ငါသည်သာ..သမဒကြီးဖြစ်၍…ဤအဖြစ်မျိုး..မြင်ခဲ့သည်ရှိသော်……

alinsettMay 20, 20142min31935

မောင်သူရဆိုတဲ့ ချာတိတ်ကလည်း

မနေနိုင်မထိုင်နိုင်နဲ့ ဟိုတွေးဒီတွေး လျှောက်တွေးတတ်တာ။

ဟိုနေ့ကလည်း  မတော်တရော်မြင်ကွင်းတစ်ခုကို မြင်ပြီး ……………

 

ဟိုထောင့်ဒီထောင့်ကနေ ရှာကြံတွေးမိရာက စပြီး ဒီစာတစ်ပုဒ် ထွက်ကျလာတယ်ဆိုပါတော့။

————

အဲဒီနေ့က
ညနေ ရ း ဝဝ လောက် . . .

မောင်သူရ အလုပ်ကအပြန် . . .

မရမ်းကုန်းမြို့နယ်ထဲက အထင်ကရ မီးပွိုင့်ကြီးတစ်ခုမှာပေါ့ဗျာ။

အဲဒီ မတော်တရော် သရော်ချင်စရာ အဖြစ်ကြီး ထ ဖြစ်တာဗျ။

အဲဒီ အဖြစ်မျိုးကို ရန်ကုန်မြို့က မီးပွိုင့်တော်တော်များများမှာ လူတော်တော်များများ မြင်ဖူးကြမှာပါ။

မြင်ရလွန်းလို့ ရိုးတောင် နေပြီလားမသိ ။

ဒါပေမယ့် အဲဒီလို ….

အရေးပေါ်လူနာတင်ယာဉ်တွေ တကယ်အရေးကြီးလို့ ပျာတီးပျာတာ မောင်းလာတာကို မြင်နေကြားနေပါလျက်နဲ့ . . .

မီးပွိုင့်စောင့်ဦးဦးရဲကြီးတွေက အရေးမကြီးသယောင် လက်ပိုက်ကြည့်နေနိုင်တာ မြင်မိတိုင်း

မောင်သူရတော့ တော်တော် ခံရခက်တယ်ဗျ။

အဲဒီညနေက လမ်းမီးတွေ စဖွင့်ပြီးစအချိန်. . .

ကားတန်းရှည်ကြီး   ပျင်းရိငြီးငွေ ့ဖွယ်ရာ  ရပ်တန့်နေကြချိန်. . .

ဟိုဘက် ကန့်လန့်ဖြတ်ယာဉ်ကြောကို မီးစိမ်းပြထားလို့ ဒီဘက်ယာဉ်ကြော တန်းစီပြီး မီးစိမ်းကို စောင့်မျှော်နေကြချိန်. . .

ရပ်ထားကြတဲ့ ကားတန်းကြီးရဲ့ အပေါ်ဆုံးလမ်းကြောဘက်ကနေလမ်းအလယ် မျဉ်းကိုတောင် ကျော်ပြီး

ဟိုဘက်  မျက်နှာချင်းဆိုင်ယာဉ်ကြောထဲထိ အပြေးအလွှားမောင်းလာတဲ့ လူနာတင်ယာဉ်တစ်စီးးး

မီးပွိုင့်ထိပ်ဆုံးရောက်တော့ ရပ်လိုက်ရတယ် ။

မရပ်လို့လည်းမရတော့ဘူးလေ။

ကန့်လန့်ဖြတ်ယာဉ်ကြောပေါ်မှာ ဘယ်ဘယ် ညာညာ ဖြတ်မောင်းနေကြတဲ့ ကားတန်းကြီးက ပိတ်ပြီကိုး။

မီးပွိုင့်ကြီးကလည်း ပြတ်ပြတ်သားသားကြီး နီလျက်ကိုး. . .။

လူနာတင်ယာဉ်ဟာ တော်တော်အရေးကြီးနေတဲ့  လူနာ ပါပုံရပါတယ်။

အသက်လုရမယ့် အရေးပေါ်လူနာပါလာလို့ စိတ်လောနေပုံရပါတယ်။

ကားဟာ အချက်ပေးသံ တညံညံကို အစွမ်းကုန် ဖွင့်လျက်သား. . .

ကားဟာ ဘာဖြစ်ဖြစ် ဇွတ်တိုးထွက်မှ ဖြစ်တော့မယ့်ပုံစံနဲ့ ခုန်ဆွခုန်ဆွတောင် ဖြစ်လို့။

ကန့်လန့်ဖြတ်ယာဉ်ကြောပေါ်က ဖြတ်သွားနေတဲ့ ကားတွေကြား တစ်စီးစာလောက် ဟတာနဲ့

ဇွတ်တိုးပြီး မီးနီဖြတ်ပစ်တော့မလိုမျိုး. . .

ကြည့်လိုက်တာနဲ့  တော်တော့် တော်တော်ကို အသည်းသန်အရေးကြီးနေတဲ့ပုံစံသိသာလွန်းပါတယ်။

ဒီတော့ မောင်သူရတိုု့က မီးပွိုင့်ဂိတ်ထဲကို လှမ်းကြည့်တာပေါ့။

အရေးပေါ်လူနာတင်ကား  အတွက်  ယာဉ်ကြောများ ထွက်ရှင်းပေးမလားပေါ့။

ထွက် မရှင်းပေးတောင် မီးပွိုင့်များစိမ်းပေးလိုက်မလားပေါ့

လက်ရှိ စိမ်းထားတဲ့ဘက်ကို မီးဝါလေး ဆယ်စက္ကန့်လောက်

အချက်ပြပေးပြီး နီလိုက်/ရပ်ခိုင်းလိုက်ရင် ဒီအရေးပေါ်လူနာတင်ကားတော့

ဆယ်စက္ကန့်လောက်အတွင်းမှာ လိုရာ ဆက်သွားနိုင်မှာပဲ ။

နီနေတဲ့ မီးပွိုင့်ကိုများ  ချက်ချင်း ပြောင်းပေးမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့

မီးပွိုင့်ထိပ် ဂိတ်ထဲကို လှမ်းကြည့်ကြတာပေ့ါ။

ဟန့်အန်းးး

မထူူးပါဘူး။

နီမြဲ နီထားဆဲ ။

အဲ. . . .မဟုတ်ဘူးးးးးးး

ထူူးတယ်ဗျ။

ဘာထူးတာလဲဆိုတာကို ….ဟောဒီမောင်သူရပြောပြမယ် ။

————-

မီးပွိုင့်မှာ ဦးဦးရဲကြီးတွေမှ သုံးလေးယောက်လောက် ရှိတယ်ဗျ။

ညနေချမ်းအချိန်လေးဆိုတော့ အေးအေးလူလူပဲ ဂိတ်ထဲကထွက်ပြီး

အပြင်ဘက်မှာတောင် ခြေဆန့်လက်ဆန့် ထိုင်လို့. . .

ရယ်ရယ်မောမော စကားတွေတောင်ပြောလို့. . .

“နေ့လည်က. . .လူကြီးတွေလာတဲ့လမ်းကြောင်း  ရှင်းပေးရတာ တော်တော်မောသလား. . .”

ဘာညာမေးစမ်းနေကြတယ်ထင်ပါရဲ့။

လူနာတင်ယာဉ်ရဲ့ တညံညံအချက်ပေးသံကို

ဘေးပတ်ဝန်းကျင်က လူတွေအားလုံး ထိတ်သာလန့်သာ ကြားနေပါလျက်နဲ့

ပါးနပ်ကျွမ်းကျင်သော ယာဉ်ထိန်းရဲဦးဦးတို့ရဲ့ နားမှာ ကြားစရာ မဟုတ်တာ ထူူးပါပေ့။

ကြားလည်းကြား မြင်လည်းမြင်ပါလျက်နဲ့ ဥပေက္ခါ ပြုရက်နိုင်တာ ထူးပါပေ့။

ဟို ‘လူကြီး”ဆိုတဲ့ လမ်းကြောင်းလောက်  မရေးမကြီးဘူး. . .လို့ယူဆထားနိုင်ပြီး. . .

