မမြင်​​သောကြိုး မြင်​​သောကြိုး

naywoon niMay 21, 20141min21416

ငါတို့ဟာ
ခါးကြိုးနဲ့ချည်​
တိုင်​ငုတ်​မှာတည်​းပီးခါမှ
လွတ်​​မြောက်​​အောင်​ ထွက်​အ​ပြေးခိုင်​းခံရတဲ့ သတ္တဝါ​တွေလိုပါ့…….။
ဘယ်​​လောက်​ပဲ ကြိုးစား​ပြေး​ပြေး
ကြိုးတစ်​ဆုံးမှာ တုန်​့ကနဲလဲကျ
အဲ့ဒါ ယဉ်​​ကျေးမှုကြိုးကွ
အဲ့ဒါ အယူသည်​းမှုကြိုးကွ
အဲ့ဒါ ဘာသာ​ရေး ယုံကြည်​မှု တစ်​လွဲဆံပင်​​ကောင်​းတဲ့ကြိုးကွ
အဲ့ဒါ ဓ​လေ့ထုံးစံကြိုးကွ
အဲ့ဒါ အစဉ်​အလာ ခါးစည်​းကြိုးကွ
ဘယ်​သူလာလို့ဖြတ်​​ပေးမလဲ
တို့ခါးက ကြိုး​တွေ ……
ကိုယ်​့ခါးကကြိုး ကိုယ်​တိုင်​ဖြတ်​ဖို့မကြိုးစား
မိုးထဲ​ရေထဲ ကယ်​တင်​ရှင်​​မျှော်​​နေ​သေး
မင်​းတို့​မျှော်​လင်​့တဲ့ ဒီမိုက​ရေစီကလဲဖြတ်​​ပေးမ​ှာမဟုတ်​
မင်​းတို့​ပြော​ပြော​နေတဲ့ မင်​းတို့အ​မေလဲမတတ်​နိုင်​
ကိုယ်​တိုင်​ ဖြတ်​ရဲမှ လွတ်​​မြောက်​မှုရမဲ့ကြိုး
ကိုယ်​့ကိုကိုယ်​ ဖြတ်​ရဲကြသလား
လွတ်​​မြောက်​ချင်​ရင်​ဖြတ်​
မဖြတ်​ရဲရင်​အ​သေခံ
လူတစ်​ချို့​ပြော​ပြော​နေတဲ့
ဟို ဒူး​အော်​ဒိုင်​း တို့ဘာတို့ ……. ။

​နေဝန်​းနီ
၁ရး၁၂
၂၁ ​မေ ၂၀၁၄

16 comments

  • Mr. MarGa

    May 21, 2014 at 6:58 pm

    အရိပ်တွေ မိုးနေသ၍
    ရုန်းမထွက်နိုင်သေးသ၍
    ဒီကြိုးတွေ…..

  • lu lu

    May 21, 2014 at 7:11 pm

    ကြိုးတွေ ကြိုးတွေ
    ခါးမှာတင် မက တော့ဘူး လည်ပင်းထိတက်ချည်
    နေပြီ
    အစ် အစ် အစ်
    😆

  • naywoon ni

    May 21, 2014 at 7:39 pm

    တစ်​ချို့ကလည်​း အဲ့ဒိလို မမြင်​ကြပြန်​ဘူး ။ ကြိုးနဲ့ အချည်​ခံထားရတာကို ကြံဖန်​ပြီး ဂုဏ်​ယူ ​နေကြတဲ့သူ​တွေကရှိ​သေး ။ သမိုင်​းရှိတဲ့ လူမျိုး ယဉ်​​ကျေးမှုနဲ့လူမျိုး ဘာညာသာရကာ ​နေကြာ ကွာစိ ကွစ နဲ့ …………….

