ညီလေး အလင်းဆက် နှင့် မြန်မာစာချစ်သူ ရွာသူ / ရွာသားများသို့ အပိုင်း(၁)

ေရႊညာသားMay 23, 20141min28322

ညီလေးရေ

 

ကိုယ်က ရွာထဲကို မဝင်ဖြစ်ပေမဲ့ နေ့တိုင်းလိုလို ဝင်ကြည့် ဝင်ဖတ်တဲ့အထဲမှာ ပါပါတယ်။ဒီကြားထဲ အလင်းဆက် တို့ စာရေးကောင်းတဲ့ ကိုခေါင်တို့ စကြနောက်ကြ ရေးကြတာတွေကို ဖတ်ပြီး သိပ်အားရတာပဲ။

ဒီကြားထဲ ဘလက်ကြီးရဲ့ ချိုပေါ့ကျ ကို စောင့်ဖတ်ရတာ အနှစ်သက်ဆုံးပဲ ။

ခက်တာက နေ့တိုင်းကို ချိုပေါ့ကျ ကိုဖတ်ချင်တာ ။ဖတ်ခွင့်မရတာ ဒုက္ခတစ်ခုပါပဲ ညီလေးရေ

ဒီတော့ အာသာပြေ ညီလေးတို့ လုပ်တဲ့ ကဗျာပြခန်း သိပ်ကြိုက်တာပေါ့။မကြာခဏဝင်ဖတ် ခံစား

ကြည့် နောက် လိုချင်တာလေးတွေ ကူထား။

ဒီအချိ်န်မှာ ကဗျာပြခန်းရပ်တော့မယ်ဆိုတော့ ရင်ထဲမှာ သိပ်မကောင်းတော့ဘူး။ခံစားကြည့်ရတာ

အလင်းဆက် ထက် မပိုရင်တော့ မလျှော့တာတော့သေချာတယ်။

RASU ထဲမှာ ကဗျာ ဆောင်းပါးလေးတွေ နံရံကပ် စာစောင်လေးတွေလုပ်ကြတော့ ဖတ်ကြတဲ့ သူတွေ

ရှိနေရင် လုပ်တဲ့ အကိုတို့အဖွဲ့ အရမ်းဝမ်းသာတာ ။အဲဒီ့ခေတ်က လက်ရေးနဲ့ ရေး ပြီးတော့ ရေဆေးပန်းချီနဲ့ သရုပ်ဖော်ပုံတွေဆွဲ သိပ်ပင်ပန်းတဲ့ခေတ်ကိုး

ညီလေးရေ။

စာစောင်လေးတွေကို ကပ်ထားရင်းတဲ့ အီကိုက (အရီးလတ်တို့လို) စီးပွားရေးမယ်လေးလှလှတွေ RASU က မမတွေ

ခိုးဖြုတ်ယူကြလွန်းလို့ ကိုယ့်နံရံကပ်စာစောင်တွေကို ညလည်း စောင့်အိပ်ဖူးပါရဲ့။

ဒီကြားထဲ ရက်ပြည့်လို့ အဲဒီ့စာစောင်လေးတွေကို ပြန်ဖြုတ်ရမယ်ဆို ရင်ထဲမှာ မကောင်းလိုက်တာ။

သတိထားပြီးသေသေချာချာဖြုတ်တယ်။

ပြီးတော့ အခုထိသပိကြိုက်တဲ့လက်ရာလေးတွေဆို သိမ်းထားတယ်။နောက်ပြီးတော့ အဲဒီ့အချိန်ကခံစား

ရတာတွေကလည်း အခုညီလေးခံစားရသလိုပဲနေမှာပါ။

အဲကိုယ်က RASU ခေတ်ကဆိုတော့ ညီလေးတို့ခေတ် ကလို ကွန်ပျုတာ ပေါပေါများများမဟုတ်ပေဘူးပေါ့။ရှားပါးပုံများ အရီးလတ်သာမေးကြည့်ပါကွယ်။

 

ထားပါ။ဒါပေမယ့် ကဗျာပြခန်းက ကဗျာမရလို့ဆိုတော့ အကိုက ညီလေးကို အကြံပေးချင်တာ

အကိုသိပ်ကြိုက်ခဲ့တဲ့ ဆရာမင်းသုဝဏ်တို့ ရဲ့ ကလေးကဗျာတွေ ဆရာတင်မိုးရဲ့ ကဗျာတွေ နောက် ရှေးရှေးက

မြန်မာခေတ်စမ်းစာပေတွေကိုရော ညီလေး ပြန်ခံစားပြီး ပြန်ပြီး ရွာသူ/ရွာသားတွေခံစားကြည့်လို့မရနိုင်ဖူးလား။

ညီလေးဖတ်ရင်လဲ ဖတ်ဖူးပါလိမ့်မယ်။ ဆရာတိုက်စိုးနဲ့ ဆရာမင်းယုဝေတို့ရဲ့ မြန်မာစာ မြန်မာမှု့ စာတမ်းတွေလေ ။

တက္ကသိုလ် အကိုတို့ခေတ်က မြန်မာစာမိတ်ဖွဲ့ဆိုပြီးတောင်မှ ကျောင်းသုံး ပ – နှစ် ၊ ဒု – နှစ် ပြဋ္ဌာန်းချက် ထွက်လာသေးတာပဲ။

အဲဒီ့လိုမျိုး ကဗျာကောင်း ၊ စာကောင်း တွေ တတ်နိုင်ရင် တစ်ချိန် တစ်ခေတ်က သီချင်းကောင်းတွေ

ဥပမာ ညီလေးရေ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ တိတ်တခိုးကဗျာတွေကို ခင်မောင်တိုးကြီးပြန်ဆိုတော့ တောင်ငူဆောင်

ရှေ့မှာ အငြင်းလွန်လို့ အကိုတို့ကို အင်္ဂလိပ်စာဋ္ဌာနက အန်တီကြီးထား ကိုယ်တိုင် ဝေးဝေးသွားခိုင်းဖူးသပေါ့။

