အချစ်ကို အင်တာဗျူးခြင်း (၁)

% % % % % % % % % % % %

 

ဟိုးတလောက ရွာထဲက လူအချို့ကို အချစ်အကြောင်း အင်တာဗျူးဖြစ်ခဲ့ပါတယ်။

အဲ့ဒါလေး … အမှတ်တရ အနေနဲ့ တင်လိုက်ပါတယ်။

 


 

 

ကိုကိုအံ – ဟက်လို၊ ဒက်တီတိုက်၊ နေကောင်းတယ်နော်။ သမီးလေးလည်း အရွယ် ရောက်လာပြီးနော် .. ဟဲဟဲ …။

ရွှေတိုက်စိုး – ငါ့ သမီး အရွယ်ရောက်လာတော့ နင် ရဖို့ နီးစပ်လာပြီပေါ့ သားသားအံ ရယ်။

ကိုကိုအံ – ဒါတွေကြောင့် ဒက်ဒီကို ချစ်ရတာပဲ။ ဒါနဲ့ စကားမစပ် … တစ်ခုလောက် မေးချင်တယ် ဒက်ဒီ။ ဟိုလေ .. အချစ် ဆိုတာကို အခုလို ကလေးအဖေ ဖြစ်နေတဲ့ အချိန်မျိုးမှာ ဘယ်လို ဖီလင်မျိုးနဲ့ ခံစားရသလဲပေါ့နော်။ အဲ့ဒါလေး ….

ရွှေတိုက်စိုး – ဖြေပေးရမှာပေါ့ သားသားအံ ရယ်။ ဒီလို .. သားသားရဲ့။ အချစ်ဆိုတာ.. လိုချင်တပ်မက်မှုတွေရောယှက်နေတဲ့… ပေးဆပ်ခြင်းတစ်ခုပေါ့ …..။

ကိုကိုအံ – အခုလို အဖြေပေးတာ ကျေးဇူးတင်ပါတယ် ဒက်ဒီ။

ရွှေတိုက်စိုး – အို .. သားသား ကလည်း။ နောင်အခါ ဆွေမျိုးတော်ရမယ့် လူတွေပဲ။ ကျေးဇူးတင်စရာ မလိုပါဘူး။ ယားဘာဒယ် …..

ခိခိ …. :mrgreen:


 

ကိုကိုအံ – ဟလို … ကိုစိန်ကြက်စည် .. အဲလေ .. ကိုရဲစည် … :mrgreenn:

ကိုရဲစည် – ဘာ .. ဒုန်း .. ဗျ … (ရီဝေဝေ အသံဖြင့် ဖြေသည်)

ကိုကိုအံ – ခညားကို တစ်ခုလောက် မေးဂျင်လို့ဘာ။

ကိုရဲစည် – မေး .. စေ .. သ .. တည်း …..

ကိုကိုအံ – ဒီလိုဗျ။ ကမ္ဘာမှာ အဓိပ္ပါယ် အမျိုးမျိုး ဖွင့်နေကြတဲ့ အချစ်ကို ခညား အနေနဲ့ရော ဘယ်လိုများ အဓိပ္ပါယ် ဖွင့်ချင်ပါသလဲပေါ့ .. နော် …

ကိုရဲစည် – (တစ်ခွက်လောက် ကျိုက်ခနဲ မော့လိုက်ပြီးနောက်) အားပါးပါး … တယ်အရသာ ရှိသကိုးဗျ … အဟမ်း … ခင်ဗျား မေးတဲ့ အချစ်ဆိုတာကြီးကို ကျုပ်ဖီလင်နဲ့ ပြောရမယ် ဆိုရင် ဒီလိုဗျ …….

အချစ်ကို မြင်တာကတော့ အသက်အရွယ်အပိုင်း အခြားလိုက်ကွဲသွားတာတော့ ကိုယ်တွေ့ပဲ ထင်မြင်တာတွေ အဓိပ္ပယ်ဖွင့်တာတွေ အတွက် ပြောစရာစကားကတော့ အခုချိန် အခုအရွယ်ထိ မိန်းမတစ်ယောက်ရဲ့ ချစ်ခြင်းကို မခံရဖူးလေသူမို့ ပြောမပြတတ်ဘူးရယ် တခါတလေတော့များ ချစ်ခြင်းဆိုတာကြီးကို ကျုပ်လည်း ခံစားခြင်ရဲ့ ….။