  • koko

    May 21, 2014 at 7:42 pm

    သော့ဂလောက်နဲ့ သံကြိုးတွေကို ကိုယ့်ဟာကိုဖြတ်ခိုင်းတယ် လူဆိုး

    • naywoon ni

      May 21, 2014 at 7:50 pm

      ​နေဝန်​းနီက ကြိုးလို့တင်​စားတာကို ကိုကို က သံ​ခြေကျင်​း​တွေလိုမြင်​​နေတယ်​​ပေါ့ ။ ဒါဆိုလဲ ပန်​းပဲ ဖိုသွားပြီး ​ဆောက်​​တွေ တူ​တွေ ​တောင်​းပြ်​ီး ဖျက်​​ချေဗျာ ။

  • kai

    May 21, 2014 at 11:14 pm

    မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မျှ ဖူးမျှော်မာန်ချရှိခိုးဦးချ ကန်တော့ခြင်းမပြုရ…

    ဒါလေးများ… အခုလုပ်.. အခုဖြစ်…

    • naywoon ni

      May 21, 2014 at 11:37 pm

      ကိုခိုင်​​ရေ အပြင်​ဘက်​က ​ပြော​တော့သာ လွယ်​တာဗျ ။ သူများ ​တွေ ကျားထိုး ​နေ​တော့သာ ​ဘေးက ထိုင်​​ပြောရတာ လွယ်​သဗျ ။ ကိုယ်​တိုင်​ထိုးကြည်​့​တော့ ထင်​သ​လောက်​မလွယ်​ဘူး ။ ​မွေးရာပါ တုတ်​​နှောင်​ထားတဲ့ ကြိုး​တွေက အများကြီး ​။ ဒါနဲ့ ကိုခိုင်​ မြန်​မာပြည်​ ​တောရွာ​လေး​တွေ ​ရောက်​ဖူးလား ။ အသိအကျွမ်​း​ကော ရှိလား ။ ​တောရွာ​လေး​တွေ ​ရောက်​ဖူးရင်​ အဲ့ဒိက လူ​တွေနဲ့ စကား ​ပြောကြည်​့ရင်​ သိနိုင်​လိမ်​့မယ်​ ။ သူတို့ရဲ့ အ​တွေးအ​ခေါ် အယူ အဆက လွန်​ခဲ့ တဲ့ နှစ်​နှစ်​ဆယ်​ ​ကျော်​ အတိုင်​း မ​ပြောင်​းလဲဖူးဗျ ။ ဒါဟာ ပညာ​ရေး အဆင်​့အတန်​း နိမ်​့ကျတာ ရယ်​ ။ ပြင်​ပ ဗဟုသုတ နည်​းပါးတာရယ်​ပဲ ။ အယူသည်​းမှုကလဲ အရင်​ကထက်​​တောင်​ဆိုးလာသလိုပဲ ။ အဲ့ ​ကြွေး​တွေလဲ အရင်​ကထက်​ ပိုတင်​လာကြတယ်​ ။ အနီးဆုံးမြို့ကို လူတစ်​ဝက်​​လောက်​ပဲ တစ်​လ တစ်​​ခေါက်​​လောက်​​ရောက်​ဖြစ်​ကြတယ်​ ။ အလုပ်​အကိုင်​နဲ့ ပတ်​သက်​မှ သာ​ရေးနာ​ရေး ရှိမှ​ရောက်​ဖြစ်​ကြသဗျ ။ အဲ့​တော့ ကိုခိုင်​​ပြောသလို မလွယ်​တာ လွယ်​့ကိုမလွယ်​တာ ။ တစ်​ချို့များ အဲ့လို ကြိုးနဲ့​နှောင်​ထားတာကို အဟုတ်​မှတ်​​နေတာ ။ လူဆိုတာ အထိမ်​းအကွပ်​ရှိမှတဲ့ ။ အဲ့​တော့ သန်​း​ခြောက်​ဆယ်​ သို့မဟုတ်​ ခုနှစ်​ဆယ်​ ရဲ့ ခုနှစ်​ဆယ်​ ရာနှုန်​းအတွက်​ လုံးဝ မလွယ်​ကူ​သေးပါဘူး

  • padonmar

    May 22, 2014 at 12:45 am

    အဘနီပြောတဲ့ ဗြဟ္မဏ ဗုဒ္ဓဘာသာကြိုးက ပိုခိုင်နေသလားလို့.