မျက်နှာလွှဲ ခဲမပစ်(အသိအမှတ်မပြုတာ)  ထူးလည်း ထူးပါပေ့။

စဉ်းစားကြည့်ပါဦး။

အရေးကြီးပုဂိ္ဂုလ်လို့ ဦးဦးမော်တော်ပီကယ်တွေ သတ်မှတ်ထားပြီး ပျာပျာသလဲ လမ်းရှင်းပေးနေရတဲ့

နိုင်ငံတာ်အစိုးရပိုင်းအရာရှိ ဆိုတာကြီးတွေ အရေးကြီးသလား။   ဆိုတော့. . . .အရေးကြီးပါတယ်။

နိုင်ငံဝန်ကို ထမ်းနေရတာကိုး။

နိုင်ငံရဲ့အရေးကိစ္စ အဝဝကို တာဝန်ယူ ဖြေရှင်း လုပ်ကိုင်ဆောင်ရွက် ညွှန်ကြားး စီမံနေရတာကိုး. . . .

အရေးကြီးပါသော်ကော. . .

ဒါပေမယ့် သေချာစဉ်းစားကြည့်ကြပါဦး . . .

အဲဒီ နိုင်ငံတော်အစိုးရ အရာရှိတွေဆိုတာ ပြည်သူတွေခန့်အပ်ထားလို့ အဲ့ဒိတာဝန်ကို ယူနေရတာလေ။

ပြည်သူရဲ့ တာဝန်အဝဝကို ယူပါမယ်ဆိုပြီး ဇွတ်ဝင်ယူ လုပ်နေတဲ့ အာဏာရှင် လက်နက်အစိုးရမှ မဟုတ်တာ။

ပြည်သူက သဘောတူ ကြည်ဖြူစွာနဲ့ ဆန္ဒမဲ ပေးပြီး ခန့်အပ်ထားတဲ့ နိုင်ငံရဲ့ ဝန်ထမ်းကြီးတွေ . . .

ဟုတ်တယ်ဟုတ်. . . .

ဒါဆို ဘယ်သူ ပိုအရေးကြီးသလဲ။

အလုပ်ပေးထားတဲ့ ပြည်သူက အရေးမကြီးဘူးလား။

ပြည်သူတောင်မှ ရိုးရိုး သန်စွမ်းမနာ ကျန်းမာ တဲ့ ပြည်သူဆို ထားဦး။

အခုဟာက သေလုမျောပါး အရေးတကြီး အသက်လုရမယ့်အခြေအနေနဲ့

အချိန်နောက်ကျရင် အသက်ဆုံးရှုံးသွားမယ့် ပြည်သူ . . .

အဲဒီလို သေရေးရှင်ရေးကို အရေးကြီးပုဂိ္ဂုလ်/ဦးစားပေးအခြေအနေထဲ စာရင်းမသွင်းပဲ. . .

ဟို ခြေကောင်းလက်ကောင်း အစစအရာရာ ကောင်းနေတဲ့

ကားအကောင်းစားကြီးတွေပေါ်မှာ အငြိမ့်သားထိုင်ပြီး ရှေ့တော်ပြေး နောက်တော်ပြေးတွေနဲ့

လမ်းတော်ကို ရှင်းပြီးအဆင်သင့်အမြဲသွားနေရတဲ့ အရာရှိကြီးတွေကိုပဲ ဦးစားပေး အမြဲ တွေးနေတာ/လုပ်နေတာ

တရားသလားပေါ့။

မျှတသလားပေါ့။

———

လုပ်သင့်လုပ်ထိုက်တာကို မလုပ်ရင် မဖြစ်သင့်မဖြစ်ထိုက်တာတွေ ဖြစ်ဖြစ်လာမှာ သဘာဝပါ။

လုပ်သင့်တာက ဘာလဲ ဖြစ်သင့်တာက ဘာလဲဆိုတာတွေကို တွေးခေါ်မျှော်မြင်ပြီး လုပ်ကိုလုပ်မှ တိုးတက်မှာပါ။

စံမံခန့်ခွဲမှု ညံ့လို့ပဲ ဖြစ်ဖြစ်

စိတ်နေသဘောထား ညံ့လို့ပဲဖြစ်ဖြစ်  အရည်အသွေးညံ့မြဲ ညံ့နေရင်တော့  ရှက်ဖို့ကောင်းမြဲ ရှက်နေရဦးမှာပါပဲ ။

စီမံခန့်ခွဲတဲ့ အထက်ပိုင်းက. . .တကယ် လုပ်ဆောင်သင့်တာတွေကို ညွှန်ကြားနိုင်ရမယ်။

အညွှန်ကြားခံရသူကလည်း………..

တကယ် လုပ်သင့်တာကို စိတ်နေသဘောထား ကောင်းမွန်စွာနဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရမယ် ။

တိုင်းပြည်တိုးတက်ဖို့ရာက

အောက်ခြေအဆုံးက ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ အသိနဲ့လည်း

ထောက်ကူဖို့ လိုပါသေးတယ် ။

ဒါလေးတွေးမိဖို့လိုပါတယ်။

မောင်သူရတို့ စကားကြီးစကားကျယ်တွေ ပြောနေပြီလို့ စွပ်စွဲလည်း ခံရုံပါပဲ။

—————–

စိတ်ဓါတ် ရယ်  စည်းကမ်းရယ် ပညာရယ် အရေးကြီးပါတယ်။

ပညာဆိုတဲ့ အသိ အတွေးအခေါ်အယူအဆတွေ ရှိရမယ်။

ကောင်းသော အသိ

ကောင်းသော အတွေးအခေါ်အယူအဆနဲ့

ကောင်းသော လုပ်ရပ်တွေကို အကောင်အထည်ဖော်နိုင်ရမယ်။

စည်းကမ်း ရှိရမယ် ။

စည်းနဲ့ ကမ်းနဲ ့ မျှမျှတတ နေပြနိုင်ရမယ် ။

စည်းကမ်းဆိုတာ လူတစ်ယောက်ချင်းစီရဲ့ တန်ဖိုးဆိုတာထက်ကို ပိုပါတယ်။

လောကကြီးတစ်ခုလုံး ဟန်ချက်ညီညီ ဖြစ်တည်ဖို့ စည်းကမ်းဆိုတာနဲ့ ထိန်းညှိယူသွားရမှာပါ ။

အရေးအကြီးဆုံးကတော့ စိတ်ဓါတ်ပါ။

စိတ်နေသဘောထားပေါ့။

ဘယ်လောက် ပညာတတ်တတ်

ဘယ်လောက်စည်းကမ်းရှိရှိ

စိတ်နေသဘောထား မမှန်ရင် မှန်ကန်တဲ့ လုပ်ရပ်တွေကို အကောင်အထည်မဖော်နိုင်ဘူး။

စိတ်နေသဘောထား မှားယွင်းရင် . . .

အသိမှား အလုပ်မှားတွေနဲ့ အမှားသံသရာထဲ . . .တဝဲထဲ ဝဲပြီး ရွာလည်နေပါလိမ့်မယ် ။

အမှားထဲမှာ ရွာလည်နေတာဟာ. . .