ထားပါ့တော့ညီရယ်။ အကိုအခုညီ့ကို ပြောကြည့်မယ်လေ။အကိုက အကို့အမြင်နဲ့ပေါ့ကွာ။ညီအပါအဝင် ရွာသူ/ရွာသားတွေက

ပြန်လည်း ဆွေးနွေးလို့လည်း ရနိုင်တာပေါ့။

( အဲ ကိုယ်က သရုပ်ပြပေးတာနော်။ ကိုယ်က ညီ့ကို စကားပြောချင်လို့ရွာထဲလာတာဆိုတော့ ပြန်ပြီးတော့ Comments နဲ့ မရေး

တော့ဘူး။ ညီလေးတို့ပဲ ဆက်ဆွေးနွေးပေါ့ကွာ။ )

 

ဆိုလိုချင်တာ ညီလေးရေ ညီလေးကြိုက်တဲ့ ကဗျာတွေ စာတွေ စာပြောင်တွေကစလို့ စာညွှန်းလေးပုံမှန်ရေးပါလားလို့ အကိုအကြံ

ပေးချင်တာပါ ။ညီလေးလက်ခံချင်မှလည်း လက်ခံပါလိမ့်မယ်။ဒီတော့ စတိလေးတော့ အကိုညွှန်းဆိုကြည့်မယ်လေ။

 

ညီလေးရေ

ကလေးကဗျာထဲမှာဆို ဆရာမင်းသုဝဏ် ၊ ဆရာတင်မိုး နောက် တေဇတို့ တို့ကျောင်းသား( မဆလခေတ် စာစောင်)ကထုတ်တဲ့အထဲက ဆရာ ရွှေဒါးမောင်လေးရည် ( အခုတော့ Eleven ) မှာ ပြန်တွေ့နေရတာတွေက အကို့ အကြိုက်တွေပေါ့ကွာ။

ဆိုကြပါစို့ကွာ ။  ကလေးကဗျာတော်တော်များများလည်း Hip – Hop ကုန်ပေမယ့် ကျန်နေသေးတဲ့ ဆရာကြီး မင်းသုဝဏ်ရဲ့ ကြွက်ကလေး ကဗျာလိုမျိုး

 

 

ကြောင်ကလေးက ဗေဒင်တွက်လို့

                                      ကြွက်ကလေးက ချောင်မှာငို မျက်ရေတောက်တောက်ယို။

                                      မငိုပါနဲ့ ကြွက်ကလေး ဗေဒင်ဆရာ အတွက်မှားလို့

                                      စပါးကျီအို ကြိုအကြားကို သွားပြီကွဲ့လေး။

 

ကဲ ညီလေးရေ။ဖတ်ကြည့်စမ်းပါကွာ။ပိုစ့်မော်ဒန်ကိုလည်း အကို မတော်လှန်ပါဘူး။ ကာရံခေတ်ကို ရိုက်ချိုးပြစ်ဆိုတဲ့ ခေတ်ပျက်ကြီး

ထဲမှာလည်း အကိုဝင်မပါခဲ့တာ ငါ့ညီလက်ခံရောပေါ့နော်။

အကိုတို့ခေတ်က မူကြိုမှာ ဆိုခဲ့ရတယ်။ ကလေးတွေ အကြိုက်ပေါ့ကွာ။ဆရာမကြီးတွေက ရှေ့ကဆိုပြရင် နောက်က အကိုတို့လိုက်ဆိုရတာလေ။

နောက် ဆရာမကြီးတွေက သရုပ်ပြတဲ့လက်ဟန်အမူအရာတွေအတိုင်း သွားပြီကွဲလေး  ဆိုတဲ့ အပိုဒ်မှာ လက်လေးနှစ်ဖက်မြှောက်ပြီး

ပြိုင်တူဆိုခဲ့ရတာလေး အရမ်းသတိရပါ့ ညီလေးရေ။

စပါးကျီဆိုတာ ရှားပါးသွားတဲ့ခေတ်မှာ လက်သည်းသွေးနေတဲ့ ကြောင်လေး ကို ချစ်စနို်းနဲ့ ကြောင်လေးဗေဒင်တွက်နေတယ် လို့

လူကြီးတွေသင်ပေးခဲ့တာကို ကလေး ဘဝက သဘောအရမ်းကျခဲ့ဖူးတာပေါ့။

ကြွက်ကလေးက ပုန်းနေတဲ့ပုံ ကိုယ်လေးပုပြနေတာကို ဆရာမကြီးတွေ လုပ်ပြတော့ ခစ်ခစ်မည်အောင်လည်း အကိုတို့ ရယ်ခဲ့ဖူး

သကွ။

ဒီတော့ အကိုက အကျယ်မှ ရှင်းပြစရာမလိုတာ အကို့ ရင်ထဲက ကြိုက်တဲ့ ကဗျာလေးကို ညီ့အတွက် ကဗျာချစ်တဲ့ ညီလေးအတွက်

ရွေးထုတ်ပြတာတွေပါညီရာ။

ဒီကဗျာလေးတွေ အခုတော့ တိမ်မြုပ် ပျောက်ကွယ်ပေါ့နော်။

နောက် အိပ်ယာပေါ်ဆော့လွန်းတဲ့ အကိုတို့ကို မေမေသင်ပေးတဲ့

 

ခေါင်းအုံးကြီး ခေါင်းအုံးကြီး   မြင်းပျံလုပ်လို့စီး။

                             ခေါင်းအုံးကြီးက မိုးပေါ်ပျံ     မိုးက ခြင်ထောင်ခံ ။

                             ခြင်ထောင်ခံလို့ မြေမှာပြေး   တိုက်ဟဲ့ ဇာနည်သွေး။

 

ကဲ ညီရေ။ကလေးဘဝက အကိုတို့ အိပ်ယာပေါ်တတ် ခေါင်းအုံးကြီးကို ခွလို့ ဒီကဗျာကို အသေအလဲအော်ခဲ့ဖူးသပ။

