တို့နှစ်ယောက်အတူဖူးခဲ့တဲ့ ကျိုက်ထီးရိုးဘုရား ဆံတော်ရှင်

moonpoemMay 22, 20141min17611

ကျိုက်ထီးရိုးဘုရားသည် တောအထပ်ထပ် တောင်အထပ်ထပ်ကြားတွင် တည်ရှိသဖြင့် နတ်ကြီးသည။်
ပါးစပ်မဆော့ရ။တကယ်ဖြစ်တတ်သည်။

ရှေးအခါက လူအုပ်စုများ ဖွဲ့၍ တောင်တက်ရာ၌ လူရွှတ်လူနောက်တစ်ယောက်က တောင်ဒီအတိုင်း တက်ရာတာ မောသကွယ်နောက်ကကျားလိုက်မှ မြန်ပေဦးမယ် ဟု ပြောလေရာ သိပ်မကြာခင်ကျားဟိန်းသံများ ကြားလာရသဖြင့် ပြန်လည်တောင်းပန်မှ ကျားဟိန်းသံ ပျောက်လေ၏ဟု အဘွားက သူတို့ခေတ်က ကျိုက်ထီးရိုးအကြောင်းပြောပြဘူးသည်ကို မှတ်မိနေ၏။

ကျွန်မသည် ငယ်စဉ်က ရောက်ခဲ့ဘူးသော်လည်း သိပ်မမှတ်မိ။သို့သော် ၂၀၁ဝခုနှစ်တွင် ကျိုက်ထီးရိုး ဘုရားကို တိုးဂိုက်အလုပ်ဖြင့်
ရောက်သောအခါက ညဘက်ဧည့်သည်နှင့်အတူ ဘုရားတက်ကြသည်။

် အောက်တိုဘာလဖြစ်ပြီး ဘုရားဖူးဧည့်ပါးသေးသည်က တစ်ကြောင်း ရာသီဥတု သာယာသည်က တစ်ကြောင်း ကြည်ညိုစိတ်များ ပြည့်လျှံကာ ကျိုက်ထီးရိုးဘုရားအား ယခုကဲ့သို့ မကြာခဏလာရောက် ဖူးမြော်ရပါစေသားဟု ဆုတောင်းခဲ့လိုက်၏။

ထိုအချိန်က ယခုကဲ့သို့ တောင်ပေါ်အထိ foreigner ကို တက်ခွင့်မပေးသေးပါ။
ရသေ့တောင်အထိသာ တက်ခွင့်ရှိပြီး ရသေ့တောင်မှ တောင်ပေါ်အထိ တစ်နာရီခန့် လမ်းလျှောက်တက်ရပါသည်။

မောပန်းသော်ငြား စကားတပြောပြောနှင့် ရောက်သွားသည်က များ၏။အဲသို့သော် ဒီဇင်ဘာရုံးပိတ်ရက် ၁ဝရက်အရောက် ဧည့်ကျလေရာ ထူးဆန်းစွာဖြင့် ကျွန်မတာဝန်ကျသည့် ၁ဝရက်လုံးသည် ကျိုက်ထီးရိုး ၁ညအိပ်၂ရက်ချည်း ၅ကြိမ်ဖြစ်လေ၏။

ဧည့်သည်သာ ပြောင်း၍ကိုယ်မပြောင်းပါ။နေ့တိုင်း ရသေ့တောင်မှသည် ကျိုက်ထီးရိုးထိတက်ချည်
ဆင်းချည်ဖြင့် ဘယ်အကွေ့ဘယ်ဆိုင်ရှိသည်ကအစ မှတ်မိလာသည်အထိ။ကျွန်မ မှတ်ထားမိသလောက်၃၉ကွေ့ရ
ှိမည် ထင်သည်။

ဤနည်းဖြင့် ၁ဝရက်
တက်လိုက်ဆင်းလိုက်ပြီးလေ
သော် ကျွန်မဒူးများသည် ကျိုက်ထီးရိုးဆိုသော အသံကြားသည်နှင့် ဒူးအချင်းချင်းရိုက်ခတ်လေ၏။

၃၉ကွေ့တက်ရမည်ကို သိသည့်အတွက် ၅ကွေ့လောက်တက်ပြီးသော် မျက်ရည်များကျပြီး အံကြိတ်တက်ရသည်အထိ။