  • naywoon ni

    May 22, 2014 at 1:31 am

    အဲ့ ဗြဟ္မဏ ဗုဒ္ဓဘာသာ ချိုဒါနာ့ မူပိုင်​ချကား​ညော်​
    ကိုခိုင်​​ရေ့ ဂဇက်​တက်​မှာ မူပိုင်​ရုံးဖွင်​့ဗျာ ။ မင်​ဘာတစ်​ဦးချင်​းစီရဲ့ မူပိုင်​ မှတ်​တမ်​းလုပ်​ရရင်​​ကောင်​းမယ်​ ။

  • တိမ်မည်း

    May 22, 2014 at 9:06 am

    အရင်တုန်းက လည်း ဒီပုံပြင်ကို ကြားဖူးပါတယ်……

    မောင်တောမှာ နေတုန်းကပါ…. NGO တွေ UN တွေ လာတယ်…. ဒေသခံတွေကို လူမှူရေး စီးပွားရေး အဘက်ဘက်က ကူညီပေးတယ်…. ဘာဖြစ်လို ့ တိုုးတက်သင့်သလောက် မတိုးတက်လည်းပေါ့…. အပြင်မှာ ရုံးက နိုင်ငံခြားသားနဲ ့ အုပ်ချုပ်ရေးအထက်ပိုင်းက လူတချို ့ အလွတ်သဘော ဆွေးနွေးကြတယ်…. အဲ့မှာ တယောက် က ပြောတယ် (သူက ရခိုင်သားပဲနော်)….

    ကျွန်တော်တို ့က ဘာနဲ ့တူလည်း ဆိုရင်ပေါ့ဆိုပီး စကားအစချီတယ်….

    ဒီနယ်က လူတွေက အများစုက ဆင်းရဲကြတယ်… ဖိနှိပ်ချ ုပ်ချယ်မှူလည်း ခံရတယ်… ( ဒါက နိုင်ငံတကာ အမြင်ပါ… ဒေသခံလူအချိ ု ့ နဲ ့ ကွဲ ကောင်း ကွဲ နိုင်ပါတယ်….) အဲ့အတွက် ကြောင့် ငါတို ့တွေ ကူကြတယ် ပေါ့…. သူတို ့က ဆင်းရဲမှူကနေ လွတ်မြောက်ဖို ့အတွက် လှော်နေတဲ့ လှေ လှော်သားတွေ ဆိုရင် ငါတို ့က ဒီလှေကို ကမ်းကနေ ဝေးဝေး ခွာနိုင်အောင် လှော်တက် တွေ ပေးတယ်…. အင်ဂျင်တက်ပေးတယ်…. လှေ ပြင်ပေးတယ်… အားရှိအောင် အစာကျွေးတယ်…. လှေလှော်တက်အောင် လှေမောင်းတက်အောင် ရေကြောင်းနားလည်အောင်…. အစအဆုံးဗျာ အကုန်သင်ပေးတယ်……
    ဒါဆို ဘာကြောင့် လှေက မရွေ ့တာလဲပေါ့………

    အဲ့မှာ တော်တော် စားသွားတယ်…..

    အစိုးက ဖိနှိပ်လို ့…. လူဦးရေ များလို ့…. မွေးဖွားနှုန်းမချုပ်နိုင်လို ့…. ပညာတက်နည်းလို ့….. ရောဂါ ထူပြောလို ့…. တကိုယ်ရေ သန် ့ရှင်းမှူ လို လို ့… စားနပ်ရိက္ခာ မလုံလောက်လို ့… ပေါင်းစုံပဲ….

    အဲ့ဒါတွေ မှန်လားလို ့ ပုံပြောသူကို မေးတော့ ခေါင်းခါတယ်…..