ကဲ စကားကောင်းနေလိုက်တာညီလေးရေ ။ဒါတွေက အကိုကြိုက်တယ်ဆိုတဲ့ ကလေးကဗျာလေးတွေပါ။

ရှင်းပြစရာမလိုတဲ့ ကဗျာလေးတွေပေါ့။ဒါဆိုရင် အကိုရာ အကိုခံစားလို့ရနိုင်အောင် ငြင်းခုန်ခြင်းအနုပညာရဲ့ နိဒါန်းတစ်ခုကို

ပြပါဆိုရင်ရော ကဲ အကိုပြမယ် ညီလေးရေ။

 

ဟိုနားက ယောင်ပေယောင်ပေ သားတစ်ယောက်အဖေ ၊ ခေင်းပေါင်းစရှည် ဟန်နေကကြော့

                   လူပျို့ပုံလာမလုပ်နဲ့ ရွာရှုပ်တယ်တော့ ။

 

ကဲ တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ အိုင်ချင်းထဲက တစ်စပါညီလေးရေ။

ရွှေနောင်သူတွေ ဆန်ဖွပ်ရင်း မောင်းထောင်းရင်း ဆိုကြတဲ့ မောင်းထောင်းတေးသီချင်းတွေထဲက တစ်ပို်ဒ်ပါကွာ။

ဆန်ဖွပ်တယ်ဆိုတာ ညီသိမှာပါ။သစ်သားဆုံကြီးထဲမှာ တစ်ဖက်က ခြေနင်း ရင်း အရှေ့ကတစ်ယောက် ဆန်မွှေပေးရင်း အပျိုတွေ

အပြိုင်အဆိုင် စာချိုးရင်း စာစပ်ကြသတဲ့။သမိုင်းတစ်ခွင် စာတင်လောက်တဲ့ မောင်းတေးသီချင်းတွေက ရွှေနောင်ရွာသူတွေထွက်တဲ့ ညီလေးရေ။

 

ကဲ အပျိုတွေ ဆန်ဖွပ်တဲ့နားလာပြီး လူပျိုဂိုက်ဖမ်းနေတဲ့သူဆိုရင် ညီရော ဒီလိုပဲ စာချိုးမိမှာ မဟုတ်လားကွာ။အဲ တစ်ချို့ကလည်း

ဆိုလေရဲ့              လူပျိုကို ကလေးအဖေသဖွယ် စောင်းဆိုသတဲ့ ညီရေ။

ဆိုလိုချင်တာက ရွှေနောင်သူတွေ စာချိုးပုံ စာစပ်လှပုံ ညဏ်သွားပုံပေါ့ညီရာ။

နောက်ရှိသေးရဲ့

 

ခေါင်းပေါင်းစရှည်ရှည်ချလို့ မိန်းမလှကိုရှာ ချောင်းကြည့်ပြုံးပြန်နှင့်

                                      အတန်တန်ဟန်တွေလုပ်ပေမယ့် ကျိုးယုတ်မည်သာ ။

                                      ကိုဟဝှာ လိုတာကိုမရ ပျို့အိမ်မှာ ခွေးပိန်မနှင့်ညားစေမယ်ပ ။

 

ကဲ ညီရေ။အကိုဆိုရင်တော့ နောက်များတော့ ဒီရွာသူတွေရှေ့က ဖြတ်ကိုမသွားရဲ့တော့ပါဘူးကွာ။နှုတ်စွမ်းထက်လိုက်ပုံ

များ ညီရေ။

အကိုတော့ သေချာတယ် ညီင်္ရေ ရွှေနောင်သူတွေကို အင်း . . ။

ကဲ ထားပါဦး။ဒါက အကိုချစ်တဲ့ ကဗျာလေးတွေပေါ့။နောက်ရှိသေးလား အကိုလို ညီမေးလာရင် ရှိသေးသပါ့ ညီရာ လို့ အကို ဖြေရမှာပေါ့။ ပြပါဦးဆိုရင်ရော ။ ကဲ ဖတ်သာကြည့်တော့ ညီရေ ။

 

ဖွားဦး ဖွားစကလေးငယ်ကို ရှေ့နောက်ပတ်လည် ကုန်အောင်ရှု တစုံတခု ကိုယ်မှာကပ်လို့ ခဲအိပ်သေနတ်ထိုးတံပါလျှင်

                   ယောကျင်္ားဇာတာ တကယ်ဟုတ်စွ။

                   ငြောင့်ပုန်းခလုပ် တပ်တာခင်းလို့ စစ်တလင်းနှင့် အလားတူ မိန်းမဟူသည့် ဧကန်မှတ်လော့

 

ကဲ ညီရေ ။မြန်မာ ဝီလျံရှိပ်စပီးယားလို့ခေါ်ရတဲ့ စလေမြို့ကဆရာ ဦးပုညရဲ့ ဗေဒင်စာပြောင်ဒုံချင်းပါ့ဗျာ။ညီစဉ်းစားကြည့်စမ်းပါ့ကွာ။

ဗေဒင်လာမေးတဲ့ အခုခေတ်လို အာထရာဆောင်းမလို ဓါတ်မှန်မလိုတဲ့ ယောက်ျားလေး မိန်းကလေးခွဲတဲ့နည်းပ။ ရွာထဲက အန်တီဒုံ မှတ်ထား

သင့်သပ ။ ဟုတ်ဖူးလား ငါ့ညီရာ ။ ဆေးခန်းမှာ လွယ်လွယ်နဲ့ ရှင်းပြနိုင်သပေါ့။ကဲ ကဲ ဆက်ဦးမယ်ညီရေ။

 

ကလော်တိုင်းထွက်သည့်ညဏ်ဆိုတဲ့ စလေဆရာကြီးရှိနေတာတောင် ညီက ကဗျာမရလို့ဆိုတော့ အကိုကတော့ကွာ ညီ့ကို အပြစ်မမြင်

ပေမယ့် နဲနဲတော့ အပြစ်တင်ချင်သဟေ့။ အကိုကတော့ မြန်မာစာကိုချစ်တယ် မြန်မာစာရဲ့ အလှ အဖွဲ့ ကိုကြိုက်တယ်။

