“သ တိ မ ထား မိရင် ခံ ပေ တော့  “

 

တနင်္ဂ နွေ နေ့  ညေ န က ကျ နော် ရုံး ကို

ရွာထဲ က မောင် မာဃ တစ် ယောက် ရောက် လာ ပါတယ်။

အဲဒါ နဲ့ သူ့ ခေါ် ပြီး လက်ဖက်ရည်ဆိုင် သွားကြ တာ ပေါ့။

လက် ဖက် ရည် ဆိုင် အသွား အ ကြော် ဆိုင် လေးတွေ့ တာ နဲ့

အ ကြော် ၀င် ၀ယ် ပါ တယ်။

အကြော် ၂၀၀ဘိုး လို့  ပြော တော့

ဘာ ကြော် ထည့် မှာ လဲ လို့ အကြော် သည်က မေး တဲ့ အခါ

ကျ နော်က လဲ မောင် မာ ဃ နဲ့ စကားေ ပြာ နေရင်း က

အစုံ သာ ကြည့် ထဲ့ လိုက် ပါ ပြော လိုက် ပါ တယ်။

ဗန်း ထဲ မှာက  အကြော် လေး မျိုး လောက် တွေ့ ရ တာ ကိုး။

နောက် ကောက်ညှင်း ပေါင်း မြင် တော့ စား ချင် စိတ် ပေါက် လာေ ရာ။

ကောက်ညှင်းပေါင်း ၂၀၀ဘိုး လို့ ပြော လိုက် တော့ အိုး ထဲက နေ                                                                                                                        အထုပ်လေးတစ် ထုပ် ထုတ်ပေး ပါ တယ်။

ကြည့် လိုက် တော့ သေး သေး လေး။

ဒါ ၂၀၀ဘိုးလား ဆို တော့ ဟုတ် တယ် တဲ့။

ဒါ နဲ့ နောက် ထပ် ၂၀၀ဘိုးပေး ဆို တော့ အ ကြော် ကြော် နေ တဲ့ မိန်း မ က

သူ ထည့် ပေး မယ်ဆိုပြီးထည့် ပေး ပါ တယ်။

သူ ထည့် ပေး တဲ့ ၂၀၀ဘိုးက အ တော် များ ပါ တယ်။

ပ ထ မ ထည့် ပေး တဲ့ ၂၀၀ဘိုး က တကယ် တမ်း တော့ ၁၀၀ဘိုးလောက်ဘဲရှိ ပါတယ်။

ဒါ နဲ့ လက် ဖက် ရည် ဆိုင် ရောက်တော့ အကြော် နဲ့ ကောက်ညှင်းပေါင်းစားဘို့ လုပ်တော့

အကြော် က ၆ ခု ထည်း ပါ လာ ပါ တယ်။

အကြော် က လဲ ပေါက် စန လေး။

တကယ် ဆိုရင် အကြော် က ၂၀၀ဘိုးဆိုရင် ၈ ခု ပေး ရ မှာ လေ။

မန်းလေးမှာ အ ကြော် တစ် ခု အစိတ်( ၂၅ကျပ်)ပါ။

အ ခု တော့ ၂၀၀ ဘိုး ခြောက် ခု  ဆို တော့ တစ် ခု ၃၅ကျပ်။

သတိ မ ထား မိ တော့ ခံ လိုက် ရ တာ ပေါ့ ဗျာ။

*********************************************************

ဒီ အကြော် ကိစ္စ ဖြစ် လာေ တာ့  သိပ် မကြာ သေး ခင်ရက် က

ဘားအံ မှာ ကြုံ ခဲ့ တာ လေး ကို သွား သတိ ရ လိုက် ပါတယ်။

ပြီး ခဲ့ တဲ့ ရက် က ရ န်ကုန် ကို ရောက် သွား ပါ တယ်။

ရောက် တဲ့ နေ့  မှာ ဘဲ မနှင်းပြုံး က

“ကိုေ ပါက် ရေ   ကျ မ အ လုပ် ကိစ္စ နဲ့  ဘား အံ့ သွား မယ် လိုက် မယ် မ လား “လို့ မေး ပါ တယ်။

ကျ နော် က လဲ ဘား အံ့ ကို မရော က်ဘူး တာ ရယ် ဇွဲ က ပင် ကို ဓါတ် ပုံ ရိုက် ချင် နေ တာ ဆို တော့

