ဒီ ၃ဝ (Forza Italia)

ムラカミMay 24, 201411min54419

 

 

 

 

world-cup-trophy-fifa (1) ကမာ္ဘ့ခွက် world cup ကား စတော့မည်… ၃ပါတ်တောင်မလိုတော့ …

ယနေ့ပါထည့်တွက်အုံး ၁၉ရက်တိတိသာ ကျန်သည်။ ၄နှစ်မှာမှ တဖလား တကမာ္ဘလုံးမက်တဲ့ဖလား ဖြစ်၏။

အသင်းတိုင်း မဏာမ လူစာရင်းဖြတ်သောကာလဖြစ်သည်။ လူ၃ဝပေါ့.. တကယ် ရွေးမှာ ၂၃ ယောက်ပေမယ့် ..

ရယောက် အပိုဆောင်းကာ .. နောက်ဆုံး စာရင်းပေးရမယ့်အချိန်အထိ စခန်းသွင်းနေကြသည့်ကာလပင်။ သည်တော့ …

မိမိ အစဉ်တစိုက် အားပေးခဲ့သော အီတာလီယာ အသင်း၏ လူ၃ဝ စာရင်းကို ယခုလို အကဲဖြတ်မိပါသည်။

 

 

Italy-WC

<Goalkeepers: >

Gianluigi Buffon (၃၅) GK   10339726_10152144401393831_1474915540948724818_n

ဒါ ကနေ့ ကမာ္ဘမှာ အကောင်းဆုံး စာရင်းဝင်တဲ့ ဂိုးသမား ၃ယောက်လောက်ထဲက တယောက် ဖြစ်ပါတယ်။

(ကျန်၂ယောက်ကိုတော့ စပိန်မှ ကာဆီးလက် နဲ့ ဂျာမနီက နျူအာ လို့ တကိုယ်ရေ သတ်မှတ်ပါရဲ့)။

အီတလီ အသင်းရဲ့ ဂိုးပေါက်ကို စောင့်ရှောက်လာတာ ဆယ်စုနှစ် တခုမကတော့ သလို …လက်ရှိအချိန်မှာလည်း

အသင်းခေါင်းဆောင် နေရာကနေပြီး နောက်တန်း ကစားသမား ချာတိတ်တွေကို အော်ငေါက် ဆူပွက်ပြီး အကောင်းဆုံး

ထိန်းကျောင်းနိုင်သူလည်း ဖြစ်ပါတယ် ။ လက်ရှိအချိန်ထိ ကမာ္ဘမှာ ဂိုးသမားတယောက် ရဲ့ ပြောင်းရွှေ့ကြေး

အမြင့်ဆုံး စံချိန်ကိုလည်း ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပြီး .. သည်တခေါက် ပြိုင်ပွဲမတော့ ဂျီဂျီဘူဖွန် ဘာလုပ်ပြမယ် ဆိုတာ

စောင့်ကြည့်ရမှာဖြစ်ပါတယ်။

 

 

 

Salvatore Sirigu (၂၇) GK Italy Training Session   ရေနံ သာထိန်းတွေ ပြင်သစ်လိဂ် က PSG ကို ဝယ်ပါတယ်…

အီတာလီယာ နည်းပြ ခန့်ပါတယ်..။ အဲ့သည့်မှာပဲ အလားအလာရှိတဲ့ အီတာလီယာ ချာတိတ် တချို့ ကို

ခေါ်ခဲ့တယ်ပေါ့…။ အဲ့သည့်ချာတိတ်တွေထဲက ၄ယောက် တိတိ လက်ရွေးစဉ် ရွေးတော့ ပါလာသပေါ့ဗျာ…။

သည် တယောက်လည်း အပါအဝင် ဆိုပါတော့… ပြင်သစ် လိဂ်မို့ သေချာ မကြည့်ဖူးပေမယ့် .. ချန်ပီယံလိဂ် ကွာတားဖိုင်နယ်လစ်စ်

