အဘဖေါ ရဲ့ နယူးဇီလန်သွား Cruise တောလား – ၁၄ ( Dusky, Doubtful & Milford Sounds ) ။

Foreign ResidentMay 24, 201413min42713

အဘဖေါ ရဲ့ နယူးဇီလန်သွား

Cruise တောလား – ၁၄ ( Dusky, Doubtful & Milford Sounds ) ။

၁ရ – ၁၂ – ၂၀၁၃ ။

ဒီနေ့ကတော့ နယူးဇီလန် နိုင်ငံ တောင်ပိုင်း ရဲ့ နာမည်ကျော် ၊

Dusky Sounds, Doubtful Sounds နှင့် Milford Sounds ဆိုတဲ့ ၊

( တောင်အမြင့်ကြီးတွေရဲ့ကြား ၊ High Cliff ကမ်းပါးစောက်တွေ ကြားမှာ ၊

ကျဉ်းမြောင်းစွာ ရေစီးဆင်းနေတဲ့ ၊ ဒါပေမယ့် ရေနက်တဲ့ ဒေသ ၊

Sound လို့လဲ ခေါ်တယ် ၊ Fjord လို့လဲ ခေါ်တယ် ) ကို သွားပါမယ် ။

သဘာဝ ပါတ်ဝန်းကျင် ရေမြေတောတောင် ရှုခင်းတွေ နှင့် ပါတ်သက်ပြီး ၊

အဘ ရဲ့ တစ်သက်တာ မြင်ဖူး ခံစားဖူး သမျှတွေထဲမှာ ၊ အလှဆုံး ရှုခင်းတွေထဲက တစ်ခုပါဘဲ ။

