ရွာ့ဧည့်သည် – မယ်မုတ်ဆိတ်

ရွာအပြန် မှာ ရွာသူ/သား တွေနဲ့ မိတ်ဆက်ပေးဖို့”မယ်မုတ်ဆိတ်” လေး ကို

လက်ဆွဲခေါ်တော့လာတာဘဲ။

သို့ပေသည့် ရွာမဝင်ဖြစ်တာကြာပြီ မို့ ခဏလေး ဝင်ချောင်းလိုက်ရင်း အလွမ်းသယ်နေ လိုက်တာ နဲ့ မိတ်ဆက်ပေးဖို့ အချိန်ကို မရလိုက်ခဲ့ဘူး။

ပျောက်သွားလို့ အခုမှ မနဲ ဒရွတ်ဆွဲပြန်ခေါ်လာရတာ။

 

“မယ်မုတ်ဆိတ်” ကို မိတ်ဆက်ပေးရရင်ဖြင့် သူ့နာမည်ရင်းက “Tom” (Thomas)။

ပြိုင်ပွဲမှာ “Conchita” လို့ မိန်းကလေးနာမည်ယူထားပါတယ်။

သူ က ဒီနှစ် ဥရောပသီချင်းပြိုင်ပွဲ (Eurovision) မှာ “Rise Like a Phoenix” ဆိုတဲ့သီချင်း နဲ့ သရဖူဆောင်း ပထမဆုရသူပါ။

 

Eurovision အတွက် မတ်လ၊ ဧပြီလတွေကစလို့ စပြီး ပြင်ဆင်ကြပါတယ်။

ကိုယ့်နိုင်ငံကို ကိုယ်စားပြုမဲ့ အကောင်း သီဆိုနိုင်သူကို ရွေးပြီး ပြိုင်ပွဲပို့ကြသပေါ့။

ဥရောပနိုင်ငံစုံ က အတီးအမှုတ်အက အခုန် မြိုင်မြိုင်ဆိုင်ဆိုင် တွေ မို့ အတော်လေး စိတ်ဝင်စားစရာ ကြည့်လို့ကောင်းတဲ့ ဖျော်ဖြေပွဲပါဘဲ။

ဆုရွေးချယ်မှုပုံစံက ပရိတ်သတ် လူအများကနေ ဗုတ်လုပ်တဲ့စနစ်ပါ။

ဒီခေတ်မှာတော့ ဖုန်းလိုင်း နဲ့ ဗုတ်လုပ်ကြပြီး ရလာဒ်က နာရီပိုင်းအတွင်းထွက်လာသပေါ့။

ကိုယ့်နိုင်ငံ က ဝင်ပြိုင်သူ ကို ကိုယ့်နိုင်ငံထဲက နေ မဲပေး ခွင့် မရပါဘူး။ ကိုယ်လူ ကလွဲလို့ သူများတွေကို ပေးရပါတယ်။

နိုင်ငံထဲ မှာပေးတဲ့မဲ ထဲက အမြင့်ဆုံး ၁ဝနိုင်ငံ ကို ရွေးပြီး မဲအများဆုံးရသူကို ၁၂မှတ်၊ ဒုတိယဆို ၁ဝမှတ်၊ တတိယဆို ၈မှတ် ကနေပြီး နောက်ဆုံး ၁ဝ က တစ်မှတ်ပေါ့။

ပြီးတော့ နိုင်ငံ တွေ က ရလာဒ်ကို အလှည့်ကျ Live ကြေငြာပြီး ဘုတ်ကြီးမှာ အမှတ်ပေါင်းပါတယ်။

ကြည့်ရတာမို့ ပျော်စရာလဲ ကောင်း။ စိတ်လှုပ်ရှားစရာလဲ ကောင်းပေါ့။

ဒီလို ဗုတ်ပေးတော့ ကိုယ်ခင်ရာ ကိုယ့်အိမ်နီးချင်းနိုင်ငံတွေကို ပေးလေ့ရှိကြတယ်။

ပြောရရင်လဲ ပြိုင်သူအများစုက လဲ ကောင်းနေပြီသားကိုးနော်။

ဒီတော့ အမှတ်တွေက တက်လိုက် ကျလိုက်နဲ့။

တစ်ခါတစ်ခါ နောက်ဆုံး အမှတ်ကဘဲ အဆုံးအဖြတ်ပေးရအောင် အထိဘဲ။ သိပ်မပြတ်ကြဘူး။

ဒီနှစ်မှာတော့ နိုင်ငံအားလုံးတောင်မပေးရသေးဘူး။ အမှတ်ပြတ် ပြီး နိုင်သွားတာပါ။ သူ့အသံက တကယ်လဲကောင်းတာကိုး။

 

သူ့အကြောင်းဆက်ရရင်ဖြင့် အများမြင်သလိုပါဘဲ

ယောကျားင်္လေး အဖြစ်မွေးခဲ့ပေမဲ့ မိန်းကလေးစိတ်ဝင်နေသူပေါ့။

၁၉၈၈ ဖွား အောစတြီးယား (Austria) နိုင်ငံသားပါ။

“Princess and Photographer” ဆိုတဲ့ ဥရောပအနှံ့နိုင်ငံတွေကို ရိုက်ပြထားတဲ့ကား ကြည့်ဘူးမဲ့ ရွာထဲက လူကြီးသူမများကတော့ အဲဒီ နိုင်ငံ ရဲ့ အလှအပရှုခင်းတွေကို အမှတ်ရမလားဘဲ။

“Conchita” ကို သူမိဘတွေက ငယ်ကထဲက လွတ်လွတ်လပ်လပ် ကြိုက်သလို နေ ခွင့်ပေးပြီး Support လုပ်ပေးခဲ့ကြတယ်လို့ ဆိုပါ တယ်။

သူ့ အစ်ကို တစ်ယောက်က တော့ ရှက်လို့ သူ့ကို အမြဲ ဆူသတဲ့။

ဆယ်ကျော်သက်ကျောင်းသားဘဝ မှာတော့ ကျောင်းမှာ discriminate လုပ်ခံနေခဲ့ရတာ အသေ အချာပေါ့။

 

တကယ်တော့ “Conchita” က ၂၀၁၂ မှာထဲက Eurovision ပြိုင်ပွဲဝင်ဖို့ကြိုးစားခဲ့တာ။

အဲဒီတုန်းက သူတို့နိုင်ငံတွင်း ပွဲမှာဘဲ ဒုတိယ နဲ့ ကျေနပ်လိုက်ရရှာတယ်။

ပထမ ရတဲ့ သူ က တကဲ့ပြိုင်ပွဲ လဲဝင်ရော ဖိုင်နယ်တောင်မရောက်၊ ဆီမီးနဲ့တင်ပြုတ်ရော။

ထင်တာကတော့ – သူတို့နိုင်ငံတွင်း ပွဲမှာ “Conchita” ရဲ့ အသံက ပိုကောင်းနေပြီး ပရိတ်သတ်အမှတ်ကို ရနေပေမဲ့ ဒိုင်အဖွဲ့က မတင်ရဲ တာမို့ ပြုတ်ခဲ့တာနေမှာ။

မနှစ်ကလဲ ဒီလိုဘဲ ဝင်ပြိုင်တဲ့ တစ်ယောက်က ဆီမီးနဲ့တင်ပြုတ်ရော။

ဒါနဲ့ ဒီနှစ်ကို “Conchita” ကို ဝင်ပြိုင်ဖို့ ပြန်ခေါ်ခဲ့တာလို့ သိတာဘဲ။

“”Conchita” ကိုရွေးတယ်လဲ ကြေငြာပြီး ရော သူတို့ နိုင်ငံထဲမလဲ မကျေနပ်သူတွေ၊ မကြိုက်သူတွေနဲ့မို့ petition နဲ့ ကန့်ကွက်တာတောင် ဖြစ်လိုက်သေး။