ကဲ ညီရေ ငြင်းကြပါ။ ခုန်ကြပါ။ ပြောကြပါ။တွေးတော ဆွေးနွေးကြပါ။ စာတစ်ပိုဒ်ချင်းစီကို ခံစားရင်း ညီရဲ့ စာပေဝိုင်းလေး

ပိုပြီး အောင်မြင်ပါစေလို့ အကို ဆုတောင်းပေးလိုက်ပါတယ်။ကွာ။

ကဲ အကိုချစ်တဲ့ ကဗျာ တွေ စာတွေအကြောင်းကြည့်ပြောနေတာ အချိန်တောင် အတော်လင့်သွားပြီမို့ ကျန်နေတာတွေကို နောက်

များမှ ဆက်ဆွေးနွေကြသေးတာပေါ့ညီရာ။

ဝန်ကြီးပဒေသရာဇာရဲ့ တျာချင်းတွေ ၊ ဖိုးသူတော် ဦးမင်း လူဦးမင်းရဲ့ ကဗျာတွေ ။အခုတော့ အကိုလည်း ညီကို ဒီလောက်ပဲရှင်းပြ

ဖြစ်တော့တယ် ဆိုပေမယ့် အကိုခံစားပြတာထက် ညီဖာသာခံစာရင်များ အရသာပိုများရှိမလားလို့အကျယ်ချဲ့မရှင်းတာပါ ညီရေ။

ကျန်နေသေးတဲ့ ဆရာတင်မိုးတို့ အချို့ချို့သောတွေ အများကြီးရှိသေးတယ်နော် ညီ။နောက်များမှပေါ့။

 

 

ဒီစာကိုရေးလို့ ညီကိုယ့်ကို အပြစ်မမြင်စေချင်ဖူးနော်။ညီ့အတွက်နဲ့ ရွာထဲဝင်လာတာပါ။မြန်မာစာကိုချစ်တဲ့ ကလေးတစ်

ယောက် အောင်မြင်ပါစေလို့ ဆန္ဒပြုပါတယ် ညီရေ။

 

မြန်မာစာ စာပေညွှန်းလေးတွေရှိနေစေချင်တဲ့

ညီရဲ့အကို

ရွှေညာသား

 

22 comments

  • ရွှေညာသား

    May 23, 2014 at 2:43 pm

    ညီလေးရေ မြန်မာစာ စာဖတ်ညွှန်းလေးပေါ်စေချင်လို့ လုပ်နိုင်စွမ်းရှိမယ်ထင်တဲ့
    ညီ့ကို နာမည်တပ်လိုက်တာ စိတ်တော့ မဆိုးကောင်းပါဘူးနော်

  • black chaw

    May 23, 2014 at 2:48 pm

    ဒီကြားထဲ ဘလက်ကြီးရဲ့ ချိုပေါ့ကျ ကို စောင့်ဖတ်ရတာ အနှစ်သက်ဆုံးပဲ ။
    ခက်တာက နေ့တိုင်းကို ချိုပေါ့ကျ ကိုဖတ်ချင်တာ ။

    ကိုရွှေညာသားရေ…။
    ကျွန်တော် ရေးတဲ့ ပို့စ် လေးတွေ ဖတ်တယ်ဆိုလို့ ဂုဏ်ယူပါတယ်ဗျာ…။
    အချိန်ရရင် ချိုပေါ့ကျ ကို ပြန်ကိုင်ဖို့ အစီအစဉ်ရှိပါတယ်ခင်ဗျ…။
    ကျွန်တော်လည်း အလင်းဆက် ရဲ့ ဖတ်ညွှန်းကို
    ဆက်လုပ်ဖို့ ကိုရွှေညာသားနဲ့ အတူ
    ဝိုင်းဝန်းတောင်းဆိုသွားပါတယ် ဗျာ…။
    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော…။

  • ကေဇီ

    May 23, 2014 at 2:50 pm

    ကြောင်ကလေးက ဗေဒင်တွက်လို့

    ကြွက်ကလေးက ချောင်မှာငို မျက်ရေတောက်တောက်ယို။

    မငိုပါနဲ့ ကြွက်ကလေး ဗေဒင်ဆရာ အတွက်မှားလို့

    စပါးကျီအို ကြိုအကြားကို သွားပြီကွဲ့လေး။

    ~~~~~~~~~~~

    ခေါင်းအုံးကြီး ခေါင်းအုံးကြီး မြင်းပျံလုပ်လို့စီး။

    ခေါင်းအုံးကြီးက မိုးပေါ်ပျံ မိုးက ခြင်ထောင်ခံ ။

    ခြင်ထောင်ခံလို့ မြေမှာပြေး တိုက်ဟဲ့ ဇာနည်သွေး။

    ~~~~~~~~~~~~~~~~~~

    ကျနော် ၃ တန်း နဲ့ ကျနော့မောင်လေး ၅ နှစ် ထင်ပါရဲ့။ ဒီကဗျာတွေ အော်ဆိုခဲ့ရတာ။
    အတိတ်ကို တော်တော်လွမ်းသွားပြီ။
    ကျနော့စိတ်ထဲ တိမ်မြုပ်နေတဲ့ အမှတ်တရလေးပြန်ပေါ်လာတဲ့တွက် ကျေးဇူးပါ။

    🙂

  • Mr. MarGa

    May 23, 2014 at 2:54 pm

    အဲဗျ
    အဲ့ကဗျာတွေ ကျနော်မဖတ်ဖူးဘူးဖြစ်နေတယ်
    အဲဒီကဗျာတောမှာ မျောချင်မိသေးရဲ့……………

  • alinsett (gazette)

    May 23, 2014 at 2:55 pm

    စိတ်ဆိုးစရာ မရှိပါဘူးဗျာ
    ကျနော့်ကို သတိတရနဲ့ နာမည်လေးတပ် ရေးထားလေတော့
    ဖတ်ရင်းနဲ့ ကြက်သီးထပြီး ကြည်နူးနေမိတာပါ။

    အလုပ်ထဲမှာမို့ ဒါက ပထမcomment
    ဖတ်ပြီးကြောင်း သတင်းဝင်ပို့တာပါ

    လာဆွေးနွေးပါဦးမယ် အကိုရေ ့. . .