နှစ် ခါ ခေါ် စ ရာ မ လို ပါ ဘူး လိုက် ဖို့ အဆင်သင့် ပါ ဘဲ။

ဘား အံ့  သွား မယ် ဆို ရင် လိုက် ချင် ပါ တယ် ဆို တဲ့

ဓါတ်ဆရာ တစ် ယောက် ကလဲ ရှိ ပါ သေးတယ်။

မောင် ယဉ် အောင် ပါ။

သူ က လဲ ဇွဲကပင် မြေ က ဂူ တွေ ကို ဓါတ် ပုံ ရိုက် ချင် တယ် လို့ ပြော ဘူး တာ ကိုး။

ဒါ နဲ့  သူ့  ကို လှမ်း မေး တော့ လိုက် မယ်တဲ့။

အဲ တော့ ဘား အံ့  ကို ချီ တက် ခဲ့ ကြ တာေ ပါ့။

ဘားအံ ရောက် တော့ ကိုနိုင် ဆို တဲ့ မိတ် ဆွေ က လာ ကြို နေ ပါ တယ်။

သူ့ အိမ် မှာ ပစ္စည်း တွေ ထား  ။

မ နက် စော စော  ကျောက် က လပ် စေ တီ  ကို သွား ဖူး ပြီး လို့ အပြန်မှာ

မ နက် စာ စား ကြ ဘို့ ဘားအံ့ ဈေး  ကို သွား ကြ ပါ တယ်။

နံနက် ခင်း စား  စ ရာ ဒေသ ထွက် အ စား အစာ ဘာ ရှိ လဲ လို့ မေးကြည့် တော့

ဘာ မှ ထူး ထူး ခြား ခြား မ ရှိ။

ဈေး ထဲ ရောက် တော့ ဘာ စား ရင် ကောင်း မ လဲ ဆို ပြီး ဟို ဆိုင် ကြည့် ဒီဆိုင်ကြည့် ပေါ့။

 

ေ နာက် တော့ ပန်း သည် လေး နား မှာ ကပ် ဖွင့် ထားတဲ့ အသုတ်ဆိုင် လေး ကို မျက် စေ့ ကျ သွား ပါ တယ်။

ဆိုင် လေး မှာ  စား တဲ့ သူ တွေ နဲ့ ပြည့် နေ လို့ ပါ။

ကျနော် တို့ သီ အို ရီ အ ရ စား သောက် ဆိုင် တစ် ဆိုင် လူ စည် တယ် ဆို ရင် စား ကောင်း လို့ ပေါ့။

ဒါ နဲ့ ဘဲ ၀င် ထိုင် လိုက် ပါ တယ်။

ကျနော် က ထမင်း ချဉ် သုတ်။

မနှင်း ပြုံး  က လဲ ထ မင်း ချဉ် သုတ် ။

မောင်ယဉ် အောင် က ပ ထ မ အသုတ် စုံ မှာ ပြီး နောက် တော့

ထည့် သုပ်ထားတဲ့ သင်္ဘောသီးက  မာေ န တယ် စားမ ကောင်း။

အဲ တော့

ထမင်း ချဉ် သုတ် တစ် ပွဲ ထပ် မှာ လိုက် ပါတယ်။

မြို့ ခံ မိတ် ဆွေ  ကို နိုင် ကတော့ ထမင်း ကြော်  နဲ့ ဘဲ ဥ ချက်။

မုန့် ပြင် နေ တာ က ၁၆နှစ် လောက် ရှိ တဲ့ ကလေး မ လေး.။

သွက် သွက် လက် လက် ။

ဆိုင်က စား တဲ့ လူ များ တော့ ကိုယ့် အလှည့် ရောက် အောင် အ တော် စောင့် ရ ပါတယ်။

ကျနော် အ တွက်မုန့် ရ တော့ ဘိုက်ဆာေ န လို့ လား မ သိ စား ကောင်း ပါ တယ်။

ကျနော် က အစား မြန် တော့ အရင် ပြီး ပါ တယ်။

ဆိုင် က လဲ လူ စည်ေ တာ့ အား နာ တာ နဲ့ ကျနော် ထ ပြီး ပိုက် ဆံ ရှင်း မယ် ဆို ပြော လိုက် ပါတယ်။