တွေရဲ့ ဂိုးပေါက်ကို ဝ-ကွက် အပ်ထားခံရသူဖြစ်လို့ …အရည်အသွေးပိုင်းတော့ သံသယမဖြစ်မိဘူး ပြောပါရစေ..။

 

 

Mattia Perin (၂၁) GK

Perin_Mattia_Teramo   ဒါ .. ဂျီနိုအာ အသင်းရဲ့ ဂိုးသမား ဖြစ်ပါတယ်..။ ဂျီဂျီဘူဖွန် လက်သစ်လို့ တင်စားကြပြီး

လက်ရှိအချိန် ဥရောပ အသင်းကြီးတွေရဲ့ စောင့်ကြည့်ပစ်မှတ် ဖြစ်နေတဲ့ ချာတိတ်ပါ..အရပ်အမောင်း ..

နေရာယူမှု နဲ့ reflex (သဘာဝအလျောက် တုန့်ပြန်မှု) တွေက … ဘူဖွန် ငယ်ဘဝကို ပြန်အမှတ်ရစရာပါ…။

သူကခြားနားတဲ့ ဘဝနဲ့ ခြားနားတဲ့ (နည်းနည်းနိမ့်တဲ့) အဆင့်တခုမှာ ကစားနေတာမို့ ..နှိုင်းယှဉ်သုံးသပ်ဖို့တော့

မဖြစ်နိုင်ဘူး မှတ်ပါတယ်..။ သေချာတာကတော့ … သည်လို ချာတိတ်မျိုးရထားတာ ..

.နောင်၁၅နှစ်လောက်တော့ အဇူရီ ဂိုးပေါက်အတွက် ပူစရာ မလိုဘူး ဆိုတာပါပဲ…။

 

 

<Defenders:> Giorgio Chiellini (၂၉) CB

Cheillini

ဒါ မော်ဒန်ဘောလုံးရဲ့ အသန်မာဆုံးသော နောက်တန်း ကျောက်ဆောင်တွေထဲက တဦး လို့ ဆိုနိုင်ပါတယ်

ပို တိတိကျကျပြောရရင် မာလ်ဒီနီ နက်စတာ နဲ့ ကင်နာဗားရိုးနောက်ပိုင်း ရိုးရာ ကာတီနာစီယို ကစားဟန်အတွက်

အီတလီရဲ့ အကောင်းဆုံးသော ထုတ်ကုန်ဖြစ်ပါတယ်။ ကြံ့ခိုင်မှု အသားပေးပြီး ခပ်ကြမ်းကြမ်းဖျက်ထုတ်မှုတွေနဲ့

ပါတ်သတ်လို့ နာမည်ကျော်တဲ့ သည်ကစားသမားဟာ ၂၀၁၃ ခုနှစ်အတွက် Bloomberg ရွေးတဲ့ ကမာ္ဘ့အကောင်းဆုံး

ဘောသမား စာရင်းမှာ နံပတ် ရ ချိန်ပါသတဲ့။

 

Leonardo Bonucci (၂၇) CB

Leonardo-Bonucci-07

သည်တယောက်ကတော့ ဂိုးသမား ဘူဖွန်။ နောက်ခံအတွင်းလူ ချီယေလီနီ နဲ့အတူတူ

အိုးလေဒီ လို့တင်စားတဲ့ ဂျူဗင်တပ်စ် ဘောလုံးအသင်းရဲ့ နောက်ထပ် ခံစစ် တံတိုင်းဖြစ်ပါတယ်။

အရပ် ၆ပေ ၃လက်မရှိတဲ့ သူဟာဖျက်ထုတ်မှု ကျွမ်းကျင်ရုံသာမကဘဲ အဝေးဘောလုံး ပေးပို့မှု မှာပါ

အင်မတန် သေသပ်တာကြောင့် နာမည်ကျော်ပါတယ် ။ ဆိုတော့ … Made In Old Lady ခံစစ် သမားတွေထဲမှာ ..

