ကျွန်တော့်အတွေးအမြင်

ယခု ပို့စ် ကို 2009 ခုနှစ်က ကျွန်တော် ဘလော့ စမ်သပ်လုပ်ခဲ့တုန်းက ရေးသားခဲ့ခြင်းဖြစ်ပါတယ် www.shinaymal.blogspot.com မှာပါ mandalaygazette မှာ ဖော်ပြခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်….။

ဘယ်သူဘယ်ဝါ အတွက် ရည်ရွယ်ခြင်းမဟုတ်ပါ ယနေ့ ခေတ်မှာ ဖြစ်နေတာလေးတွေ ကြားနေရတဲ့အသံတွေကြောင့်ပါ..အင်တာနက်ဆိုတာ ချက်တင်လား မှန်တယ်လို့လက်ခံပါတယ် အားလုံးတော့မမှန်ဘူးဗျ တစ်ချို့က အင်တာနက်ဆိုတာကြီးကို ချက်ရွန်းလို့ပဲလက်ခံထားကြတယ် တချို့မိဘတွေဆိုရင် သားသမီးတွေ အင်တာနက်ဆိုင်မသွားဖို့ ပိတ်ပင်တာတွေရှိနေပါတယ်.. မဖြစ်သင့်ဘူးလို့ ကျွန်တော်ယူဆမိတယ် တကယ်တော့ အင်တာနက်ဆိုင်မှာ ချက်တင် တစ်ခုတည်းသုံးလို့ရတာမဟုတ်ပါဘူး ကျောင်းနဲ့ပတ်သက်တဲ့ သင်ခန်းစာတွေ သို့မဟုတ် အလုပ်နဲ့ပတ်သတ်တဲ့ ကိစ္စတွေကို ရှာဖွေလို့ရပါတယ် နောက် ကောင်းမွန်တဲ့ ဝက်ဆိုက် တွေကြည့်လို့ရပါတယ် အဲဒီလို မြောက်များစွာ ရှာဖွေလေ့လာလို့ရပါတယ် နည်းပညာ နှင့် ဗဟုသုတ နယ်မြေကြီးဆိုရင် မမှားပါဘူး ဒီထဲမှာ အစောကပြောတဲ့ ချက်ရွန်းတွေလဲပါပါတယ် ဒါကတော့ အွန်လိုင်းမှာ သူငယ်ချင်းမိတ်ဆွေတွေရှာဖွေပြောဆိုကြတာပါ “chat” ဆိုဒါဟာ “အာလာပသလ္လာပ” ကိုဆိုလိုပါတယ် တစ်ချို့ အင်တာနက် အွန်လိုင်းမှာတွေ့တဲ့လူတွေ အပြင်မှာ ခင်မင်ပေါင်းသင်းသွားကြာတာတွေလဲ အများကြီးရှိနေပါတယ် ချက်တင် မလုပ်နဲ့ လို့ပြောတာလဲမဟုတ်ပါဘူး သူ့ချည်းလုပ်ရင်လဲ မကောင်းပါဘူး ငွေကုန် အချိန်ကုန်ပါတယ် ..ကျွန်တော့်အမြင်ပါ..သို့သော် ချက်တင် ထိုင်နေရင်း ဝက်ဆိုက် တစ်ခု သို့မဟုတ် တစ်ခြားသော ဖတ်ရှု့လေ့လာစရာ များနဲ့ မိမိနဲ့ပတ်သက်တဲ့ အကြောင်းရာများကို ရှာဖွေလေ့လာနိုင်ပါတယ်..ဒါဆိုရင် တန်ဖိုးရှိတဲ့အချိန်တွေနဲ့ တန်ဖိုးရှိတဲ့ ငွေကိုသုံးစွဲရတာ အလွန်ပင် အကျိုးရှိလှပါတယ်..သူငယ်ချင်းနဲ့ ချက်နေတယ်ဆိုပါစို့ ခဏရတဲ့အချိန်မှာ စာတစ်ကြောင်းလောက်ဖတ်လိုက်ရရင်ပိုမကောင်းဘူးလားဗျာ..ကျွန်တော့် အမြင်နဲ့ အတွေးတွေကို ပြောနေတာပါနော် .. ဘာကြောင့်ဒီလိုဝန်ခံထားရလဲဆို ကျွန်တော့်ကြုံခဲ့တာလေးပြော ပါမယ် “2009 ခုနှစ်လောက်က ကျွန်တော်  ကျောင်သူကျောင်းသားတွေကို အင်တာနက်အခြေခံ သင်ပေးလိုက်ရပါတယ် အဲဒီမှာ ကျွန်တော်ကလဲ ပါးစပ်ကမနေနိုင် စာသင်ရင်း ကြော်ငြာဝင်လိုက်မိတယ်…ဘာလဲဆိုရင် အပေါ်မှာပြောခဲ့သလို ချက်တင် လုပ်နေတဲ့သူတွေအကြောင်းပြောလိုက်မိတယ် သင်တဲ့ထဲမှာ သူတို့တွေကပါနေတယ်လေ ချက်တင်ကို အင်တာနက်လို့ထင်နေကြသူတွေရှိတယ်ပေါ့ မျက်စိ မျက်နှာပျက်တော့ ခဏပျက်သွားပါတယ် ကျွန်တော်ကချက်တင်လုပ်တာကိုမှားတယ်လို့ပြောလိုက်တာမဟုတ်ဘူးလေ သူ့ကိုသုံးနေရင် တစ်ခြားလေ့လာ ဖတ်ရှု့စရာလေးတွေလုပ်လိုက်ရင် ပိုမကောင်းဘူးလားလို့ပြောတာပါ..” အခု ပို့စ် ကိုရေးလိုက်လို့ ကျွန်တော့်ကို အမုန်းပွား မေတ္တာပို့ လဲခံဖို့ရှိတာပါပဲ အသိပညာကြွယ်ဝစေချင်တဲ့ ဆန္ဒကြောင့်ပြောတာပါ ကျွန်တော်ကိုယ်တိုင်းကြွယ်ဝလွန်းလို့လည်းမဟုတ်ပါဘူး ကြိုးစားနေဆဲပါပဲ..တစ်ချို့မှာလည်း အင်တာနက်ကို တန်ဖိုးရှိအောင်သုံးတက်ကြပါတယ် ဝမ်းသားစရာတွေပေါ့ဗျာ..။ (3)တန်းလောက်ရှိတဲ့ ကောင်မလေးတစ်ယောက် သူ့အဖေကို အီးမေး လာပို့တာကိုကျွန်တော် မြင်လိုက်ချိန်မှာ အတွေးတစ်ခုက ဒီအရွယ်လေး တွေအများကြီးပေါ်ပေါက်လာရင် သိပ်ကောင်းမှာပဲလို့ တွေးမိလိုက်တာပါ။