Version ပြောင်းထားသော အဖိုဆို ယင်ဖိုတောင် မသန်းတဲ့ ယင်မလေးတစ်ယောက်သို့

mr.dark bloodAugust 11, 20101min1252

ဒီစာလည်း ဝက်ဘ်ဆိုဒ်တစ်ခုမှာ ဖော်ပြခဲ့ဖူးပါတယ်။

ကြိုက်လို့ ပြန်တင်ပေးတာပါ။

ကိုယ်ပိုင်ရေးစာမူဖြစ်ကြောင်း။

Version ပြောင်းထားသော အဖိုဆို ယင်ဖိုတောင် မသန်းတဲ့ ယင်မလေးတစ်ယောက်သို့

သူငယ်ချင်းများအတွက် လွမ်းပြီးရင် ရယ်ရအောင်
ကျွန်တော်ရေးထားတဲ့ အဖိုဆို ယင်ဖိုတောင် မသန်းတဲ့ ယင်မလေး ကဗျာလိုလို စာလိုလိုအား စာသားစာပိုဒ်အဖြစ် ဗားရှင်းပြောင်း
သီကုံးပြီးရေးထားပါတယ်။ဖော်ပြဖူးထားတဲ့စာသားမို့ တစ်ဝက်ကိုသာ ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။
ညီငယ်က လွမ်းအောင် လုပ်နေရင် ကျွန်တော်က ရီမောပျော်ရွှင်ရအောင် လုပ်ပေးပါမယ်။

အားလုံးကို ချစ်တဲ့၊လေးစားတဲ့
မိုက်ခဲ

အဖိုဆို ယင်ဖိုတောင် မသန်းတဲ့ ယင်မလေးတစ်ယောက်သို့
အမဆို ခြင်မတောင် ခြင်ထောင်တဲ့ မသွင်းခဲ့တဲ့ မောင်ဟာ မနဲ့ကျမှ ခြင်ဆေးခွေတောင် မထွန်းရက်လောက်အောင် မချစ်ကြီးဖြစ်နေ မိပြီ။မ.ချောင်းရိုက်လိုက်တဲ့ မောင့်အသည်းနုလုံးလေးဟာလည်း အခုဆိုရင် အလွမ်းဆေးရုံပေါ်မှာ မျှော်လင့်ချက်ကင်ဆာရင်ဝယ်ပိုက်ရင်း အော်ပရေးရှင်းဝင်နေရပြီ။နေက်ပြီး ဘတ်စ်ကားမြင်တိုင်း နှာခေါင်းရှုံရှုံသွားတတ်တဲ့
မရဲ့အကျင့်လေးကိုလည်း တိုးတက်သောအမြင်နဲ့ တိုးတက်အောင်လုပ်ဖို့ အချိန်တန်နေပြီ။အားနေ Shopping ထွက်မယ်လုပ်နေလို့
ကျွန်တော်ရဲ့ အိပ်ကပ်ထဲက ခြင်္သေ၊ဆင်တွေလည်း တဖြည်းဖြည်းမျိုးတုန်းစာရင်းဝင်နေရပြီ။နေ့တိုင်း အိမ်ပြန်လိုက်ဖို့ပါလို့ မပြောပါနဲ့။
အမျိုးမတော်ဘဲနဲ့ တက်စီသမားကို လုပ်ကျွေးနေရတာ ငိုချင်လာပြီ။ထမင်းချိုင့်ခြင်းထဲ လေးလေးပင်ပင်တွေ မထည့်နဲ့။
ကျွန်တော်ဆွဲရလွန်းလို့ လက်မောင်းက ကြက်ဥတောင်မဟုတ်တော့ဘဲ ဖရဲသီးတောင် ထွက်နေပြီ။လှလားလို့ မမေးနဲ့။မိတ်ကပ်တစ် ပိသာလောက် ဖို့ထားမှတော့ အော်ရယ်ဂျင်နယ်မျက်နှာဘယ်မြင်ရတော့မလဲ။ဒီစာကို တစ်ပတ်အတွင်းအကြောင်းပြန်နော်။
မပြန်ရင် နောက်တစ်ယောက်အတွက် Chance ပေးလိုက်တော့မယ်။ဖတ်ပြီးရင်လည်း မရဲ့ညီမကို တစ်ဆင့်ပြန်ပြီး Forward
လုပ်ပေးအုန်း။ကျွန်တော့်ကို မျက်စောင်းထိုးဖို့တော့ ကြိတ်မကြံနဲ့နော်။ကျွန်တော်လည်း မာမီတွေဆီမှာ မျက်စောင်းထိုးနည်း၊
ခြေဆောင့် စိတ်ကောက်နည်း၊မျက်စပစ်နည်း၊မျက်တောင်တုမကျဘဲ၊ဘော်လီမပြုတ်ဘဲ ရီနည်းတွေကို သုံးလပြတ်သင်နေတယ်။

2 comments

  • Endless

    September 4, 2010 at 3:55 am

    ကောင်းပါတယ်ခင်ဗျ….

Leave a Reply