  • nozomi

    May 23, 2014 at 2:59 pm

    ဆွေးနွေး နိုင်တဲ့ အဆင့်မရှိပေမဲ့ စိတ်ဝင်စားဘို့ ကောင်းလို့ စိတ်ဝင်တစားစောင့်ဖတ်ချင်ပါသေးတယ်
    ” အဲ ကိုယ်က သရုပ်ပြပေးတာနော်။ ကိုယ်က ညီ့ကို စကားပြောချင်လို့ရွာထဲလာတာဆိုတော့ ပြန်ပြီးတော့ Comments နဲ့ မရေးတော့ဘူး။ ညီလေးတို့ပဲ ဆက်ဆွေးနွေးပေါ့ကွာ” လို့ တော့ မလုပ်ပါနဲ့ ပြန်ဆွေးနွေးပေးပါဦး ထပ်ရေးပါဦး ဗျ ၊ အလင်းဆက်လေး မလာခင် ကြို ပြောထားတာပါ

    ဒေါ်ကေဇိ ကိုယ်စား မေးလိုက်ပါဦးမယ် ရွှေညာသား လို့ အမည်ပေးရတဲ့ အကြောင်း လေး ဖြေပေးပါဦး ဗျ

    အညာက ပဲ ဆိုရင်တော့ အညာသူ အညာသာ ကျွန်တော့ ဆွေမျိုးများ မှတ်သမို့ ကျနော်နဲ့ အမျိုးတော်တယ်လို့ ပြောရမယ်

  • surmi

    May 23, 2014 at 3:11 pm

    သားလေးက ဘောလုံးကန်
    တကယ့်နတ်မြင်းပျံ
    ဖိုးညဏ် ဖိုးညဏ် ဖန်ကတုံး
    မေမေ့ဆီကိုလာပါဦး
    လာပါဦးလို့မေမေခေါ်
    ဖိုးညဏ်နှုတ်ခမ်းထော်
    သူပျော်ချင်ရာပျော်တဲ့သား
    ဖအေတူမို့လား ။

    ဆရာကြီးမင်းသုဝဏ် လို့ထင်တာဘဲဗျ
    ခတ်မေ့မေ့တော့ဖြစ်နေပြီ 🙂

  • alinsett (gazette)

    May 23, 2014 at 4:57 pm

    ပထမဆုံးပြောချင်တာကတော့
    ကဗျာပြခန်း နားထားချိန်မှာ
    ကဗျာအကြောင်း
    စာအကြောင်းပြောချင်လွန်းလို့ နေမထိထိုင်မသာ ဟာတာတာဖြစ်နေတဲ့ ကျနော်နှလုံးသား. . .
    ထိတ်ခနဲ ဖြစ်ပြီး ရင်ခုန်သွားတာပါပဲ ။

    😆
    —–

    ကဗျာပြခန်း နားလိုက်ရတာဟာ မလွှဲသာလို့ အသည်းမာချင်ယောင်ဆောင်ပြီးနားလိုက်ရတာပါ အစ်ကိုရေ. . .

    ကဗျာပြခန်း နားလိုက်ရတာ ရည်းစားစွှန့်ပစ်ခံလိုက်ရတဲ့ ခံစားချက်မျိုးလားပဲ. . .
    ဟာတာတာကြီးနဲ့. . .
    ကျနော့်အသည်း ဆွဲအနှုတ်ခံလိုက်ရသလို ခံစားနေရတာပါ. . .

    ဒီအချိန်မှာ ကျနော်တို့ချစ်သော ကဗျာပြခန်းကို
    ကျနော်တို့နဲ့ ထပ်တူထပ်မျှ ချစ်နေသော အစ်ကိုတို့လို
    ကဗျာ / စာ ချစ်သူတွေ ရှိနေပါလားဆိုတာ သိရတော့ ကျနေတဲ့ စိတ်အားလေး ပြန်တက်လာတယ်ဗျ ။

    ကဗျာနဲ့ ပက်သက်ပြီး
    ကျနော် ပြောချင်တာတွေ ရေးချင်တာတွေ အများကြီး အများကြီး ရှိပါသေးတယ် ။

    အခု
    အစ်ကို ဆွေးနွေးတာကို တွေ့လိုက်ရတာဟာ
    မပြောဖြစ်တော့ဘူး
    မရေးဖြစ်တော့ဘူးလို့ တွေးလိုက်မိတဲ့ ကဗျာတွေ စာတွေ အကြောင်းးးး
    ပြန်ရေးဖြစ်ဖို့ အားအင်တွေ ပြန်ထည့်ပေးလိုက်သလိုပါပဲ ။

    ကျနော် ကဗျာအကြောင်းတွေ ပြန်ပြောဖို့ အားရှိသွားပါတယ်။
    ————-

    ကျနော်က ကဗျာတွေ စာတွေကို ချစ်တဲ့လူတစ်ယောက်ဆိုတာ အသိအမှတ်ပြုပြီး ကျနော့်နာမည်လေး ခေါ်ရေးလိုက်တာလည်း အင်မတန်ကြည်နူးမိတယ်ဗျာ. . .

    ကျနော် ကဗျာတွေကို ချစ်ပါတယ်။
    ဘယ်လိုကဗျာအမျိုးအစားကိုမဆို ချစ်တာပါ။
    ကဗျာ အမျိုးအစားဆိုတာထက် ”ကဗျာ”ဆိုတဲ့ သဘောလေးကို တွယ်တာမြတ်နိုး တန်ဖိုးထားတာလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။

    ကဗျာဆိုတာထဲမှာ ပါတဲ့ စာသားလေးတစ်လုံးချင်းစီက
    အစ ချစ်မိတာပါ။
    ရသ စာပေဆိုလည်း . . .
    ရသမြောက်တဲ့ ဝါကျတစ်ကြောင်းလောက်
    တွေ့မိပြီဆိုရင် အဲ့ဒိဝါကျကို ထပ်ခါထပ်ခါ တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး ရွတ်နေမိသူ. .
    ကဗျာဆိုလည်း အဲ့ဒီလိုပဲ
    ဘာနဲ့တူသလဲဆိုတော့
    ချစ်ရတဲ့ သားကလေးကို နမ်းမဝ ပွေ ့ဖက်မဝ တသသဖြစ်နေတဲ့ အဖေတစ်ယောက်လိုမျိုး
    ကဗျာတွေ စာတွေနဲ့ တွေ ့ရင်
    ကျနော် နက်နက်ရှိုင်းရှိုင်း ငြိမ်သွားတတ်တာ. . .