ကိုကိုအံ – ခင်ဗျားက မိန်းမတစ်ယောက်ရဲ့ ချစ်ခြင်းကို မခံရဖူးလေသူ ဆိုပေမယ့် ကျုပ်ကတော့ တယ်မထင်ပါဘူးဗျာ။ အချစ် ခံရတာကို မသိလိုက်လို့ပဲ နေမှာပါ။ ဒါက ကျုပ်အထင်ဘာ။ ခုလို ဖြေပေးတာ သန်းကျူးနော်။


 

ကိုကိုအံ – ဘုရားဒဂါ၊ ကျောင်းဒဂါကြီး .. နေကန်းလား ခည …

ဦးဘလက်ချော – ဪ … ကောင်းပါတယ် မောင်မောင်အံ။

ကိုကိုအံ – အခုတလော ကျောင်းဒဂါကြီး ဆော်တွေ လွှတ်ကြည်နေတယ် ဆိုတဲ့ သတင်းတွေ ကြားနေလို့ပါ။ အဲ့ဒါ ဟုတ်ဒလား ခည ….

ဦးဘလက်ချော – အော် .. ကြည်ပါပြီကော မောင်မောင်အံရယ်။ ဦးဘလက်လို ညိုချောကြီးကို ဘယ်ဆော်က မကြည်ဘဲ ရှိပါ့မလဲကွယ်။  ဟောဒီလို .. ဟောဒီလို လေး လှုပ်လိုက်တာနဲ့ ပြုတ်ထွက်သွားမယ် .. တောင်မလေးတွေရဲ့ အချစ်တွေ ပြောပါတယ်။ (၎င်း၏ ခန္ဓာကိုယ်ကြီး အား လှုပ်ခါ၍ ပြောသည်။)

ကိုကိုအံ – ယုံဘာဒယ်၊ ကျောင်းဒဂါကြီးရယ်။ ဒါနဲ့ … ကျောင်းဒဂါကြီး အနေနဲ့ အချစ် ဆိုတဲ့ အရာအပေါ်မှာ ဘယ်လိုများ အဓိပ္ပါယ် ဖွင့်ဆိုချင်သလဲ ခည …

ဦးဘလက်ချော – (တစ်ချက်မျှ တွေ၍ စဉ်းစားလိုက်ပြီးနောက်) ဒါက ဒီလိုရှိတယ် ငါ့ညီရဲ့။ ဦးဘလက်ဟာ ဆော်တကာ ကြည့်တယ် ဆိုပေမယ့် .. တကယ် အချစ်ကို ပြောရမယ် ဆိုရင်တော့ဖြင့် … “အချစ် ဆိုတာ ငါ့မိန်းမ ပါပဲကွာ” လို့ပဲ ဖြေရလိမ့်မယ် ငါ့ညီ။ (ယလဲ့ .. တော်ကီ ကတော့ ဖျားလောက်တယ်။) :mrgreenn:

ကိုကိုအံ – ဒီလို တော်ကီတွေကြောင့် ဦးဘလက်ကြီးက ဆော်တကာ ကြည်တာ နေမှာ။ ကျေးဇူးနော် ဦးဘလက်ကြီး ….။


 

 

ကိုကိုအံ – ဟက်လို .. မမKZ..။

မKZ – ပြော .. မောင်ငေး …

ကိုကိုအံ – မမKZ တစ်ယောက် ဗေဒင်ဆြာ ဥဥဆာ ဆီကနေ မုန်းဆေးတွေတောင်မှ ဖော်စပ်ပြီး သောက်နေရလောက်အောင် ချစ်ချစ်ချစ်တွေ များနေဒယ်ဆို …

မKZ – ဟုတ်တယ် မောင်ငေးရဲ့၊ မမလေ .. အပြင်ဘက်မှာ လေညှင်းလေး ခံရင်းနဲ့ မုန့်ကလေး စားနေပြီဆိုရင်တောင် ပွတ်ဆိတ်တွေ ဝိုင်းဝိုင်းလည်လာ .. အဲလေ .. ပွတ်ဆိတ်တွေလို ဝိုင်းဝိုင်းလည် လာနေလို့မို့ မုန်းဆေးတွေ သောက်နေရတာ …

