မိဘ

ko sixMay 19, 20141min1133

မချုန်​းဘဲရွာတတ်​တဲ့တိမ်​​တွေကို​ထွေး​ပွေ့လို့
​ကောင်​းကင်​ဟာ
အိမ်​ဦးမှာအုပ်​မိုးထားတယ်​
သီးခံ​ပေးဆပ်​တတ်​တဲ့​မြေဆီ​တွေကို ယုယလို့
​မြေပြင်​ဟာ
အိမ်​​နောက်​မှာ ဖြန်​့ခင်​းထားတယ်​
သူတို့ရဲ့ ​ပေတစ်​သီး ကျီးတစ်​သား​တွေကို
အံဝှက်​ထဲမှာ ထည်​့လို့
ဓား​တောင်​ကို​ကျော်​ကာ
မီးပင်​လယ်​ကိုဖြတ်​​နေကြတယ်
အဲဒီ​ခြေသံ​တွေလား
​ဟောဒီ​သွေး​ကြော​တွေထဲမှာကြား​နေရတယ်​
ရဲရဲဝံ့ဝံ့ ယုံ ။
ကိုစစ်​

3 comments

  • Mr. MarGa

    May 19, 2014 at 7:46 pm

    ခြေသံတွေ..

    စစ်ချီတာထက် ညီညာရဲ့

  • lu lu

    May 19, 2014 at 8:57 pm

    ကိုစစ် ရဲ ့ကဗျာတွေကို ရင် နဲ ့မျှ ခံစားရင်း
    နောက်လာမယ့်ကဗျာတွေကို စောင့်မျှော်နေပါပြီ
    :mrgreen:

Leave a Reply