နောက်တော့လဲ အများစုက ထောက်ခံတာမို့ ဆက်ပြိုင်ခွင့်ရခဲ့ပါတယ်။

 

အင်မတန် ရှေးရိုးစွဲပြီး ဘာသာရေးမှာ အစွန်းရောက်တဲ့ နိုင်ငံတွေ မှာ မိန်းကလေးစိတ်ပေါက်နေတဲ့ အမျိုးသားလေးများဟာ အတော်လေးဖိနှိပ်ခံရတာ အသိပါ။

အစ္စလာမ်နိုင်ငံတွေမှာ မိန်းမရှာ ဆိုတာ ရှိတယ်လို့တောင် မကြားဘူးသလိုဘဲ။

ရှိရင်လဲ တိတ်တိတ်လေးနေမှ။ မဟုတ်ရင် သေပြီဘဲကိုး။

ဒီတော့ သူတို့ ရဲ့ ဟိုမရောက်ဒီမရောက်စိတ်တွေကို ချထားရင်း ဘဝပါ ကျ နေမလားဘဲ။

ခရစ်ယာန်ဘာသာမှာ လဲ ဒီလို မိန်းမရှာတွေကို လက်မခံပါဘူး။

မဆိုင်တာ ဝင်ပြောရရင်တော့ မြန်မာပြည်မှာ အင်မတန်လွတ်လပ်ပါတယ်။

ဟိုးအရင်ထဲက မိန်းမလိုဝတ်၊ ကပြပြီး ရှောက်သီးဆေးပြားရောင်းနေသူတွေ၊ ဘာသာရေးတစိတ်တပိုင်း နတ်ပွဲမှာ နတ်ကတော် တွေ ရှိနေခဲ့၊ ရှိနေဆဲပါဘဲ။

မြန်မာနိုင်ငံ အတွက် ဂုဏ်ယူစရာထဲက တစ်ခုပာလို့ ပြောရမလားဘဲ။

(တို့ရွာသူကြီးမင်း ဆွေ့ဆွေ့ခုန် စေသတည်း)

 

ခရစ်ယာန်နိုင်ငံတွေထဲမှာတော့ ရုရှားက မိန်းမရှာ တွေကို အတော်ဖိနှိပ်ပါတယ်။

ဥပဒေတောင် ရှိ၊မရှိ မသိဘူး။

ရုရှားလို့ပြောလိုက်ရင် မနှစ်က စနိုဒန် ပြသနာကို အမှတ်ရမပေါ့။

အဲဒီတုန်းက အမေရိကား နဲ့ ကြိုးတင်းပြီးပြီ။

ဒီနှစ်ပိုင်းအတွင်းမှာတော့ သူ့အိမ်နီးချင်း ယူကရိန်းကို နယ်ချဲ့ဖို့ စလို့ ဂျီ8 ထဲက နိုင်ငံတွေ နဲ့် ကြိုးတင်းနေပြီ။

ရုရှားတွေကတော့ ခပ်မာမာဘဲ။ သူတို့ကို တားရင် ဟိုကထွက်မယ်၊ ဒီက ထွက်မယ် ကြိမ်းလို့ ကမ္ဘာကိုတောင် ခြိမ်းခြောက်နေဖို့လုပ်နေတာ။

 

အဲဒီအချိန်မှာ ဒီနှစ် သီချင်းဆိုပြိုင်ပွဲထဲ ဒီလို မိန်းမရှာ ပါမယ် လဲ သတင်းကြားရော ထပြီး ကန့်ကွက်ပါတယ်။

အဖွဲ့က လက်ခံခဲ့သမို့ ပြိုင်ပွဲ ဆက်ဝင်နိုင်ခဲ့တာ။

ဒါတောင်မရပ်သေး သူ့သီချင်း လာချိန် ရုရှားမှာ ပိတ်ထားမယ် တောင်းဆိုသေး လိုက် တယ်။

 

သူတို့လိုဘဲ ဘာသာရေးအစွန်းရောက်တဲ့ အိုင်ယာလန်သတင်းဂျာနယ်တစ်ခုကတော့ “Conchita” ကို ကြိုက်လို့တီရှပ် စတစ်ကာမှာတောင် သူ့ပုံရိုက်ဝတ်ပြီး အားပေးခဲ့တာ။

ပြိုင်ပွဲမှာလဲ အတော်လေး တစ်ပြေးတဲ့အထဲပါတာပေါ့။

 

အမှန်ဆို သူ့အသံက တကယ်ကောင်းပါတယ်။

သူ့အကြိုက်ဆုံး Role Model က စလင်းဒီယွန်တဲ့။

စလင်းဒီယွန် သီချင်း My Heart Will Go On ကို ဆိုတာလဲ YouTube မှာ ကြည့်လိုက်ရတော့ အဆို မှာ တကဲ့ ပါရမီရှင်မှန်း သိနိုင်ပါတယ်။

နောက်သူက မိတ်ကပ် နဲ့ ဖက်ရှင် ဒီဇိုင်နာတဲ့။

ဒီလို လူတွေ အဲဒီ Field တွေမှာ ပိုပြီးထူးချွန်တာ ဘယ်သူငြင်းဦးမှာလဲ။

ဒါကိုတောင်မှ သူတို့ ထူးချွန်တဲ့ နေရာလေးတွေမှာ သူတို့ကိုု လွတ်လွတ်လပ်လပ် ဘာလို့ ရှင်သန်ခွင့်မပေးချင်ကြရ၊ ဖိနှိပ်ချင်ကြရတာလဲ။ ဒီအချိန်မှာတော့ ရာသီပြောင်းလာပါပြီလေ။ ဒါကြောင့်လဲသူ နေရာ ရလာတာပေါ့။

 

တကယ်တော့ လူတွေ မကောင်းတဲ့ ဘက် ကို ရောက်သွားတယ် ဆိုတာက ဖိလွန်းလို့ တနည်း သူတို့မှာ နည်းမမှန်ဘဲ ကြီးပြင်းရှင်သန် လာရလို့ ဖြစ်နိုင်ပါတယ်။

သူတို့အခွင့်အရေး ၊ သူတို့ လွတ်လပ်ခွင့်ကို ပုံမှန်လေးပေးလိုက်ရင် ဒီလို လူတွေထဲက အရမ်းထူးချွန် သူတွေပေါ်လာတာ သိသာလာပြီဘဲ။

 

ဒါ နဲ့ ဒီလို အခက်အခဲ အတိုက်အခိုက် တွေကြားကဘဲ အများအားပေးမှုနဲ့ “Tom” လို့ ခေါ်ခဲ့တဲ့ “Conchita” တစ်ယောက် ၂၀၁၄ ဥရောပသီချင်းပြိုင်ပွဲ သရဖူဆောင်းနိုင် သွားခဲ့ပါတယ်။

အင်တာဗျူးးတွေမှာ သူပြောလေ့ရှိတာလေးက

“သူ လုပ်နေတာက၊ သူ့ကိုု မကြိုက်လို့ ရပါတယ်၊ ဒါပေမဲ့ သူ့မှာ လဲ လူသားတစ်ယောက် အနေနဲ့ စိတ်ကြိုက်လေး လုပ်ခွင့် နေခွင့် ရတယ်ဆိုတာကို သည်းခံပြီး လက်ခံ ပေး ကြပါ” တဲ့။

“ဘယ်သူ့ကိုမှ မထိခိုက်သ၍ လူတွေမှာ သူတို့ ဆန္ဒရှိရင် ကြိုက်သလို နေထိုင်နိုင်ခွင့်၊ ရှင်သန်နိုင်ခွင့် ရှိရမှာ” လို့ ကမ္ဘာကို ပြောချင် ပါသတဲ့။

အခုတော့ သူ့ အဲဒီ ဆန္ဒပြည့်သွားပြီပေါ့။

ဒါတောင် မှတ်ချက်တွေထဲမှာ ဘသားချောတစ်ယောက် က ဝင်ကလိသေး။

သူ့ကိုကြည့်ရတာ သူ့မျက်စိကိုထိခိုက် လို့ တဲ့လေ။ မပြောတော့ဘူး။

 

သူ့ရဲ့ Motto က

“I really want to convince them to be the best version of themselves rather than a bad copy of someone else! You can do whatever you want if you’re not hurting anyone.”

