အမှိုက်​

naywoon niMay 23, 20141min1097

အခန်​းထဲ အမှိုက်​ရှုပ်​တာထက်​
အ​တွေးထဲ အမှိုက်​ရှုပ်​တာကပိုဆိုး
ဒါ​ကြောင်​့ အမှိုက်​ရှိမှရှင်​းရတာထက်​
အမှိုက်​လုံးဝ မဝင်​ရ​လေ​အောင်​
ပြတင်​း တံခါး​တွေကိုပိတ်​တန်​တာ ပိတ်​ထားရတာ
စိတ်​မရှိပါနဲ့ မိတ်​​ဆွေ ။
ဟုတ်​တာပါ့
လူတစ်​​ယောက်​အတွက်​အသုံးမဝင်​ဘူးထင်​​ပေမဲ့
အခြားတစ်​​ယောက်​အတွက်​​တော့မရှိမဖြစ်​
တစ်​​ယောက်​အတွက်​ အဆိပ်​အ​တောက်​​ပေမယ်​လို့
ကျန်​တစ်​​ယောက်​အတွက်​ အသက်​ကယ်​​ဆေးလဲဖြစ်​နိုင်​​ပေလိမ်​့မယ်​ ။
ဒါ​ပေမဲ့ ကိုယ်​့အတွက်​အသုံးမဝင်​
​နေထိုင်​မှု ​ဂေဟ စနစ်​ကို​တောင်​ ထိခိုက်​လာမယ်​ ဆိုရင်​​တော့
အဲ့ဒါ ကိုယ်​့အတွက်​
အမှိုက်​ ….. အမှိုက်​
အ​တွေးထဲ အဝင်​မခံနိုင်​ပါဘူး ။

​နေဝန်​းနီ

7 comments

  • lu lu

    May 23, 2014 at 11:10 pm

    ဟုတ်တယ်
    ကိုယ့်အတွက် အသုံးမဝင် တဲ့အမှိုက်ဆိုရင်
    ခေါင်းလေးခံပြီး ထည့်ထားဖို ့မလိုဘူး
    🙂

  • Dote Kha

    May 24, 2014 at 9:26 am

    အမှိုက် အဝင်မခံနိုင်ဘူး ဆိုတဲ့နေရာမှာလည်းပဲ ကိုယ့်နေထိုင်မှုပုံစံပေါ်လည်း မူတည်လိမ့်ဦးမယ်ထင်တယ်။ ဥပမာဆိုကြပါတော့ ကိုယ်က ဖုန်တထောင်ထောင်းထနေတဲ့ လှည်းလမ်းမကြီးဘေးမှာ အိမ်ဆောက်ထားပြီးတော့ အိမ်ထဲဖုန်အဝင်မခံနိုင်ပါဘူး ဆိုလို့ရှိရင် သဘာဝ မကျလှပေဘူး ခင်ဗျ။ နောက်တစ်ခု ပြည်သူပိုင် အမှိုက်ပုံတစ်ခုက ကိုယ့်အိမ်ရဲ့ ညာဘက်မှာရှိပြီး ကိုယ်ပိုင်ပန်းခင်းတစ်ခုကတော့ ကိုယ့်အိမ်ရဲ့ ဘယ်ဘက်မှာ ရှိတယ်ဆိုပါစို့။ ဒါဆိုရင်တော့ ညာဘက်တံခါးတွေပိတ်ပြီး ဘယ်ဘက်တံခါးတွေ ဖွင့်ထားလိုက်ရုံပေါ့။ ဒီလိုမှမဟုတ်ဘဲနဲ့ အမှိုက်ပုံနဲ့ ပန်းခင်းဟာ ကပ်လျက်ဆိုရင်တော့ဖြင့် အတော်ဆိုးလိမ့်မယ်ထင်ရဲ့။

  • alinsett (gazette)

    May 24, 2014 at 1:00 pm

    ကိုယ်ဖွမိတဲ့အမှိုက်တွေရယ်
    ကိုယ့်ဆီ လာပစ်ကြတဲ့အမှိုက်တွေရယ်
    အင်းးး
    ရှင်းပစ်ရဦးမယ်. . .

  • Paing Lay

    May 24, 2014 at 4:36 pm

    အခုမှသတိရဒယ် အခန်းထဲက ဗီဒိုရှင်းရဦးမယ် :mrgreenn:

  • အရီးမုတ်ဆိတ်

    May 24, 2014 at 9:22 pm

    မင်း အမှိုက်ရှုပ် တော့မယ် ဆိုရင် အကောင်းဆုံး အမှိုက် ကို ရှုပ်တာဖြစ်ပါစေတဲ့။
    ဘူပြောတာလဲလို့ တော့ မှတ်မိတော့ဝူး အဘနီရေ့။ :-))))

  • ခင် ခ

    September 14, 2014 at 1:31 am

    လေအဝေ့မှာ ထင်မှတ်မထားတဲ့ အမှိုက်တွေလည်းရောက်တတ်တယ်လေ
    ဘာဘဲဖြစ်ဖြစ် ပြီးရင်တော့ပြန်ရှင်းရတာဘဲပေါ့

  • naywoon ni

    March 5, 2015 at 12:12 pm

    အမှိုက်​ဆိုရာမှာ စိတ်​ညစ်​ငြူး ​စေမဲ့ သတင်​းစကား အမှိုက်​ ​ဒေါသ ဖြစ်​​စေမဲ့ အ​တွေးမှိုက်​ အကုန်​ပါပါတယ်​ဗျာ ။ မြင်​တဲ့ အမှိုက်​ထက်​ မမြင်​ရတဲ့ အမှိုက်​က ပိုရှင်​းရခက်​တယ်​ ။

Leave a Reply