ကို နိုင် က သူ ပေး မယ် လုပ် နေတာ နဲ့ ကျနော် က ဇွတ်ထုတ်ပေး လိုက် ရပါ တယ်။

အဲ ဒီ အချိန် ကျ နော် ဆီ ဖုန်း ၀င် လာ တော့  စကားေ ပြာ နေရ ပြန်ပါ တယ်။

ကလေး မ လေး က  ငါး ပွဲ  ၂၅၀၀ လို့  ပြော တာ နဲ့ ကျနော် ထုတ် ပေးလိုက် ပါ တယ်။

မုန့် တစ် ပွဲ ဘယ် လောက် လဲ ဆို တာ ကျ နော့် ခေါင်း ထဲ မှာ မ ရှိ။

ကုန် သည် နဲ့ ဖုန်း ပြော တာ ကို သာ အာရုံ ကျ နေ ပါတယ်။

စား လို့ မ ပြီး သေး  တဲ့ မောင် ယဥ်အောင်  ကို ထား ခဲ့ ပြီး လက် ဖက် ရည် ဆိုင် ဘက် ထွက်ခဲ့ ကြပါ တယ်။

ခဏ နေ  တော့ မောင်ယဉ် အောင် ရောက် လာ ပြီး

“ဦးပေါက် ကျ နော် တို့  တော့ ခံ လိုက် ရ ပြီ “လို့ ပြော ပါ တယ်။

“ ဟ ဘာဖြစ် လို့ လဲ  “လို့ မေး တော့

“အော် သူ များ တွေ စား တာ ၃၀၀ ဘဲ ပေး ရ တာ ဗျ  “

အဲ တော့ မှ သ တိ ရ လိုက် တာ မုန့် ပြင် ခါ နီး ငါး ဖယ် ထဲ့  မှာ လား မေး တာ ကို ပါ။

“  ငါ တို့ က ငါး ဖယ် ပါ တယ် လေ“              လို့ ဆို တော့

“ သူ များေ တွ လဲ ငါး ဖယ် ထည့် တာ ၃၀၀ ဘဲ  “လို့ ဖြေ ပါ တယ်။

အဲ ဒီ တော့ မှ မ နှင်း ပြုံး က

“ ဟုတ် ပ အခု မှ သတိ ထား မိ တယ်။

အစော က ကောင် မလေး တစ်ယောက် ထဲမုန့် ပြင်

တစ် ယောက် ထဲ ပိုက် ဆံ ယူေ န တာလေ။

ကို ပေါက် က ပိုက်ဆံ ရှင်း မယ် လဲ လုပ် ရော ကောင် မလေး က

သူ့  အမေ ကို ဘယ် လောက်ယူလိုက် ရ မလဲ လို့ လှမ်း မေး တာ ကြား လိုက် တယ်။

အဲ လို မေး တာ ကြား တော့ စိတ်ထဲ မှာ တစ် မျိုး တောင် ဖြစ် သွားေ သး တယ်။

ဒါပေ မယ် မ လုပ် လောက်ပါဘူးေ လ ထင် လို့ ဘာ မှမ ပြော လိုက် တာ  “လို့ ၀င် ပြော ပါ တယ်။

မြို့ခံ ကို နိုင် က တော့ ဘာ မှ မပြောဘဲ ပြုံး နေ ပါ တယ်။

အင်း ကိုယ် က သာ သူများကို ဆရာ ကျ  တဲ့ အချိုး နဲ့

မစားခင် ဈေး အရင် မေး ပါ  ဘာ ညာ ကွိ ကွ လုပ် နေ တာ

ကိုယ် တိုင် ကျ တော့ ဈေး မ မေးဘဲ စား လိုက် မိ တော့ ခံ လိုက် ရ ပြန် ပါ တယ်။

သ တိ မ ထား မိတော့ လဲ ခံ ပေ အုံး ပေါ့။

 

 

ဒီ လို သတိ မ ထား မိ လို့ ဘ၀ တစ် လျောက် လုံး မှာ

လူ မူ့ ရေး ၊  နိုင်ငံရေး၊ စီး ပွား ရေးတွေမှာ

အကြိမ် ဘယ် လောက် များ ခံ  ခဲ့ ရပြီး ပြီ လဲ လို့ ဆက် တွေး ကြည့် မိ တော့

တစ် နှစ် သုးံ လေး ငါး ခြောက် ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

လက် ချောင်း တင် မ က ခြေ ချောင်း တွေ ပေါင်း ပြီး ရေ တွက် ကြည့် တာေ တာင် မ လောက်။

အင်း ခံ လိုက်  ရ တဲ့  အ ကြိမ် တွေ  မနည်း ဘူး နော်။

ကဲ မိတ်ဆွေ တို့ ရော အဲလို့ ခံ ခဲ့ ရဘူး လားဆိုတာ ပြန် စဉ်း စား ကြည့် လိုက်ပါလား။

 

 

ကို ပေါက် လက် ဆောင် အတွေး ပါး ပါးေ လး

20-5-2014

 

 

 

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။