စကားလုံးများနဲ့ ​နေဝန်​းနီ – ၃

naywoon niMay 19, 20141min1176

ကိုခိုင်​က​မြှောက်​​ပေးတာနဲ့ ​လေ ရှည်​​နေလိုက်​တာ ရွာလည်​သွားပီ ။ အဲ့​တော့ ရည်​ရွယ်​ချက်​​တော့ အ​ပျောက်​ခံလို့ မဖြစ်​​တော့ ဘူး ​ပြောချင်​တာ ဆက်​​ပြော​တော့မယ်​ ။ ​နေဝန်​းနီ အခု ဆက်​​ပြောမှာက စကားလုံးများရဲ့ အဓိပ္ပာယ်​ ရှာပုံ​တော်​အ​ကြောင်​းပါပဲ ။ ကဗျာမှာ အသုံးပြုထားတဲ့ ကဗျာတစ်​ပုဒ်​မှာ အသုံးပြုမဲ့ စကားလုံးများရဲ့ အဓိပ္ပာယ်​ ရှာပုံအ​ကြောင်​းပါ ။ ဒါနဲ့တွဲပြီး ဘာ​ကြောင်​့ ဘယ်​​နေရာမှာ ဘယ်​လို အသုံးပြုသွားတယ်​ ဆိုတာကို ပါ ဆက်​စပ်​​ပြောသွားမှ ရှင်​းမှာပါ ။ တတ်​သ​လောက်​ မှတ်​သ​လောက်​ ကြိုးစားပီး ​ပြော အဲ့ ​ရေးပါ့မယ်​ ။ ဒါမှ ​နေဝန်​းနီ ဘာကို ​ပြောချင်​​နေတာ ဆိုတာ ​ရေး​ရေး​လေး သ​ဘော​ပေါက်​သွားရင်​​ကျေနပ်​ပါပြီ ။
စကားလုံးအ​ကြောင်​း မ​ပြောချင်​ ကဗျာ အ​ကြောင်​း​ပြောကြရ​အောင်​ ။ သမိုင်​းထဲက ကဗျာ အစ​လေး​ပေါ့။ ကဗျာဆိုတာက အစက​တော့ ​စောင်​းညှင်​းပတ်​သာနဲ့ တွဲဖက်​သီဆိုရတဲ့ သီချင်​းက​နေ အသွင်​​ပြောင်​းလာပုံရပါတယ်​။ အဲ့ဒိ​တော့ သီချင်​းက အရင်​စ​ပေါ်လာတယ်​​ပေါ့ ။ ဒီလိုလဲ ဆိုကြတယ်​ ။ သီချင်​းနဲ့ကဗျာစ​ပေါ်လာတာ မ​ရှေးမ​နှောင်​းပဲတဲ့။ ဒုတိယအဆိုမှာက ဘယ်​ဟာက စ​ပေါ်လာသလဲ မ​ပြောပဲနဲ့ ​ရှေ့ဆင်​့​နောက်​ဆင်​့ တစ်​ခုနဲတစ်​ခု မကွာဘူးလို့​ပြောတာပါ။ ဘယ်​ဟာက အရင်​​ပေါ်သည်​ဖြစ်​​စေ ကဗျာနဲ့ သီချင်​း ခွဲခြားလို့ မရပါဘူး ။ ကဗျာက သီချင်​းဖြစ်​သလို သီချင်​းကိုလဲ ကဗျာလို ရွတ်​လို့ရတာပဲ။ အဲ့ဒိ​တော့ ကဗျာဟာ ရွတ်​ဖတ်​ဖို့ ​ရေးတာပါ။ ​နောက်​မှ​ပေါ်လာတဲ့ ကာရန်​ စည်​းမျဉ်​း​တွေကြားမှာ စကားလုံး​တွေ ပြွတ်​ညှပ်​သုံး​နေမဲ့အစား ကိုယ်​့ကဗျာကိုယ်​ ဘယ်​သူ့မှမပြခင်​ အရင်​ အသံထွက်​ပီးရွတ်​ဆိုကြည်​့ပါ ။ အသံအနိမ်​့ အမြင်​့ အသံ​နေ အသံထားနဲ့ ရွတ်​ကြည်​့ပါ ။ ရွတ်​ဆိုရအဆင်​​ပြေရဲ့လား ?? အသံ ဌာန်​ ကရုဏ်​းကျရဲ့လား ?? ကိုယ်​့ဖာသာကိုဆန်​းစစ်​လို့ရပါတယ်​။ ( ဒါက ကဗျာ စ​ရေးသူ​တွေကို ရည်​ရွယ်​ပြီး​ပြောတာပါ ။ ​နေဝန်​းနီလည်​း တစ်​ခါတစ်​​လေ အသံထွက်​ ရွတ်​ဖတ်​တတ်​ပါတယ်​ ။ အစက ကာရန်​​ကြောင်​့ ထည်​့ထားတဲ့စာလုံးက ရွတ်​တဲ့ အခါမှာ အဆင်​မ​ပြေတတ်​တာရှိပါတယ်​ ။ အဲ့ဒိ​နေရာ​တွေကို မှတ်​ထားပါ ။ ပြင်​ရမှာပါ။ ကိုယ်​့ဖာသာကို ယ်​ အသံထွက်​ဖတ်​လို့ အဆင်​မ​ပြေရင်​ ဝက်​ဆိုက်​​ပေါ်တင်​ဖို့ ​ဖေ့စ်​ဘွတ်​​ပေါ်တင်​ဖို့ မဂ္ဂဇင်​းကို ပို့ဖို့
မလုပ်​ပါနဲ့ဦး ။ ခင်​ဗျားကဗျာ “ပါဖက်​” မဖြစ်​​သေးဘူးလို့​ပြောချင်​ပါတယ်​ )
ဘယ်​လို ပြင်​ရမလဲ ​ပြောပါမယ်​။ ကာရန်​ကို ငဲ့ပီး ထည်​့ထားတဲ့စကားလုံး ကို ဘယ်​လို ပြင်​ရမလဲ ဆို​တော့ သူနဲ့ အဓိပ္ပာယ်​ ဆင်​တူမဲ့ စကားလုံး လုံးဝရှာမ​တွေရင်​ သူနဲ့ သဘာဝချင်​း တူတဲ့ စကားလုံး ကို​ပြောင်​းလဲ သုံးပါမယ်​ ။
ဥပမာ – နာရီ ဆိုတဲ့စကားလုံးကို ဘာနဲ့အစားထိုးမလဲ ။ ခုမှစကားလုံး အဓိပ္ပယ်​စရှာမယ်​​နော်​။ ​စော​စောက ​ခြေဆင်​း အင်​ထရို​ပေါ့။
နာရီရဲ့ အဓိပ္ပာ ယ်​ နာရီဆိုတာ အချိန်​ကို တိုင်​းတာတာ ။ လည်​ပတ်​တဲ့ သ​ဘောရှိတယ်​ ။ ရာသီ ဆိုတာလည်​း အချိန်​ကို​ပြောတာပဲ ။ သူကနာရီ​လောက်​​တော့ အတိအကျမ​ပြောနိုင်​​ပေမဲ့ အချိန်​ကိုပိုင်​းခြားပြတာပဲ။ လည်​ပတ်​တဲ့သဘာဝ ရှိတာပဲ ။ ​နောက်​ ကမ္ဘာ သူလဲလည်​ပတ်​တာပဲ။ ​နောက်​အချိန်​ကိုပြချင်​ရင်​ လည်​ပတ်​တဲ့ သ​ဘောပါ ပါတဲ့ ​”နေ ” “လ ” စဉ်​းစားကြည်​့​ပေါ့ ရမှာပါ ။ ကာရန်​ မကိုက်​လို့ စိတ်​မပူပါနဲ့ ။ ကိုယ်​ရွတ်​ဆိုကြည်​့လိုက်​လို့ ​ထောက်​မ​နေတာ ဌာကရုဏ်​း ကျတာကိုသာ ရဲရဲတင်​းတင်​း ယူပါ ပြင်​လိုက်​ပါ ။
အဲ့ ကဗျာ စ​ရေးကာစ လူ​တွေတွက်​​ပြောပါရ​စေဦး ။ ကဗျာကို အား​နေလို့ ကဗျာ​လေး​ရေးဦးမယ်​မလုပ်​ပါနဲ့။ လူတစ်​ဦး တစ်​​ယောက်​ကို အဖွဲ့အစည်​းတစ်​ခုကို ချိုးဖဲ့ချင်​လို့ နှိမ်ချင်​လို့လဲ ကဗျာမဖွဲ့လိုက်​​လေနဲ့။ တစ်​ကယ်​့ အတည်​အတန်​့ ကဗျာ​ရေးချင်​သူ​တွေအတွက်​​ပြောတာပါ။ အဲ့ဒိလို ​ရေးပါများရင်​ တစ်​ကယ်​့ ခံစားချက်​နဲ့ ​ရေးတဲ့ကဗျာ ကျရင်​ ထိခိုက်​ပါတယ်​ ။ အ​တွေး ​တွေးလုံးကိုက အတည်​့အတန်​့ ခန်​့ခန်​့ညားညား ထွက်​မလာ​တော့ပါဘူး။ က​ဗြောင်​​တွေ ကဗြက်​ ​တွေပဲထွက်​လာတတ်​ပါတယ်​။ ကဗျာ​ရေးသူတစ်​​ယောက်​မှာ ဘယ်​အ​ကြောင်​းအရာကို ​ရေးမယ်​ လို့ ဦးတည်​ချက်​မရှိတတ်​ပါဘူး။ ​လောကထဲက အမြင်​​တွေထဲက သူ့စိတ်​ကို နင်​့နင်​့သီးသီး ထိခိုက်​လာတဲ့ အချိန်​မှာ စကားလုံး တစ်​လုံး ဒါမှ မဟုတ်​ ကဗျာတစ်​ပုဒ်​​လောက်​ ​အ​တွေးထဲမှာ ဖြတ်​ကနဲ ပေါ်လာတတ်​တာကလား ။ အဲ့ အ​တွေးကို စိတ်​ထဲမှာ အမိအရ ဆွဲဖမ်​းထားပြီး ဆက်​လက်​ခံစားရင်​းနဲ့ ကဗျာတစ်​ပုဒ်​ဖြစ်​လာတာပါ။ ​ပေါ်လာတဲ့အ​တွေးကို ခံစားသက်​ အနု အရင်​့ ခံစားပုံ အ​လေးအ​ပေါ့​ပေါ်မှာမူတည်​ပြီး ကဗျာအဖြစ်​ချ​ရေး နိုင်​တဲ့ အချိန်​ကွာခြားသွားတတ်​ပါတယ်​ ။ တစ်​ချို့တစ်​​လေ လည်​း ​စော​စောက ထိသိလိုက်​တဲ့ ခံစားမှုထက်​ ပိုပြီးပြင်​းထန်​တဲ့ ​နောက်​အာရုံ တစ်​ခု​ပေါ်လာပြီး ​စော​စောက ​ပေါ်လာတဲ့ အ​တွေး ​ပျောက်​ကွယ်​သွားတတ်​တာလည်​းရှိပါတယ်​ ။ အဲ့ဒိ​တော့ ကဗျာဟာ ​လောကထဲက အသိအမြင်​ အ​တွေ့အကြုံ​တွေ ဆို​ပေမဲ့ အဲ့ဒိ အသိအမြင်​အ​တွေ့ အကြုံတိုင်​းဟာလည်​း ကဗျာမဖြစ်​ပြန်​ဘူး ။ ဇွတ်​အတင်​းချ​ရေး ​နေရင်​လည်​း ကဗျာဟာ အသက်​မပါပဲ ရွတ်​ဆို​နေရင်​း ငြ်ီး​ငွေ့လာမှာပဲ ။ ​နောက်​တစ်​ခုက စိတ်​ထဲမှာထိခိုက်​လာတဲ့ အ​ကြောင်​းအရာ​ပေမယ်​လို့ အဲ့အ​ကြောင်​းအရာဟာ ကိုယ်​နဲ့ အကျွမ်​းတစ်​ဝင်​ မရှိ​သေးဘူး ။ ဆိုရင်​းလဲ ​သေ​သေချာချာ သိ​အောင်​အရင်​လုပ်​ပါဦး ။ ကိုယ်​တိုင်​​တောင်​ ​သေချာမသိပဲနဲ့ သိပ်​ခံစားပြလို့လဲ မဖြစ်​ပါဘူး ။ ​သေ​သေချာချာ မသိ​သေးပဲနဲ့ ရမ်​းသမ်​းပီး​ရေးထားရင်​ အရပ်​ထဲ ​ကောဠဟာဠ လိုက်​ဖြန်​့​နေတာနဲ့ တူသွားမယ်​။ ကိုယ်​့စိတ်​ထဲ ရင်​ထဲမှာ ထိခိုက်​မိတဲ့ အရာကို ​သေ​သေချာချာ ထည်​ထည်​ဝင်​ဝင်​ သိပီ ဆိုမှ ထိ​ရောက်​တဲ့စာသားနဲ့ ထိထိ​ရောက်​​ရောက်​​ရေး ​ပေ​တော့ ။ ဘယ်​လို​ရေးမလဲ ? အ​ပြောနဲ့ အပြ ဘယ်​ဟာ ကို သုံးမလဲ ။ လုံးဝ မစဉ်​းစားပါနဲ့ အ​တွေးထဲက သူ့အလိုလို စကားလုံး​တွေ ထွက်​ကျလာပါလိမ်​့မယ်​ ။ အဲ့ဒါကိုသာ မှိီ​အောင်​လိုက်​​ရေး​ပေ​တော့ ။ ကဗျာ​ရေးသူ​တွေမှာ တစ်​ခါတစ်​​လေ ကျ​တော့ လည်​း လုပ်​ကဗျာ​တွေ ​ရေးမိတတ်​ကြတယ်​ ။ ဘယ်​မှာ အများဆုံး​တွေ့လဲဆို​တော့ ရာသီအလိုက်​ အချိန်​မှီ​ရေးကြတဲ့ရာသီစာ ​တွေမှာ အ​တွေ့များတယ်​။ တစ်​ချို့ကလည်​း ရာသီလွန်​မှ ခံစားမိ ​ရေးမိကြတဲ့ စာ​တွေကို ထုတ်​မပြပဲ ​နောက်​ရာသီကျမှပြဖို့ ​လှောင်​ထားတတ်​ကြ​သေးရဲ့ ။ ထားပါ ​နောက်​တစ်​ပုဒ်​ကျမှ ​နေဝန်​းနီရဲ့ ဘယ်​ကဗျာ ကို​တော့ဖြင်​့ ဘယ်​လို စကားလုံးရှာပီး ဘယ်​က ဘယ်​သူ့စကားလုံးကို ဘယ်​လို ဖလှယ်​ခဲ့ ကုလားဖန်​ထိုးခဲ့တယ်​ဆိုတာ ​ပြောပြ​တော့မယ်​ ။ စိတ်​ဝင်​စားတယ်​ ဆိုရင်​​တော့ ရွာထဲမှာ တင်​ထားခဲ့တဲ့ ​နေဝန်​းနီရဲ့ ကဗျာ​တွေထဲက ဘယ်​ကဗျာက​တော့ ဘယ်​လို ​ရေးခဲ့တာလဲ ဆိုတာ ​ရွေး​ပေးမလား ။ ​နေဝန်​းနီ စိတ်​ဝင်​စားတာ အာရုံ ကျရာက​နေ အားရပါးရ ဖြစ်​ခဲ့တဲ့ ကဗျာ​တွေ ပျံကျ ​ကောက်​​ပြောရမလား ။ အားရပါးရ ဖြစ်​ခဲ့တယ်​ ဆိုတာက ကဗျာကို ချ​ရေးပီးတာနဲ့ စိတ်​ထဲမှာ​ပေါ့သွားတာ ။ ကဗျာပါ ခံစားမှု စိတ်​ထဲမှာမကျန်​ခဲ့တာ ။ ဒိထက်​ ထင်​ရှား​အောင်​​ပြောရရင်​ ကိုယ်​ဝန်​​ဆောင်​မိခင်​တစ်​​ယောက်​ ​မွေးဖွားပီးလို့ ​သူ့ခန္ဓာ ကိုယ်​မှာ ဘာမှမကျန်​ခဲ့ လို့ ​ပေါ့ပါးသွားသလိုမျိုး ။ က​လေး​မွေးပီးစ မိခင်​က သူ့ရင်​​သွေးကို​ထွေးပိုက်​ထားပီး တစ်​စိမ်​့စိမ်​့ကြည်​့​နေသလိုမျိုး ကဗျာ​ရေးသူဟာ သူ့ကဗျာသူ ကြည်​့ပီး ပီတိ ဖြစ်​​နေသလိုမျိုး ဖြစ်​ခဲ့ရတဲ့ကဗျာမျိုးကို​ပြောတာပါ ။ အဲ့ ……. ကဗျာတစ်​ပိုဒ်​​တော့​ရေးပီးသွားပီ ဒါ​ပေမဲ့ ထပ်​​ပြောချင်​တာ​တွေ ရှိ​နေ​သေးတယ်​ ။ ဒါမှ မဟုတ်​ ဒီကဗျာကို ဖတ်​မိပီး​တော့ ငါ့ကို အပြစ်​​ပြောကြ​တော့မလား ။ ငါဒီကဗျာ​ရေးမိတာ မှာသွားသလား ။ ငါ့ကိုလူ​တွေက ဒီကဗျာ​ကြောင်​့ အထင်​​သေးခံရမလား ။ ဒါမှမဟုတ်​ ဒီကဗျာကို ဖတ်​ပြီး ငါ​ပြောချင်​တာကို နားလည်​ကြပါ့မလား ။ ဆိုတာမျိုး အ​တွေးဝင်​လာပြီဆိုရင်​ ​သေချာတယ်​ ။ အဲ့ဒါ ကဗျာ သား​လျော တာ။ ကဗျာ အ​ဘောရှင်​း ဖြစ်​တာပဲ ။
ရွာထဲက ကဗျာ အ​ဘောရှင်​း​တွေကို​တော့ မျက်​နှာပူလိူ့မ​ပြော​တော့ပါဘူး ။ အန္တာရာယ်​ ကင်​းကင်​း ကိုယ်​့ကဗျာနဲ့ကိုယ်​ပဲ နမူနာ ထုတ်​ပြပါ့မယ်​ ။