မြန်မာပြည်ရဲ့ အနုပညာရှင် အတော်များများကတော့ “bad copy of someone else” တွေ ဖြစ်နေကြသလားဘဲ။ ပါရမီ မပါရုံမက ကိုယ်လဲ အသေအချာ မကြိုးစားဘဲ ငွေရလွယ် တာ နဲ့ ဝင်တာတွေလားမသိပါဘူး။

ဆက်တော့ဝေဖန်မပြောလိုတော့ပါဘူး။

“Conchita”ကတော့ သူ ရဲ့ Talent နဲ့ အပြင်းအထန်ကြိုးစားလာမှု က သူ ရဲ့ Appearance ကို ဖုံး သွားတာ နေမှာပါ။

 

သူ ဆုယူပြီး ပြောတဲ့ စကားက

This night is dedicated to everyone who believes in a future of peace and freedom. You know who you are – we are unity and we are unstoppable.”

 

 

ရုရှားလား။

သူ တို့ အင်မတန် မျက်မုန်းကြိုး အင်မတန်မကြိုက်ဖြစ်နေတဲ့ သူ နိုင်သွားသမို့ ရှေ့နှစ် Eurovision မှာ သူတို့မပြိုင် တော့ ဘူးတဲ့။ ထွက်မတဲ့။

ဒီနှစ်က မဲညာပြီး ရတာတဲ့။

တစ်ချို့များ “Conchita” ကို ဆန့်ကျင်တဲ့ အနေနဲ့ သူတို့ အမြတ်တနိုးထားတဲ့ မုတ်ဆိတ်ကျင်စွယ် တွေကို ရိတ်ပြကြ သေးတယ်။

ရီတော့အတော်လေးရီဖို့ကောင်းသား။

ဒါပေမဲ့ အဲလို ဖြစ်နေတာ အများစု ပြည်သူတွေ မဟုတ်ဘဲ ဘယ်သူတွေ ဆိုတာ ထင်းထင်းကြီးပေါ်ခဲ့စေတာက သူတို့ နိုင်ငံရဲ့ Result ပါဘဲ။

Live မှာ ရုရှားက ရတဲ့ ရလာဒ် ကို ကြေငြာတော့ “Conchita” တစ်ယောက် ၈မှတ် နဲ့ နံပါတ်၃ ရတာ အများစု မဲ ကြောင့်မို့ပေါ့။

ထိပ်ပိုင်းအာဏာရှင် တစ်စု ရဲ့ ရှေးရိုးစွဲစိတ်နဲ့ ဖိနှိပ်မှု ကို ရှင်းရှင်းလင်းလင်း ဖီဆန်နိုင်ခဲ့ တဲ့ ပွဲပေါ့။

 

ဥရောပမှာ အများကတော့ ရုရှားရဲ့ ဒီပွဲ မှာ ရှုံးနိမ့်သွားတာကို အရသာခံ ကြလေရဲ့။

တစ်ချို့ ဘာသာရေးအစွန်ရောက်သမားတွေကတော့ ဒီလိုတွေကြောင့် ကမ္ဘာကြီးဟာ နေဖို့မကောင်းတော့ဘူး ဆို ပြီး မှတ်ချက်တွေပေးနေကြရဲ့။

အမှန်က မတရား ဖိနှိပ်မှု တွေ ကြီးစိုးနေတဲ့ ကမ္ဘာကြီး ကသာ နေဖို့မကောင်းတာ မဟုတ်လား။

 

အမှန်ကတော့ …..

အဓိက ပြောချင်တဲ့ မက်စီ က အခုမှလာမှာ။

အပေါ်ကဟာတွေက အာပလာတွေ၊ အရံတွေ။

 

တစ်ခုခုကို စိတ်ဝင်စားလာရင် ဆိုင်ရာ အင်တာဗျူးတွေ ကို လိုက်ရှာကြည့်တတ်တာ ဒီမှာတော့ မှားတာဘဲ။

“Conchita” က အသံ မပြော နဲ့ ဒီလောက် အမူအရာ ကြည့်လို့ကောင်းတဲ့ မိန်းမရှာ မျိုး တစ်ခါမှ မတွေ့ဘူးခဲ့ဘူး။

 

အဲဒီ အင်တာဗျူး ကို ကြည့်နေရင်း….. ကြည့်နေရင်း …………

သူ့ မျက်လုံး လှချက် က …. မနာလိုစရာဘဲ။

တောက်(စ်) {ခွက်ဒစ်တူ “ဂဂ”} …………..

“SO SO SO DAMN PRETTY & HOT”

ဒီလောက် စွဲဆောင်မှုရှိ နေတာ အဲဒီ မုတ်ဆိတ်ကြောင့်ဖြစ်မှာ အသေအချာဘဲ။

 

ဒီတော့ ရွာ့လုံမများ ရေ

အရီးတစ်ယောက်တော့ မုတ်ဆိတ်ထားဖို့ လုပ်နေပြီ။

ခရစ်(စ်) ပြောသလို တစ်နေ့ ၁ဝခါလောက် ရိတ်ပလိုက်မယ်။

မရရင် အကောင်းဆုံးမုတ်ဆိတ်မျိုးရှာပြီး စိုက်ပလိုက်မယ်။

မုတ်ဆိတ်ထားချင်သူ မုတ်ဆိတ်အဖွဲ့ဝင်ချင်သူ အရီးလုံမများ စာရင်းအမြန်ပေးကြပါ။

လကဗျာ လေးဆိုရင် လည်စိလေးနဲ့ မုတ်ဆိတ် နဲ့ မျက်လုံးတောက်တောက်လေးဖြစ်လို့ တင့်တယ် လိုက်မယ်ဖြစ်ခြင်း။

တီချယ်ကြီး နဲ့ တစ်ကွ အစ်မကြီး၊ ညီမကြီးများ လဲ စိတ်ဝင်စားရင် အဖွဲ့ဝင်နိုင်ပါတယ်။ :-))))))))))))))

 

ချစ်တဲ့

အရီးမုတ်ဆိတ်

 

 

Rise Like a Phoenix (Song)

http://www.youtube.com/watch?v=SaolVEJEjV4

 

My Heart Will Go On

(အဲဒီ သီချင်းကို ကြိုက်သူများရှိရင် သူဆိုတာကိုလဲ နားထောင်ကြည့်စေချင်တယ်

အသက်ရှူ နေလားတောင် မသိအောင် ဖြစ်သွားမယ်)

http://www.youtube.com/watch?v=WmL7m0by4UQ

 

Interview

http://www.youtube.com/watch?v=xMbtsbXvZ6I

 

Conchita

Image From – http://www.eurovision.tv/page/history/year/participant-profile/?song=31403