သင်္ဘောက ကြိုတင် အကြောင်းကြား ကြေငြာထားတာကတော့ ၊

နံနက် ၉ နာရီ လောက်မှာ Dusky Sounds ကို စဝင်မယ် ။

နေ့လည် ၁၂ နာရီ လောက်မှာ Doubtful Sounds ကို စဝင်မယ် ။

ညနေ ၄ နာရီ လောက်မှာ Milford Sounds ကို စဝင်မယ် တဲ့ ။

ဒါနှင့်ဘဲ ၊ ဒီနေ့ နံနက် စောစောထ ၊ Breakfast ကြိုစား ၊

ချမ်းအေးတဲ့ တောင်ပိုင်း ပင်လယ်ပြင် ဒေသ အပြင်မှာ အကြာကြီး နေရမှာမို့ ၊

သင့်လျှော်တဲ့ အဝတ်အစားတွေ ကြိုတင် ဝတ်ဆင်လိုက်ပါတယ် ။

မနက်စာ Breakfast စားရင်း အပြင်ကိုကြည့်လိုက်တော့ ၊

အပြင်မှာ ကောင်းကင် တစ်ခွင်လုံး တိမ်စိုင်တွေ ဖုံးနေပြီး ၊

မြူနှင်းလေးတွေ ဝေသီနေလို့ မြင်ကွင်း မကောင်းမှာ စိတ်ပူနေမိပါတယ် ။

ဒါပေမယ့် တဖြေးဖြေး နေပွင့်လာတာနှင့် အမျှ ၊

မြူနှင်းတွေ ပျောက်သွားပြီး ၊ တိမ်စိုင်တွေလည်း ပါးလာပါတယ် ။

ရှုခင်းကြည့်ဖို့ အကောင်းဆုံး အခြေအနေကို ရောက်ခဲ့ပါတယ် ။

သူတို့ ကြိုတင် ကြေငြာထားတဲ့အတိုင်းပါဘဲ ၊

နံနက် ၉ နာရီ လောက်မှာ Dusky Sounds ကို စဝင်ပါတယ် ။

ပင်လယ်ပြင် Open Sea ဘက်မှာ လေတိုက်တာ နဲနဲပြင်းနေပေမယ် ။

Dusky Sounds ထဲကို စဝင်တာနှင့် ၊ တောင်မြင့်ကြီးတွေ ကမ်းပါးစောက်တွေ နှင့် ၊

လေကွယ်သွားတာမို့ ၊ လေငြိမ်ကျသွားပြီး ၊ ရေပြင်ဟာ မှန်သားလို ညီငြိမ်နေပါတယ် ။

သင်္ဘောဟာ တောင်မြင့်ကြီးတွေ ကျွန်းတွေ ရဲ့ အကြား ၊

တောင်ကြား ရေလမ်းကျဉ်းလေးထဲမှာ ဖြေးဖြေးမှန်မှန် သတိနှင့် ခုတ်မေါင်းနေပါတယ် ။

ရှုမြင်ကွင်းကတော့ နေ မပွင့်တပွင့် အချိန်ဆိုတော့ အလင်းရောင် နဲနေပါသေးတယ် ။

တောင်မြင့်ကြီးတွေက သင်္ဘောကို အုပ်မိုးနေပြီး ၊

အဲဒီ တောင်မြင့်ကြီးတွေ ကျွန်းတွေ ကြားမှာ ၊

ငြိမ်ငြိမ်သက်သက်လေး ၊ သင်္ဘောဖြတ်မောင်းနေတဲ့ Feeling ကလည်း ၊

တစ်မျိုး ပျော်ရွှင်စရာ ကောင်းလှပါတယ် ။

တောင်မြင့်ကြီးတွေရဲ့ ထိပ်မှာတော့ မြူခိုးတွေ ဆိုင်းနေဆဲပါ ။

ဟိုးတောင်ပေါ် အမြင့်ကြီးကနေ ရေတံခွန်လေးတွေကလည်း တသွင်သွင် စီးကျနေပါတယ် ။

အဲဒီ တောင်မြင့်ကြီးတွေ ၊ Sounds တွေ တစ်လျှောက်မှာ ၊

ရေတံခွန်တွေ တော်တော်များများ ရှိတာကို သတိထားမိပါတယ် ။

မနက် ၁ဝ နာရီ ခွဲ လောက်မှာတော့ Dusky Sounds က ပြန်ထွက်လာခဲ့ပါတယ် ။

နေ့လည် ၁၂ နာရီ လောက်မှ Doubtful Sounds ကို ရောက်မယ် ဆိုတော့ ၊

Buffet Restaurant မှာ ၊ သတင်းစာဖတ် ရင်း ၊ ကော်ဖီ ပူပူလေးနှင့် ၊

Soup ပူပူလေး သောက်ပြီး ၊ လူကို နွေးသွားအောင် ပြန်လုပ်ရပါတယ် ။

14 A Dusky Sounds ထဲကို စဝင်တာနှင့် ၊ လေကွယ်သွားတာမို့ ၊ ရေပြင်ဟာ မှန်သားလို ညီငြိမ်နေပါတယ် ။

14 A  Dusky Sounds ထဲကို စဝင်တာနှင့် ၊ လေကွယ်သွားတာမို့ ၊ ရေပြင်ဟာ မှန်သားလို ညီငြိမ်နေပါတယ် ။
14 A Dusky Sounds ထဲကို စဝင်တာနှင့် ၊ လေကွယ်သွားတာမို့ ၊ ရေပြင်ဟာ မှန်သားလို ညီငြိမ်နေပါတယ် ။

14 A တောင်မြင့်ကြီးတွေ ကျွန်းတွေ ကြားမှာ ငြိမ်ငြိမ်သက်သက်လေး ၊ သင်္ဘောဖြတ်မောင်းနေတဲ့ Feeling ကလည်း ၊ တစ်မျိုး ပျော်ရွှင်စရာ ကောင်းလှပါတယ် ။

14 A တောင်မြင့်ကြီးတွေက သင်္ဘောကို အုပ်မိုးနေပြီး ၊

14 A  တောင်မြင့်ကြီးတွေက သင်္ဘောကို အုပ်မိုးနေပြီး ၊
14 A တောင်မြင့်ကြီးတွေက သင်္ဘောကို အုပ်မိုးနေပြီး ၊

14 A အဲဒီ တောင်မြင့်ကြီးတွေရဲ့ ထိပ်မှာတော့ မြူခိုးတွေ ဆိုင်းနေဆဲပါ ။

14 A  အဲဒီ တောင်မြင့်ကြီးတွေရဲ့ ထိပ်မှာတော့ မြူခိုးတွေ ဆိုင်းနေဆဲပါ ။
14 A အဲဒီ တောင်မြင့်ကြီးတွေရဲ့ ထိပ်မှာတော့ မြူခိုးတွေ ဆိုင်းနေဆဲပါ ။

14 A ဟိုးတောင်ပေါ် အမြင့်ကြီးကနေ ရေတံခွန်လေးတွေကလည်း တသွင်သွင် စီးကျနေပါတယ် ။

14 A  ဟိုးတောင်ပေါ် အမြင့်ကြီးကနေ ရေတံခွန်လေးတွေကလည်း တသွင်သွင် စီးကျနေပါတယ် ။
14 A ဟိုးတောင်ပေါ် အမြင့်ကြီးကနေ ရေတံခွန်လေးတွေကလည်း တသွင်သွင် စီးကျနေပါတယ် ။