    ကဗျာကို ချစ်တဲ့အကြောင်းပြောကြည့်တာပါ။

    ———

    လိုရင်းပြောရရင်တော့. . .
    ကျနော်ချစ်၍ ကျနော်ဖတ်ချင်သောကဗျာတွေ

    ကျနော် ချစ်၍ ကျနော်ရေးချင်သော ကဗျာတွေ

    ကျနော်ချစ်သော ကဗျာခံစားချက်
    အတွေးတွေ. . နဲ့ ပက်သက်ပြီး
    ကျနော် ပြောချင် /ရေးချင်တာတွေ အများကြီးရှိပါတယ်။

    ကဗျာပြခန်းနဲ့အတူ နားထားမိတဲ့
    ကဗျာအတွေး
    ကဗျာအရေးလေးတွေ ပြန်ဖန်တီးပါဦးမယ် ။

    ဟိုတလောကတောင်
    ဂျပန်ကဗျာဆရာကြီးတွေ သေခါနီးဆဲဆဲအချိန်မှာ ရေးသွားတဲ့ကဗျာလေးတွေကို ရှားပါးစာအုပ်တစ်အုပ်ထဲက
    ဖတ်မိလို့ . . .
    အဲဒီကဗျာတွေရယ်
    ကဗျာဆရာတွေရယ်နဲ့
    ပက်သက်ပြီး
    ကျနော် ကဗျာခံစားမှုလေးတွေ ရေးထားသေးတယ်.. . .
    ပြီးတော့ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ကဗျာသဘောတရားတချို့ကို ကျနော့်ခံစားချက် ကျနော့်အယူအဆနဲ့ မတူကွဲပြားတာလေးတွေ ဝေဖန်ခံစားကြည့်ထားတာလည်းရှိပါသေးတယ်။

    (အဲဒါတွေ ဘာလို့ မတင်ပြသလဲလို့မေးရင်
    ကျနော် ကဗျာပြခန်း တစ်ခန်းရပ်လိုက်ရတာမှာ
    ကဗျာ့အားမာန် နည်းနည်းကျသွားတာပါ။

    ကျနော်ကိုယ်တိုင် ကဗျာမရေးဖြစ်တော့တဲ့အထိပါ။)

    တခြား အကြောင်းအရာလေးတွေလည်း ကဗျာနဲ့ပတ်သက်ရာ
    ပတ်သက်ကြောင်း ကောင်းနိုးရာရာ တင်ပြပါဦးမယ်။

    အစ်ကိုတို့လို ကဗျာတွေစာတွေကို နှစ်နှစ်ကာကာချစ်မြတ်တွယ်တာသူတွေ ဖတ်ဖို့. . .
    ကျနော်နဲ့အတူ ကဗျာတွေစာတွေကို အတူတကွ ချစ်ကြည့်ကြဖို့ပေါ့ဗျာ။

    ———

    စာညွှန်းလေးတွေလည်း အချိန်ရရင် ရသလို ရေးပါဦးမယ်။

    ဒီရွာထဲမှာ ကျနော်. . .
    ကဗျာ သံယောဇဉ်
    စာသံယောဇဉ်ကြိုးနဲ့. . .
    ဆက်တိုးနေပါဦးမယ်လို့. . .

  • alinsett (gazette)

    May 23, 2014 at 5:02 pm

    တစ်ခု သတိပြုမိတာက
    ကိုရွှေညာသားကြီးက. . .
    ကဗျာတွေ စာတွေကို အတော်ချစ်တတ်တဲ့ပုံ
    ပိုပြီးလည်း နှံ ့နှံ ့စပ်စပ် ပြောနိုင်မယ့်ပုံ
    ဆိုတော့. . . .
    ကျနော်တို့ ကဗျာတွေ စာတွေ အကြောင်း ပြောကြဆိုကြ ခံစားနေကြတာကို
    အပြင်က တိတ်တိတ်လေး ကြည့်ရှုခံစားမနေပါနဲ့လားလို့
    ကျနော်တို့နဲ့အတူ
    ခံစားကြ ဆွေးနွေးနှီးနှောကြရင် ပို ပျော်စရာကောင်းမှာပေါ့

    ကျနော်တို့လည်း အားရှိတာပေါ့။

    ဒီတော့ . . .
    လာဗျာ. . . .

    🙂

  • ရွှေညာသား

    May 23, 2014 at 7:28 pm

    ဘလက်ချော ရဲ့ ချိုပေါ့ကျ ပြန်လာမယ်ဆိုလို့ အတိုင်းထက်အလွန် ဝမ်းသာမိပါကြောင်း

    ကေဇီ အနေနဲ့ ကလေးကဗျာတွေကိုရင်းနှီးတယ်ဆိုလို့ စိတ်ချမ်းသာမိပါကြောင်း
    နောက်နောင် မတွေ့ရတော့ရင်လည်း ရွှေညာသားဖတ်နေတယ်ဆိုတဲ့ အသိလေးပဲထားစေချင်ကြောင်း

    Mr.MarGa အနေနဲ့ စိတ်ချနေပါ ကဗျာမျိုးစုံကို အတတ်နိုင်ဆုံး ညီလေးရေ ခေါင်းစဉ်ငယ်
    အပိုင်းပိုင်းနဲ့ ရေးနိုင်အောင် အချိန်လုနေပါတယ်လို့