442152728-neuwirth-mann-conchita-wurst-3lefTom

 

 

 

 

 

 

30 comments

  • အရီးမုတ်ဆိတ်

    May 20, 2014 at 11:55 pm

    အကြွေးတင် နေတဲ့ မိတ်ဆက်ပေးဖို့ အတွက် မယ်မုတ်ဆိတ် ကို လာဝင် ပို့ သွားတာပါ။
    အိမ်တွေ ကို ဝင်ပြီး မနှုတ်ဆက်နိုင်တာ ခွေးလွှတ်ကြပါ။
    ရွာ့ထမင်းဆိုင် က ပါဆယ်ဆွဲသွားလို့ ရရင်လဲ အကောင်းသား။
    ဒီလို မရတော့ ချက်ရဦးမပေါ့။ 🙄

  • lu lu

    May 21, 2014 at 12:34 am

    အရီး မိတ်ဆက် ပေးလို ့ချက်ချင်း youtube
    မှာရှာကြည့်လိုက်တယ် တကယ် မိုက်တယ်
    သူ ့မုတ်ဆိတ်တွေမရှိရင်တကယ့် မိန်းက လေးလို
    ပဲနော် သီချင်းတွေလည်းကောင်း ကျေးဇူးအများ
    ကြီးတင် သွားပြီ အ ရီး ရေ
    :mrgreen:

  • pooch

    May 21, 2014 at 7:26 am

    အမှန်​ဆို သာမန်​ကာလျှံကာ​လောက်​ပဲ ပုံ​တွေ့ဖူးတာ
    ခုမှသိတာ လင်​့ကလိုင်​းမ​ကောင်​းလို့ မကြည်​့ရ​သေးဘူး :'(

  • ကေဇီ

    May 21, 2014 at 7:53 am

    အဟီးးးး
    အရီးရယ်။
    သူ ဆုရတဲ့နေ့က ကြည့်မိလိုက်တယ်။
    ဒါမဲ့ အဲ့လိုင်းက တရုတ်လိုတွေချည်း ပြောတဲ့လိုင်းးးးး
    ဟင်းချက် အစီအစဉ်ကို စောင့်ရင်း မထင်မှတ်ပဲ မြင်လိုက်တာ။
    စိတ်ထဲ ဖြတ်ဖောက်ချုပ်ပြိုင်ပွဲလား မှတ်လိုက်တာရယ်။ :mrgreenn:

    အဲဒါက မိန်းမက မုတ်ဆိတ်ပေါက်တာလားးးးး 🙄
    ယောက်ကျားက မိန်းမလို ဝတ်ထားတာလား 🙄 …. လို့ကို မကွဲတာ။ :mrgreenn:

    အဲဒီ မက်လုံးတွေကြောင့် မိန်းမက မုတ်ဆိတ်ပေါက်တယ်မှတ်လိုက်တယ်။
    ဟိုနေ့ကမှ အရီးနဲ့ တဂျီး ပြောတာတွေ့ပြီး ပြန်ရှာကြည့်ရတယ်။

    အရီးလည်း ပင်ပန်းနေရောပေါ့။
    နီးရင်တော့ တကယ်ချက်ကျွေးချင်မိပါရဲ့။
    :s:

  • weiwei

    May 21, 2014 at 9:16 am

    မုတ်ဆိတ်အဖွဲ့တော့ ဝင်လို့မဖြစ်ဘူးအရီးရေ … မျက်နှာအရေပြားက အမွှေးမပေါက်နိုင်တာ သေချာလို့
    :s:

    မယ်မုတ်ဆိတ်အကြောင်းသိရလို့ ဗဟုသုတ တိုးပါတယ်။ တကယ်ပါရမီပါရင် ဘယ်လိုအတားအဆီးမျိုးကိုမဆို ကျော်လွှားနိုင်တယ်လို့ သက်သေပြလိုက်သလိုပေါ့ ..

  • alinsett (gazette)

    May 21, 2014 at 9:41 am

    ဒီမှာကတော့ ပါရမီ မပါပဲ. . . . .
    အနုပညာဆိုတာ ဘာလဲဆိုတာကို တောင် သေချာ မသိပဲ. . . .
    အနုပညာသမားအဖြစ် ကိုယ့်ဘာသာ ခံယူနေတာတွေ. . . . .
    ပြောတော့ပါဘူး

    တကယ့် အနုပညာရှင် ပါရမီရှင်တွေလည်း ရှိပါတယ်နော်
    လက်ချိုး ရေပြရမလား

    :mrgreen:

  • TNA

    May 21, 2014 at 11:07 am

    အရီးပြောလု့ိ သူ့အကြောင်းသိချင်တာနဲ့ ရှာကြည့်သေးတယ်။ ကွန်မကောင်းတော့ သိပ်မရှင်းဘူးရယ်။ ခုမှသေချာသိတော့တယ်။ အသံကိုအရမ်းကြိုက်တယ်။ သို့သော် ရုပ်ကြည့်မိရင် သိပ်အဆင်မပြေလို့ အသံပဲနားထောင်တော့တယ်။ အဟိ။ မိန်းကလေးစိတ်ပေါက်နေရင်လဲ မုတ်ဆိပ်ကြီးဖြုတ်လိုက် ရင်ကောင်းမယ်။ အဲ့ဒါကြီးကိုလေ့လာနေတာ အတုလားအစစ်လားလို့။ သေချာတော့လုပ်ထားတာနော့ အဲ့မုတ်ဆိပ်က။ မျက်လုံးကတော့ တအားလှတယ်။ လည်စိလဲမရှိဘူးရယ်။ သူ့ပုံကျိရတာ စလင်းဒီယွန်နဲ့တူ နေတယ်လို့တော့ထင်သား။ သူက စလင်းဒီယွန်အားကျတာကိုး။ ရပ်နေပုံကော စတိုင်ကော စလင်းဒီယွန်အတိုင်းပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ရဲရဲဝံ့ဝံ့ချပြရဲတာချီးကျူးတယ်။ အခွေတွေဘာတွေထုပ်ရင်လက်တို့လိုက်ပါအုံးအရီးရေ။

  • Crystalline

    May 21, 2014 at 11:41 am

    အစ်ကိုပြောပြလို့ကြားလိုက်သေးတယ်.. ဒီမှာတော့မကြည့်ရဘူးအရီးရယ်.. American Idol ပဲကြည့်နေတာ.. ရော့ခ်ကာကိုတော့ရစေချင်သား.. ချာတိတ်မကိုလုံးဝမကြိုက်လို့… :)) အရီးတစ်ယောက် မယ်မုတ်ဆိတ်ကို တော်တော်ခိုက်နေပုံရတယ်.. အရီးပြောမှ.. တော်သေးတယ်နော်.. နှုတ်ခမ်းမွေးပဲရိတ်မိလို့.. မုတ်ဆိတ်သာရိတ်မိလို့ကတော့ :mrgreenn:

  • ဦးဦးပါလေရာ

    May 21, 2014 at 12:14 pm

    .ရော် …
    .ခက်ကပြီ ……..

    .မုတ်ဆိတ်ဆိုတာ ရိတ်တိုင်း ပိုပေါက်လာမယ် ပိုထူလာမယ်လို့ ထင်လို့လား….
    .အရိတ်လွန်ပြီး အရေပြားပါးသွားလို့မှဖြင့် ….

