ဂဇက်မန်ဘာအချင်းချင်း နုတ်ခွန်းဆက်ကြလေသောအခါ

ခင္ခMay 22, 20141min22519

ဂဇက်မန်ဘာအချင်းချင်း နုတ်ခွန်းဆက်ကြလေသောအခါ

 

ရန်ကုန်-မန်း အမြန်လမ်းနှင့်မခြား ခဏခဏ ချော်လဲနေသော ဂဇက်မြို့အဝင်လမ်းကြီးကိုလည်း တာဝန်ရှိတဲ့သူတွေ ပြင်သင့်ပါပြီလေ။

ဘယ်နယ့်ဗျာ အပတ်တိုင်းလိုလို် သတင်းတွေမှာ ဘယ်ခရီးသည်ကားတော့ မှောက်ပြန်ပြီ ဟိုကိုယ်ပိုင်ကား ကတော့ လမ်းလည်ကျွန်းတိုက်ကာ တပတ်လည်လို့ ဘာကားကတော့ ရစရာတောင်မရှိဘူး ဖြစ်သွားတာ ဆိုတာတွေကို သတင်းတွေ ဖေ့ဘုတ်တွေမှာ ကြားကြားနေရတော့ မြန်မာပြည်ရဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းက သေမင်းတမန်လမ်းလိုဖြစ်နေတဲ့ သတင်းတွေကြားရကာ စိတ်မကောင်းဖြစ်နေလို့ ဖေ့ဘုတ်လေးဖွင့်သုံးပြီး ဂဇက်ရွာဖြစ်တည်ကထဲက ရင်းနှီးလာတဲ့ဘော်ဘော်တွေနဲ့ ပြန်လှန်ပြောဆို နောက်ပြောင်ကာ စိတ်လေးအပန်းဖြေမယ်ကျန်ကာရှိသေးတယ်

” လေးခ ရွာထဲဝင်လို့ရလား ” တစ်ယောက်က စမေးပြီ

” ဦးခ ဒီမနက်ရွာထဲ ဝင်လို့ရလား ” ဟော နောက်တယောက်က မေးလာလို့

” ကိုခ ရွာထဲ ခင်ဗျားဝင်ကြည့်သေးလာ ကျုပ်ကတော့ ဝင်မရဘူး ” ဆိုပြီး ဆရာပေါက်ကတစ်မျိုးမို့

ကဲ ရွာထဲဝင်ကြည့်အုံးမှာဘဲဆိုပြီး ကျုပ်ဝင်လိုက်တဲ့အခါ

Not Found

The requested URL /195905 was not found on this server.

Apache/2.2.9 (Debian) PHP/5.2.6-1+lenny9 with Suhosin-Patch Server at myanmargazette.net Port 81

 

အဲလိုဖြစ်တာ ဒီတစ်ခါဘဲလို့ မပြောလေနဲ့နော် ဂဇက်မန်ဘာတွေလိုက်မေးကြည့် သူလည်း အပတ်တိုင်းလိုလို ဖြစ်နေလေတော့ ဂဇက်မန်ဘာအချင်းချင်းတွေ့ရင် “ထမင်းစားပြီးပြီလား” “နေကောင်းလား” “အလုပ်အကိုင် အဆင်ပြေလား” “How are you” လို့မမေးကြဘဲ ဂဇက်ရွာမှ ဂဇက်မြို့တည်ပြီးသည့် အချိန်မှ စ၍ ဂဇက်အဝင် လမ်း သည်လည်း ရန်ကုန်-မန်း အမြန်လမ်းနှင့်မခြား ခဏခဏ ချော်လဲနေသောကြောင့် ဂဇက်မန်ဘာအချင်းချင်း နုတ်ခွန်းဆက်ကြလေသောအခါ “ရွာထဲဝင်လို့ရလား” ဟုဆိုလေသတည်း။

 

ခင်ခ။

19 comments

  • ကေဇီ

    May 22, 2014 at 3:48 pm

    ဒီ နေ့ ဘာ ဂဏန်းရလဲ ထက်စာရင် တော်သေးသလားးး

    😀

  • ကြောင်ဝတုတ်

    May 22, 2014 at 4:04 pm

    ရွာအဝင်လမ်းမကြီးက အမြန်လမ်းမဟုတ်ဘူးဗျ…
    အနှေးလမ်း…လမ်းကတော့ဖြင့် MPT က ပြင်မှရမယ်…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • အော် ဂလိုလား.. ဘာမှမဘူးပါနဲ. ကိုခရယ်.. အခု သဂျီးမင်း အဲဒီလမ်းကြီးကို ကွင်းဆင်းလေ့လာနေပါတယ်… ထပ်တစ်ရာ ခင်းးး အဲလေ.. ကတ္တရာ ခင်းပေးမယ်ဆိုလားပဲ..
    သဂျီးက အဲလို ကွင်းဆင်းရင် အမှာတော်ပါးသွားတာက ရွာသူားတွေ တရက် နှစ်ထောင် နဲ. စားလောက်တယ်ဆိုလားပဲဗျ…..ဟေးဟေးဟေး…