14 A မနက် ၁ဝ နာရီ ခွဲ လောက်မှာတော့ Dusky Sounds က ပြန်ထွက်လာခဲ့ပါတယ် ။

14 A  မနက် ၁ဝ နာရီ ခွဲ လောက်မှာတော့ Dusky Sounds က ပြန်ထွက်လာခဲ့ပါတယ် ။
14 A မနက် ၁ဝ နာရီ ခွဲ လောက်မှာတော့ Dusky Sounds က ပြန်ထွက်လာခဲ့ပါတယ် ။

နေ့လည် ၁၂ နာရီ လောက်မှာတော့ Doubtful Sounds ကို စဝင်ပါတယ် ။

ပြောရမယ် ဆိုရင်တော့ Doubtful Sounds က တောင်တွေဟာ ၊

Dusky Sounds မှာတွေ့ခဲ့တဲ့ တောင်တွေထက် ပိုမြင့်ပြီး ၊

Doubtful Sounds ရဲ့ ရှုခင်းတွေကလည်း ၊

Dusky Sounds ရဲ့ ရှုခင်းတွေထက် ပိုလှတယ်လို့ ထင်ပါတယ် ။

နေ့လည်စာ စားချိန် ရောက်လာ ပေမယ့် ၊ ရှုခင်း အလှအပတွေကို လက်လွတ် မခံနိုင်တာမို့ ၊

Buffet Restaurant ကို ပြန်မစားတော့ဘဲ ၊ အပြင်ဖက် Sun Deck ပေါ်က

Mast Grill ဆိုတဲ့ Restaurant ကနေဘဲ ၊ Hamburger မှာပြီး ၊

Sun Deck ပေါ်က Dream Bed ပက်လက် ကုလားထိုင်ပေါ်မှာဘဲ ၊

နေ့လည်စာကို အပြင်ရှုခင်းတွေ ခံစားရင်း နှင့် ပြီးလိုက်ပါတယ် ။

အဘတို့ရဲ့ Cruise သင်္ဘောကြီးကတော့ ၊ တောင်မြင့်ကြီးတွေရဲ့ ကြားကိုတိုးဝင်ပြီး ၊

ကျွန်း ကြီးငယ်တွေရဲ့ ကြားမှာ ကွေ့ရှောင်ပြီး ၊ ငြင်ငြင်သာသာ မောင်းနှင်နေပါတယ် ။

Sun Deck ပေါ်ကို နေရောင်တွေ ဖျာကျနေပေမယ့် ၊ ရာသီဥတုက အေးမြမြ ဆိုတော့ ၊

နေ ရဲ့ အပူဒါဏ်ကို မခံစားရသလောက်ပါဘဲ ။ ပြောရရင် ၊ နေလို့ကောင်းရုံလေးပေါ့ ။

အဲဒီလို အချိန်မှာ Sun Deck ပေါ်က ၊ Dream Bed ပက်လက်ကုလားထိုင်လေး ပေါ်မှာ ၊

အသာ လှဲလျှောင်းရင်း ၊ ကိုယ့် စိတ်ကြိုက် အစားအသောက်လေးတွေ စား ၊

ကော်ဖီပူလေးသောက်ပြီး ၊ အဲဒီလို ရှုခင်းလှလှလေးတွေကို ငေးမောကြည့်နေရတဲ့ အချိန်တွေ ဟာ ၊

ခန္ဓာကိုယ် တခုလုံး တကယ့်ကို ငြိမ်းအေးနေပြီး ၊ ပီတိ ( ပျော်ရွှင်မှု ) ကို ခံစား ၊ စားသုံးနေရသလိုပါဘဲ ။

နေ့လည် ၁ နာရီ ခွဲ လောက်မှာတော့ Doubtful Sounds ကနေပြန်ထွက်ခဲ့ပါတယ် ။

ညနေ ၄ နာရီ လောက်မှာမှ Milford Sounds ကို စဝင်မှာ ဆိုတော့ ၊

ကြားထဲမှာ နားချိန် ခဏရသေးသမို့ ၊ အခန်းကို ခဏ ပြန်ပြီး ၊

နွေးနွေး ထွေးထွေး နှင့် ခဏ နှပ် / ခလော လိုက်ပါသေးတယ် ။

14 B Doubtful Sounds က တောင်တွေဟာ ၊ Dusky Sounds မှာတွေ့ခဲ့တဲ့ တောင်တွေထက် ပိုမြင့်ပြီး ၊

14 B Doubtful Sounds က တောင်တွေဟာ ၊ Dusky Sounds မှာတွေ့ခဲ့တဲ့ တောင်တွေထက် ပိုမြင့်ပြီး ၊
14 B Doubtful Sounds က တောင်တွေဟာ ၊ Dusky Sounds မှာတွေ့ခဲ့တဲ့ တောင်တွေထက် ပိုမြင့်ပြီး ၊