    .ဒါ့ထက်ဆိုးတာက-
    .မုတ်ဆိတ်ဆိုတာ အဲ့ပုံထဲကလို မဲမဲလေးမှောင်နေမှ ကြည့်ကောင်းတာနော…
    .ကွက်တိကွက်ကျားဖြူ လာရင်
    .နေ့တိုင်းနှုတ်ရမလား နေ့တိုင်း ဆေးဆိုးရမလား ဗျာများနေပါဦးမယ် …
    .မထော်မနန်းတွေလျှောက်မလုပ်ခင် ခင်လို့ သတိပေးလိုက်ပါရဲ့ ….
    :mrgreen:

  • kyeemite

    May 21, 2014 at 3:18 pm

    အပေါ်က ဦးပါပြောသလိုပဲဗျ…
    .မုတ်ဆိတ်ဆိုတာ အဲ့ပုံထဲကလို မဲမဲလေးမှောင်နေမှ ကြည့်ကောင်းတာနော…
    .ကွက်တိကွက်ကျားဖြူ လာရင်
    .နေ့တိုင်းနှုတ်ရမလား နေ့တိုင်း ဆေးဆိုးရမလား …
    ခိခိ…ဦးပါ ကျုပ်ကိုစောင်းပြောနေတယ်ထင်ရဲ့…. :loll:

    ဘာဖြစ်ဖြစ် စိတ်ဓါတ်အင်အားရှိသူမို့သာ ဆန့်ကျင်ကဲ့ရဲ့မှုတွေကြားက..အောင်မြင်သရဖူဆောင်းသွားတာပဲ..
    ချီးကျူ းပါတယ် အရီးမုတ်ဆိတ်…အဲအဲ..ယောင်လို့…”မယ်မုတ်ဆိတ်”လေးရယ် 😀

  • ခင် ခ

    May 21, 2014 at 3:22 pm

    မယ်မုတ်ဆိတ် ဆိုတာထက် မုတ်ဆိတ်မယ် လို့ခေါ်တာက ပိုနုသွားမလားလို့။

  • kyeemite

    May 21, 2014 at 3:22 pm

    တစ်ခုပြောဖို့ မေ့လို့…နောက်ဆို ကိုခင်လတ်ကြီးကို “အရီးမုတ်ဆိတ်” လို့ပဲခေါ်တော့မယ်…
    ရွာတစ်ကြော့ပြန်အမှတ်တရပေါ့..နော :mrgreenn: :mrgreenn: :mrgreenn:

  • naywoon ni

    May 21, 2014 at 3:22 pm

    အရီးက မုတ်​ဆိတ်​အ​ကြောင်​း​ပြော​နေ​ပေမဲ့ ကျွန်​​တော့စိတ်​က တစ်​ခြား​ရောက်​​နေ​ကြောင်​း ဝန်​ခံပါရ​စေ ။ အဲ့ မုတ်​ဆိတ်​နဲ့ က​လေးမ အဲ့​ကောင်​​လေးက မြန်​မာပြည်​မှာများလူလာဖြစ်​ရင်​ အဲ့​ဒ်​ိလို ​အောင်​မြင်​နိုင်​ပါ့မလား​တွေး​နေတာ ။
    ​အောင်​မြင်​ကြမှာ​ပေါ့
    မင်​းတို့က မြန်​မာပြည်​ကမှမဟုတ်​ တာ အဲ့ဒိလို​တွေး​နေမိတာ ။ ဒါ​ပေမဲ့ အားမကျပါဘူးဗျာ ။ ကျွဲ​ကျောင်​းရင်​း ​လောက်​​လေးဂွတစ်​​ချောင်​းနဲ့ ငှက်​ပစ်​ရတဲ့ဘဝ နိုင်​ငံခြားသား​တွေရနိုင်​တာမှမဟုတ်​ တာ ( ဒီလို အ​တွေး​တွေ​ကြောင်​့ မြန်​မာပြည်​ ဒုံရင်​းက မတက်​တာ ဖြစ်​နိုင်​တယ်​ = သူကြီး​ပြောသလို စနစ်​​ကြောင်​့မဟုတ်​ ဝါ နှစ်​တစ်​​ထောင်​ကျိမ်​စာ )

  • Wow

    May 21, 2014 at 3:24 pm

    ဗလရယ် ဇ ရယ် မုတ်ဆိတ်ရယ် မက်လုံးရယ် … အသီးယားစယာ :mrgreen:

  • မဟာရာဇာ အံစာတုံး

    May 21, 2014 at 3:29 pm

    ကျော့် လုံမလေးလည်း
    အရီးပြောတာ သဘောကျပီး
    မုတ်ဆိတ်တွေ ထားဂျင်တွားမှာစိုးညို့
    ကျော့်ရှိဒဲ့ မုတ်ဆိတ်လေးတောင် ဂနေ့ ရိတ်ပလိုက်ဒယ် …. ငှဲငှဲ ..

  • padonmar

    May 21, 2014 at 9:28 pm

    သူ့အင်တာဗျူးကြည့်လိုက်တာ အသံကလည်း မိန်းမသံပေါက်တယ်နော်။
    အတော်များများ ဂေးတွေက ရုပ်ကလေးလှသလောက် စကားပြောရင် ဘဲသံကြီးထွက်လာရော။
    ဦးကျောက်ရဲ့ ကထေ ထဲမှာတောင် ဖတ်မိသလားလို့။
    စကားမပြောတဲ့ မိန်းမလှလေးလေ။
    သူ့မုတ်ဆိတ်က ဆေးခြယ်ထားသလို ထင်မိတယ်။

  • black chaw

    May 22, 2014 at 11:08 am

    တောကျတယ် ပြောလည်းခံရမှာပဲ အစ်မရေ…။
    အစ်မ ပို့စ်တင်ပေလို့ ပဲ ဗျ…။
    တစ်ခါမှ မကြားဖူးခဲ့ပါဘူး…။
    “Conchita” တဲ့လား…။
    အစ်မအညွှန်းကောင်းလို့ ကျွန်တော်လည်း မုတ်ဆိတ်ထားတော့မယ်…။
    သို့ပေမယ့် ကိုပါကြီးပြောသလို မုတ်ဆိတ်ဖြူ တွေက ကွက်တိ ကွက်ကျားနဲ့
    ဆိုတော့ မုတ်ဆိတ်ပါ ဆေးဆိုးရမယ့် အပေါက်မျိုးကြီးပေါ့ ခင်ဗျာ…။
    အို အစ်မ ရွာကို ပြန်ရောက်တဲ့ အထိမ်းအမှတ်အနေနဲ့ရော…
    “Conchita” လေးကို ဂုဏ်ပြုတဲ့ အနေနဲ့ရော…
    ကျွန်တော်လည်း မုတ်ဆိတ်ထားတော့ မယ်ဗျာ…။
    ဟဲဟဲ…
    မုတ်ဆိတ်ဘလက်…။
    :mrgreen:

  • nozomi

    May 22, 2014 at 4:40 pm

    အရီးရွာထဲ ပြန်လာလို့ ပျော်တယ်
    မတွေ့ရတာ ကြာတဲ့ ဒေါ်ပုမကို တွေ့ရလို့လဲ ပျော်တယ်
    ကွန်ကလေးအကြောင်းကြားရလို့လဲ ပျော်တယ်
    သူ့အကြောင်းကြည့်ဘို့ မြန်မာပြည်က ကွန်မကောင်းလို့ ကြည့် မရ တာ အတွက်တော့ မပျော်ဘူး