ကိုကိုအံ – ဟုတ်ဘာဘီ မKZ။ ယုံဘာဒယ်။ အဲ့လို ယုံလို့မို့ မမKZ ဆီမှာ တစ်ခုလောက် ကော်ရှင်ရှု မလို့ လာတာ။

မKZ – အို .. ကော်ရှင်ရှုမယ် ဆိုလည်း ဘာဂျောင့် အပိုကြီး ဖြစ်နေရတာလဲ ဆိုတာကလွဲပြီး ရှုနော်။ သို့မဟုတ်ရင် ဖြေဘူး …

ကိုကိုအံ – အွန်းဘာ .. မမKZ ။ မမKZ ကို ကော်ရှင်ရှုချင်တာကလေ … အချစ် ဆိုတာကို မမKZ အနေနဲ့ ဘယ်လို မြင်ဒလဲ ပေါ့နော် .. အဲ့ဒါလေး …

မKZ – အချစ်တွေကို ရှောင်ပြေးနေရတဲ့ လူကိုမှ ဒါမျိုး လာမေးနေတယ်။ ဒါမယ့်ပေါ့လေ .. အဲ့ဒီ အချစ်ကို ဖြေပေးရမယ် ဆိုရင်တော့ … ဒီလိုပေါ့ …။

” ….

အချစ်ဆိုတာ …..

အင်းးးးး အချစ်ပေါ့။ (ဟမ်))) ရှင်းတယ်နော်။ ဘယ်လို ပြောပြရမှန်းမသိတဲ့ ခံစားချက်မျိုးပဲ။ တစ်ယောက်သောသူရဲ့ စကားကို ယူသုံးရရင် အအ အိပ်မက်မက်သလိုပဲတဲ့။ ကိုယ် ဘာမက်မှန်းသိပေမဲ့ ဘယ်လိုပြန်ပြောပြရမှန်းမသိဘူးတဲ့။ ထားပါတော့။ အချစ်မှာ သူ့စစ်စစ်ချည်းလော့။ မဟုတ်ပါ။ အတ္တနဲ့ပေါင်းမှ ကောင်းတာပါ ဘုရားးး

ငင့်! စကားလုံးး ကော်ပီရိုက် ညိတော့မလားမသိ။ ဘွာတေးးးး

အချစ်စစ်စစ်ကြီးဆို ချစ်ရတာ ပေါ့ရွှတ်ရွှတ်ကြီးရယ်။ နောက်ကနေ အတ္တလေးရယ်၊ လောဘလေးရယ်၊ စေတနာလေးရယ်၊ ဝေဒနာလေးတွေ ပါမှ ဒုက္ခ ရောက် (အဲလေ ဟုတ်ပေါင်) လေးလေးပင်ပင်ရှိတာ။ တစ်ခါ ထိပြီး ပြန်မထနိုင်ဘူး ဆိုတာမျိုးးးးးးးး;

အာ့မျိုးကို ရှောင်သင့်တယ်လို့ပြောတာ။ အဟီးဟီးးး လိုရင်းမရောက်နိုင်ဘူးးး

သူများတွေကို ရှောင်ခိုင်းခိုင်းပြီး ကိုယ်ကတော့ တည့်တည့် ဝင်တိုးတာ ဘယ်နှခါရှိပြီတုန်းမသိ။ အဲလော့ နာ ပြောသမျှ အတည်မမှတ်ပါနဲ့။

……… ”

ကိုကိုအံ – အတည် မမှတ်နဲ့ ဆိုပေမယ့် အတည် မှတ်လိုက်ပြီနော်။ ခုလို ဖြေပေးတာ သန်းကျူးနော်။


 

ဗျူးထားတာတွေ ကျံသေးတယ်။

နောက်နေ့မှ ဆက်တင်ပေးတော့မယ်နော် ….။

ဖြေပေးတဲ့ လူတွေ အားလုံးကို ကျေးကျေးပါနော်။

ဖတ်သွားတဲ့ လူတွေကိုလည်း ကျေးကျေးပါနော်။

မဖြေပေးတဲ့ လူတွေကိုတော့ မကျေးဇူးဘဲ ………။

 

% % % % % % % % % % % %

21 comments

  • ဇီဇီ ခင်ဇော် (15102012)

    August 18, 2014 at 7:40 am

    အချစ်ဆိုသည်မှာ …..
    .
    .
    .
    .
    .

    .
    .
    .
    .