ဘာနဲ့မှ မတူအောင် ရှက်စရာကောင်းပါတယ်။

—————–

စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ပဲလားးးးး

လုပ်ဆောင်သူရဲ့ စိတ်နေသဘောထား ညံ့ဖျင်းမှုကြောင့်လားးးး

အဖြေရှာဖို့ လိုပါတယ်။

စနစ်ကြောင့်လား အကျင့်ကြောင့်လားပေါ့။

စနစ်ကြောင့်ဆို စနစ်ပြင်

အကျင့်ကြောင့်ဆို အကျင့်ပြင်ဗျာ

ဘာကြောင့်ဖြစ်ဖြစ်  ….ဒီလို မြင်ကွင်းတွေ ဖြစ်နေတာ မဖြစ်သင့်ဘူးဆိုမှတော့ ပြင်တော့ပေါ့။

မပြင်ရင် ”ရွာ”   ”နာ” မယ်။

ရွာနာတာထက်ကို

”ရွာ့ သိက္ခာကျတာ”က . . . ပို ရှက်ဖို့ကောင်းတယ် ။

___________

ရှက်ဖို့ကောင်းတယ်ဆိုလို့ ဒီအဖြစ်အပျက်ကို. . .

မောင်သူရတို့ သမဒကြီး သိမယ် မြင်မယ် ဆိုရင် ဘယ်လိုနေမလဲ. . . .

—————————

အဲဒီ အတွေးနဲ့ မောင်သူရ စဉ်းစားမိတယ် ။

မောင်သူရသာ သမဒကြီးဖြစ်နေတယ်ဆိုပါစို့. . .

အဲဒီ အဖြစ်အပျက်တွေကို သမဒကြီး မောင်သူရ မြင်သွားတွေ ့သွားတယ် ဆိုပါစို့ဗျာ ။

အားးးပါးးးးပါးးးး

သမဒကြီး မောင်သူရ . . . . ရှက်လိုက်မယ့်အမျိုးဗျို့. . .

ကိုယ်ကတော့  ပျာပျာသလဲ ထွက်ရှင်းပေးထားကြတဲ့ ယာဉ်ကြောပေါ်

ကားအကောင်းစားကြီးနဲ့ အငြိမ့်သား ထိုင် လိုက် လို့

ဟိုမှာတော့ သေရေးရှင်ရေး အသက်လုဘေးနဲ့ ကြုံတာတောင် မီးပွိုင့်ကြီးနီပြီး ပိတ်ဆို ့ခံ နေရတယ်. . .

မျက်နှာလွဲခဲပစ်

ဖြေရှင်းမပေး

အသိအမှတ်အပြု မခံရ. . .

အချိန်မှီ မရောက်လို့ သေတော့မယ့် လူနာ. . . .

ကိုယ်က သန်သန်မာမာ  ….ရပိုင်ခွင့်တွေ တနင့်တပိုးနဲ့. . .

ဟိုက. . .ဆုံးရှုံးရတော့မယ့် အသက်တွေ  …ဘဝတွေ …မျှော်လင့်ချက်တွေ  အနာဂတ်တွေ. . .

အင်းးးးးးး

မောင်သူရသာ သမဒကြီးဖြစ်၍ ထိုအဖြစ်ကို မြင်ခဲ့သည်ရှိသော်. . .ပေါ့ဗျာ. . . .

အဲဒါမျိုးဖြစ်သွားတာ ဖြစ်နေတာကို ရှက်လို့. . .

ရုပ်မြင်သံကြားကနေ . . .

ပြည်သူတွေကို . . .

ရှက်ပြုံးလေး ပြုံးပြပြီး

”ဝမ်းနည်းပါတယ်. . . နောက်ကို ဒါမျိုးမဖြစ်စေရအောင် စီမံပါ့မယ် ” လို့…. ပြောမိမှာဗျ ။

အပြောနဲ့ ညီအောင်လည်း လုပ်မိမှာဗျ ။

 

မောင်သူရသာ သမဒကြီးဖြစ်၍…

ထိုအဖြစ်မျိုး ကြုံခဲ့သည် ရှိသော်. . .ပေါ့ဗျာ. . . . . . .  . . . .

 

 

လေးစားစွာဖြင့် . . .

မောင်သူရ

19 / 5 / 2014 / 22 : 24

(( မည်သူ့ကိုမျှ နစ်နာစေလိုခြင်းမရှိပါ။

ကောင်းမွန်တိုးတက်စေလိုသော စေတနာသန့်သန့်ဖြင့် ခံစား ဝေဖန်ခြင်းသာ ဖြစ်ပါသည်။ ))

 

 

 

35 comments

  • alinsett (gazette)

    May 20, 2014 at 10:39 am

    ပိုစ့်ခေါင်းစဉ်…ဖြစ်တဲ ့.. ငါသည်သာ သမဒကြီးဖြစ်၍..ဤအဖြစ်မျိုးမြင်ခဲ့သည်ရှိသော်…ဆိုတဲ ့စကားလုံး
    အတွဲအဆက်အတွက်…..

    ဆရာတာရာမင်းဝေရဲ ့..
    ငါသည်သာပန်းဖြစ်၍ နောက်တစ်ကြိ်မ်ပြန်ပွင့်ခွင့်ရခဲ့သော်….ဆိုတဲ့ စာသားကို..ခရက်ဒစ်ပေးပါတယ်..

    😆

    • naywoon ni

      May 20, 2014 at 3:42 pm

      စကား အတင်​းစပ်​​ပြောရရင်​ဖြင်​့ ​မောင်​ရင်​ ခွက်​ဒစ်​​ပေးတာလွဲ​နေသလားလို့ ကိုယ်​့ အထင်​​တော့ အူး​ကျော်​သူရဲ့ ကျွန်ု​ပ်​ သာ သမ္မတ ကြီးဖြစ်​ခဲ့​သော်​ လား အဲ့ဒါကို ​ပေးရမယ်​နဲ့ တူရဲ့ ။ ဒါ​ပေမဲ့ အတွဲ အစပ်​ ဖလှယ်​သုံးတာက ​ပေးဖို့မလိုပါဘူး ။ တိုက်​ရိုက်​ ယူသုံးတာမှမဟုတ်​တာ ။ စာတစ်​ပု​ဒ်​ကို ဖတ်​မိပီးကိုယ်​က ဆက်​​တွေးတာ သူ့အယူအဆ ဖန်​တီးမှုကို သွားမထိခိုက်​ပါဘူး ။ သူ့စကားလုံး​တွေ တိုက်​ရိုက်​ ယူမသုံးရင်​ပြီးတာပါပဲ ။ ကိုယ်​​တွေလဲ ဆင်​့ပွားအသုံး​တွေ ဖလှယ်​တာ​တွေ ကုလားဖန်​ထိုးပစ်​တာ​တွေ ရှိခဲ့တာပဲ ။ အဲ့အ​ကြောင်​း ညမှ​ ဆက်​​ပြောမယ်​ ။

      • alinsett (gazette)

        May 20, 2014 at 3:51 pm

        အဟိ… ဘဘကျော်သူ ရဲ ့ သမ္မတကြီးဖြစ်ရင်… ကို ….
        အခု အဘနီ ပြောမှ..သတိရသွားတာ… ။

        ပိုစ့်ခေါင်းစဉ် စဉ်းစားတုန်းကတော့…ဆရာတာရာမင်းဝေရဲ ့…
        ငါသည်သာ ပန်းဖြစ်၍…နောက်တစ်ကြိမ်ပြန်ပွင့်ခွင့် ရခဲ့သော်…..ဆိ်ုတဲ ့ ခေါင်းစဉ်လေးကိုပဲ
        မြင်မိလို ့… ။

        ငါသည်သာ သမဒကြီးဖြစ်၍…ဤအဖြစ်မျိုးမြင်ခဲ့သည်ရှိသော်…ဆိုပြီး..လုပ်လိုက်တာ..။
        —————–

        စကားမစပ်..အဲဒီ တာရာမင်းဝေ စာအုပ်လေးကို..ကျနော် သိပ်ကြိုက်တယ်ဗျာ.. ။
        ဇာတ်လမ်းဇာတ်ကွက် ဆင်ထားပုံလေးနဲ ့.. တင်ပြပုံ..အသုံးအနှုန်းလေးတွေကအစ…
        တော်တော် ရသမြောက်တယ်…
        ရွာထဲက.. တာရာမင်းဝေ ပရိတ်သတ်တွေ… မှတ်မိမယ် ထင်ပါတယ်.. ။
        ရဲဘုန်းမင်း နဲ ့ ဓါရီ တို ့ရဲ ့… အဖြစ်သနစ်တွေ…..