    အဲဒီကောင်မလေး မြန်မာပြည်လာလည်မှ ကိုချောကြီး နဲ့ ပေးတွေ့လိုက်ဦးမယ်

  • ဦးကျောက်ခဲ

    May 23, 2014 at 5:15 pm

    အရီးမုတ်ဆိတ် အဲ အရီးလတ်ရယ်…
    အဲသည့် မုတ်ဆိတ်နဲ့သူငယ်မကြီးအသံကတော့ဖြင့် နားထောင်ရင်း ကြက်သီးထစရာပါ…
    အသံဩဇာရော ၊ ဆိုပုံဆိုပေါက်ရော ၊ အပြင်အဆင်ရော ဘာမှပြောစရာမရှိပါဘူး…
    ဒါ ပေ မည့် …. အဲသည့် မုတ်ဆိတ်ကြီးကို ကြည့်မိရင် ရှိသမျှဖီးလ်တွေ ကွေးးးကုန်ရော…
    နောက်ပြီး… မတော် ကျောက်စ်မယားသာ မုတ်ဆိတ်ကြီးနဲ့ဆို…. ဖျားဖျား လွဲပါစေ့ ဖယ်ပါစေ့
    😀

    • sorrow

      May 23, 2014 at 5:28 pm

      အဲ့ရာပဲ ..အဲ့ရာပဲ.တူချက်…ဖြူဖွေးမှာသာအဲ့မျိုုးမုတ်ဆိတ်ရှိခဲ့ရင်..ကျော်တို့…ယောက်ျားတွေများ ..ယားမှာသိပ်ကြောက်တယ်လေ…အဟိဟိဟိ …

  • အရီးမုတ်ဆိတ်

    May 24, 2014 at 3:22 am

    လုလုရေ
    ပထမဆုံးအားပေးမှုလေးအတွက် အရီးကလဲ ကျေးဇူးကြီးပါ။
    မုတ်ဆိတ်မပါတဲ့ Original ပုံ ကို Post ထဲမှာ ထပ်ဖြည့်ပေးထားတယ်။
    ဒမ်မီမိုး နဲ့ တောင် ဆင်သလိုဘဲ။

    မယ်ပုချ် လေး
    ရွာထဲမှာ ဒီ အသံလေးပြန်တွေ့လိုက်ရတာ ဝမ်းသာလိုက်တာ။
    တောင်တက်ဇာတ်လမ်းလေး မျှော်နေတယ်။
    ကိုယ်မလုပ်နိုင်တာကို လုပ်နိုင်တဲ့ ကလေးအတွက် အရမ်းဂုဏ်ယူတယ်။

    ကေဇီ
    အစားသရဲလေး။ ကြည့်ရတာ အားတာနဲ့ ဒီအစား စီးရီး တွေရှေ့ရောက်တော့တာဘဲ မဟုတ်လား။
    မယ်မုတ်ဆိတ်က မုတ်ဆိတ်မပါဘဲ မိန်းကလေးလိုသာဝတ်ထားရင် တကဲ့ မိန်းကလေး မျက်နှာလေးပါဘဲ။

    ဝေ ရေ
    မှန်ပါ့တော်။ အမွှေးတုံး နေတာ ကို ပေါက်အောင် လုပ်မရပါဘူး။
    ဆေးချယ်မှာ။
    မယ်မုတ်ဆိတ် မှာ သူထောင်ခဲ့တဲ့ Boy Band လေး ရှိခဲ့တယ်။ အဲဒါက မအောင်မြင်ခဲ့ဘူး။ အဲဒီအချိန် ဘယ်လောက် စိတ်ဓာတ်ကျလိုက်မလဲ။ တွေးလိုက်မိပါရဲ့။
    အဲဒီအချိန်မှာ သူ လက်လျှော့လိုက်ရင် သူ့အိမ်မက် က ဘယ်လိုလုပ်ပြီး ဒီလို လက်တွေ့ဖြစ်လာနိုင်ပါ့မလဲ။
    မှန်ကန်တဲ့ နှလုံးသားနဲ့ ရင်းထားတဲ့ ကြိုးစားမှုတိုင်းဟာ တစ်နေ့တော့ အောင်မြင်မှု ဖြစ်လာမှာပါ။
    သည်းခံပြီးတော့ အချိန်လေးစောင့်ရင်း ဝီရိယမပျက်ဖို့ပါဘဲ။

    ဆက်ဆက်
    အခုချိန်တော့ မြန်မာပြည်က အနုပညာရှင်တွေ ကို အရီးလဲ မသိတော့ဘူး။
    ဒါပေမဲ့တစ်ချိန်က ထူးအိမ်သင်တို့၊ စိုင်းထီးဆိုင်တို့ အစပြုလို့ပေါ့။
    သူတို့ အသံတွေ နောက်မှာ သူတို့ ရုပ်ရည်တွေ ကို မမြင်တော့ဘူး။
    အရမ်းချိုတဲ့ အသံပိုင်ရှင်တွေ။
    နောက်သူတို့ က ငွေ အတွက် အနုပညာကို လုပ်စားခဲ့တာ မဟုတ်တာ။

    သဲနု ရေ
    ကျုပ်ဘေးက လူကြီးကလဲ ဒီလိုဘဲ ပြောတာတော့။
    မိန်းကလေးစိတ်ပေါက်နေရင်လဲ မုတ်ဆိပ်ကြီးဖြုတ်လိုက်ပါလား တဲ့။
    အမှန်တော့ သူ့ကို ကြိုက်တွားတာက အဲဒါလေးကြောင့် မို့ ဒါလေးတော့ ချမ်းသာပေးကြပါ။
    မသဲ အားရင် သူဆိုထားတဲ့ My Heart Will Go On ကို အသံချည်းဘဲ မဟုတ် သူ့မျက်လုံး ကို အသေအချာစိုက်ကြည့်ပြီး နားထောင်ကြည့်။
    “ငါ သူတပါး ယောကျာင်္း မိန်းမ မုတ်ဆိတ်ရှိသူ မရှိသူ” အားလုံး ပျောက်သွားစေရမယ်။
    :-))))))
    ဘာဘဲဖြစ်ဖြစ် သူက တစ်ခြား Eurovision winner တွေထက် ပိုပြီး အောင်မြင်သွားတာကတော့ အသေအချာဘဲ။
    စလင်းဒီယွန် ကလဲ ၁၉၈၈ က Eurovision winner ပါ။
    ဒါကြောင့်သူကပြောတာ။ အဲဒါသူမွေးတဲ့နှစ် မို့ Magical connection တဲ့။
    သူတို့ အနောက်တိုင်းက လူတွေလဲ ဒီလို ကိန်းဂဏန်းတွေ ကို စိတ်ဝင်စားကြသားနော်။

    ခရစ်စ် ရေ
    အရီးကလဲ သီချင်းကြိုက်သူမို့ အဲဒီလိုပွဲတွေ ကြည့်ပါတယ်။
    ဒါပေမဲ့ နောက်ဆုံး Semi လောက်မှဘဲ စကြည့်ဖြစ်တာများတယ်။
    မယ်မုတ်ဆိတ်ကို တော်တော်တော့ခိုက်ချင်ပါရဲ့။
    သို့ပေသည့် ကိုယ်က “ကျား”ဖြစ်သင့်လား၊ “မ” ဖြစ်သင့်လား၊ ဘယ်လို ပုံစံ ဖြစ်ပြီး ခိုက်သင့်သတုန်း လို့ စဉ်းစားနေတယ်။ :LOL:-))))))))))

    ကိုပါ ကိုပါ
    ဒီလို ကဖျက်၊ ယဖျက် လုပ်လို့ ရရိုးလား။
    ၂၁ရာစု ဘာမဆိုတူအောင်တု နိုင်တဲ့ တရုတ်ဖြစ်နဲ့ အသက်ရှင်နေကြတဲ့ ကမ္ဘာကြီးမှာ နေနေတာပါ ဗျ။