ကပ္ပီတန် ဘူဖွန်ရှေ့က ၂ယောက်ဖြစ်တဲ့ သူတို့ ၂ဦးမှာ တယောက်သည် နောက်ဆုံး ခုခံသူ ဖြစ်မယ်ဆိုရင်

နောက်တယောက်သည် အကောင်းမွန်ဆုံးသော တန်ပြန်တိုက်စစ် လမ်းကြောင်းဖွင့်လှစ်သူ ဖြစ်မှာ မလွဲပါဘူး။

 

 

Ignazio Abate(၂၇) RB

121824_heroa

တချိန် က နာမည်ကျော် ဂိုးသမားတယောက် ဖြစ်ခဲ့တဲ့ အဘာတီရဲ့ သားဖြစ်ပါတယ်။

သူကတော့ ညာတောင်ပံခံစစ်မှူး တာဝန်ယူထားသူပါ …။ တောင်ပံတလျောက် ပေါက်ကွဲနှုန်းပြင်းပြင်းနဲ့

ရုတ်ချည်း ထ-ပြေးနိုင်တဲ့ အရှိန်အဟုန်မျိုးပိုင်ဆိုင်ထားပြီး လက်ရွေးစဉ် အသင်းကြီးအတွက် ယူရို ၂၀၁၂ နဲ့

တိုက်ကြီးများဖလား ၂၀၁၃ တို့ကစားပေးခဲ့ပြီး ယခု တတိယအကြိမ် အစမ်းသပ်ခံမယ့် ကစားသမားဖြစ်ပါတယ်။

 

Gabriel Paletta (၂၈) CB

Paletta   သူကတော့ အပေါ်က နာမည်ကျော် CB ၂ယောက်ရဲ့ အရံလူအဖြစ် အသုံးတော်ခံမယ့် ကစားသမား ဖြစ်ပါတယ်။

သည်ကစားသမား ရဲ့ ထူးခြားချက်ကတော့ ..သူဟာ အီတာလီယာ နွယ်ဖွား မိဘများက ဆင်းသက်သူ

အာဂျင်တိုင်း တယောက်ဖြစ်တာပါ။ ငယ်ဘဝ သက်တမ်းအလိုက် လူငယ်ပြိုင်ပွဲတွေမှာ အာဂျင်တီးနား အသင်းအတွက်

ကိုယ်စားပြုခဲ့ပေမယ့် အသင်းကြီးရွေးချယ်ရမယ့် အချိန်မှာ အီတာလီယာ မျိုးရိုး အရ သုံးရောင်ချယ် အလံကို

ကိုယ်စားပြုခဲ့သူဖြစ်ပါတယ်။ မကြာသေးမီကမှ လက်ရွေးစဉ်ဖြစ်လာလို့ လက်ရွေးစဉ်မှတ်ကျောက်

မရှိသေးပေမယ့် အာဂျင်တိုင်း ကလပ်တွေ နဲ့အတူ အင်္ဂလိပ်ကလပ် (လီပါပူးလ်) မှာ ကစားခဲ့ဖူးတဲ့

သူ့ရဲ့ ကျယ်ပြန့်တဲ့အတွေ့အကြုံကြောင့် လျှော့တွက်လို့မရမယ့် ကစားသမား လို့ သုံးသပ်နိုင်ပါတယ်။

 

Andrea Barzagli (၃၃) CB

Andrea+Barzagli+Juventus+v+Parma+FC+Serie+XymfgtfXq9xl သူလည်းပဲ .. နောက်ထပ် Old Lady ရဲ့ ဗဟိုခံစစ်မှူး တဦးပါ ။ တချိန်ကတော့ သူ့ကို

ကင်နာဗားရိုး လက်သစ်လို့ တင်စားခဲ့ကြပါတယ်။ အဲ့သည့်မှာ မထင်မှတ်ထားတာ ၂ခု ဖြစ်လာပါတယ်။

