ငါတို့ကတစ်ခါပဲအိပ်ရေးပျက်မှာ မင်းတို့ကအမြဲတမ်း အိပ်ရေးပျက်မှာ

kokoMay 20, 20141min22614

ကြိုက်သလိုလုပ်ကြပေါ့ကွာ
ငါတို့ကတစ်ခါပဲအိပ်ရေးပျက်မှာ မင်းတို့ကအမြဲတမ်း အိပ်ရေးပျက်မှာ

၁၉၄၈ ဇန်နဝါရီလ ၄ ရက်မနက် ၄း၂ဝ တွင်မြန်မာ့လွတ်လပ်ရေးကြေညာရန် ဗေဒင် နက္ခ အရပြုလုပ်ခဲ့သောကြောင့် ဗြိတိသျှ တစ်ဦး၏ ပြောစကား
တစ်တိုင်းပြည်လုံးနှင့်သက်ဆိုင်သော အရေကိစ္စများအား ရက်ရာဇာ ပြသဒါး အတိတ် နိမိတ် ဓာတ် နတ် ဗေဒင် ယတြာ ဘိုးတော် မယ်တော် စသဖြင့် ရူးသိပ်မိုုက်မဲမှု နှင့် ဆောင်ရွက်နေကြမည်ဆိုလျှင် တိုင်းပြည် ခေါင်းဆောင်များအနေဖြင့် မှန်ကန်သော စီမံခန့်ခွဲမှု မှန်ကန်သော ဆုံးဖြတ်ချက်များအား ဆောင်ရွက်နိုင်မည် မဟုတ်ပေ။
ဗေဒင်ယတြာ မည်မျှမှန်ကန်ကြောင်းသက်သေအဖြစ် အကောင်းတကအကောင်းဆုံးတိုင်းပြည် ဖြစ်စေရန်အတွက် တွက်ချက်၍ မနက် ၄း၂ဝ တွင် လွတ်လပ်ရေးယူခဲ့သော မြန်မာနိုင်ငံကြီးက နှစ်ပေါင်း ၆ဝ ကျော်အတွင်းဖြစ်ပျက်ခဲ့မှုများနှင့် ယနေ့ကြုံတွေ့နေရမှုများ က သက်သေခံလျက်ရှိကြပေသည်။
၎င်းလောကီကစ္စရပ်များမှာ အကြောင်းအကျိုးတိုက်ဆိုင်စဉ် မှန်ကန်နိုင်ပြီး တကယ့် အနိ္တမ အခြေအနေတွင် သူ့အကြောင်းနှင့် သူ့အကျိူးအတိုင်းသာဖြစ်မည်ဖြစ်သည်။ ယနေ့မြန်မာနိုင်ငံတွင် ခောတ်ပညာတတ် ခောတ်ပညာမတတ် လူဆင်းရဲ လူချမ်းသာ ယောကျာင်္း မိန်းမ ဝန်ကြီး ဝန်လေး စစ်သား အရပ်သား ကလေး လူကြီး အလုံးစုံသော သူအများစုသည် ၎င်းကိစ္စရပ်များ အားသက်ဝင်ယုံကြည် အားကိုးလျက်ရှိပေသည်။ ဗုဒ်ဓဘာသာနိုင်ငံတစ်နိုင်ငံအဖြစ်ကြေညာထားသော မြန်မာနိုင်ငံတွင် မိမိကိုယ်ကို အားမကိုးဘဲ တစ်ပါးသူတို့အား အားကိုး နေပုံ ကို မြတ်ဗုဒ်ဓ သာမျက်ဝါးထင်ထင် တွေ့မြင်ပါက အကျွှတ်တရား ရအောင် တရားပဲဟော မလား ၊ ကျွှတ်ချိတ်မတန် တဲ့( ပါရမီအခံမရှိ) သတ္တဝါပဲဆိုပြီး ဥပစ်ခါပဲ ပြုမလားမသိပါ။
(Ref;Burmese Political Culture)

14 comments

  • lu lu

    May 20, 2014 at 6:51 pm

    ဗုဒ္ဓ ဘာသာအမည်ခံပဲရှိလို ့ပေါ့
    တိုင်းပြည်ကောင်းစားဖို ့လုပ်ခဲ့တာကလူတစု
    ကောင်းစားသွားတာကနောက်လူတစု
    ဘုရားသိခဲ့မယ်ဆိုရင် ဖြင့် အဝီစိဂျိုးကပ်မဲ့ကောင် တွေ
    ကို အာညောင်းခံပြီး ဟောပြ နေမှာမဟုတ်ဘူး
    တန်ဖိုးရှိတဲ့အချိန်တွေကုန်ခံပြီးဟောလည်းအလကား
    ပဲနေမှာ 🙁

