ဂဇက်မန်ဘာအချင်းချင်း နုတ်ခွန်းဆက်ကြလေသောအခါ

 

ရန်ကုန်-မန်း အမြန်လမ်းနှင့်မခြား ခဏခဏ ချော်လဲနေသော ဂဇက်မြို့အ၀င်လမ်းကြီးကိုလည်း တာဝန်ရှိတဲ့သူတွေ ပြင်သင့်ပါပြီလေ။

ဘယ်နယ့်ဗျာ အပတ်တိုင်းလိုလို သတင်းတွေမှာ ဘယ်ခရီးသည်ကားတော့ မှောက်ပြန်ပြီ ဟိုကိုယ်ပိုင်ကား ကတော့ လမ်းလည်ကျွန်းတိုက်ကာ တပတ်လည်လို့ ဘာကားကတော့ ရစရာတောင်မရှိဘူး ဖြစ်သွားတာ ဆိုတာတွေကို သတင်းတွေ ဖေ့ဘုတ်တွေမှာ ကြားကြားနေရတော့ မြန်မာပြည်ရဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းက သေမင်းတမန်လမ်းလိုဖြစ်နေတဲ့ သတင်းတွေကြားရကာ စိတ်မကောင်းဖြစ်နေလို့ ဖေ့ဘုတ်လေးဖွင့်သုံးပြီး ဂဇက်ရွာဖြစ်တည်ကထဲက ရင်းနှီးလာတဲ့ဘော်ဘော်တွေနဲ့ ပြန်လှန်ပြောဆို နောက်ပြောင်ကာ စိတ်လေးအပန်းဖြေမယ်ကျန်ကာရှိသေးတယ်

” လေးခ ရွာထဲဝင်လို့ရလား ” တစ်ယောက်က စမေးပြီ

” ဦးခ ဒီမနက်ရွာထဲ ၀င်လို့ရလား ” ဟော နောက်တယောက်က မေးလာလို့

” ကိုခ ရွာထဲ ခင်ဗျားဝင်ကြည့်သေးလာ ကျုပ်ကတော့ ၀င်မရဘူး ” ဆိုပြီး ဆရာပေါက်ကတစ်မျိုးမို့

ကဲ ရွာထဲဝင်ကြည့်အုံးမှာဘဲဆိုပြီး ကျုပ်ဝင်လိုက်တဲ့အခါ

Not Found

The requested URL /195905 was not found on this server.

Apache/2.2.9 (Debian) PHP/5.2.6-1+lenny9 with Suhosin-Patch Server at myanmargazette.net Port 81

 

အဲလိုဖြစ်တာ ဒီတစ်ခါဘဲလို့ မပြောလေနဲ့နော် ဂဇက်မန်ဘာတွေလိုက်မေးကြည့် သူလည်း အပတ်တိုင်းလိုလို ဖြစ်နေလေတော့ ဂဇက်မန်ဘာအချင်းချင်းတွေ့ရင် “ထမင်းစားပြီးပြီလား” “နေကောင်းလား” “အလုပ်အကိုင် အဆင်ပြေလား” “How are you” လို့မမေးကြဘဲ ဂဇက်ရွာမှ ဂဇက်မြို့တည်ပြီးသည့် အချိန်မှ စ၍ ဂဇက်အ၀င် လမ်း သည်လည်း ရန်ကုန်-မန်း အမြန်လမ်းနှင့်မခြား ခဏခဏ ချော်လဲနေသောကြောင့် ဂဇက်မန်ဘာအချင်းချင်း နုတ်ခွန်းဆက်ကြလေသောအခါ “ရွာထဲဝင်လို့ရလား” ဟုဆိုလေသတည်း။

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..