  • snow smile

    May 20, 2014 at 10:54 am

    ဟို ကား တွေ က လမ်း ရှင်း မ ပေး ရင်
    အိမ် ထဲ ထိ ကိုယ် တိုင် ကို်ယ် ကြ သွား ပြီး
    ပါး ရိုက် ခံ ရ တယ် လို ့ ဖတ် ဘူး တယ်

  • Ma Ei

    May 20, 2014 at 11:18 am

    မောင်သူရရေ…
    မနေ့ကတင် တွေ့ခဲ့ပါသေးရော သူတို့ ခရီးနှင်ဘို့ရာ
    တဝီဝီ အသံပေး ရှေ့နောက် အစောင့်ရှောက်နဲ့
    တိုင်းသူပြည်သားတွေကိုတော့ မသွားကြဦး တားထား
    စိတ်တိုချက်..သူတို့ဘဲ အရေးကြီးတာလား …

  • Novy

    May 20, 2014 at 11:20 am

    ကောင်းလိုက်တဲ့ အပြုသဘောဆောင်တဲ့ အတွေးအရေးပါ အလင်းဆက်ရေ.
    ဒီလိုစာမျိုး များများရေနိုင်မှ အသိတရားတွေရကြမလားပဲ.

  • တိမ်မည်း

    May 20, 2014 at 11:37 am

    အော်…
    မေးရက်ပါ့ဂျာ….
    ဟို ယာဉ်ထိန်းရဲ သွားမေးပါလား…. ဖြေမှာပေါ့…. ကျုပ်ကို ထမင်းကျွေးနေတာ အဘတွေက ကျွေးတာ….
    ပြည်သူက ကျွေးတာ မဟုတ်ဖူးလို ့….
    ပြည်သူစကား တနှစ်နားမထောင်လို ့ အလုပ် မပြုတ်ဖူး… အဘစကား တမနက် နားမထောင်ရင် အလုပ်ပြုတ် နိုင်တယ်လို ့…….
    :mrgreen:

  • lu lu

    May 20, 2014 at 12:15 pm

    ဒီလိုပါပဲ ဒီနိုင် ငံ ကိုး ဒီလူတွေပဲ ခန် ့ထားတော့
    ဒီလူတွေပဲခံရပြန်တာပေါ့

  • TNA

    May 20, 2014 at 1:06 pm

    ဟိုနေ့ကပဲ တမွေမှာ ငါတို့ကားနောက်တစီးကျော်မှာ မီးသတ်ကားကြီးက တစာစာအော်လု့ိ။ မီးပွိုင့်ကနီလို့။ ငါတို့လဲစိတ်တွေပူပြီး ဟိုဖက်မှာမီးဘယ်လောက်များနေမလဲမသိဘူးဆိုပြီး မီးများစိမ်းမလားလို့ လှမ်းလှမ်းကြည့်ရတာ။ သူကတော့ သူ့အလှည့်နဲ့သူ နီမြဲ။ နောက်ဟိုဖက်တခြမ်းစိမ်းသွားတယ်။ မီးသတ်ကားအခြမ်းကတော့ နီမြဲ။ တကယ်ဆိုရင် ဟိုဖက်ခြမ်းစိမ်းမဲ့ဟာကို ဒီဖက်ခြမ်းမီးသတ်ကားလွတ်တဲ့ ထိစိမ်းပေးလိုက်ပါလား။ မဟုတ်ဘူး သူ့အလုပ်သူလုပ်နေတယ်။ မီးသတ်ကားကလဲ နောက်ဆုံး အသံပါပိတ်ပလိုက်တယ်အေးရော။ နောက် ကိုယ့်အခြမ်းနီတော့လဲ ဟိုဖက်က ကွေ့တဲ့ကားတွေက လုယက်ကွေ့၊ မီးသတ်ကားကြီးကလဲတိုး၊ နောက်ဆုံ ငါတို့ကားအပါအဝင် တချို့ကားတွေက လမ်းကြောင်းပေါ် ကနေဖယ်ပေးလိုက်တော့မှပဲ မီးသတ်ကားခမျာ ကမန်းကတန်းမောင်းရရှာတယ်။ ဖယ်ရကောင်းမှန်းမသိတဲ့ကားတွေလဲရှိသေး။ အဲ့နေကဆိုမောတာအေ။ မီးလောင်တဲ့အိမ်ကိုစိတ်ပူနေရ တာနဲ့။ ပြာကျမှရောက်သွားရင် ဒုတ်ခဆိုပြီး အသက်တောင်မရှုနိုင်ဘူးရယ်။

  • Mr. MarGa

    May 20, 2014 at 1:07 pm

    သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ…………….

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 20, 2014 at 1:40 pm

    . ငါသံမဒဖြစ်ရင်တော့ ငါ့မိန်းမက သံမဒဂဒေါ်
    . ငါ့သူငယ်ချင်းတွေက သံမဒဘော်ဘော်

  • naywoon ni

    May 20, 2014 at 1:57 pm

    နာက​တော့ နီတို့ မြန်​တျန်​့ပြည်​နယ်​မှာ သမဒ ဖစ်​ချင်​ဝူး ​ဝေ့ နီတို့က ဖွဘုတ်​ထဲကျ လွှတ်​ဆဲတာ အ​မေဒစ်​ကံ မှာ သမဒ ဖစ်​ရဒါက နဲနဲ ​တော်​အူးမယ်​ သူတို့က ဖတ်​ခ်​ ​လောက်​ပဲ ​ပြောဒါ နီတို့က စကားလုံးကုန်​​အောင်​ဆဲဒါ

    • alinsett (gazette)

      May 20, 2014 at 2:51 pm

      အဘနီရယ်…
      ဟိုမှာက..အဆဲခံရတာတော့ သက်သာပါတယ်..
      ဒါမယ့်…
      ပုံစံ မကျရင်..ဖိနပ်နဲ ့ပေါက်တာဗျ… ။
      :mrgreen:

      ဒီမျာက.. ဖိနပ်နဲ ့ပေါက်ဖို ့မပြောနဲ ့ မျက်စောင်းတောင် ပေါ်တင် ထိုးလို ့ရတာမ ဟုတ်ဘူး..
      နှစ်သက်နှစ်ကျွန်းတို ့ဘာတို ့ ကြောက်ရတာကိုး…
      :mrgreen:

  • alinsett (gazette)

    May 20, 2014 at 2:05 pm

    ကျနော်ခံစားရေးဖွဲ့တဲ့ ဆောင်းပါးလေးကို ဖတ်ရှုကြသော ချစ်သော စာဖတ်သူများနဲ့ commentလေးတွေ ပေးခဲ့သော
    @အန်တီနှင်းပြုံး
    @အန်တီမအိ
    @မမနိုV
    @ဦးဦးတိမ်မည်း
    @lu lu
    @တဲသီ
    @မာမာဂ
    @အိမ်လွမ်းသူ
    @ဦးပု . . .တို့အား အထူးကျေးဇူးတင်ရှိပါကြောင်း

    လေးစားစွာဖြင့်

    . . .