    Nozomi အနေနဲ့သိချင်တဲ့ ရွှေညာသားကိစ္စကို လာမယ့် ညီလေးရေ အပိုင်း(၂) မှာ ရှင်းပြပေး
    ပါ့မယ် ဆိုတဲ့အကြောင်းနဲ့
    ရွာထဲပြန်လာဆွေးနွေးဖို့ကတော့ မဖြစ်နိုင်လို့ပါ ဆိုယုံမျှအပ
    ညီလေးရေ Post များအပြီးမှာ ဖတ်ရှုသူအဖြစ်သာ နေထိုင်ရန်
    အပြီးတိုင် နုတ်ထွက်တော့မှာ ဖြစ်ပါကြောင်းကြိုတင်အသိပေးလိုပါကြောင်း

    Surmi ရဲ့ ကဗျာကို ရှာဖွေကြည့်နေပါကြောင်း ပုံစံတူ မျိုးကွဲအရ ဆရာတင်မိုးလည်း
    ဖြစ်နိုင်သလိုထင်မိပါကြောင်း
    ဝင်ရောက် ကူညီပေးတာကို ကျေးဇူးတင်ကြောင်း

    အလင်းဆက်အတွက်ကတော့ ညီလေးရေ အပိုင်းများနဲ့ ကဗျာများ စာများ ကို အညွှန်းဖွဲ့ဆို ပေး
    ပြီးတတ်နိုင်သမျှ လုပ်လို့ရနိုင်သမျှ လုပ်ကြည့်တော့မှာ ဖြစ်ပါကြောင်း

    နုတ်ဆက်တာပဲဖြစ်ပါကြောင်း Post တင်ယုံမျှအပ (လုံးဝ) လုံးဝ ဝင်ရောက်ဆွေးနွေးမည်တော့
    မဟုတ်ကြောင်း လေးလေးနက်နက်ထပ်မံ ပြောဆိုအပ်ပါသည်။

    • alinsett (gazette)

      May 25, 2014 at 11:23 am

      ဆွေးနွေးစကားတော့ ကြားချင်ပါရဲ့ဗျာ. . .

      စကားမသိမသာစပ်
      ကျနော် ဆောင်းပါးတစ်ပုဒ်ရေးထားပြီဗျ
      ”ကိုရွှေညာသား. . .ကျွန်တော့်မိတ်ဆွေများနှင့် စာပေစကားဝိုင်း” လို့
      နာမည်လေးတပ်ထားတယ်။
      မနက်ဖြန်လောက် တင်ပြဖြစ်မယ်ထင်ပါတယ်။

      လာဆွေးနွေးပါဗျ

      ချစ်ခင်လေးစားလျက်. . .
      အလင်းဆက်

  • lu lu

    May 23, 2014 at 9:38 pm

    စီနီယာတွေရဲ ့ဆုံးဖြတ်ချက် အတိုင်း ပြန်လည် အ
    သက်ဝင် လာမယ့် ကဗျာပြခန်း ကို ရင် ခုန်စွာစောင့်
    မျှော်နေပါပြီ
    :mrgreen:

    • alinsett (gazette)

      May 25, 2014 at 11:27 am

      ကဗျာပြခန်းတော့ ပြန်လုပ်ဖြစ်မယ်မထင်သေးဘူးဗျ

      ကဗျာအကြောင်းစာအကြောင်းတော့
      ပြောဖြစ် ရေးဖြစ်မှာပါ။

      🙂

  • pooch

    May 23, 2014 at 11:32 pm

    သိချင်​တာ​လေးရှိလို့ပါ
    ဖိုးသာ​ခေါင်​​ရေ ​ခေါင်​​ရေ ​ကောက်​စိုက်​ဖို့လိုက်​မလားလိုက်​မလား
    ဆိုတဲ့ကဗျာ အစအဆုံးလိုချင်​လို့ပါ

    ​နောက်​ ​ကြောင်​ကြီးရြဲ့မြီးတံတိုအဆီကိုစားပါလို့အသား​တမြေို
    ဆိတ်​က​လေး လာြပြီ ပဲ… ဆိုတဲ့ကဗျာအစ အဆုံးရယ်​

    ​ရွှေချည်​​ငွေချည်​တန်​းပါလို့ယက်​ကန်​းကိုစင်​ ကန်​းကိုတင်​ဆိုတဲ့​ရှေးသီချင်​းအစအဆုံးရယ်​ လိုချင်​လို့ပါ

    ငယ်​ငယ်​ကအဖွားဆိုပြခဲ့တာ ခု​တော့တပိုင်​းတစပဲမှတ်​မိ​တော့လို့
    သတိရတိုင်​း ဘယ်​သူ့​မေးရမှန်​းမသိဘူး

    သိရင်​​ပြောပြပါ့လား ခု​ခေတ်​သား​ချော့​တေး​တွေက​ပေါ့လို့ မကြိုက်​ဖူး :p

    • ဖိုး သာေ ခါင် မ ဟုတ် ဘူး ဗျ

      ဖိုး သာအောင် ရေ ေ ကာက် စိုက် ဘို့ လိုက် မ လား လိုက်မ လား
      ဆ ရာ ရွှေ ပြည်အေး ရေး တဲ့ သီချင်း ပါ

      ရွှေပြည်အေး အ မှတ် တရ တွေး တွဲ ( ၄) ဆို တဲ့ ခွေ ထဲ မှာ အဲဒီ သီချင်း ပါ ပါ တယ်။

      ရွှေချည် ငွေ ချည်တန်း ပါ လို့ ဆို တဲ့ သီချင်း က သန်း သန်း ဆင့် သီ ဆို ထား တဲ့ မလေး လက် ခတ် သံ သီချင်းဖြစ် ပါတယ်။

      သီချင်း အစ က ဘု ရာ းငုတ် တိုရောင် တော် လွှတ် မှ ပုံ တော် ရှင် ဝတ် ကြ ပါ စို့ မောင် ကြီး ရေ ………..
      ဖေစ်ဘုတ် က မြန ်မာ သံ သီချင်း လေး များ ထဲ ဂရု မှ ဝင် ရှင် ရင် လို ချင် တဲ့ သီ ချင်း နှစ်ပုဒ် လုံး ရ နို်င် ပါ တယ်။