14 B အပြင်ဖက် Sun Deck ပေါ်က Mast Grill ဆိုတဲ့ Restaurant ကနေဘဲ ၊ Hamburger မှာပြီး

14 B အပြင်ဖက် Sun Deck ပေါ်က Mast Grill ဆိုတဲ့ Restaurant ကနေဘဲ ၊ Hamburger မှာပြီး
14 B အပြင်ဖက် Sun Deck ပေါ်က Mast Grill ဆိုတဲ့ Restaurant ကနေဘဲ ၊ Hamburger မှာပြီး

14 B Sun Deck ပေါ်က Dream Bed ပက်လက် ကုလားထိုင်ပေါ်မှာဘဲ ၊ နေ့လည်စာကို အပြင်ရှုခင်းတွေ ခံစားရင်း နှင့် ပြီးလိုက်ပါတယ် ။

14 B အဘတို့ရဲ့ Cruise သင်္ဘောကြီးကတော့ ၊ တောင်မြင့်ကြီးတွေရဲ့ ကြားကိုတိုးဝင်ပြီး ၊

14 B အဘတို့ရဲ့ Cruise သင်္ဘောကြီးကတော့ ၊ တောင်မြင့်ကြီးတွေရဲ့ ကြားကိုတိုးဝင်ပြီး ၊
14 B အဘတို့ရဲ့ Cruise သင်္ဘောကြီးကတော့ ၊ တောင်မြင့်ကြီးတွေရဲ့ ကြားကိုတိုးဝင်ပြီး ၊

14 B ကျွန်း ကြီးငယ်တွေရဲ့ ကြားမှာ ကွေ့ရှောင်ပြီး ၊ ငြင်ငြင်သာသာ မောင်းနှင်နေပါတယ် ။

14 B ကျွန်း ကြီးငယ်တွေရဲ့ ကြားမှာ ကွေ့ရှောင်ပြီး ၊ ငြင်ငြင်သာသာ မောင်းနှင်နေပါတယ် ။
14 B ကျွန်း ကြီးငယ်တွေရဲ့ ကြားမှာ ကွေ့ရှောင်ပြီး ၊ ငြင်ငြင်သာသာ မောင်းနှင်နေပါတယ် ။

ညနေ ၄ နာရီ လောက်မှာတော့ Milford Sounds ကို စဝင် ပါတော့တယ် ။

Milford Sounds ကတော့ ၊ စ ဝင်ဝင်ခြင်းမှာဘဲ ၊ ဒီ Sounds ၃ ခုထဲမှာ ၊

သူသာ အလှဆုံး ၊ အမြင့်ဆုံး ၊ အခမ်းနားဆုံး ဆိုတာကို ပြပါတော့တယ် ။

Milford Sounds ကို စ ဝင်ဝင်စ နေရာမှာတင် ၊ တကယ့် ရင်သပ်ရှုမောစရာ မြင်ကွင်းပါဘဲ ။

Milford Sounds က တောင်တွေဟာ အမြင့်မားဆုံး ၊ အခမ်းနားဆုံး ၊အလှပဆုံး ဖြစ်ပြီး ၊

ဘယ်လောက်မြင့်သလဲဆိုရင် ၊ တောင်ထိပ်တွေမှာ ရေခဲနေပြီး ၊

တောင်ထိပ်တွေဟာ Snow Capped ဆီးနှင်းတွေ ဖုံးလွှမ်း ဖြူဖွေးနေပါတယ် ။

Milford Sounds က တောင်တွေဟာ ဘယ်လောက်ကြီးသလဲ ဆိုတာ ၊

တောင်နံရံနားက ဖြတ်ပျံသွားတဲ့ လေယာဉ်ပျံ ရဲ့ အရွယ်နှင့်သာ နှိုင်းယှဉ်ကြည့်ပါတော့လေ ။

