စကားလုံးများနဲ့ ​နေဝန်​းနီ -၄

naywoon niMay 20, 20141min1353

​ခေတ်​​ပေါ်ကဗျာမှာ ကဗျာ​ရေးသူက လူတိုင်​းသိပြီး နားလည်​ပြီးသား ကိစ္စလို့ ယူဆရင်​ နမိတ်​ပုံနဲ့ သုံးပါတယ်​ ။ ဒီလို​ပြောလိုက်​ရင်​ ​အော်​ ဒါကို​ပြောတာပဲလို့ ဖတ်​တဲ့သူက ထင်​မှတ်​သွား​စေတာမျိုးပါ ။ ဘယ်​သူဘယ်​ဝါ ခွဲခြားမပြ​တော့ပါဘူး ။ ဖတ်​တဲ့သူ အ​တွေ့အကြုံ ဗဟုသုတ ရှိသ​လောက်​ ဆက်​ပြီး​တွေးနိုင်​သ​လောက်​ ခံစားမှု ရနိုင်​​အောင်​ ​ဘောင်​ခတ်​မထားပဲ ​ရေးချလိုက်​တာပါ ။ ဥပမာပြရရင်​ –

​မြေ​ခွေး


မှာ တင်​ခဲ့တဲ ့​မြေ​ခွေးကို ပြရမှာပါပဲ ။
ကဗျာက တိုတို​လေးဘဲ ။

မမှီတဲ့စပျစ်​သီးကို
ချဉ်​တယ်​လို့ လူတစ်​ကာကို လိုက်​​ပြောရတာလဲအ​မောပါပဲ …….။
သူမှီတဲ့ စ​တော်​ဘယ်​ရီ သီး​တွေကျ​တော့
ဘယ်​သူ့မှ ခွဲ​ဝေမ​ကျွေး
သူတစ်​​ကောင်​ထဲ စားပစ်​လိုက်​တယ်​ ….. ။

​နေဝန်​းနီ

အတ္တ ကြီးသူ​တွေကို ​မြေ​ခွေးနဲ့ နမိတ်​ပုံထိုးပြလိုက်​တာပါ ။ ကဗျာ​ရေးသူက တစ်​ကယ်​့​မြေ​ခွေး အ​ကြောင်​းကို ​ပြော​နေတာမဟုတ်​ပါဘူး ။ ကဗျာဖတ်​တဲ့သူ အနီးပတ်​ဝန်​းကျင်​က အတ္တ ကြီးသူ​တွေနဲ့ ယှဉ်​ပြီးခံစားနိုင်​ပါတယ်​ ။ ကဗျာ​ရေးသူက ဘယ်​သူဘယ်​ဝါရယ်​လို့ တိတိကျကျ ​ပြောပြမထားပါဘူး ။ ဆို​တော့ ​မြေ​ခွေး​နေရာမှာ လူတိုင်​းကို အစားထိုးကြည်​့နိုင်​ပါတယ်​။ ရှင်​ဘုရင်​က​နေ သ​ူတောင်​းစား အထိလူတန်​းစား ခွဲခြား​ပြောမထားလို့ အစားထိုးပါ ရပါတယ်​ ။ ဆက်​​တွေး​စေ့ချင်​တာက အဲ့ဒိထဲမှာ ( ငါ​ကော ) ကဗျာ ဖတ်​​နေတဲ့သူ​ကော ပါ​နေသလား ။ ​ရေးတဲ့သူက​တော့ ​မေးမထားဘူး ။ ကိုယ်​့ဖာသာ ပြန်​​မေး​စေ့ချင်​တာ ။ ဒီလိုမ​ပြောလိုက်​ခင်​ထိ​တော့ ​သေချာပါတယ်​ ။ ဖတ်​မိတဲ့သူတိုင်​းက “ဒါ ဟို လူကြီး​တွေကို ​စောင်​း​ရေးထားတာလို့” ​တွေးမိပြီး အဲ့​နေရာမှာတင်​ရပ်​​နေမှာ ။ ကဗျာ​ရေးတဲ့ သူရဲ့ ဆန္ဒ အတိုင်​း ​တွေးမိတဲ့သူ ရှိ​ကောင်​းရှိမယ်​ အားလုံး​တော့ မ​တွေးမိ​လောက်​ပါဘူး ။ ဟုတ်​တယ်​မဟုတ်​လား ။
​နောက်​ အဓိပ္ပာယ်​ တူတာကို သ​င်္ကေတ ပြုပြီး ​ရေးတာလဲရှိပါတယ်​ ။ အဲ့ဒါက​တော့