      နန်း မ တော် မယ် ပု ရေ

      ဒီ နာ မယ် မ ခေါ် ရ တာ ကြာ ပြီ

  • padonmar

    May 24, 2014 at 12:21 am

    မကျေနပ်ဘူးဗျာ၊
    အဲလောက်လည်း စာကိုချစ်ရဲ့နဲ့၊
    အဲလောက်လည်း မှတ်မိရဲ့နဲ့၊
    အဲလောက်လည်း ရွာကို ချစ်ရဲ့နဲ့(ချစ်မယ်လို့ ထင်တာပဲ)
    ဒီလက်ရာ ဒီအညွှန်းကို ပြပြီးမှ နောင် မရေးဘူးဆိုတော့
    ဝရမ်းပြေးဘလက်ကို စိတ်ကောက်သလို ကောက်မိမှာပဲ။
    အဲဒီကလေးကဗျာလေးတွေ ကျမလည်းသိပ်ချစ်တာပဲ။
    ကဗျာကို နားမလည် မစပ်တတ်ပေမယ့် ကလေးကဗျာလေးတွေတော့ ရွတ်ချင်မိသား။
    ကာရန်ခေတ်မှာ ကြီးရတော့ ကာရန်ပါတဲ့ ကဗျာဆိုရင် ပိုပြီး နားထဲချောတယ်။
    မြန်မာစာကို ချစ်သော ရွာသူတဦးပါ။
    (ကျားမခွဲတာလေးတော့ ကြိုက်သွားပြီ၊ကျေးကျေးပါ။တခါမှ မကြားဘူးပါ)

  • surmi

    May 24, 2014 at 1:27 am

    ဒါနဲ့ စကားမစပ်ဗျာ
    အဲဒီအလင်းဆက်ဆိုတဲ့ ရွာသားလေးက
    ရှေးကဗျာတွေအတော်စိတ်ဝင်စားတယ်ဆိုပဲ
    ကာရံလေးတွေကို ချစ်လွန်းလို့တဲ့ဗျ
    ဆိုတော့
    ကိုရွှေညာသားနဲ့ အတော်လေးအတွဲညီမယ်ထင်တယ်ဗျို့ 🙂

    • alinsett (gazette)

      May 24, 2014 at 1:25 pm

      တိန် တိန် နှစ်ခါတိန်

      :mrgreen:

      ကျနော်ချစ်၍ ကျနော်မရေးသော ကဗျာများးးးး

      :kwi:

  • အရီးမုတ်ဆိတ်

    May 24, 2014 at 3:30 am

    အီကိုကအရင်ကတော့ မိန်းမလှကျွန်းပါဘဲ။
    ကျွန်မတို့အချိန်ကျ ဘီလူးမကျွန်းတဲ့လေ။
    မပြောတော့ဘူး။
    အာစီထဲကို ဘောလီဘောပြိုင်ပွဲ တိုင်း ရောက်လေ့ရှိတယ်။
    ပင်းယဆောင် ကို အားပေးပါတယ်။
    ကဗျာတွေကတော့ ကိုယ်နဲ့ နဲနဲဝေးလို့ ဝင်မပြောတော့ဘူး။
    ယူစီစီ အကြောင်းလေးများ အလွမ်းသယ်ပါဦးလား။
    :-)))

  • Swal Taw Ywet

    May 24, 2014 at 5:48 am

    ကျနော့်ရွာကွပ်ပစ်ကဗျာလေးတင်တုံးက ဖိုးမောင်လာပြီကဗျာနဲ့ အားဖြည့်ပေးခဲ့တဲ့ အရီးခင်လတ်ဆီမှာ Online ကဗျာစုတွေရှိမှာပါ။ ကာရန်ပါလို့ အသံသာတဲ့ရှေးကဗျာလေးတွေပြန်လည်ဆန်းသစ်စေချင်ပါတယ်။ မကြားဘူးတော့တဲ့ ကြားခွင့်မရခဲ့တဲ့ ယနေ့လူငယ်လေးများအတွက်ပါ။ မျေ်နေမယ်ဗျို့။
    With respect,
    Swal Taw Ywet.

  • Ma Ma

    May 25, 2014 at 5:44 pm

    ပေးချင်တဲ့အရသာကို တိုတိုနဲ့ ထိထိမိမိပေးနိုင်လို့
    ဖတ်ရတာ အသံသာပြီး ချိုလို့
    စာအရှည်ကြီးတွေ ဖတ်ရတာပျင်းလို့
    ကဗျာလေးတွေကို သဘောကျတယ်။
    ခေတ်ပေါ်ကဗျာတွေ မော်ဒန်ကဗျာတွေကိုတော့ လိုက်မမီလို့ သိပ်မခံစားတတ်ပေမယ့်…..
    ရှေးကဗျာလေးတွေကိုတော့ ကြိုက်တယ်။
    ရွှေညာသားတောင်းဆိုတာကို ထောက်ခံပါတယ်။ 🙂

    • alinsett (gazette)

      May 25, 2014 at 6:00 pm

      တိန် တိန် နှစ်ခါတိန်
      :mrgreen:

      ထောက်ခံသတဲ့. . .

      😆

      ——–

      တကယ်တော့ ကျနော်ဆိုတဲ့ ချာတိတ်က
      ရှေးကဗျာတွေကို ချစ်တော့ချစ်တယ်
      လေ့တော့ လေ့လာတယ်
      ဒါပေမယ့်
      သိပ်မဝေဖန်ရဲ
      သိပ်မခံစားရဲ
      သိပ်မပြောချင်. . . .
      ကျနော်ကြိုက်ရာ ရွေးခံစားကြေးဆိုရင်
      ခေတ်ပေါ် ကာရန်မဲ့ကဗျာတွေဘက်ပဲ ရောက်ဖို့များတယ်

      ရှေးကဗျာကိုတော့
      ချစ်ပြီး ချစ်တဲ့အတိုင်း ထား ထားတာဗျ

      :mrgreen:

Leave a Reply