  • alinsett (gazette)

    May 22, 2014 at 4:31 pm

    ရွာအဝင်လမ်း ခက်ခဲကြမ်းတမ်းတာတော့
    အင်တာနက်လိုင်းနဲ့ ဆိုင်မယ်ထင်တယ်
    ကျနော် wifi နဲ့ သုံးရင် အဆင်ပြေပြီး
    ဖုန်း အင်တာနက်လိုင်း တစ်မိနစ် လေးကျပ်နဲ့ ဝင်ရင်
    အင်မတန်မှ နှေးကွေးတယ်
    ဖုန်း နက်လိုင်းက မနက်စောစောပိုင်းဆိုရင် good တယ်
    နေ့လည် ဆိုရင် အဝိုင်း လည်မဆုံးပြီ
    ညနေဆိုရင်တော့ ပေါ်ကိုမလာတော့တာ. . .

    • naywoon ni

      May 22, 2014 at 4:44 pm

      အလက်​ဆင်​းက ၁မိနစ်​ ၄ကျပ်​ဆို​တော့ CDMA ဖြစ်​ပုံရတယ်​ ။ GSM က လိုင်​းပို​ကောင်​းတယ်​ဆိုပဲ ။ ရန်​ကုန်​မှာ ​ပြောတာ​လေ ။ ​နေပူ​တော်​မှာလဲ မီးပျက်​ရင်​ CDMA က လိုင်​းတန်​းကျသကွဲ့ ။။ GSM ​တွေက​တော့ လိုင်​း​ကောင်​း​နေတာ ၁ဝရက်​ ​ကျော်​ ပီထင်​တယ်​ ။ ဘ​ရောက်​ဇာက​နေဝင်​တာ ဖွတ်​ကနဲ ဖွတ်​ကနဲ ပဲ ။ ပတ်​စ်​ဝတ်​ကိုလဲ မှတ်​ထား​ပေးတာဆို​တော့ ပြန်​ရိုက်​စရာမလိုဘူး ။ ဒါတိုက်​ပဲ ။ စာရှည်​ရှည်​ ဖတ်​ချင်​ရင်​ အင်​တာနက်​​လေး ခဏ ပိတ်​ ပြီးမှ ပြန်​ဖွင်​့ ။ အဆင်​ကို​ပြေလို့ ။ ​ဖေ့စ်​ဘွဆ်​က​နေတာ့ အပလီ​ကေးရှင်​းနဲ့ အဆင်​မ​ပြေဘူး ။ ဘ​ရောက်​ဇာက ဝင်​မှ ဒါ့ပုံနဲ့ ကွန်​မန်​း​ပေးလို့ရတယ်​ ။ ပြီး​တော့ ဘ​ရောက်​ဇာ တစ်​ခုကို ​ဖေ့စ်​ဘွတ်​အ​ကောင်​့တစ်​ခုထည်​့ဖွင်​့လို့ရတယ်​ ။ ​ကောင်​မ​လေး​တွေ လုပ်​ခိုင်​းတဲ့ ​ဖေ့စ်​ဘွတ်​အ​ကောင်​့​တွေ ဒီဖုန်​း​လေးနဲ့ လုပ်​​ပေး​နေတာ​ပေါ့ ။

  • TNA

    May 22, 2014 at 5:01 pm

    သများဖုန်းက WCDMA အင်တာနက်အတော်အဆင်ပြေနေတယ်။ လိုင်းတွေကကောင်းဘူးရယ်။ ရွာထဲခက်ခက်ခဲခဲဝင်ရတယ်

  • kai

    May 22, 2014 at 5:08 pm

    ဆာဗာအပေါက်က… 1Gbs ဗျ…။
    Backbone ပေါ်ထိုင်ထားတာ..။ အမြန်လမ်းမကြီးဖြစ်ကြောင်း…။
    နှေးတာကတော့.. ဆိုင်ရာယဉ်မောင်းသူများ.. တာဝန်ဖြစ်ကြောင်း..။ :mrgreen:

  • lu lu

    May 22, 2014 at 6:22 pm

    ဟေးးးး
    သများရဲ ့ရွာအ ဝင် လမ်းကတော့ ဇော်ပိုင် ရဲ ့မြို ့အဝင် ညလိုပဲ သီချင်းလေး
    ဆို wifi စီးပြီးငြိမ့်ငြိမ့် လေးလှမ်းဝင် လိုက် ရုံပဲ အာဟ
    😀

  • ခင် ခ

    May 22, 2014 at 9:54 pm

    သဂျီးအခုလို ဂဇက်မြို့ကြီးအကြောင်း ဝင်ကြွားမယ်ဆိုတာ သိနေပြီးသားပါ။ကျုပ်တို့တိုင်းပြည်ကသူတွေ အဲလိုခက်တာတောင်မရမကဝင်ကြတဲ့ ရွာသံဃောဇဉ်လေးကို သိစေချင်လို့ပါဗျ