  • naywoon ni

    May 20, 2014 at 7:26 pm

    အဲ့ဒိလို အမှန်​ကိုမြင်​တဲ့သူက နဲတယ်​ ။ ဒါ​ကြောင်​့ ​ခေတ်​​နောက်​ကျမြဲ ကျ​နေတာ

  • ကေဇီ

    May 20, 2014 at 7:37 pm

    အိပ်ရေးပျက်ရုံတင်မက ဘူး တိုင်းပြည်က ကောင်းကောင်းကို မအိပ်ရသေးတာ။

    😥

  • Ma Ma

    May 20, 2014 at 9:31 pm

    ဟုတ်ပ့ါ….. စဉ်းစားစရာပဲ။ 😥

  • padonmar

    May 20, 2014 at 10:07 pm

    တချို့ကပြောတော့ အင်္ဂလိပ်က အဲဒီ အချိန် ရွေးပြီး ပေးခဲ့တာဆို။

    • kai

      May 21, 2014 at 5:45 am

      အမှတ်မမှားရင်တေ့ာ.. မြန်မာဟူးရားဗေဒင်နက္ခတ်ဆရာတွေကအချိန်ရွေးတာပါ…။
      နောက်တချိန်မှာ.. မြန်မာနက္ခဗေဒအသင်းအကြီးအမှုးတယောက်က.. ယူအက်စ်မှာပညာလာသင်ပြီးနောက်ပိုင်း.. နာဆာရဲ့ဂြိုလ်သွားလာဒေတာ…အချက်အလက်တွေနဲ့.. မြန်မာရဲ့နက္ခတ်တွေပြန်စိစစ်တော့.. လွဲနေတာတွေ့တယ်တဲ့..။
      မြန်မာ့နက္ခတ်က.. အချိန်ဇယားလွဲနေခဲ့တာပါ…။

      အဲဒီလွဲနေတာကြောင့်.. မြန်မာပြည်ဟာ.. လွတ်လပ်ရေးယူချိန်.. အချိန်ကို… ကောက်တာမှာ.. အမှားဖြစ်ပြီး.. နက္ခတ်အရမကောင်းတဲ့ဖက်ရောက်သွားခဲ့တာလို့.. ဆိုပါတယ်..။

      • kyeemite

        May 21, 2014 at 3:35 pm

        သိနေတယ်လေ..သဂျီးဝင်ပြောတော့မယ်ဆိုတာ…
        ဒီအကြောင်းကိုပဲ သဂျီး ပြောခဲ့ဖူးတာမှတ်မိနေပါသေး…
        ko ko Say: အခုနောက်ပိုင်း မြန်မာပြည်မှာ ကလေးမွေး တာကိုဘယ်ရက် ဘယ်အချိန် ဘယ်မိနစ် ဆိုပြီးအတိအကျခွဲမွေးတယ်လေ။
        အင်း..ဒီကိစ္စနဲ့ပါတ်သက်လို့ ကတော့…ကျုပ်ဆိုရင် ကိုယ်တိုင်အတွက် ရက်ရာဇာ၊ ပြဿ
        ဒါးရွေးလေ့မရှိပေမဲ့ သားနဲ့သမီးအတွက်တော့…ကိုကို ပြောသလိုလုပ်ခဲ့တယ်..ခိခိ 😀

  • koko

    May 20, 2014 at 10:24 pm

    နက္ခတပညာရှင်တွေသိ နံနက် ၄ နာရီ ၂ဝ ကိုတမင်ရွေးတာ။ အခုနောက်ပိုင်း မြန်မာပြည်မှာ ကလေးမွေး တာကိုဘယ်ရက် ဘယ်အချိန် ဘယ်မိနစ် ဆိုပြီးအတိအကျခွဲမွေးတယ်လေ။ ခွဲမွေးစရာ ကြောင်းမရှိရင် ခွဲတောင်မခွဲရဘူးလေ။ ဒီအတိုင်းမွေးရမှာကို ။ အခုတော့ လူတစ်ယောက်ရဲ့ ကံကြမ္မာကို အဲလို မွေးတဲ့အချိန်လေးပြောင်းလိုက်ယုံနဲ့ ဘယ်ပြောင်းနိုင်မလဲ။ ဒါပေမယ် အဲဒီနက္ခဆရာ တွေ အဲလိုသွား မပြောလေနဲ့။ ပြန်တွက်ပြလိုက်မယ်။ မွေးပြီးသားလူတစ်ယောက်ရဲ့ ကံကြမ္မာကို။ ဗိုလ်ချူပ်အောင်ဆန်းရဲ့ ှဇာတာကို ပြန်တွက်ပြတာတော့ အဟုတ်ဗျ။ ခေါင်းဆောင်ဖြစ်မယ်။ တိုင်းပြည်ကအားကိုးရမယ်။ လူများသတ်လို့သေမယ်ဆိုပြီ။ အချက်နဲ့အလက်နဲ့ပြန်ပြောတယ်လေ။

