အမှောင် ကမ္ဘာ

ဆုိးဆုိးAugust 11, 20101min623

အမေ………………….
ကျွန်တော်ရောက်နေတဲ့ ကမ္ဘာ က
ငွေကြေးဆိုတဲ့ ဘုရင်ကြီး အုပ်ချုပ်
အမတ်တွေက အတ္တ လောဘ မာန်မာန
စစ်သူကြီးကတော့ ကိုဒေါသ တဲ့………………။

အမေ…………………..
ကျွန်တော်ရောက်နေတဲ့ ကမ္ဘာက လူတွေဟာ
အပေါ်ကိုကြည့်ပြီး ပြုံးပြတက်ကြတယ်
အောက်ကိုကြည့်ပြီး ရှုံမဲ့တက်ကြတယ်
ရှေ့တည့်တည့်ကြည့်ပြီး သဝန်တိုကြတယ်………..။

အမေ…………………..
ကျွန်တော်ရောက်နေတဲ့ ကမ္ဘာက လူတွေမှာ
စေတနာ နဲ့ မေတ္တာ တွေကို
သူခိုး အခိုးခံထားရသေးတယ်………။
ရိုးသာမှုဆိိုတာ
အမှိုက်သိမ်းကားလာရင် ပစ်တင်ပေးနေကျ……။

အကူအညီဆိုတာ ရယူစရာရှိမှ ထုတ်သုံးတဲ့ လက်နက်တဲ့………….။

ဟန်ဆောင်လိမ်ညာမှုတွေလည်း တောထနေပါပြီ။
သူတို့အိမ်ရှေ့ မောလို့ ခဏ ထိုင်နားမိရင်တောင်
သွား………သွား………….ဖုန်းဆက်လိုက်ရမလားတဲ့……………..။

အမေ…………………….
ဘယ်သူမပြုမိမိအမှုဆိုတဲ့ အမေ ဆုံးမခဲ့တဲ့အတိုင်း
ကျွန်တော်စိတ်လေး ဖြူစင်အောင်လျှော်ဖွတ်လို့
ဝတ်ဆင်ခဲ့တာ အချိန်တိုင်းပါပဲ
ဒါတောင်မှ
တခါတလေဆို
အသက်ရှုသံတွေပြောင်းသွားချင်သေး……………………………..။

အမေ………………………
မဆုံနိုင်အောင် အဝေးဆုံးကို ရောက်ခဲ့ပင်မယ့်
အမေရဲ့မေတ္တာအလင်းရောင် အခုထိ  ကျွန်တော်ရင်ကို
နွေးထွေးနေတုန်း………..။
စေတနာ၊မေတ္တာ၊အကြင်နာတွေ အမြဲဝေဆာဖူးပွင့်နေတဲ့ကျွန်တော်တို့ရွာလေး
ငွေကြေးမသိတဲ့ ကျွန်တော်တို့ ရွာလေး
ခြံတခါး၊အိမ်တခါးတွေ အမြဲတမ်းဖွင့်ထားတဲ့ ကျွန်တော်တို့ ရွာလေး
အမောပြေ ရေသောက် နားလို့ ရတဲ့
ရွာထိပ်က ညောင်ပင်ကြီးနဲ့ရေအိုးစဉ်လေး
အာလုံးကို ကျွန်တော် (အမှောင်ကမ္ဘာမှ)လွမ်းတယ်……………………………။

(မန်းရိပ်)

3 comments

  • maylay

    August 21, 2010 at 12:19 pm

    ကဗျာတပုဒ်လုံးက အရမ်းမိုက်တယ်။ အရေးအသားရော အယူအဆရော အားလုံးကိုကြိုက်တယ်။
    ” အမေ…………………..
    ကျွန်တော်ရောက်နေတဲ့ ကမ္ဘာက လူတွေမှာ
    စေတနာ နဲ့ မေတ္တာ တွေကို
    သူခိုး အခိုးခံထားရသေးတယ်………။
    ရိုးသာမှုဆိိုတာ
    အမှိုက်သိမ်းကားလာရင် ပစ်တင်ပေးနေကျ……။
    အကူအညီဆိုတာ ရယူစရာရှိမှ ထုတ်သုံးတဲ့ လက်နက်တဲ့………….။” ဒီအပိုဒ်လေးကတော့ အကြိုက်ဆုံးပဲ။
    ဒါနဲ့ပြောရဦးမယ် မေလေးလည်း ရွာထိပ်က ညောင်ပင်ကြီးနဲ့ရေအိုးစဉ်လေးကိုတကယ်လွမ်းတယ်။:)

    • မန်း ရိပ်

      April 4, 2012 at 2:37 pm

      လွမ်းစေဗျာ

  • Mon Kit

    April 4, 2012 at 3:05 pm

    အဲသည် အမှောင်ကမ္ဘာထဲမှာ ကိုယ်ပိုင် အလင်းရောင်လေးတွေနဲ့ လင်းလက်အားယူ ပျံသန်းနေတဲ့ ပိုးစုန်းကြူးငယ်လေးတွေလဲ ရှိပါတယ်ကွယ်………. 😀

Leave a Reply