    မဟုတ်ပါဖူးဗျာ… တကယ်တော့ လှော်တဲ့လူတွေက လှေကို ကမ်းခြေမှာ ချည်ထားတဲ့ ကြိုးကို မဖြေမိလို ့ပါတဲ့……

    အဲ့ကြိုးကတော့ ဒေသရဲ့ အယူဝါဒတွေပါ…..

    ဆိုလိုချင်တာက ကြားဖူးတဲ့ပုံပြင်လေးပါ… ဆက်စပ်ပီး သတိရသွားလို ့ပါ……

  • kyeemite

    May 22, 2014 at 10:27 am

    အဲ့ဒါ ယဉ်​​ကျေးမှုကြိုးကွ
    အဲ့ဒါ အယူသည်​းမှုကြိုးကွ
    အဲ့ဒါ ဘာသာ​ရေး ယုံကြည်​မှု တစ်​လွဲဆံပင်​​ကောင်​းတဲ့ကြိုးကွ
    အဲ့ဒါ ဓ​လေ့ထုံးစံကြိုးကွ
    အဲ့ဒါ အစဉ်​အလာ ခါးစည်​းကြိုးကွ….ဖြတ်ရမဲ့ကြိုး ၅ ကြိုးတောင်ဆိုတော့
    ကိုယ်ဘယ်နှစ်ချောင်းဖြတ်နိုင်လည်းတွေးနေမိပါကြောင်း…. 🙄 🙄 🙄

  • koko

    May 22, 2014 at 12:33 pm

    ဖြတ်ရခက်လွန်းလွန်းလို့ သံကြိုး လို့တင်စားတာပါ။ သံကြိုးတောက် ဒီအတိုင်းချီထားရင် ဖြေရလွယ်နေပါအုံးမယ်။ သော့ပါခတ်ထားပါတယ်။ ချည်ထားမှန်းမသိတဲ့ သံကြိူးတွေပါ။ သူတို့ကိုတိုင် မဖြတ်နိုင်ပါဘူး။ လူကြီးမင်း များလာလောက်ဖြေပေးကြပါကုန်။

  • ကေဇီ

    May 22, 2014 at 4:01 pm

    ခုတလောတော့ ခြေမန်းကွင်းကြိုးကို ဘယ်လိုဖြုတ်ရမယ် မသိဖြစ်နေတယ်။
    ဟိဟိ။

    :mrgreenn:

  • alinsett (gazette)

    May 23, 2014 at 10:02 am

    ကျနော် အကြိုက်ဆုံးကဗျာတွေထဲက အကြိုက်ဆုံးကဗျာတစ်ပုဒ်. . .

    ဖတ်ခွင့်ရတာ ကျေနပ်မိတယ်

  • Wow

    May 23, 2014 at 11:40 am

    ကွကိုယ်တောင် ဖြတ်ရခက်တဲ့ တစ်ချောင်းထဲသောကြိုးနဲ့ ပတ်လည်ရိုက် အူလယ်ချာလယ်… :mrgreen:

  • naywoon ni

    May 23, 2014 at 1:15 pm

    အနာသိရင်​ ​ဆေးရှိတယ်​ ဆိုသလိုပါပဲ ။ ဒါ​ပေမဲ့ ​ဝေဒနာရှင်​က ​ပျောက်​ချင်​တဲ့ ဆန္ဒ ရှိဖို့လဲလိုပါတယ်​ ။ အဲ့ ​ဆေးကို ဝယ်​ယူ မှီဝဲ နိုင်​ဖို့လဲ လိုပါတယ်​ ။ တစ်​​နေ့ နှစ်​​ထောင်​ ဆိုတဲ့ ဝင်​​ငွေ​လောက်​နဲ့ ​တော့ မှီဝဲနိုင်​မယ်​မထင်​ ။ အာဟ အာဟ ( မင်​းသားကြီး​လေသံဖြင်​့ )

Leave a Reply