  • ကေဇီ

    May 20, 2014 at 7:30 pm

    ဆက်ဆက်ရယ်။
    ဆက်ဆက် တမဒဂျီးဖြစ်ရင်လေ
    ဆင်းရဲသားတိုက်ဖျက်ရေးကို ဘူဒိုဇာနဲ့ မဆင်နွှဲပါနဲ့။
    နှစ်လုံး အတုကြီး (အဲလေ) နှလုံး စက်ထည့်ထားတယ်ဆိုပြီးလည်း အသနားခြူမယူပါနဲ့။
    မိဘပြည်သူများ ခံဗျားဆိုတာပဲ ပြောတတ်ပြီး ကျန်တဲ့ စကားတွေ ပြောခိုင်းမှ ပြောတာမျိုးမလုပ်ပါနဲ့။
    ဝူခုန်း မင်းသားနဲ့ တွေ့ဖို့ ကိစ္စကို ရေးကြီးခွင်ကျယ်မလုပ်ပါနဲ့။
    ဘုန်းကြီးကျောင်းတွေဖျက်ပြီး စိန်တလုံး သရက်လည်း မစိုက်ပါနဲ့။
    ဘာသာသာသနာရေးအရေးကြီးတယ်လို့အော်ပြီးမှ သိမ်တွေလည်း မဖျက်နဲ့နော်။
    နောက်အစိုးရဆပ်လိမ့်မယ်ဆိုပြီး အကြွေးတွေလည်းလှည့်မယူနဲ့။
    အိပ်စပို့ ကောင်းအောင်ဆိုပြီး အမျိုးကောင်းသမီးလေးတွေလည်း အိမ်ဖော်အဖြစ် သူများနိုင်ငံကို မပို့ပါနဲ့၊
    ဟာသသိပ်ပြောတတ်တဲ့ ဝန်ကြီးတွေ တစ်ယောက်တစ်ပေါက်ကိုတောင် မနိုင်ပဲ အာဆီယံ က တူကြီးကိုလည်း မကိုင်ချင်ပါနဲ့။
    မလုပ်ပေးမဲ့ မလုပ်နိုင်တဲ့ နိုင်ငံကောင်းဖို့ ကိစ္စတွေကိုလည်း ဂတိလွယ်လွယ်မပေးနဲ့နော်။
    နောက်ကွယ်က ကြိုးကိုင်သူကိုကြောက်ရတဲ့ ကြိုးဆွဲ သမဒဂျီးမျိုးလည်း မလုပ်ပါနဲ့။

    😀

    😀

    • alinsett (gazette)

      May 21, 2014 at 6:20 am

      ကြိုးဆွဲရာ ကပြနေရတဲ့ ရုပ်သေးသမဒလည်း မဖြစ်ချငါပါဘူး
      စကားလုံးလှလှလေးတွေ ရွတ်ပြ ဖတ်ပြ ပုံနှိပ်ပြရုံသာတတ်နိုင်တဲ့
      တကယ်လက်တွေ ့ထိ ပါမလာတဲ့ဖြေရှင်းနည်းတွေသုံးတဲ့သမဒလည်းး
      မဖြစ်ချင်ပါဘူး။
      မမဂျီးပြောတာတွေကို အားရပါးရ မှန်သယောင်ယောင်လုပ်နေတဲ့သမဒလည်း မဖြစ်ချင်ပါဘူး။

      ကျနော်သည်သာ သမဒကြီးဖြစ်၍ ဤအဖြစ်မျိုး မြင်ခဲ့သည်ရှိသော်. . . .

      :mrgreen:

  • koko

    May 20, 2014 at 10:50 pm

    သမ္မတမှာ တာဝန်ရှိတယ်ဆိုတာလဲမှန်ပါတယ်။ သူလဲအဲလိုဖြစ်စေချင်မယ် မထင်ပါဘူး။ အမှန်က ဒီရဲတွေကို ဖြတ်သန်းလာတဲ့ ပတ်ဝန်းကျင်၊တန်ဖိုးထားတဲ့စံနုှုန်းတွေ နဲ့ဆိုင်ပါတယ်။ ပြောမယ်ဆိုဓာတ်ပြားဟောင်းတွေပဲပြန်ဖွင့်နေရလိမ်မယ်ဗျို့။ ပြောကိုမပြောချင်တော့တာပါ၊ အဲရဲတွေရဲ့အဖေ ပြည်ထဲရေးဝန်ကြီး ကိုဘယ်သူတိုက်ရိုက်ခန့်လဲမှ မသိတာကိုနော်။

    • alinsett (gazette)

      May 21, 2014 at 6:56 am

      တခါတခါကျတော့ စဉ်းစားမိတယ်ဗျ
      ဒီယာဉ်ထိန်းရဲတွေ ဘယ်သူ ့အတွက် အလုပ် လုပ်နေတာလဲ လို့. . .
      ပြည်သူအတွက်ဆိုတဲ့ ဦးတည်ချက်ကို ချပြထားတာတော့ စကားလုံးတွေ စာသားတွေ အဖြစ် မြင်ရပါတယ်
      ဒါပေမယ့် တကယ့်လက်တွေ့မှာကျတော့ ကားတန်းရှည်ကြီးတွေ
      ရှေ့တော်ပြေး နောက်တော်ပြေးတွေနဲ့လာရင် ပျာပျာသလဲ ရှင်းပေးဖို့အတွက်တစ်ခုပဲ လုပ်နေသလားထင်ရတယ်
      ရှေ့တော်ပြေး ဆိုင်ကယ်ပေါ်ကနေ လမ်းဘေး မကပ်မိတဲ့ကားကို ငါနဲ့ကိုင်တုတ်သွားတာကိုလည်း နားနဲ့ဆက်ဆက်ကြားဖူးတယ်
      မင်္ဂလာဒုံလေဆိပ်ထဲက ထွက်လာမယ့် အရာရှိကြီးတစ်ယောက်အတွက် လမ်းရှင်းတာတဲ့
      အဲဒိအရာရှိမလာခင် မိနစ်သုံးဆယ်လောက်ကတည်းက ကိုးမိုင်ဘက်က လာတဲ့ကားတွေကို မြောက်ဥက္ကလာဘက်သွားတဲ့လမ်းထဲ အကုန်မောင်းဝင်ခိုင်းတာ
      အဲ့ဒိလမ်းထဲ ကားတွေ ရှေ့တိုးနောက်ဆုတ်မရပဲ ကျပ်ညပ်လို့
      ခရီးသည်တွေ အလုပ်သမားတွေ အချိန်တွေနောက်ကျခဲ့ရတယ်
      အဲဒိထဲ နစ်ယောက်အဖြစ် ကျနော်ကိုယ်တိုင် ပါခဲ့ရတယ်
      တကယ်တမ်းကျတော့ အရာရှိလေဆိပ်က ထွက်လာခါနီး ငါးမိနစ်လောက်အလိုမှာမှ ရှင်းရင် ရနိုင်တယ်
      အဲဒါကို နာရီဝက်လောက် ကြိုရှင်းထားတော့
      ဟိုဘက်ဒီဘက် လာသမျှကားတွေ ပြည်သူတွေ အချိန်နှောင့်နှေးရတယ်
      သူတို့ပဲ အရေးကြီးတာလားးး
      တကယ်ဆို တကယ့်တကယ်ဆို
      ဒီယာဉ်ကြောစနစ် ဒီမြို့ဒီလမ်းကို ဒီလို ကျပ်အောင် သူတို့ ထား ထားတာပဲ
      ဒီပုံစံခွက်ထဲ ပြည်သူတွေကို ချပေးထားတာ သူတို့ပဲ
      သူတို့လည်း ဒီပုံစံခွက်ထဲကလိုပဲ နေနိုင် သွားနိုင်ဖို့မသင့်ဘူးလား
      ယာဉ်ကြောကျပ်ကျပ်ထဲ ပြည်သူတွေလို သွားလာကြည့်ဖူးမှ ပြည်သူတွေရဲ့ ခံစားချက်ကို လက်တွေ ့နားလည်မှာမို့
      သမဒကြီးကို ဘတ်စ်ကားစီးကြည့်စေချင်တယ်
      ပြည်သူတွေရဲ့ လက်တွေ့လူနေမှုဘဝထဲ ထိထိရောက်ရောက် ဝင်ကြည့်စေချင်တယ်။
      ပြည်သူတွေ ဘာတွေ ခံစားနေရလဲဆိုတာကို သေသေချာချာ သိစေချင်တယ်
      ဖုံးဖိသိုဝှက်ပြီးမှ သိတဲ့ တက်လာတဲ့သတင်းစကားတွေလောက်နဲ့
      မိဘပြည်သူများခများတို့
      ဘာအုပ်ချုပ်မှုတို့ ဘာအစိုးရတို့
      ဒီမိုကရေစီရဲ့အနှစ်သာရကို ကျေနပ်စွာစားသုံးနေရပြီတို့ ဘာတို့
      ပြောရုံသက်သက် ပြောမနေပါနဲ့လို့
      ပြောချင်တာ