တခုကတော့ … သူ ဂျာမနီ ကလပ်အသင်း ဝုလ်ဗ်ဖ်ဘာ့ဂ် ကိုပြောင်းခဲ့တာပါ .. (သူနဲ့အတူ ဇက်ကာဒိုပါတယ်ထင်တယ် ..မမှတ်မိတော့ )

ဒါ ရှားပါးတဲ့ကေ့စ်တခုပါ…။ ဒေသတွင်းပြိုင်ဘက် ဂျာမေးနီးယားတွေဟာ ဘယ်တော့မှ အီတာလီယာ နောက်ခံကစားသမားတွေကို

ခေါ်ယူလေ့မရှိတာကြောင့်ပါ။ ကြံ့ခိုင်မှုဦးစားပေးတဲ့ လိဂ်က နည်းစနစ်ပိုင်း ဦးစားပေးတဲ့ လိဂ်က ကစားသမားတွေကို

မလိုချင်တာတော့ မဆန်းပါဘူး… သို့သော်ဆန်းတာကတော့ .. သူ့လက်ထက်မှာပါပဲ။ အဲ့သည့် အနေအထားမတူတဲ့ လိဂ်

ကိုပြောင်းခဲ့လို့လားတော့ မဆိုနိုင်ဘူး အပေါ်မှာ ပြောတဲ့ အချက် ၂ချက် ကနေ ဒုတိယအချက် ပေါ်ပေါက်လာပါတယ်။

ဟုတ်ကဲ့.. သူ ထင်သလောက် တိုးတက်မလာဘဲ နောက်လူ တွေ ကျော်သွား တာခံရတာပါ။ အသက် ၃၃ မို့ အနည်းငယ်

အကျပိုင်းရောက်နေပေမယ့် ရင့်ကျက်တဲ့အတွေ့အကြုံအရ အမာခံ ဗဟိုနောက်ခံလူ တွေအတွက် အချိန်ပိုင်းလူစားထိုးဖို့တော့

ယုံမှားသံသယ မရှိစရာ အရည်အသွေးမျိုး ပြနေနိုင်ဆဲပါ။

 

Andrea Ranocchia (၂၆) CB

 

Andrea+Ranocchia+Italy+Training+Press+Conference+AbOdH4Mdsjkl

 

 

ဒါကတော့ မျက်နှာသစ် လူငယ် တဦးဖြစ်ပါတယ်။

ထူးထူးခြားခြား အင်တာမီလန် အသင်းရဲ့ ဗဟိုနောက်ခံလူ အဖြစ် ကစားနေတဲ့ ကစားသမားပါ ။

သည်နှစ်ပိုင်း အင်တာ ရဲ့ ကျဆုံးမှုတွေကြောင့် အင်တာပွဲတွေ မကြည့်ဖြစ်တာများလို့ ..ကျနော်သေချာမကြည့်ဖူးတဲ့ ကစားသမား မို့ မဝေဖန်လိုပါကြောင်း..။

 

Mattia De Sciglio(၂၁) RB

mattia-de-sciglio-ac-milan

 

 

သည်တယောက်ကျ အကောင်ငယ်ပေမယ့် အဆိပ်ပြင်းတဲ့ မီလန်မြို့ က ချာတိတ်ဖြစ်ပါတယ်။

အသက် ၂ဝမှာတင် ကမာ္ဘ့ တိုက်ကြီးများဖလား တတိယဆုရ အသင်းမှာ ၅ပွဲကန် ၄ပွဲ ပွဲထွက်ခဲ့ရတဲ့ လူငယ်ပါ။

နည်းစနစ်ပိုင်းနဲ့ ပြေးအား အင်မတန် ထူးချွန်တယ်လို့ နာမည်ကျော်ပါတယ်။ ဘယ်သန်ကစားသမားဖြစ်ပေမယ့်

ညာခြမ်းမှာကစားတာမို့ …သူ့ကို ညာခြမ်းက မာလ်ဒီနီ လို့ တင်စားကြပါတယ်။ မနှစ်ကထက် ပိုမိုလာမယ့်