    ထူးအိမ်သင် သီချင်း ကို အစအဆုံး ဆိုပြလိုက်ရလို့။ ဟွန့်။
    :mrgreenn:

    နာ က ပွက်ဆိတ်လို့ ပြောတာပါ။
    ပွတ်ဆိတ် ဟုတ်ပါဘူးး

    :k:

    • မဟာရာဇာ အံစာတုံး

      August 18, 2014 at 1:24 pm

      ပိတ်သတ်ကြီးရေ …
      အချစ်တွေ ဝိုင်းဝိုင်းလည်နေလို့
      ခါထုတ်ရင်း ခါထုတ်ရင်း ခါထုတ်ရင်း နဲ့ပဲ …..
      …..
      …………………..
      {{မုန်းဆေးတွေ သောက်နေရသူဆိုတာ}} :mrgreenn:
      ဒီက မမဂျီး ပေါ့ ခညာ ….
      ဒါဂျောင့် ..
      ကျုပ်တို့ မမဂျီး KZ ကို မုန်းဆေးတွေ ထပ်သောက်ရအောင်
      မလုပ်ဂျဘာနဲ့နော့ … :mrgreenn:

      • ဇီဇီ ခင်ဇော် (15102012)

        August 18, 2014 at 1:26 pm

        အထု
        မုန်းဆေးတွေ ဒို့(စ) လွန်ပြီးးး
        အိုဗာ ဒို့(စ) ဖစ်တွားလို့
        မုန်းသူတွေ အရမ်းများပြီးးး
        ပြေးနေရတာပဲ ကြည့်!!

        :mrgreenn:

  • kyeemite

    August 18, 2014 at 8:22 am

    အီချစ်ဆိုသည်မှာ…..ချစ်ရင်းချစ်ရင်း နဲ့ အီ သွားခြင်ဂိုခေါ်ဘာသီ :k:

    • မဟာရာဇာ အံစာတုံး

      August 18, 2014 at 1:41 pm

      ခညား ပြောတဲ့ အချစ်ကို အမှတ်မထင် ကျုပ် ရထားတယ် ..
      ဒါဂျီးတော့ ဟုတ်ဘူး ….
      ဟိုဟာက အလန်းဗျ ..
      အိုက်ဒါ .. နောက်ပို့စ်ထဲ ထည့်မယ် …

      ==========

      ဥပီချိုဂျီး …

      အမှန်တွေ မဖော်ထုတ်ပါနဲ့ဂျာ … :mrgreenn:
      ညက်စိမှိတ်ပီး စွန့်စားလိုက်ရင် ဆင်ခြေ ပေးစရာ မရှိမှာ စိုးညို့
      ရွာထဲက လူဂျီးတွေဆီက သက်သေခံတွေ ယူနေဒါ …

  • Ko chogyi

    August 18, 2014 at 8:35 am

    အံစာတုံးလေးသနားပါတယ် ………….ကြောက်လို့ သူများတွေဗျူးသလိုလိုနဲ့
    အတွေ့အကြုံ အခြေအနေလိုက်မေးနေတယ် မျက်စိမှိတ်ပြီး စွန့်စားလိုက်ပါ ညီလေးရာ

  • Mr. MarGa

    August 18, 2014 at 9:16 am

    ငါ့ အလှည့် ဘယ်တော့ရောက်မယ်မသိ

    ဗျူးထားတာ ပြန်ဖတ်ဦးမှပါလေ…

  • surmi

    August 18, 2014 at 9:18 am

    အွန်လိုင်းပေါ်မတင်ဘူးဆို ပြောမယ်ကွာ :kwi:

    • မဟာရာဇာ အံစာတုံး

      August 18, 2014 at 1:44 pm

      တင်ပါဘူး ဥဆာရယ် …
      ပြောဘာနော့ …
      {{အမှန်ဒေါ့ တင်မှာ}} :mrgreenn:

      =========

      သဂျား …

      နင် ဘယ်လိုဘဲ ဖြေထားဖြေထား
      ငါကတော့ ရေးဂျင်ဒလို ရေးလိုက်မှာဘဲ
      အဓိက ကတော့ ဖြေထားတယ် ဆိုဒဲ့ အချက်ဘဲ လိုဂျင်ဒါ ..
      နင်ဒေါ့ နာဖို့သာ ပြင်ထားပေတော့ … :mrgreenn:

    • မဟာရာဇာ အံစာတုံး

      August 18, 2014 at 1:47 pm

      မရှိမကောင်း .. ရှိမကောင်း ..
      ဒါလည်း ဟုတ်ဒလိုလိုဘဲ …
      ဒါမယ့် ဟုတ်တော့ ဟုတ်သေးဘူး ထင်ဒယ်နော့ .. :mrgreenn:

      ==========

      ဥကြောင်ဂျီး …

      ဥကြောင်ဂျီး ပြောဒဲ့ဟာ ရှိဒယ် ဆိုဘာစို့
      ဒါမယ့် ..
      သာမီးလေးတွေ ဘက်မှာ ချို့ယွင်းနေရင်
      ဘယ့်နှယ် လုပ်မလဲ …
      ခေါင်းအေးအေး ထားပီး စဉ်းစားဘာ ဥကြောင်ရာ …

  • ဦးကြောင်ကြီး

    August 18, 2014 at 1:04 pm

    အခြစ်ဆိုဒါ လဗြွတ်နဲ့ စိုင်သကွဲ့.. လဗြွတ်မရှိတဲ့ကောင်စို သာမီလေးတွေ လှည့်မကြည့်ချဉ်..

  • ဦးကျောက်ခဲ

    August 18, 2014 at 4:03 pm

    ကျောက်စ်ကိုယ်တွေ့ကတော့ အချစ်ဆိုတာ အလွန်ပူလောင်တယ် ကိုရင်အံ…
    မနေ့က ဟိုတစ်ယောက် ချိတ်ကောက်နေလို့ ဈေးကို တစ်ကိုယ်တော် ချီတက်ပြီး…
    ကြက်သားကြော် ၊ ဘူးသီးကြော် ၊ ဟင်း ၊ ထမင်းတွေ စီမံလိုက်တာ… လူလည်း ပြိုင်း…
    မီးဖိုထဲမှာ ဆီငွေ့ဟပ်တာ ပူသလားလည်းမမေးနဲ့…
    ဆီပူမပေါက်အောင် မျောက်မင်းသား ဝူခုန်း သိုင်းကွက်နဲ့ရှောင်နေရတယ်…
    အဲသည်တော့ ကျောက်စ်လို ဒွတ်ခခံချင်ရင် အခြစ်ကိုရှာပေရော့… အား ဟိ
    :k:

    • pooch

      August 18, 2014 at 4:30 pm

      အမလေး ကျေနပ်နေတဲ့ လေသံကြီးနဲ့များ :mrgreen:

      ငါ့အတွက်တော့ love is timing. 😆

  • Crystalline

    August 19, 2014 at 6:26 am

    ဒါမိုးရေးမလို့ပေါ့လေ… အီစကိုရဲ့ ပေါင်ကြောကြော ကိုးလို့ကန့်လန့်အဖြေကိုတော့ မထည့်ပါနဲ့ သားရယ်… ပလိစ် :mrgreenn:

  • black chaw

    August 19, 2014 at 12:40 pm

    ဦးဘလက်က ဟိုးရှေးရှေးတုန်း က
    သီချင်းနည်းနည်းပါးပါး ရေးခဲ့ဖူးတယ်။
    ဦးဘလက်ရေးခဲ့တဲ့ အချစ်ဆိုတာဘာလဲ သီချင်းနဲ့
    ကွန်းမန့်ရေးချင်ပါတယ်။

    အချစ်ဆိုတာဘာလဲ

    ဘဝကို နားမလည်ခင်
    အချစ်ဟာ ပျားရည်လို ချိုမြိန်တယ်
    ပန်းတွေပွင့်သလိုလို
    အနမ်းတွေ သင်းချိုချို ရင်ခုန်စဖွယ်
    နစ်နာမှုကိုမရှာ
    မေတ္တာဆုကိုသာ လိုချင်တယ်
    ပျော်ရွှင်စရာအတိဖြစ်ခဲ့တယ်
    ဝေဒနာတွေအားလုံးကို ဒီအချိန်မှာမေ့ပြစ်ခဲ့နိုင်တယ်…။
    ဘဝကို ရုန်းကန်ချိန်
    အချစ်ဟာ မီးတောင်လို ပူလောင်တယ်
    ပန်းကြွေကျသလိုလို
    အလွမ်းတွေရလာရင် ငိုချင်တယ်
    သစ္စာမဲ့တာတွေ
    အချစ်နာခဲ့တာတွေ မမြင်နိုင်တယ်
    ဝေဒနာ အတိ ဖြစ်ခဲ့ရပြီ
    ရင်ခုန်စရာအားလုံးကို ဒီအချိန်မှာ မေ့ပြစ်လိုက်ချင်တယ်…။