ထို့ကြောင့် ထိုနေ့က ကျိုက်ထီးရိုးဘုရားဆံတော်ရှင် ရှေ့မှောက်အရောက်သွား၍
ဆုတောင်းပြောင်းလိုက်ပါသည်။

မကြာခဏလာရောက်ရပါစေသားဟု တပည့်တော် တောင်းသောဆု အမှန်အကန်ပြည့်ဝပါသည်ဘုရား။ဒါပေမယ့် အရှင်ဘုရား တပည့်တော်အား ဖြည်းဖြည်းတော့လုပ်ပါဘုရား။

တပည့်တော် မောပြီး ဒူးတုန်လွန်းသဖြင့် အကြိမ်ရေ လျှော့တော်မူပါဘုရားဟု ဆုတောင်းပြောင်းခဲ့ခြင်း ဖြစ်ပါသည်။

ယခုတော့ Foreigner များပါတောင်ပေါ်အထိ တက်ခွင့်ရနေပြီ ဖြစ်၍ တိုးဂိုက်များ သက်သာသွားပြီ ဖြစ်ပါသည်။

ဒါသည် ဟိုတယ်ခရီး၏ လုပ်ဆောင်ချက်ကြောင့်ပေလား ဒါမှမဟုတ် ကျွန်မဒူးတုန်ကြောင်း တောင်းခဲ့သည့် ဆုတောင်းကြောင့် ပေလားဆိုတာတော့ နတ်မင်းကြီးများမှပင် အသိဆုံး ဖြစ်ပါလိမ့်မည်။

ကျွန်မအတွက်ကတော့ ဘဝခရီးမှ အမှတ်တရတစ်ခုပါပေတကား။

11 comments

  • Mr. MarGa

    May 22, 2014 at 11:40 am

    အင်းး
    ဆုတောင်းက နည်းနည်းလွဲသွားတာကိုး
    နောက်ထပ်ရော ဘာတွေများ ဆုတောင်းသေးလဲ ဟင်

  • ကေဇီ

    May 22, 2014 at 4:03 pm

    ၂ ယောက် အတူဖူးတာလည်း မပါဘူးးး
    ဟွန့်။

    :mrgreenn:

  • nozomi

    May 22, 2014 at 4:26 pm

    ဘဝ အမောတွေ ကြားမှာ
    အရာရာကို ဟာသ အမြင်နဲ့ တွေးတတ် ရေးတတ် တာလေး အားကျမိတယ်
    များများရေးပါ အားပေးနေပါတယ် ဗျ

    နိုင်ငံခြားသားတွေ တောင်ပေါ်ထိ တက်လို့ရတယ် ဆိုတာ တိုးကားလား ဂေါပက ကားလား
    ဂေါပက ကားဆိုရင် အာမခံထားတာမျိုး ရှိသလား
    သိချင်လို့ စပ်စုကြည့်လိုက်ဦးမယ်

  • alinsett (gazette)

    May 22, 2014 at 4:48 pm

    ပိုစ့်ခေါင်းစဉ် မြင်ပြီးတာနဲ့ ဗညားဟန်သီချင်းသံလေး ကြားပြီး
    ဝင်ဖတ်တာ
    အဟိ
    ——–

    ကျိုက်ထီးရိုးမှာ အလှူငွေ မထည့်ရင်ပဲ
    ကျားတွေ ခြင်္သေ့တွေ အခုချက်ချင်းထွက် ကိုက်တော့မလိုလို
    အလှူခံတတ်တဲ့ ဒမြလို ငွေတောင်းမဏ္ဍပ်တွေနဲ့ ကြုံရတာက
    အမှတ်တရပဲ

    :mrgreen:

  • lu lu

    May 22, 2014 at 6:38 pm

    ရောက် ဖူးဘူး
    ကံမကုန်သေးရင် တ ခေါက်လောက်တော့သွားချင် သား
    🙂

  • ခင် ခ

    May 22, 2014 at 10:06 pm

    တို့နှစ်ယောက်ဆိုတော့ ကျန်တဲ့တစ်ယောက်ကရော ဘာဆုများတောင်းခဲ့ပါလိမ့်နော်

  • Kaung Kin Pyar

    May 23, 2014 at 5:35 am

    ကျိုက်ထီးရိုးကို တစ်ခါပဲ ရောက်ဖူးသေးတယ်။
    နောက်တစ်ခေါက် အရမ်းသွားချင်တယ်။ တောင်တက်လမ်းက ခြေလျင်တက်ပြီးတော့။ ရှုခင်းတွေ အရမ်း လှတယ်တဲ့။