Milford Sounds က တောင်တွေတင်မကဘူး ရေတံခွန်တွေကလဲ ပိုကြီးပါတယ် ။

( ဓါတ်ပုံရဲ့ ညာဘက်အစွန်က သင်္ဘောဆိပ်ကမ်းလေး နှင့် အရွယ် နှိုင်းကြည့်ပါလေ )

ညနေ ၆ နာရီ လောက်မှာတော့ ၊ အဘတို့ Cruise သင်္ဘောကြီးဟာ ၊

နယူးဇီလန် နိုင်ငံ Milford Sounds ကနေ ၊ ပြန်လည် ထွက်ခွာလာခဲ့ပါတော့တယ် ။

တော်သေးဘီကွယ် ။

အဘ ဖေါ ( F R ) ။

P S : ရွှေပြည်ကြီးရဲ့ Connection ကို သိလို့ ၊

ပုံတွေကို တတ်နိုင်သမျှ လျှော့တင်ပေးထားပါတယ် ။

14 C Milford Sounds ကတော့ ၊ စ ဝင်ဝင်ခြင်းမှာဘဲ ၊ ဒီ Sounds ၃ ခုထဲမှာ ၊ သူသာ အလှဆုံး ၊ အမြင့်ဆုံး ၊ အခမ်းနားဆုံး ဆိုတာကို ပြပါတော့တယ် ။

14 C Milford Sounds က တောင်တွေဟာ ဘယ်လောက်မြင့်သလဲဆိုရင် ၊ တောင်ထိပ်တွေမှာ ရေခဲနေပြီး ၊ Snow Capped ဆီးနှင်းတွေ ဖုံးလွှမ်း ဖြူဖွေးနေပါတယ် ။

14 C တောင်နံရံနားက ဖြတ်ပျံသွားတဲ့ လေယာဉ်ပျံ ရဲ့ အရွယ်နှင့်သာ နှိုင်းယှဉ်ကြည့်ပါတော့လေ ။

14 C တောင်နံရံနားက ဖြတ်ပျံသွားတဲ့ လေယာဉ်ပျံ ရဲ့ အရွယ်နှင့်သာ နှိုင်းယှဉ်ကြည့်ပါတော့လေ ။
14 C တောင်နံရံနားက ဖြတ်ပျံသွားတဲ့ လေယာဉ်ပျံ ရဲ့ အရွယ်နှင့်သာ နှိုင်းယှဉ်ကြည့်ပါတော့လေ ။

14 C Milford Sounds က တောင်တွေတင်မကဘူး ရေတံခွန်တွေကလဲ ပိုကြီးပါတယ် ။

14 C Milford Sounds က တောင်တွေတင်မကဘူး ရေတံခွန်တွေကလဲ ပိုကြီးပါတယ် ။
14 C Milford Sounds က တောင်တွေတင်မကဘူး ရေတံခွန်တွေကလဲ ပိုကြီးပါတယ် ။

14 C Milford Sounds ထဲက ရှုခင်း လှလှ တစ်ချို့ 1

14 C Milford Sounds ထဲက ရှုခင်း လှလှ တစ်ချို့  1
14 C Milford Sounds ထဲက ရှုခင်း လှလှ တစ်ချို့ 1

14 C Milford Sounds ထဲက ရှုခင်း လှလှ တစ်ချို့ 2

14 C Milford Sounds ထဲက ရှုခင်း လှလှ တစ်ချို့  2
14 C Milford Sounds ထဲက ရှုခင်း လှလှ တစ်ချို့ 2

14 C ညနေ ၆ နာရီ လောက်မှာတော့ အဘတို့ Cruise သင်္ဘောကြီးဟာ Milford Sounds ကနေပြန်ထွက်လာခဲ့ပါတယ် ။

14 C ညနေ ၆ နာရီ လောက်မှာတော့ အဘတို့ Cruise သင်္ဘောကြီးဟာ Milford Sounds ကနေပြန်ထွက်လာခဲ့ပါတယ် ။
14 C ညနေ ၆ နာရီ လောက်မှာတော့ အဘတို့ Cruise သင်္ဘောကြီးဟာ Milford Sounds ကနေပြန်ထွက်လာခဲ့ပါတယ် ။

13 comments

  • တောတွင်းပျော်

    May 24, 2014 at 11:31 am

    ပထမဆုံးပုံ မြင်လိုက်ကတည်း ဆော ့ဝဲလ်နဲ ့ ပြန်ပြုပြင်ထားတဲ ့ပုံလား
    အမှတ်မှားရလောက်အောင် အရမ်းလှတယ်ဗျာ။
    အဘဖောတစ်ယောက် အိပ်မက်ကမ႓ာထဲလှည့်ပတ်နေသလို ခံစားနေရမှာပဲနော ့။
    ကျနောလည်း ဒီလိုကမ႓ာမျိုးထဲ တစ်ခါလောက် ဝင်အောင်းလိုက်ချင်ရဲ ့။