  • အရီးမုတ်ဆိတ်

    May 20, 2014 at 11:56 pm

    ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်။
    တော်လွန်းလို့ကို ခုံနံပါတ် ၂ နဲ့ဝင်တာ။ အမှတ်မှီရဲ့ နဲ့ ပိုမြင့်တဲ့ ကျောင်မသွားဘူး။
    စာကို စနစ်တကျဖတ်တယ်။ အသေအချာကျက်တယ်။ ကြိုးစားတယ်။
    အောင်စာရင်းတိုင်းမှာ ဒီ တွေ နဲ့။
    သူရဲ့ စာမေးပွဲ နေ့တိုင်း ဖြေတဲ့ စာပွဲပေါ်မှာ ဇီးထုတ်ပါလာလိုက် ၊ ပန်းပါလာလိုက်၊အသီးပါလာလိုက်။
    သူ့ကြိုးစားမှုလေး ကို အားနာစရာ။
    သူမှ မကြိုးစားရင် ဒီ တွေ နဲ့ ဘယ်လိုအောင်ပါ့မလဲ။
    သို့ပေသည့် ကိုကို ရေ။
    နောက်ဘဝ မယုံ တဲ့ သူတွေ လိုတော့ လက်တွေ့မပြနိုင်ရင် မမှန်ဘူး ငြင်းမနေချင်ဘူး။
    သူတို့ ယုံကြည်တာ အများမထိခိုက်သမျှ လုပ်ပါ။
    အာဏာမြဲဖို့ အတွက် လူမြင်မကောင်းအောင် လုပ်ပြီး နေတာတွေကတော့ အများကို ထိခိုက်ပါတယ်။
    မဟုတ်လား။

  • alinsett (gazette)

    May 21, 2014 at 9:33 am

    ကိုယ့်အားကိုယ်ကိုးပြီး တိုင်းပြည်လှည့် အကြွေးပတ်ယူနေတာ

    ဟဲဟဲ

    :mrgreen:

  • koko

    May 21, 2014 at 12:32 pm

    အလွယ်ဆုံးနဲ့ အတိုးတက်အမြန်ဆုံး နည်းကဒီနည်းပဲရှိလို့ပါဗျ၊ ဒါပေမယ် ့ဘတ်ဂျတ်လိုငွေ ၅% အောက်ကျအောင်တော့ ဘတ်ဂျတ် ရေးဆွဲတယ်။ အဲဒါမှ ဟိုတိုင်းပြည်တွေက လျော်ပစ်တာတို့ အသစ်ချေးတာလို့ တဲ့။ အဲဒီ တိုင်းပြည်ငွေတွေ အမှန်တကယ် ကုန်ကျတာ၊ သုံးလိုက်တာ၊ ပြည်သူဆီ ရာက်သွားတာက ဘယ်လောက် ၊အင်း ကြားထဲမှာ ဟိုလောက် ဒီရောက် ဟိုလိုလိုဒီလိုလို ရောက်သွားတဲ့ပမာဏ ဘယ်လောက်။ သွယ်ဝိုက် ဆုံးရှုံးမှုတွေမပါဘဲ တစ်နှစ် တစ်နှစ် ဘတ်ဂျတ်ထဲက တိုက်ရိုက်ဆုံးရှုံးမှု တွေကို ဘယ်လိုလုပ်ရင်သိမလဲနော်။

  • တကယ် ဆုံး ရှုံး သွား တဲ့ ငွေ ကြေး တွေ က နှမျောစ ရာ။
    အ ထက် က လူ လဲ ပါတယ် အသား စား
    အ လည် က လူ လဲ ပါ တယ် အရိုး ကပ် နေ တဲ့ အသား စား

    အောက်ကလူ လဲ ပါ တယ် အရိုး ကိုက်

    ကဲ ဘယ် သူေ တွ က ခံ လိုက် ရ သလ ဲ ဆို တာ တွေး ကြည့် ပေ တော့

  • မဟာရာဇာ အံစာတုံး

    May 22, 2014 at 9:41 am

    အဲ့ဒီ ၄ နာရီ ၂ဝ မိနစ်က
    တကယ် ကောင်းတယ်ဆိုရင် …
    ရုံးဆင်းချိန်တွေကို အဲ့ဒီအချိန် ပြင်ပေးဖို့ ဆန္ဒပြရမယ် …

  • koko

    May 24, 2014 at 4:23 pm

    ကိုပေါက်ရယ် ဘယ်သူတွေခံလိုက်ရသလဲဆိုတော့ဘယ်လိုပြောမလဲပေါ့နော်။
    သူများနိုင်ငံတွေတော့ဘယ်လို လုပ်လဲသိဘူး။ သိတဲ့လူရှိရင် ပြောကြပါလား၊
    ဒီမှာတော့ ဝန်ကြီးဌာနတွေ(ကာကွယ်ရေးအပါအဝင်)ကို ဆောက်လုပ်ရေးတွေ ၊ နိုင်ငံခြားက ပစ္စည်းသွင်းတာတွေမှာ ရလိုက်တဲ့ Company တွေကအရမ်းကိုအတန်တဆ မြတ်ကြတယ်။တကယ်ကိုမတန်တဆပါဗျာ။ အစိုးရကအပ်တဲ့ဘာအလုပ်ဖြစ်ဖြစ် အရမ်းကိုမြတ်တယ်။ US တို့ဘာတို့မှာရော ?

Leave a Reply