      :mrgreen:

  • kai

    May 21, 2014 at 6:34 am

    ကယ်လီဖိုးနီးယားမှာအောက်ကဥပဒေရှိတယ်..
    သဘောက.. ရဲကတားတားမတားတား.. အရေးကြီးကား( မီးသတ်၊ လူနာတင်၊ရဲ)ကားက (မီးပွိုင့်နီနီမနီနီ.. လမ်းပြောင်းပြန်ဖြစ်ဖြစ်မဖြစ်ဖြစ်.) အတင်း ဖြတ်ထွက်မှာပါပဲ..
    ဘေးကကားအကုန်က တွေ့တဲ့နေရာမှာ လမ်းဘေးဆွဲချ.. ရပ်ဖို့တာဝန်ရှိပါတယ်..။
    မရပ်ရင်.. သူတို့ကဝင်တိုက်ပလိုက်မှာပေါ့..

    သူတို့တိုက်လိုက်လို့ကတော့.. ကိုယ်က အန္တရယ်လည်းရှိတယ်..။ လျှော်လည်းလျှော်ရမယ်..။ လိုင်စင်လည်းအသိမ်းခံရမယ်..။
    .. ချောင်မယ်မထင်..။
    =
    CODE 3 VEHICLE LAWS

    The following California Vehicle Code (CVC) sections pertain to emergency vehicles responding Code 3:

    21806(a)(1) CVC When approached by an emergency vehicle, which is sounding a siren and displaying a forward facing red-light (Code 3), all vehicular traffic shall yield the right-of-way and drive to the right side of the roadway and stop until the emergency vehicle has passed.
    21806(a)(2) CVC When approached by an emergency vehicle that is responding Code 3 in a carpool lane, all vehicles shall exit the lane immediately.
    21806(c) CVC When approached by an emergency vehicle that is responding Code 3, all pedestrians upon the roadway shall yield the right-of-way and proceed to the nearest curb or place of safety and remain there until the emergency vehicle has passed.

    • alinsett (gazette)

      May 21, 2014 at 7:17 am

      ဒီမှာလည်း အတင်းဖြတ်ထွက် မောင်းပစ်လို့ ရမယ်ထင်ပါတယ်။
      ဟိုတစ်ခါလှည်းတန်းတံတားဆောက်နေတုန်းက လမ်းပိတ်နေလို့ လမ်းပြောင်းပြန်မောင်းချသွားတဲ့ လူနာတင်ကားတစ်စီတွေ ့ဖူးတယ်
      တစ်ခုရှိတာက အဲဒီလို မီးသတ်ကားဖြစ်ဖြစ် လူနာတင်ယာဉ်ဖြစ်ဖြစ်ဘယ်လောက်အရေးကြီးကြီး မော်တော်ပီကယ်တွေအတွက် အရေးမကြီးတဲ့ ပုံစံပဲ
      မမြင်ယောင်ဆောင် မကြားယောင်ဆောင်နေတာပဲ

      သူ့ဘာသာအရေးကြီးတာ ကြည့်ကျက်ဖြေရှင်းသွားလိမ့်မယ်ဆိုတဲ့အထာပဲ
      ရိုင်းရိုင်းပြောရရင် ငါတို့အဘတွေလောက် ဂရုစိုက်စရာမဟုတ်ဘူးဆိုတာလိုမျိုးဖြစ်နေတာ။

      ဒီတော့ စဉ်းစားရတာပေါ့
      ပြည်သူ့ဝန်ထမ်းမယ့်ပုဂိ္ဂုလ်တွေက ပြည်သူအတွက် တကယ်အားကိုးရသလား

      ပြည်သူက ချစ် မချစ်ဆိုတာနဲ့ တိုင်းတာလိုက်ရင်ကို ပွဲပြီးတယ်။

      မီးစင်ကြည့်ကဥပဒေ မီးစင်ကြည့်ကစည်းကမ်းတွေနဲ့ ဖြစ်သလို စခန်းသွားနေသလားလို့. . .

      ——

      ပြီးတော့ လူတိုင်းက ကိုယ့်အပူနဲ့ကိုယ် မို့ မီးသတ်ကားလို အရေးပေါ်လူနာတင်ယာှု်လိုတွေကို လမ်းဘေးကပ် ဖယ်ပေးရမယ်ဆိုတဲ့ အသိနဲ့ အလိုကတသိ ဖယ်ပေး ကပ်ပေးတဲ့ကား ရှားတယ်
      ဒါက ပြည်သူတွေဘက်က အားနည်းချက်
      အပြစ်ပြောရတော့ ခက်တယ်ဗျ။
      ပြည်သူတစ်ယောက်ချင်းစီရဲ့ခံစားချက်ကျတော့လည်း
      ဒီတမြို့လုံး ကားလမ်း ကျပ်တဲ့ ဒဏ်
      ယာဉ်ကြောပိတ်ဆို့တဲ့ဒဏ်ကို သွားလာနေရင်း
      တနေ့လုံးခံနေရတာ
      လိုရာကို တော်တော်နဲ့မရောက်နိုင်အောင်ဖြစ်နေရတာဆိုတော့
      ဘာအတွက်မှ အချိန်ကုန်မခံနိုင်တော့လောက်အောင် ဖြစ်နေပြီ။

      တစ်ခု ရှိတာက တခြားနိုင်ငံက ပြည်သူတွေက စိတ်ရှည်တယ်။
      ယာဉ်ကြောဘယ်လောက်ပိတ်ပိတ် စိတ်ရှည်လက်ရှည် တန်းစီပြီးစောင့်တယ်
      သူ့အခွင့်အရေး ကိုယ့်အခွင့်အရေးကို လေးစားတယ်
      စည်းကမ်းဖောက်ဖျက်ဖို့ မစဉ်းစားဘူး။

      ဒီမှာက ယာဉ်ကြောပိတ်နေရင် ကိုယ့်ယာဉ်ကြောက ဖောက်ထွက်ပြီး ကျော်တပ်သွားဖို့ ဝန်မလေးဘူး။
      စည်းကမ်းဖောက်ဖျက်ဖို့ ဝန်မလေးဘူး။
      စိတ်မရှည်ဘူး။

      ကြားဖူး ဖတ်ဖူးတာတစ်ခုရှိတယ်
      အမေရိကားမှာထက်တယ် ဟွန်းတီးတာဟာ ဆဲတာနဲ့အတူတူပဲလို့ ခံယူထားကြတော့ တော်ရုံ ဟွန်းမတီးဘူးတဲ့

      ဒီမှာတော့ ဆဲသံတွေ တတီတီနဲ့ ညံ လို့. . . .