    • Foreign Resident

      May 26, 2014 at 5:48 am

      တောတွင်းပျော် says:
      ” ဆော ့ဝဲလ်နဲ ့ ပြန်ပြုပြင်ထားတဲ ့ပုံလား အမှတ်မှားရလောက်အောင် ”

      ဒီ ဓါတ်ပုံတွေက ဆော ့ဝဲလ်နဲ ့မ ပြင်ထားပါဘူးကွယ် ။
      မတင်ခင်မှာ Microsoft Office မှာ Re-size လုပ်ရင်း နှင့် ၊
      Auto Correct ခလုပ်လေး နှိပ်ခဲ့တာဘဲ ရှိတာပါ ။

      မှန်တာပြောရရင် ၊ အခု Post ထဲမှာဖေါ်ပြထားတဲ့ ဓါတ်ပုံတွေရဲ့ အလှဟာ ၊
      အပြင်မှာ အဘ တကယ်ခံစားခဲ့ရတဲ့ အလှ ရဲ့ တစ်ဝက်ကိုတောင် မမှီပါဘူးကွယ် ။

  • lu lu

    May 24, 2014 at 5:59 pm

    ရှုခင်းပုံလေးတွေကအသက် ရူဖို ့တောင် မေ့လောက်
    အောင် လှတယ် နော် သာယာလိုက်တယ်
    ဒီလို ကိုယ်မ ရောက်ဖူးတဲ့နေရာဒေသ တွေကို မြင်
    တွေခွင့်ရတဲ့အတွက် အဘ ဖော ကိုကျေးဇူးအရမ်း
    တင် တယ် ချင့် နောက်ထပ် ရှုခင်းလှလှလေးတွေကို
    ရင် ခုန်စွာစောင့်မျှော်နေပါပြီချင့်
    🙂

    • Foreign Resident

      May 26, 2014 at 5:51 am

      lu lu says:
      ” ရှုခင်းပုံလေးတွေက အသက်ရူဖို့တောင် မေ့လောက်အောင်
      လှတယ်နော် သာယာလိုက်တာ ”

      ကေဇီ says:
      ” ဟယ်။ ရင်သတ်ရှုမော ရှူ့ခင်း ဆိုတာ ဒါမျိုးပြောတာနေမှာ။
      အပြင်မှာ တွေ့ဖူးရင် ရူးသွားနိုင်တယ် ”

      မှန်တာပြောရရင် ၊ အခု Post ထဲမှာဖေါ်ပြထားတဲ့ ဓါတ်ပုံတွေရဲ့ အလှဟာ ၊
      အပြင်မှာ အဘ တကယ်ခံစားခဲ့ရတဲ့ အလှ ရဲ့ တစ်ဝက်ကိုတောင် မမှီပါဘူးကွယ် ။

  • အရီးမုတ်ဆိတ်

    May 24, 2014 at 8:53 pm

    ကိုအဘဖော
    ခြေထောက်မှာ ဗွေများပါလေရော့လား။
    အိမ်မှာ နေတယ် ဆိုတာမရှိ။ လမ်းပေါ်မှာ ချည်းဘဲ။
    ဒီလောက် သင်္ဘောစီးနေရတာတောင် သင်္ဘော နဲ့ ခရီးသွားလိုက်သေး။
    {သင်္ဘောဖြတ်မောင်းနေတဲ့ Feeling ကလည်း ၊ တစ်မျိုး ပျော်ရွှင်စရာ ကောင်းလှပါတယ် ။} တဲ့။
    ပြောလိုက်သေးတယ်။
    မပြောတော့ဘူး။
    နောက်တာပါ။
    ကိုယ်တိုင်မောင်းရတာနဲ့ သူများမောင်းတာစီးရတာ ဘယ်တူပါမလဲ။ နော။
    ရှင် ပြောသလိုဘဲ ရှုခင်းတွေက အတော်လှတယ်။
    ကင်မလာဘဲ ကောင်းလွန်းလို့လား။ ရေက ပြာနေလိုက်တာ အရောင်ခြယ်ထားလိုပါဘဲ။
    တိမ်တွေ နဲ့ ပုံ က လဲ တအားလှတယ်။
    ဒေသန္တရ လှပတဲ့ ရှုခင်းတွေ မျှပေးလို့ ကျေးဇူးပါ။
    ကိုယ်တိုင်မရောက်လဲ ကိုယ်ရောက်လိုက်သလိုပါဘဲ။
    :-))

    • Foreign Resident

      May 26, 2014 at 5:49 am

      အရီးမုတ်ဆိတ် says:
      ” ခြေထောက်မှာ ဗွေများပါလေရော့လား။
      အိမ်မှာ နေတယ် ဆိုတာမရှိ။ လမ်းပေါ်မှာ ချည်းဘဲ ”

      ဟီဟိ ၊ ပြီးခဲ့တဲ့ အပါတ်ကမှ အမေရိကန် ၊ ကနေဒါ က ပြန်ရောက်တာပါ ။

      အဘ သွားချင်လွန်းလို့ သွားနေတာတွေ ၊ မဟုတ်ရပါကွယ် ။
      အဘ ဘဝ ရဲ့ ပဲ့ကိုင်ရှင် မဟေသီ က ၊ သွားချင်လို့ သွားတာကို ၊
      အဘ ခမျာမှာ ၊ ပစ္စည်းထမ်း ပေါ်တာ အဆွဲခံရရှာတဲ့ ဘဝလေး ရယ်ပါလေ ။

  • alinsett (gazette)

    May 25, 2014 at 9:57 am

    အဘတစ်သက်တာ မြင်သမျှထဲက အလှဆုံး ရှုခင်းတွေ. . .
    အင်းးးကျနော့်အတွက်လည်း မြင်ရရုံနဲ့တောင် အားမရ
    ကိုယ်တိုင် အပြေးသွားလိုက်ချင်တဲ့အထိပါပဲ. . .

    ဘယ်တော့များမှ ရောက်ပါ့မလဲ. . . .

    • Foreign Resident

      May 26, 2014 at 5:54 am

      alinsett (gazette) says:
      ” အင်းးးကျနော့်အတွက်လည်း မြင်ရရုံနဲ့တောင် အားမရ
      ကိုယ်တိုင် အပြေးသွားလိုက်ချင်တဲ့အထိပါပဲ. . . ဘယ်တော့များမှ ရောက်ပါ့မလဲ ”

      တောတွင်းပျော် says:
      ” ကျနောလည်း ဒီလိုကမ႓ာမျိုးထဲ တစ်ခါလောက် ဝင်အောင်းလိုက်ချင်ရဲ့ ”

      အင်းးးးးးး ၊ အဘတို့ မြန်မာနိုင်ငံသားတွေရဲ့ သနားစရာ ဘဝ ကလဲ ၊
      ပိုက်ပိုက် ရှိရင်တောင်မှ ၊ အဟန့်အတားတွေက အများကြီးရယ် ။

      အဘ နယူးဇီလန် Cruise စီးတော့ ၊
      အဘ သူငယ်ချင်း ကပ္ပတိန်တွေလဲ အားကျပြီး လိုက်စီးကြတယ် ။
      ( သင်္ဘော ကပ္ပတိန်တွေ ဆိုတော့ ပိုက်ပိုက် သိပ် မပါးရှားရှာဘူးပေါ့ကွယ် )

      ( ဟီ ဟိ ဇဂါးမစပ် သင်္ဘော ကပ္ပတိန် ဆိုလို့ ၊
      ရွာထဲက ရွာသူ သင်္ဘော ကပ္ပတိန် ကတော်ကြီး ကို သတိရမိသေး )

      ဒါပေမယ့် ၂ နိုင်ငံ ၃ နိုင်ငံ သွားတဲ့ Cruise မစီးနိုင်ကြဘူး ။
      ၁ နိုင်ငံထဲမှာ ပါတ်တဲ့ ဟာဝိုင်ရီ ကျွန်းပါတ် Cruise ဘဲစီးကြရတယ် ။
      ၂ နိုင်ငံ ၃ နိုင်ငံ သွားတဲ့ဟာဆိုရင် Visa တွေ အများကြီး လျှောက်ရမှာ စိုးလို့လေ ။

      နောက်ပြီး အဘ သူငယ်ချင်း ကပ္ပတိန်တွေ အတော်များများ ၊
      အမေရိက နိုင်ငံ ၊ နိုင်ယာဂရာ ရေတံခွန်ကို သွားကြတယ် ။
      အားလုံး ( အားလုံး ) က နိုင်ယာဂရာ ရေတံခွန်ကို ၊
      အမေရိက ဘက်ခြမ်းကဘဲ ကြည့်ပြီး ပြန်လာခဲ့ရတယ် ။