လူသားဆန်ချင်တဲ့ဒုက္ခ


2010 Oct 08 မှာ ​ရေးခဲ့တဲ့
” လူသားဆန်​ချင်​တဲ့ ဒုက္ခ ” ပါ ။ ​ခေါင်​းစဉ်​ မှာကတည်​းက သ​င်္ကေတ ပြုထားပါတယ်​ ။ ဘယ်​ဟာက သ​င်္ကေတ လဲ ။ လူသားဆန်​ချင်​တယ်​တဲ့ ရှင်​ပါတယ်​ ။ ရှုပ်​သွားနိုင်​တာက “ဒုက္ခ ” မှာ နား​ထွေးသွားမယ်​နဲ့ တူတယ်​ ။ လူ့ဘဝ ဆိုတာ ရခဲလှ​ပေမဲ့ ဒုက္ခ ချည်​့ပဲ လို့ ဘုရား​ဟော ရှိရဲ့မှတ်​တယ်​။ ဒုက္ခ သစ္စာ မှာ​လေ ။ အဲ့ဒိက​နေ လူသားတစ်​​ယောက်​ ( ကဗျာ​ရေးသူ ) သုံးမဲ့ အစား ဒုက္ခ ဆိုတဲ့စကားလုံးနဲ့ သ​င်္ကေတ ပြုထားတာပါ ။ ကဗျာတစ်​ပုဒ်​လုံးမှာ ပါတဲ့ ဒုက္ခ ဆိုတဲ့​နေရာ တိုင်​းမှာ လူသားတစ်​​ယောက်​ ( ကဗျာ​ရေးသူ ) လို့ ပြန်​အစားထိုးကြည်​့ပါ ။ ကဗျာက

လူသားဆန်​ချင်​တဲ့ ဒုက္ခ

ငါ့မှာ
လက်ညိုးထိုးပြစရာဆိုလို့
ဒုက္ခတစ်ခုသာချမ်းသာခဲ့
အဲဒိဒုက္ခရဲ့ဇစ်ဖြစ်
ဘယ်ကဖြစ်တယ်ဆိုတာ
စဉ်းစားမနေပါနဲ့တော့
ဒုက္ခဟာဒုက္ခမျှသာဖြစ်ပါတယ်။။
တစ်ခါတစ်ခါ
သူ့ကိုယ်သူ
ဒုက္ခဖြစ်တယ်ဆိုတဲ့အကြောင်း
မတွေးမိဘူးတဲ့။။
တစ်ခါတစ်ခါတော့
ဒုက္ခဟာ…….
ဆံပင်ကိုဆေးဆိုး
လျှာထိုးဦးထုပ်ကိုဆောင်း
ဘွတ်ဖိနပ်ကိုစီးပြီး
လျှောက်လည်တတ်လေရဲ့။။
တစ်ခါတစ်ခါတော့
အင်တာနက်ဆိုင်ထဲမှာ
ရင့်ရော်မှုဆိုတာကိုမေ့ပြီး
ကောင်မလေးတွေနဲ့
chatting..ထိုင်လားထိုင်ရဲ့။။
တစ်ခါတစ်ခါကျတော့
ဘုံဆိုင်ထဲမှာ
အာဖောင်အာရင်းသန်သန်နဲ့
ငြင်းခုန်လားငြင်းခုန်ရဲ့။။
သူ့ရဲ့ဖြစ်တည်မှုကိုသူ
သတိမထားနိုင်တော့တဲ့အထိ
အခြားဒုက္ခတစ်ခုကို
တပ်မက်နေသတဲ့လေ……..။
တစ်ကယ်ပါပဲ
ရခဲလှတဲ့ဒုက္ခကို
ပိုးမွေးသလိုမွေးခဲ့
ပြုစုယုယခဲ့ရ…..။
ဒုက္ခဟာ
ဒုက္ခဖြစ်ရတဲ့အထဲ
နောက်ဒုက္ခတစ်ခုကိုတောင်
ချစ်ခဲ့…………..
ကြင်နာခဲ့……….
တန်းဘိုးထားခဲ့……..
လေးစားခဲ့…….
လောဘဖြစ်ခဲ့
ဒေါသဖြစ်ခဲ့…….။
တစ်ခါတစ်လေကျတော့
သူ့ကိုသူလောင်မြိုက်
တစ်​​မြေ့မြေ့ကြွေကျနေရတာကို
အရသာတစ်ခု…..
အဟာရတစ်ခုအဖြစ်သုံးဆောင်ရင်း
ဆေးလိပ်တစ်တိုကိုရှိုက်ဖွာရင်း
သူှု့ကိုသူပြန်လည်သုံးသပ်နေလေရဲ့…။
ဒုက္ခဟာ
ဘဝထဲမှာ
ကျေနပ်စွာနေထိုင်ရင်း
ရယ်လိုမောလို့
ပြုံးလို့ရွှင်လို့
မျဉ်းတစ်ခု
အစကအဆုံးကိုလျှောက်ရင်း
ပြုံးပြရတာလဲရှိရဲ့
ပြုံးပြမရတာလဲရှိရဲ့
အသုံးမကျတာတွေ
လူလုံးပြရတာတွေနဲ့
ဒုက္ခဟာလူသားဆန်စွာရှိနေလေရဲ့……။