    ကကြီးမိုက် တို့ကတော့ ချက်ဆို နားခွက် က မီးထလောင်ပြီးသားဘဲ။
    ခမျာလေးမှာ ဆန့်ကျင်ကဲ့ရဲ့မှု တင်မဟုတ်သေး အခု အစွပ်အစွဲပါ ခံနေရရှာပြီ။
    ပြီးခဲ့တဲ့ အပါတ်ထဲ မှာ သူတို့ နားက နိုင်ငံတစ်ချို့မှာ ရေကြီးပြီး လူတွေ သေကုန်တယ်။
    အဲဒါ သူ့ကြောင့် ဘုရားသခင်က ဒါဏ်တပ်တာ လို့ တွေက ပြောဆို စွပ်စွဲ အပြစ်တင်နေကြပါသည်။
    တတိယ ကမ္ဘာစစ် ထဖြစ်ရင်တောင် သူ့ကြောင့် လို့ ပြောမှာ ဆိုဘဲ။
    ဒါကြောင့် ရွာထဲ မသိမရှိရလေအောင် အတင်း ဝင်ဖြန့်ပေးတာပေါ့။
    ခရစ်စ်ပြောသလို ခိုက်သွားတာလဲ တစ်ကြောင်းပေါ့။ ဟာဟ။ :-)))))))))))))))

    ကိုခ
    မယ်မုတ်ဆိတ် ခေါ်ခေါ်၊ မုတ်ဆိတ်မယ် ခေါ်ခေါ် လူသိလိုက်ဖို့ လိုရင်းဘဲ။ဟုတ်။
    ဒါထက် မုတ်ဆိတ်လေး မဲမဲမှောင်ပြီး မျက်လုံးလေး သူ့လို လှ ဖို့ ဆေးနည်းလေးများမရှိဘူးလား
    ရှာဖွေကြည့်ပေးပါဦး။

    အဘနီ
    ဝင်အားပေးတာ အားရှိပါ၏။
    မြန်မာပြည်မှာ လဲ ရန်အောင်က အဲလို ကနေ အောင်မြင်လာတာထင်ရဲ့။
    ရန်အောင် ငယ်ငယ်က စိန်ဂျွန်းကျောင်းမှာ ကျွန်မမောင် နဲ့ တစ်တန်းတည်း။
    သနပ်ခါးလိမ်းလိမ်းလာတဲ့ သူ့ကို ဝိုင်းဝိုင်းပြီး ဖက်နမ်း ကြတယ် ပြောတာဘဲ။
    နောက်တော့ တအားအောင်မြင်သွားတာ မိဘချမ်းသာတာလဲ ပါမလား။
    တကယ်တော့ နိုင်ငံခြားမှာနေပြီး ဘဝမှာ မအောင်မြင်သူတွေ အပျင်းတွေ လဲ အများကြီးပါ။
    ဒါပေမဲ့ အစိုးရ ကောင်း နဲ့ နေရရင်တော့ မအောင်မြင်လဲ အကျ သိပ်မနာဘူး ထင်ပါရဲ့။
    လယ်တောထဲ မှာ ရေပါတ်လည်ဝိုင်း နေတဲ့ တဲလေးထဲ နေနေပြီး စိတ်ချမ်းသာ နေသူက မီလျှံနာ အိမ်ကြီးပေါ်မှာ စိတ်ဆင်းရဲ နေသူထက် ဘဝ က ပိုပြီး နေပျော်မှာပါ။ မဟုတ်လား။

    ဝေါင်းလေး
    မက်လုံး နဲ့ မျက်နှာလေးကတော့ အသီးယားစရာ။
    သူ့အသံကတော့ ဝေါင်း ကနဲဘဲ။
    သို့ပေသည့် လက်မောင်း လက်တံ ကတော့ ကျားလက် ကြီး ဘဲ မို့ လက်ပြတ်နဲ့ ဆိုရင်တော့ ကြည့်ရတာ ချိတ်ညစ်တယ်။ :-)))))))))))))

    မောင်အံရယ်
    သွာစမ်းပါကွယ်။
    မင်း မုတ်ဆိတ်က အရီး မယ်မုတ်ဆိတ် ရဲ့ မုတ်ဆိတ် လောက် ရော လှရဲ့။
    နောက်တစ်ခါရှည် လာရင် ဒါ့ပုံ ရိုက်ပြ။
    လုံမ ရေ – စိတ်တိုလာရင် ဆွဲဖို့ အရှည်ထားခိုင်းဟေ့။

    အစ်မဒုံ
    ဆာဝန်လို့ မပြောရဘူး။ တန်းသိတာဘဲ။
    ဝုတ်တယ်။ အဲဒီ အင်တာဗျူးးက ဟာက ဆေးချယ်ထားတာ။
    သူများလဲ ဆေးချယ်ကျိထားတယ်။ လှမှလှ။ ;-)))))

    ကဘချော
    ထပ်ညွှန်းလိုက်ဦးမယ်။
    ဆုရအပြီး “Conchita” ကို လေဒီဂါဂါ က မျက်စိကျလို့ သူရဲ့ အထင်ကရ ‘artRAVE: The ARTPOP Ball’ tour ဆိုတဲ့ သီချင်းဆိုပြီး ဖက်ရှင်ရှိုး လိုပွဲ မှာ သူနဲ့ ဖို့ ဖိတ်ထားတယ်။
    သတင်းတွေ ဆက်တွေ့နေရဦးမှာပေါ့။
    မုတ်ဆိတ်လေးများထားပြီးလို့ ပို ရင် မျှလိုက်ပါဦး။ ;-))))))))

    ကိုနို
    ကိုနို အသံလေးမြင်လိုက်ရလို့ လဲ ကျွန်မ ပျော်သွားတယ်။
    “ကွန်ကလေး” တဲ့။
    နာမည်အပေးကောင်းကိုး။
    ကိုချောကြီး နဲ့ ပေးမတွေ့ ခင် မဒမ်ချော နဲ့ အရင်ပေးတွေ့လိုက်။ :-)))))))))

    ကကျောက် ရယ်
    ရီလိုက်ရတာ။
    နှင်းနှင်းကို မုတ်ဆိတ်တပ်ကြည့်နေတာလား။
    (ကြည့်စမ်း – မနှစ်ကတော့ ဒီလို ” ကျောက်စ်မယား” တွေ ဘာတွေ မဝင့်ကြွားနိုင်သေးစ် – မိန်းမတောင်မဟုတ်။ မယားတဲ့တော်။ ;-))
    ရှင်ပြောမှ စဉ်းစားလိုက်မိတာ။
    တကယ်တော့ မုတ်ဆိတ် ပင်ကိုယ်ရုပ်က မိန်းမပုံစံလေး။
    ကိုယ်ခန္တာကအစ ပိန်ပိန်နွဲ့နွဲ့ လေး။
    အသံကလဲ မိန်းမသံ ဘက်ပါတော့ အဲဒီမှာ တကဲ့မိန်းကလေးလိုလဲ ဝတ်ရော၊ မိန်းကလေး အစစ် ထင်ကုန်ဖြစ်ခဲ့မလားဘဲ။
    မုတ်ဆိတ်ထားမှ မိန်းမ ပရိတ်သတ် ရမှာမို့လာမသိ။ မုတ်ဆိတ်ကြီး ထားတာ။
    အရီးကတော့ ဂေါက်မို့ ထင်ရဲ့။ ကြည့်ကောင်းတယ် ထင်တာပါဘဲ။ :-)))))))))

    ဟား ဒီမှာလဲ တစ်ယောက် – မောင်စော ကလဲ ဖြူဖွေးတဲ့ဟေ့။
    ဖြူဖွေး ဆိုတာ ယုံကလေးလား၊ ချစ်စရာလေးနေမှာနော်။ :-)))))))))