  • kyeemite

    May 23, 2014 at 1:31 pm

    ပီးခဲ့တဲ့ မတ်လက ကလေးတွေ ကိုလိုက်ပို့ရင်း ဘုရားဖူးရောက်ခဲ့သေးတယ်..ကြည်နူးစရာကောင်းပါတယ်

  • myat pearl phyu

    May 23, 2014 at 4:51 pm

    ကျိုက်ထီးရိုး ပထမတစ်ခေါက်က ငယ်သူငယ်ချင်းတွေနဲ့ သွားတာ… ဘုရားအပြင် ရေတံခွန်လည်း ဆင်းခဲ့ကြသေးတယ်…ကျီးကန်းပါးစပ်ဘေးကလမ်းကနေ လမ်းမှားဆင်းသွားကြတာ..ကံကောင်းလို့ ရှေ့မှာလည်း ကိုယ့်လိုသွားမယ့် အစ်ကိုကြီး ၃ ယောက် အဖွဲ့ရှိသေးလို့ …လမ်းမှားလို့ မှားမှန်းမသိဘူး…ဆင်းတုန်းက တစ်လမ်း ပြန်တက်တော့ တစ်လမ်းနဲ့ မောလိုက်တာ အဲ့၁ခါထဲနဲ့ မှတ်ကရော …ရေတံခွန်ရယ် …

    ဒုတိယက အလုပ်ကအဖွဲ့နဲ့သွားတာ .. ဘုရားဖူးပြီးတော့ .ကျောက်ထပ်ကြီးဘက်သွားကြတယ်..တစ်တောင်ဆင်းတစ်တောင်တက်နဲ့ သွားလိုက်ရတာ…ဘွတ်နဲ့ ရွတ်နဲ့ သမားတွေကတော့ ခံပေတော့ ..ချွတ်လိုက်ကြ ဝတ်လိုက်ကြနဲ့ …လမ်းတစ်လျှောက်ပေါလိုက်တဲ့ အလှူခံများဆိုတာ..လူတွေကလည်း ကြပ်ပြွတ်ညှပ်နေတာပဲ …ရင်ပြင်မှာတောင်အပြည့် အိပ်တဲ့လူတွေနဲ့ …တောင်တက်ကားကလည်း မနည်းတိုးကျိတ်တက်စီးခဲ့ကြရ..အော် မြန်မာပြည်အရပ်ရပ်က ဘုရားဖူးတွေများ ဘုရားကို ခက်ခက်ခဲပင်ပန်းကြိးစွာ လာပြီးဖူးကြတာလို့ အတော်တန်ခိုးကြီးတဲ့ ဆံတော်ရှင်ပါပဲလို့ …

  • we R one

    May 24, 2014 at 10:37 am

    2006 လောက်က တစ်ခေါက်ရောက်ဖူးတယ်…။ ရသေ့တောင်ထိပ်ရော ၊ ရေတံခွန်ရော၊ ကျီးကန်းပါးစပ်ရော တော်တော်များများရောက်ဖြစ်တယ်..။ နောက်ပိုင်းသွားမယ်သွားမယ်နဲ မသွားဖြစ်ခဲ့ဘူး…။ ကျိုက်ထီးရိုးကို လမ်းလျှောက်တက်ဖို့နေနေသာသာ ဆင်တာတောင် တော်တော် ပင်ပန်းတယ်….။ ဒီနှစ်တော့ သွားဖူးဖြစ်အောင် သွားမယ်လို့ စိတ်ဆုံးဖြတ်ချက်ချတယ်…။
    ကျိုက်ထီးရိုးမှာ တည်းခိုးခန်းတွေ ၊ ဈေးဆိုင်တွေ ၊ ထမင်းဆိုင်တွေက တအားစီးပွားရေဆန်လွန်းတယ်…။ အလျှူခံတွေရောပဲ.. အလျှူခံနေတာနဲမတူဘူး…။

Leave a Reply