      ဆိုလိုတာက တခြားနိုင်ငံက ပြည်သူတွေထက် ပိုခံစားနာကျင်နေရတဲ့ ကျနော်တို့ပြည်သူတွေ
      သည်းခံစိတ်တွေနည်းနေပြီ
      သူတပါးအခွင့်အရေး ကိုယ့်အခွင့်အရေး အစော်ကားခံရလွန်းလို့
      သူတပါးဟာ ကိုယ့်လောက်အရေးမကြီးတော့ဘူး။
      စည်းကမ်းဖောက်ဖျက်ဖို့လည်း ဝန်မလေးတော့ဘူး။

      စည်းကမ်းထုတ်သူတွေကိုယ်တိုင်က စည်းကမ်းဖောက်ဖျက်ကျူးလွန်နေတာတွေကို
      မျက်မြင်တွေ ့နေရတဲ့အခါ. . .

  • မောင်သူရလေး မောင်မင်း သမတ ဖစ်ရင် ဒါတွေတောင်မြင်ရမှာမဟုတ်ပါဘူးကွယ်..
    ကိုယ်ခုံကို မနည်းငြိမ်အောင်ထိုင်နေရတာနဲ. ဒါတွေ မြင်မယ်မထင်………… ဟေးဟေးဟေး

    • alinsett (gazette)

      May 21, 2014 at 3:48 pm

      အခုခေတ် သမဒဆိုတာက ခုံနဲ့ ထိုင်တာ မဟုတ်ဘူးထင်တယ်
      ကြိုးဆွဲထားတာ နေမှာ
      :mrgreen:

  • padonmar

    May 21, 2014 at 9:41 pm

    အန်တီတော့ လမ်းမှာ လူနာတင်ယာဉ်တွေ့လို့ လမ်းပိတ်နေရင် လမ်းပြောင်းပြန်မောင်းသွားဖို့ အော်ပြောလိုက်တာပဲ။
    နယ်ကားသမားတွေက ကြောက်တယ်၊မမောင်းရဲဘူးပေါ့။
    အခုနောက်ပိုင်း လှိုင်သာယာက ဖြတ်လာတဲ့ လူနာတင်ယာဉ်တွေတော့ ကားပိတ်ရင် ဟိုဖက်ယာဉ်ကြောက ကျော်မောင်းကြတာ တွေ့တွေ့နေပြီ။
    ဒီယာဉ်ထိန်းရဲတွေ လမ်းရှင်းမပေးတာနဲ့ ပတ်သက်လို့တော့
    ထိုင်းက ဗွီဒီယို ကလစ်လေး သတိရတယ်။
    ကွေ့လိုင်းထိပ်မှာ တမင် ပိတ်ရပ်နေတဲ့ ရှေ့ကားကြောင့် နောက်မှာပါလာတဲ့ လူနာ နှလုံးခုန်ရပ်သွားရော။
    လူနာရဲ့သမီးက ရှေ့ကားကို ပြေးပြီး ရန်တွေ့တော့မှ ကားမောင်းတဲ့ သူငယ်ဟာ နောက်ကားက လူနာဟာ သူ့အမေမှန်းသိ၊သူ့အမေသေအောင် ကားပိတ်ရပ်မိသလို ဖြစ်နေတာသိပြီး ယူကြုံးမရဖြစ်ရတယ်။
    အဲသလို ပညာပေးတွေကို ကိုရီးယားကားတွေကြားမှာ ပြပေးသင့်တယ်။

    • alinsett (gazette)

      May 22, 2014 at 10:52 am

      ဟုတ်တယ် တီတီ
      ဒီမှာ ထိရောက်တဲ့ အသိပညာပေးတွေ ဖော်ဆောင်သင့်ပြီ။

      ဒါပေမယ့်ပေါ့လေ
      ကိုယ်ချင်းစာစိတ်နဲ့ ပရဟိတစိတ်တွေဆိုတာက
      ကိုယ့် ဘာသာ ပျိုးထောင်ယူမှ ရမယ် ထင်တယ်

      ဒီနိုင်ငံက ဆားမပါတဲ့ ဟင်းလိုပဲ
      ပေါ့ပျက်ပျက်ဖြစ်နေတာတော့ အမှန်ပဲ နော်

  • မဟာရာဇာ အံစာတုံး

    May 22, 2014 at 9:47 am

    ငါလည်း ဒီလို အဖြစ်မျိုး ခဏခဏ တိုးမိပါတယ်
    လှည်းတန်းမှာ မြေနီကုန်းတစ်ဝိုက်မှာ …
    အို .. ခဏခဏ ပါပဲ …
    အစကတော့ဖြင့် ငါလည်း နင့်လိုပဲ ဘဲဥတွေကို ကြိမ်ဆဲတာပေါ့ …

    သို့ပေမယ့် ….
    ညနေ ၆ နာရီ ၃ဝ မိနစ် ဝန်းကျင်တိုင်း လှည်းတန်း ဂုံးတံတားပေါ်ကနေပြီးတော့
    လူနာတင်ယာဉ် တစ်စီးက ဆူညံပွက်လောရိုက်ပြီး ဆင်းဆင်း လာတတ်တယ်ကွ ….
    ဒီလူနာတင်ယာဉ်က တစ်နေ့တည်း မဟုတ်ဘူးနော်
    နေ့စဉ်ရက်ဆက်လောက် နီးနီး ဒီအချိန်ဝန်းကျင်ဆို ဒီအသံ ကြားရတတ်တယ် …
    ဒီတော့ စဉ်းစားကြည့်ပေါ့ကွာ …
    လူနာတွေက နေ့တိုင်းနီးပါး အဲ့ဒီအချိန်ကျမှ ကွက်တိ ကွက်တိ ဖြစ်နေရသလား ..

    ဒါ့ကြောင့် …..
    ကတုံးပေါ် ထိပ်ကွက် ညစ်ပတ်ချင် ကြောချင်ကြတဲ့ မြန်မာပြည်မှာ
    လူနာတင်ယာဉ် ဆိုပြီး တစ်ဝီဝီ အသံပေးလာတိုင်းလည်း ….
    မယုံရဘူး .. ငါ့ကောင် …..

    • alinsett (gazette)

      May 22, 2014 at 10:47 am

      အင်းးးးးး ငါးခုံးမတစ်ကောင်ဂျောင့် တစ်လှေလုံး ပုပ်နေရင်လည်း အခက်သား ကွယ်
      ဒါမျိုးတစ်စီးတစ်လေ တွေကြောင့်
      လူနာင်ယာဉ်မြင်မြင်သမျှကို အဲ့လို ထင်ကုန်ရင် ပို မခက်ပေဘူးလား
      အဲ့လို ကားမျိုးကို သေသေချာချာ စစ်ဆေး အရေးယူပြီး
      လူနာမပါရင် အချက်ပေးသံ မဖွင့်ရဆိုပြီး ကျပ်ကျပ်မတ်မတ် လုပ်ရမယ်ထင့်

      ဒီမှာကတော့ ဦးနင်းရင် ပဲ့ထောင်
      ပဲ့နင်းရင် ဦးထောင်
      ဒီလိုပဲ ဆက် စခန်းသွားကြရတော့မှာလား