    ကွန်ကလေးကို (ခွက်ဒစ် – ကိုနို) ဝင်ရောက် အားပေးသူများရော၊ ဘာမှမပြောဘဲ ဝင်ဖက် (မှားလို့ – ဝင်ဖတ်) သွားသူများ ကိုရော ကျေးဇူးပါ။

    ကွန်ဇာတ်ကိုသိမ်းမယ် ဆိုရင်တော့ မဆီမဆိုင် ရုရှားကြီး နဲ့ဘဲ သိမ်းပါ့မယ်။
    မနေ့တနေ့ကဘဲ သတင်းထဲမှာ အများဖယ်ထားနေတဲ့ ရုရှား ဆီက Gas တွေ ကို တရုတ်က သိမ်းကြုံး ဝယ်ဖို့ ဆိုလား။
    ဒါဆိုရင် မြန်မာထွက် Gas တွေ ကို မြန်မာတွေ အားပါးတရ သုံးရတော့မှာလား တွေးရင်း လိပ်ပြာတောင်ပံ အခတ် တခတ် က ကမ္ဘာကြီး ကို ပြောင်းစေနိုင်သလားဟင်။

    PS – ဒီမှာ ဘူသူ လာပြီး နီ ထားပြန်တုန်း။ လက်မညောင်းဘူးလားဟယ်။ 🙄

  • Ma Ma

    May 25, 2014 at 3:05 pm

    မယ်မုတ်ဆိတ်ကို အဗေတာပုံမှာ ထည့်ထားတာကြည့်ပြီး ဘာမှန်းမသိဖြစ်နေတာ။
    မလတ်ပြောမှပဲ ကမာ္ဘကြီးနဲ့ အဆက်မပြတ်ပဲ သိသွားရလို့ ကျေးဇူးတင်ပါတယ်။

    အင်တာနက်က ဆိုး၊ ကွန်ပြူ တာကပျက်နဲ့မို့ အ အ လို ဖတ်ပဲဖတ်ပြီး ဘာမှပြန်မရေးနိုင်ဖြစ်နေတာ။
    အခုမှ အမကွန်ပြူ တာကို မောင်ပိုင်စီးပြီး ဝင်ရေးလိုက်ရတယ်။

    မယ်မုတ်ဆိတ်ကိုတော့ သဘောကျပါရဲ့။

    နကိုကတည်းကမှ လူမမြင်ပဲ အသံပဲကြားရင် အစ်ကိုလို့ ခေါ်လိုက်၊ ဦးလေးလို့ ခေါ်လိုက်နဲ့မို့ မုတ်ဆိတ်တော့ မထားပါရစေနဲ့။ 😀

    • အရီးခင်

      May 25, 2014 at 4:08 pm

      ချစ်မမ
      အသံလေးမြင်လိုက်ရတာ ဝမ်းမြောက်ပါကြောင်း။
      ချစ်တဲ့
      မလတ် :-))

  • မြစပဲရိုး

    November 6, 2014 at 5:33 pm

    A Very Happy Birthday Conchita. (6th of November)
    May all your dreams “which are for fighting against discrimination and intolerance” come true!

  • uncle gyi

    November 6, 2014 at 11:21 pm

    အရီး
    အဲပုံကိုတော့တွေ့ဖူးသား
    ဒီလိုမှန်းမသိသီချင်းလည်းနားမထောင်ဖူးသေး
    ဒါပေမဲ့အရီးရယ်
    သူ့ဂေးပုံကလည်းအသဲယားစရာ

  • Yae Myae Tha Ninn

    November 7, 2014 at 10:43 am

    သူ့လိုပဲ.. မိန်းကလေး ရှုံး တယောက် ရှိသေးတယ်… Jeffree Star တဲ့… မုတ်ဆိတ်တော့ မပါဘူး… 🙂

    Jeffree Star is an American model, fashion designer, makeup artist, DJ, and singer-songwriter residing in Beverly Hills, California. He started his music career on MySpace with over 25 million plays on his self-released music.

    အစုံသုပ်ပြောမလားပဲ… My Space သီချင်းနဲ့ နာမည်ကြီးလာပြီး…

    Jeffree Star – Prom Night ( https://www.youtube.com/watch?v=bRaIqIgS81M )

    ဒီသီချင်းလေးကတော့ Hit ဖြစ်ခဲ့ပါတယ်…

  • ကန္နားစီး မိဂီ

    November 7, 2014 at 6:21 pm

    ကျုပ်ကတော့ အစစ်ပဲ သဘောကျသဗျ
    သို့သော် အတုကိုလည်း မပစ်ပယ်ပါဘူး
    အနည်းဆုံးတော့

    အတုရှိခြင်းကိုယ်တိုင်ကိုက
    အစစ်ရဲ့ တန်ဖိုးကိုမြှင့်ပေးနေလို့ပါပဲ

    • မြစပဲရိုး

      November 8, 2014 at 4:45 pm

      {{ အတုရှိခြင်းကိုယ်တိုင်ကိုက
      အစစ်ရဲ့ တန်ဖိုးကိုမြှင့်ပေးနေလို့ပါပဲ }}

      အဲဒီ စကားစု အတွက် အစိမ်းချယ် လိုက်ပါတယ်။
      အစစ် ဆိုတာ ဟန်ဆောင်ထားစရာ မလို ဘဲ သူ့ဟာသူ သဘာဝ အတိုင်း ပေါ်ထွက် နေ တဲ့ အကြောင်းတရားပါ။
      တမင်တကာ ဟန်ပြပြီး လုပ်ယူထား တဲ့ အကြောင်း မဟုတ်ဘူးပေါ့။
      :))

  • မြစပဲရိုး

    November 8, 2014 at 4:40 pm

    ဝင်ပြီး မှတ်ချက်ပေးတာ ကျေးဇူးပါ အန်ကယ်ကြီး၊ နင်းနင်း နဲ့ မောင်ဂီ။

    ကွန်ချီတာ ကို သဘောကျလွန်းတာ က
    သူ့ရဲ့ Appearance ကြောင့် မဟုတ်ပါ။

    သူ့မှာ talented လို့ တောင်ခေါ်လို့ ရတဲ့ အနုပညာ မှော် ရှိတယ်။
    ဖက်ရှင် တွေ အတွက် ဒီဇိုင်းနာ ကောင်း တစ်ယောက်ဖြစ်တယ်။
    ဒါတွေ ရဲ့ အပေါ်ဆုံးမှာတော့
    အမှန်တရား တစ်ခု အတွက် ငုံ့ခံပြီး ပုန်းလျှိုး နေတဲ့ စိတ် မရှိလို့ဘဲ။
    ကိုယ်မကြိုက် တဲ့ အရာ က ကိုယ် နဲ့ အများ ကို မထိခိုက် ရင် သည်းခံပြီး နားလည်ပေးကြဖို့
    ကျား၊ မ အသားအရောင် လူမျိုး ဘာသာ ခွဲ မကြည့်ဘဲ အရည်အချင်း ကိုသာ ကြည့်ဖို့
    ကမ္ဘာ ကို တောင်းဆိုပေးနေလို့ဘဲ။

    အဲဒါ သူ့ရဲ့ အပေါ်လွင်ဆုံး အလှတရား ပါဘဲ။
    :))

    • Yae Myae Tha Ninn

      November 10, 2014 at 9:00 am

      ဟဲ.. ရပါတယ်..အရီးရဲ့.. အရီးလဲ အရေးကောင်းပဲ… ပို့စ်တွေ ပါးတယ်နော်… တင်တာ.. 🙂

Leave a Reply