    ဆိုလိုချင်တာကတော့ဗျာ
    အချစ်ဆိုတာ အထက်တန်းကျောင်းသားဘဝမှာ
    ဘယ်တော့ယူကြမှာလဲလို့ မေးတဲ့လူ မရှိဘူး။
    အင်မတန် လွတ်လပ်ပေါ့ပါးစွာနဲ့
    ကြည်နူးဆွတ်ပျံ့စရာတွေကိုသာ
    စိတ်လွတ်လက်လွတ်လုပ်နိုင်တဲ့ အရွယ်မို့
    အချစ်က ပျားရည်လို ချိုမြိန်နေခဲ့တာပေါ့။
    အဲ…အလုပ်ခွင်ထဲရောက်ပြီး (ဘဝထဲရောက်ပြီးပေါ့ဗျာ)
    တဲ့အချိန်ကျတော့
    ယူဖို့ကိစ္စကြီးက အော်တိုကို ကပ်ပါလာပြီဗျ။
    ဘယ်လိုနေကြမယ် ဘယ်လိုစားကြမယ်ဆိုတာတွေက ပါလာပြီဗျ။
    ဘယ်မှာ မင်္ဂလာဆောင်မလဲဆိုတာ တွေးပူလာရပြီပေါ့ဗျာ။
    အသိုင်းအဝိုင်းနှစ်ခုညှိကြနှိုင်းကြနဲ့
    အဆင်မပြေတာတွေများလာတဲ့အခါ
    အချစ်က မီးတောင်လို ပူလောင်လာတာပေါ့။
    ဆိုတော့ အချစ်ဆိုတာက တစ်ခါတစ်လေ ပျားရည်လို ချိုမြိန်ပြီး
    တစ်ခါတစ်လေ မီးတောင်လို ပူလောင်ပါတယ် ညီလေးရေ။
    ကိုယ်ချစ်သူကို သူတို့မိဘတွေက သဘောတူသူနဲ့ ပေးစားတော့မယ်
    ဆိုတဲ့ သတင်းမျိုးကြားရရင်ဖြင့် မျောက်မီးခဲကိုင်မိသလို
    ပူလောင်တတ်တာကို သတိပြုပါ ညီလေး မောင်အံစာ။

  • မွသဲ ( 17082011 )

    August 19, 2014 at 7:25 pm

    အွင် အာ့ဆို နင့်ကိုငါဗျူးမယ် ပီးရင်နောက်ဆုံးပိုင်းမှာထည့်။ အချစ်ဆိုတာဘာလဲ ဘယ်ကစသလဲ အချစ်ကိုဘယ်လိုညင်ဒလဲ

  • မြစာကလေး (23122011)

    August 20, 2014 at 3:13 am

    မသိပါဘူး။
    လုံမကိုများ ဗျူးး တာလားလို့။
    အခု တော့ မင်း အချစ် တွေက များလိုက်တာ။
    အံ့ရောဘဲ။ 🙄

  • အလင်းဆက်(24/05/2011)

    August 20, 2014 at 8:10 am

    အော်
    မေးတဲ့သူက အန်ကိုကိုတဲ့လား

    :mrgreen:

    အချစ်အကြောင်းများ
    သိပ်အရေးမကြီးပါဘူးကွယ်

  • နာ့ကျ မမေးဘူး..
    အေကန်န.. အချစ်ဆိုတာ ကိုကိုပေါ့ကွယ် လို့ မဖြေမှာ ကြိုသိနေလို့ထင်တယ်.. ငှဲငှဲ.. :mrgreen:

  • ခင် ခ

    August 27, 2014 at 4:29 pm

    xxxxxx ဗျူးထားတာတွေ ကျံသေးတယ်။
    နောက်နေ့မှ ဆက်တင်ပေးတော့မယ်နော် ….။ xxxxxxxxx
    ဆိုပြီး ပုံပြောသွားသူ ဒီက တစ်ရက်လာနိုး တစ်ရက်လာနိုးနဲ့ မျှော်ရတာ မောလှတယ်ကွာ
    အတော်ဆိုးတဲ့ မဟာရာဇာကြီးဘဲ။

Leave a Reply