      မီးစင်ကြည့်ကနိုင်ငံဂျီးဆီပဲ ချီတက်နေတော့မှာလားးး

  • black chaw

    May 22, 2014 at 11:32 am

    သမ္မတဖြစ်ချင်ရင်
    စစ်ရေးအမြင်ရှိရမယ်…တဲ့…။
    တိုက်ပွဲ ဝင်ခဲ့ဘူးပါသလား ကိုကို အလင်းဆက်…။
    :mrgreen:
    (အပျော်ဝင်နောက်သွားတာပါဗျာ…စိတ်ဆိုးပါနဲ့…။)

    • alinsett (gazette)

      May 22, 2014 at 12:05 pm

      အမှန်တော့ သမဒ မဖြစ်ချင်ဘူးဗျ
      ဖြစ်ခဲ့သည် ရှိသော်. . . .ဆိုပြီး တွေးထားတာ
      တကယ် ဖြစ်ချင်တာက သမဒကို ကြိုးဆွဲသူ

      အဟိ

      နောက်တာ

      :mrgreen:

  • အပေါ်က တစ်ယောက် ရေးသွားတာလေးကို လာထောက်ခံတာ..
    ဘာလို့လည်းဆိုတော့ အဲ့အချိန်က ရုံးဆင်းချိန်ဆိုတော့ သူကြားရင် ငါလည်း ကြားရတာကိုး.. 🙂

    ဟုတ်တယ်ဟ..ညနေ (၆) နာရီခွဲ (၇) နာရီဝန်းကျင် လှည်းတန်းကနေ မြေနီကုန်းကို ကားစီးရင် နေ့တိုင်း လူနာတင်ကားသံ ကြားရတယ်.. နေ့တိုင်းနော်.. နေ့တိုင်း.. တစ်ရက်မှ မလွတ်ဘူး..
    အဲဒီတော့ ယာဉ်ထိန်းရဲတွေလည်း အထာနပ်နေပြီ ထင်ပါရဲ့..

    ငါသာဆိုရင်တော့ စနစ်တစ်ခုလုပ်မယ်.. လူနာတင်ကားလာဖို့ဆို လူနာအိမ်ကနေ ဆေးရုံကို ဖုန်းဆက်မှာပဲ။ ဆေးရုံနဲ့ ယာဉ်ထိန်းရဲဌာနချုပ်နဲ့ ချိတ်ထားမယ်ဟာ. ကားလွှတ်ပြီဆိုတာနဲ့ ဌာနချုပ်ကို အကြောင်းကြားလိုက်မယ်.. ဘယ်ဆေးရုံကနေ ဘယ်နေရာကို လူနာတင်ကားသွားနေပါတယ်.. ဘယ်လမ်းကြောင်းက သွားနေပါတယ်.. ဖြစ်နိုင်ရင် ကားနံပါတ်ပါ ပြောပေးလိုက်မယ်ဟာ..ဒါဆို ဌာနချုပ်က မီးပွိုင့်တွေကို အကြောင်းကြားထားပေး…

    ဆေးရုံကို ပြန်လာပြီဆိုရင်လည်း ကားသမားကဖြစ်ဖြစ် ဆေးရုံကို လှမ်းဆက်မယ်.. အခု လူနာနဲ့အတူတူ ထွက်လာနေပါပြီ ပေါ့.. ဒါဆို ဆေးရုံက ပြန်အကြောင်းကြားပေး.. လမ်းကြောင်းရှင်းထား.. ဒါဆို ငါးခုံးမတွေလည်း ပုပ်စရာမလိုတော့ဘူး..

    ပြောပါတယ်.. စနစ်ပါလို့.. :mrgreen:

    • alinsett (gazette)

      May 22, 2014 at 3:27 pm

      မော်တော်ပီကယ်တွေ သုံးတဲ့ ဝေါ်ကီတော်ကီကလေ
      လူနာတင်ကားတစ်စီးလာတယ်ဟေ့ လမ်းကြိုရှင်းထားပါ လို့
      တစ်ဂိတ်နဲ့တစ်ဂိတ် လှမ်းပြောမှာလား
      နာတော့မထင်. . . .
      လူကြီးလမ်းကြောင်းအတွက်ပဲ သုံးမှာ. . . .

      ဘယ်လိုပဲဖြစ်ဖြစ် လူနာတင်ကားဟာ လူနာပါမှ အချက်ပေးသံနဲ့မြို့တွင်းအမြန်မောင်ခွင့် ရ ရမယ်

      လူနာမပါပဲ အချက်ပေးသံတညံညံ မလုပ်ရဲအောင် ဒဏ်စနစ်တစ်ခု ထားရမယ်
      လူနာတင်ကားမောင်းသူကလည်း စည်းကမ်းရှိမယ်

      ကဲဒါဆိုရင်ရော. . .
      အဲဒီ မှန်ကန်ပါတယ်ဆိုတဲ့ လူနာတင်ကားကို
      မီးပွိုင့်ဦးဦးတို့ အရေးတယူ လုပ်မှာလားးးး
      လူကြီးလမ်းကြောင်းလို ရှင်းပေးမှာလား

      ဘယ်သူ အာမခံမလဲ

  • ကြောင်ဝတုတ်

    May 22, 2014 at 4:03 pm

    အများနဲ့မတူ တစ်ခုမြင်လေတာက…

    မောင်သူရသာ သမဒကြီးဖြစ်၍ ထိုအဖြစ်ကို မြင်ခဲ့သည်ရှိသော်. . .ပေါ့ဗျာ. . . .

    အဲဒါမျိုးဖြစ်သွားတာ ဖြစ်နေတာကို ရှက်လို့. . .

    ရုပ်မြင်သံကြားကနေ . . .
    ပြည်သူတွေကို . . .
    ရှက်ပြုံးလေး ပြုံးပြပြီး
    ”ဝမ်းနည်းပါတယ်. . . နောက်ကို ဒါမျိုးမဖြစ်စေရအောင် စီမံပါ့မယ် ” လို့…. ပြောမိမှာဗျ ။
    အပြောနဲ့ ညီအောင်လည်း လုပ်မိမှာဗျ ။

    ကျွန်တော့စီမံခန့်ခွဲမှုညံ့ဖျင်းလွန်းလို့… ကျွန်တော့်ရှက်လွန်းလို့…
    ဒီရာထူးကနေနှုတ်ထွက်ပေးပါ့မယ်လို့မပြောတာကိုဗျ…
    အော်… သမ္မတ… သမ္မတ…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    • alinsett (gazette)

      May 22, 2014 at 4:35 pm

      ရာထူးကိုတော့ လွယ်လွယ်နဲ့ ဘယ်စွန့်မလဲဗျ
      လွယ်လွယ် ရထားတာမှ မဟုတ်တာ
      ယူနီဖောင်းး လဲရတာ လွယ်တာမဟုတ်

      :mrgreen:
      တစ်လ တစ်လ လစာတွေကလည်း နည်းမှ မနည်းပဲကိုးး
      အနားယူရင်လည်း အထုပ်လိုက်အထည်လိုက် ကျန်အောင် ဆွဲလို့ရသေးတယ်
      ဟဲဟဲ

      :mrgreen:

      • ကြောင်ဝတုတ်

        May 23, 2014 at 8:45 am

        ဒါမှ မြန်မာသမ္မတပီသမှာကိုးနော်….ဟားဟားဟား…

        ခင်မင်လျက်-
        ဖက်ဖက်ကက်

        • alinsett (gazette)

          May 23, 2014 at 9:36 am

          :mrgreen:

          :mrgreen:

          ခင်မင်လျက်
          ဆက်ဆက် ဝက်
          အဲ. . .
          အလင်းဆက်

          🙂

          ကိုကြီးကြောင်
          comment တွေ ပေး လာဆွေးနွေးတာ ကျေးဇူးပါနော်

Leave a Reply