  • Kaung Kin Pyar

    May 23, 2014 at 5:43 am

    ကောင်းကပြာတော့ မနက်နိုးရင် မျက်လုံးမပွင့်ခင် ဖုန်းကိုအရင်စမ်းတယ်။ ၆ ဝန်းကျင်လောက်က လိုင်းရတယ်လေ။ ခုသုံးနေတာတောင် ၅နာရီ မခွဲသေးဘူး။ အဲ့လို ကြိုးစားတယ်။ မဟုတ် ဘယ်ဘက်ကအပြာချောင်း ညာဘက်ထိရောက်ဖို့ အတော်စောင့်ရတာ။ တခါတခါ သည်းခံတာတောင် ဒင်းက အဲ့နားက တက်မလာဘူး။ ကိုယ်တင်ထားတဲ့ ပိုစ့် comment အသစ်ရောက်တာတော့မြင်ပြီး ဖွင့်မရလို့မးတော့လား MPT ကို မေတ္တာပို့မဆုံးးး

  • Wow

    May 23, 2014 at 9:31 am

    မနက်ဦးပိုင်းနဲ့ ညပိုင်းဆိုရင် အတော်မြန်သဗျ….
    အနော့်အိမ်က ၅ ထပ်ဆိုတော့ လိုင်းပိုမိသလား မသိ :mrgreen:

  • kyeemite

    May 23, 2014 at 10:46 am

    အိမ်သာနက် မကောင်တာကတော့ မထူးဆန်းတော့ပါဘူးလေ..
    တစ်ခါ..တစ်ခါ တော်တော်ကောင်းမှသာ အံ့ဩစရာ….

  • အိမ်မှာက လုံးဝ လိုင်းမရဘူး.. အိမ်မှာတင် မဟုတ်ပါဘူး.. ရုံးဆင်းချိန်ဆို ဘယ်မှာမှ လို်င်းမရတာ..
    ရုံးမှာကလည်း စက်တွေကို အင်တာနက်ပိတ်ထားတယ်..(public access တစ်လုံးပဲ ဖွင့်ထားတာ)..
    ဝိုင်ဖိုင်လည်း ပိတ်ထားတယ်..
    နေ့လည်ဘက် ရုံးမှာပဲ ဖုန်းဖွင့်ပြီး ကလိလေသတည်းပေါ့….
    အာ့ကြောင့် ရွာပြင်ကပဲ ပတ်ချောင်းနိုင်တယ်… 🙁

  • ခင် ခ

    May 23, 2014 at 2:22 pm

    သဂျီးနှင့်နိုင်ငံခြားရောက် ဆရာ ဆရာမ များကတော့ ရွာ(မြို့) အဝင်းလမ်းက သာယာပါဘိတဲ့လေ။
    အင်း မြန်မာပြည်အကြောင်း မြန်မာပြည်နေ မြန်မာတွေ ပိုသိလေသတည်း ဟုသာဆိုရမယ်ထင့်။
    ကွန်မန့်ပေးကြသူ ရွာသူားများကို ကျေးဇူးပါနော်။

  • myat pearl phyu

    May 23, 2014 at 2:23 pm

    ရွာထဲ ဝင်လို့ ရသယ်..ကွန်မန့်ပေးတာ ရပု..
    spam ထဲရောက်နေသယ်..ဘာဖစ်လည်း မသိ

  • black chaw

    May 23, 2014 at 3:22 pm

    ကျွန်တော်တို့ လှိုင် မြို့နယ် ဘက်က
    နက် ဆိုင်တွေ မှာတော့ အလွန်မြန်တယ်လို့ ပြောရမယ်ဗျ…။
    အဲ…ဖုန်း နဲ့ကတော့ ဝင်ရခက်ပါတယ်…။
    ဒါတောင် မနက် ၄ နာရီနဲ့ ၅ နာရီကြားလောက်ဆိုရင်…
    တော်တော် မြန်နေသေးတာဗျ…။
    အဲဒီလို…။

  • myat pearl phyu

    May 23, 2014 at 4:36 pm

    ကွန်မန့်လေး အပေါ်ရောက်တွားပီ ..မြင်ရထှာ ဝမ်းသာထှာ …ေိခိ

  • Mr. MarGa

    May 23, 2014 at 6:32 pm

    ရှားရှားပါးပါး
    ကျနော် ရွာဝင်တိုင်း နှေးတာပဲရှိတယ် ဝင်လို့ကတော့ ရနေတာပဲ
    ခုနောက်ပိုင်း မအော်ရတာတောင် ကြာပေါ့
    သည်းခံကြပါဗျာ
    တို့ခေတ်ကို ရောက်ရမည်မှာမလွဲပါ 🙂

  • aung moethu

    May 29, 2014 at 9:46 am

    ရွာကတော့ အခြားဆိုက်ဒ်တွေထက်စာရင် ဝင်ရတာပိုနှေးပါတယ်။ ကျတော် သုံးနေကျတော့ အဲ့ဒါတော့ သိတယ်။

Leave a Reply