgreen:

  • ဦးကြောင်ကြီး

    May 19, 2014 at 12:48 am

    ကိုစစ်
    ဖိုရစ်
    ခိုပစ်
    ထိုနှစ်
    ပျိုခြစ်
    မှိုအစ်
    စိုတစ်
    အိုကစ်..

  • naywoon ni

    May 19, 2014 at 3:57 am

    အမိန်​့ ရ အ​ပေါင်​ဆိုင်​ပဲ မီးတစ်​ထိန်​ထိန်​လင်​း ​နေသလား ကိုစစ်​ရယ်​ ။ အမိန်​့မရတဲ့ ​လောင်​းကစားဒိုင်​က မီးပိုလင်​းတယ်​ဗျ ။ အ​ပေါင်​ဆိုင်​က အခွန်​​ဆောင်​ရ​သေးတယ်​ ။ ​လောင်​းကစားဒိုင်​က အဲ့ လိုင်​း​ကြေး​တော့​ပေးရတယ်​ ။

  • ko six

    May 19, 2014 at 7:17 am

    ဟုတ်ကဲ့
    လောင်းကစားဒိုင်ကိုသွားဖို့က
    အ ပေါင်ဆိုင်ကိုအရင်

  • Mr. MarGa

    May 19, 2014 at 10:06 am

    အဲဒါပဲ
    ကဏန်းတွေ
    ပြောင်းပြန်လည်းမပေါ်
    အတည့်လည်း မပေါ်
    ဘေးတိုက်ကြီး

Leave a Reply