      တကယ့် တကယ် က ၊ နိုင်ယာဂရာ ရေတံခွန် က ၊
      ကနေဒါ ဘက်ခြမ်းကနေ ကြည့်မှ တကယ် လှတာလေ ။
      ဒါပေမယ့် မြန်မာနိုင်ငံသားတွေ ဆိုတော့ ၊
      ကနေဒါ Visa ထပ် မ လျှောက် နိုင် / မ လျှောက် ချင် တော့ဘူးလေ ။

      အရမ်းကို မျက်နှာငယ်ရ / သနားဖို့ ကောင်းလှတဲ့ ၊
      အဘ တို့ မြန်မာနိုင်ငံသားတွေ ရဲ့ ဘဝ ပါဘဲ ။

  • ကေဇီ

    May 25, 2014 at 11:25 am

    ဟယ်။ ရင်သတ်ရှုမော ရှူ့ခင်း ဆိုတာ ဒါမျိုးပြောတာနေမှာ။
    အပြင်မှာတွေ့ဖူးရင် ရူးသွားနိုင်တယ်။
    ကျနော် တိမ်တို့ တောင်တန်းတို့ ပင်လယ်တို့ကို ချစ်တယ်။

    :s:

  • Ma Ei

    May 26, 2014 at 11:15 am

    ဟယ်။ ရင်သတ်ရှုမော ရှူ့ခင်း ဆိုတာ ဒါမျိုးပြောတာနေမှာ။
    အပြင်မှာတွေ့ဖူးရင် ရူးသွားနိုင်တယ်။
    ကျနော် တိမ်တို့ တောင်တန်းတို့ ပင်လယ်တို့ကို ချစ်တယ်။
    🙂
    ဆွိဆွိ Comment လေးကြိုက်လွန်းလို့ ထပ်ကူးရေးလိုက်ပြီ…
    🙂

  • kyeemite

    May 26, 2014 at 2:47 pm

    ခန္ဓာကိုယ် တခုလုံး တကယ့်ကို ငြိမ်းအေးနေပြီး ၊ ပီတိ ( ပျော်ရွှင်မှု ) ကို ခံစား ၊ စားသုံးနေရသလိုပါဘဲ ။

    ကိုရင်ဖေါ ခံစားရတာလည်းမပြောပါနဲ့လေ…ကျုပ်တို့ လိုဓါတ်ပုံပဲကြည့်ရတဲ့သူတောင် အေးချမ်းမှုနဲ့
    စိတ်ကြည်နူးမှုကို ခံစားရပါတယ်…ခရီးစဉ်ကြီးတစ်လျှောက်လုံးမှာ…ဒီခရီးပိုင်းလေးက အရသာအရှိဆုံးထင်ရဲ့
    ကိုရင်ဖေါတစ်ယောက် အစားအတွက်တောင်အချိန်ကုန်မခံလို့…

  • black chaw

    May 26, 2014 at 2:55 pm

    ကင်မရာ အစွမ်းလား လူ့အစွမ်းလား
    ရှုခင်းတွေကပဲ သူ့နဂို လှတာလား
    မခွဲခြားတတ်တော့ဘူး…။
    အားကျတယ်…။
    တို့ရွာသားတစ်ယောက် ဒီလို ခရီးစဉ်မျိုးကို
    တွေ့ကြုံ ခံစားခဲ့ဘူးတာကို ဂုဏ်ယူတယ်…။
    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော…။

  • aung moethu

    May 29, 2014 at 8:47 am

    နယူးဇီလန် ဘက်တွေမှာ အဲ့လိုရူခင်းတွေ သိပ်လှတာပဲနော်။ ဒီဘဝတောင် ရောက်ဖူးပါ့မလား တွေးမိပါရဲ့။ နိုင်ငံတိုင်းလိုလိုမှ သူ့အလှတရားတွေ ရှိပြီးသားပဲ။ မြန်မာနိုင်ငံကတော့ မပြုပြင် မပြောင်းလဲထားတဲ့ အလှတရားပေါ့။ ဟိုး နိုင်ငံခြားဘက်တွေ မသွားနိုင်ခင် ကိုယ့်နိုင်ငံကို နှံ့အောင ်သွားဦးမှပါပဲ။ ခရီးသွားရတာတော့ သိပ်ကိုဝါသနာပါတယ်။

Leave a Reply