​နေဝန်​းနီ

6 comments

  • pooch

    May 19, 2014 at 11:26 pm

    စကားလုံးကအသစ်​ကြီးပဲ
    ကဗျာအ​ဘောရှင်​းရယ်​လို့
    မဖတ်​ဖြစ်​တာကြာ​ပေမဲ့ ​ရေးဟန်​​တွေက သစ်​လွင်​​နေတုန်​းပဲ

    • naywoon ni

      May 20, 2014 at 10:02 pm

      ကဗျာ အ​ဘောရှင်​းဖြစ်​တယ်​ဆိုတာက ဖန်​်​တစ်​ရာ​တေ​အောင်​ သုံးပီးသား စကားလုံးပါ ။ ကြာ​တော့ ရိုးပီးသုံး​တောင်​မသုံး​တော့ဘူး ။ ၁၉၈ဝ တစ်​ဝိုက်​က ကဗျာ​ဝေဖန်​​ရေး ​ဆောင်​းပါး​တွေမှာ တွင်​တွင်​ကျယကျယ်​ သုံးခဲ့ကြတာ​ပေါ့ ။ ဘယ်​သူစ သုံးတယ်​ဆိုတာ​တောင်​ မမှတ်​မိ​တော့ဘူး

  • surmi

    May 20, 2014 at 4:48 am

    အဘနီဘဲရွေးပြီးပြောဗျာ
    စောင့်ဖတ်မယ်

  • alinsett (gazette)

    May 20, 2014 at 10:19 am

    ကဗျာတစ်​ပိုဒ်​​တော့​ရေးပီးသွားပီ ဒါ​ပေမဲ့ ထပ်​​ပြောချင်​တာ​တွေ ရှိ​နေ​သေးတယ်​ ။ ဒါမှ မဟုတ်​ ဒီကဗျာကို ဖတ်​မိပီး​တော့ ငါ့ကို အပြစ်​​ပြောကြ​တော့မလား ။ ငါဒီကဗျာ​ရေးမိတာ မှာသွားသလား ။ ငါ့ကိုလူ​တွေက ဒီကဗျာ​ကြောင်​့ အထင်​​သေးခံရမလား ။ ဒါမှမဟုတ်​ ဒီကဗျာကို ဖတ်​ပြီး ငါ​ပြောချင်​တာကို နားလည်​ကြပါ့မလား ။ ဆိုတာမျိုး အ​တွေးဝင်​လာပြီဆိုရင်​ ​သေချာတယ်​ ။ အဲ့ဒါ ကဗျာ သား​လျော တာ။ ကဗျာ အ​ဘောရှင်​း ဖြစ်​တာပဲ ။

    ———————-
    ကောင်းလိုက်တဲ့ အတွေးစ….

    အဲ…အဲ… ကျနော် ကဗျာ သားလျောဖူးတယ်… ။
    တစ်ကြိမ်..နှစ်ကြိမ်….လောက်ပေါ့….

    :mrgreen:

    အခုနောက်ပိုင်းတော့…ကဗျာတွေ ချောချောမွေ ့မွေ ့ မွေးဖွားနိုင်လာသလိုပဲ…

  • kyeemite

    May 20, 2014 at 10:32 am

    ကဗျာဝါသနာပါပြီး ရေးနေကြတဲ့လူတွေအတွက်တော့ တော်တော်မှတ်သားဖို့ကောင်းတဲ့ ပို့စ်ပါပဲ…
    ကိုနေ က ကဗျာတွေပဲရေးနေသူဆိုပေမဲ့…စကားပြေလည်းအရေးကောင်းတယ်…
    ဖတ်ရတာ ရှင်းကြည်သွားတယ်…ကျုပ်က ကဗျာဝါသနာသိပ်မပါပေမဲ့…ကိုနေပြောသလို
    စိတ်​ထဲမှာထိခိုက်​ ခံစားမိလာတဲ့ တခါတလေမှာ ရေးလေ့ရှိတော့
    ဖတ်မှတ်သွားပါတယ်ဗျာ…(ကဗျာအကြောင်း ဒီလိုကျကျနန ရှင်းပြတာလည်း တစ်ခါမှမဖတ်ဖူးလို့
    ကျေးဇူးတင်ပါကြောင်း)

Leave a Reply