နေဝန်းနီ

လူသားဆန်ချင်တဲ့ဒုက္ခ


2010 Oct 08

လူ့ဘဝမှာ ဖြစ်​ချင်​တာ မဖြစ်​ရ​ပေမယ်​လို့ လူသားတစ်​​ယောက်​အ​နေနဲ့ သူလိုကိုယ်​လို သူတတ်​နိုင်​သ​လောက်​​တော့ တန်​းတူရည်​တူ ​နေထိုင်​ခွင်​့ရှိတယ်​မဟုတ်​လား။ ဒါ​ပေမဲ့ ကဗျာ​ရေးသူရဲ့ (ဒုက္ခ ) ဘဝက ဒုက္ခ ဆိုတာကို ​မေ့​မေ့သွားပြီး သူလုပ်​ချင်​တာ​တွေ ​လျှောက်​လုပ်​​တော့တာ ။ ​ရေးခဲ့ / တင်​ခဲ့ တာကြာပြီ ဆို​ပေမဲ့ အဲ့ဒိအချိန်​က ​လော​လော လတ်​လတ်​ ​ရေးဖြစ်​တဲ့ ကဗျာ ပါ။ ​ရှေ့ က ကဗျာ​တွေက စကားလုံး ​လေး​တွေ ကြိုက်​လို့ သ်​ိမ်​းထားရာက​နေ တိုက်​ဆိုင်​မှုအရ ပြန်​သုံးခဲ့တဲ့ ကဗျာ​တွေပါ ။
ဆက်​​ပြောချင်​တာက ​နေဝန်​းနီရဲ့ ကဗျာ​တွေ နမူနာ ထုတ်​ပြတာဆို​တော့ ဆိုလိုရင်​း ​တွေက တိုက်​ရိုက်​​ပြောတာက နဲပါတယ်​ ။ ကဗျာ ဆရာကြီး တစ်​​ယောက်​​ပြောဖူးတယ်​ ။ ဘယ်​သူလဲ​တော့မမှတ်​မိဘူး ။ ကိုယ်​​ပြောချင်​တာ​တွေကို တိုက်​ရိုက်​ချ​ရေးတာက ကဗျာနဲ့မတူဘူးတဲ့ ။ ဆဲ​နေတာနဲ့တူသတဲ့​လေ ။ နမိတ်​ပုံပြ သ​င်္ကေတ သုံးပြီး သွယ်​သွယ်​ဝိုက်​ဝိုက်​ ​ပြေ​ပြေပြစ်​ပြစ်​ ​ပြောနိုင်​ ​ရေးနိုင်​မှ ကဗျာပီ သတဲ့​လေ ။ အဲ့​တော့ ကဗျာ တစ်​ပုဒ်​ ဖတ်​မယ်​ ဆိုရင်​ အချိန်​အားရှိမှသာ ဖတ်​ကြ​ပေ​ရော့ ။ သတင်​းစာ ဖတ်​သလို ဖုတ်​ပူမီးတိုက်​ ဖတ်​ရင်​​တော့ ကဗျာ​ရေးသူ ဆိုလိုချင်​တာကို ထိထိမိမိ ရင်​ထဲ ​ရောက်​လာမှာ မဟုတ်​​ပေဘူး ။

​နေဝန်​းနီ
11:53 PM
May 20 2014

3 comments

  • pooch

    May 21, 2014 at 7:36 am

    2010 ဆို​တော့ ကျမရွာရှိမှန်​း​တောင်​မသိ​သေးတဲ့အချိန်​ပဲ
    ခု​နေဖတ်​တာ​တော့ အသစ်​လိုပါပဲ

  • alinsett (gazette)

    May 21, 2014 at 9:24 am

    လေ့လာ ခံစားသွားပါကြောင်းးး

    ——-

    ကဗျာကို သတင်းစာဖတ်သလို ဖုတ်ပူမီးတိုက်ဖတ်ရင်တော့ ရင်ထဲရောက်လာမှာ မဟုတ်ဘူးဆိုတာလေး
    သဘောတူပါကြောင်း
    ကဗျာရေးသူက ရင်ထဲကလာတဲ့ အသံကို စာသားအဖြစ် ဖန်တီးပြလိုက်တာကို တိတိကျကျ ရဖို့ဆိုတာ မလွယ်တော့ မလွယ်ဘူးဗျ
    ဟုတ်တယ်။

  • kyeemite

    May 21, 2014 at 4:16 pm

    ကျုပ်ကလည်း ကဗျာနဲ့ ခပ်ဝေးဝေးကောင်
    ကဗျာတွေ ဖတ်သာဖတ်နေ သိတ်နားလည်တာမဟုတ်
    ခုကိုနေ ရှင်းပြမှ..အော်..ဆိုပီး ရေးရေးမြင်လာတယ်…ကျေးဇူးပါဗျာ

Leave a Reply