သူ့ရဲ့ ရင့်ကျက်လာမှု တိုးတက်လာမှုနဲ့ တိုက်စစ် ခံစစ် လိုက်ပါကစားနိုင်မှုတွေကိုတော့ ကြည့်ရမှာ ရင်ခုန်ပါတယ်။

 

 

 

Christian Maggio (၃၂)

 

Christian_Maggio_BGR-ITA_2012

 

 

RB, RM ဒါ တချိန်က နာမည်ကျော်ခဲ့တဲ့ ကာမိုရာနီစီ ဒါမှမဟုတ်

ဂျီယန်လူကာ ဇန်ဘရော့တာ ကို သတိရစရာ ကစားသမား ပါ။

ညာတောင်ပံတကျော ကောင်းကောင်း စုန်ဆန် ကစားနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။

ဟုတ်ပါတယ်။ သူ နုစဉ်အချိန်က အဆိုပါ ပါရမီရှင် ကစားသမား၂ယောက်ရဲ့ အရံလူအဖြစ်

လက်ရွေးစဉ်အသင်းမှာ အသုံးတော် ခံခဲ့ပါတယ်။ ခုချိန်တော့ အရွယ်တော် တဆိတ် ဟိုင်းပေမယ့်

လက်ရှိ ကလပ်အသင်း နာပိုလီ နဲ့ အတူ တနှစ်တာ သွေးပူထားခဲ့လေတော့ ..

သူဝင်ကစားခဲ့ရင် ဘာများ လုပ်ပြနိုင်လေမလဲ ဆိုပါတော့ဗျာ။

 

Matteo Darmian (၂၄)

 

 

Matteo+Darmian+Citta+di+Palermo+Headshots+xO98cEPla4fl

 

RB, SB ညာခြမ်း အားသာတဲ့ နောက်ထပ် တောင်ပံ ခံစစ် ကစားသမား ဖြစ်ပါတယ်။

မီလန်မြို့ ကရောင်းထုတ်လိုက်တဲ့ နောက်ထပ်ရတနာတပါး ဆိုပါတော့ ။

လက်ရှိကလပ်ကတော့ တူရီနို ပါ။ Flank Attack တွေအတွက် အတော် အမှတ်ပေးခံရတဲ့

ကစားသမား ဖြစ်သလို မှတ်တမ်းမှတ်ရာအရတော့ ၂၀၁၂-၂၀၁၃ ဘောလုံးရာသီ (မနှစ်ကပေါ့ဗျာ)

မှာ ဥရောပ ထိပ်တန်း လိဂ် ၅ခုမှာ ဖျက်ထုတ်မှု အများဆုံးသော နောက်ခံလူ စာရင်း ဝင်ခဲ့တဲ့ ငတိဖြစ်လို့

ခေသူမဟုတ် ဆိုတာကလွဲပြီး ..တခြားတော့ မပြောနိုင်သေးပါ။

 

Manuel Pasqual (၃၂) LB

 

 

manuel-pasqual-fiorentina

 

သည်ဆရာသမားကတော့ ဖလောရင့်စ် မြို့ က ဖြစ်ပါတယ်။

ထောင့်ကန်ဘောတွေ Dead ball ခေါ်တဲ့ … တိုက်စစ်က လူပေး/ ကန်တင် လုပ်လိုက်

လိုရင်းမရောက်ဘဲ လျှံကျလာတဲ့ ဘောလုံးမျိုး တွေ စီမံရာမှာ ပြောင်မြောက်သူရယ်လို့ .. သိရပါတယ်။

တခါတလေမှာ အလွတ်တည်ကန်ဘော တွေအတွက် လည်း အသုံးကျနေပါသေးသတဲ့ ..။

အရပ်အမောင်း သိပ်မမြင့်မားပေမယ့် တိတ်တိတ်ဆိတ်ဆိတ်နဲ့ တိုးတက်လာခဲ့သူ ဖြစ်ပြီး

သိကြတဲ့အတိုင်း သည်နေရာ က ကမာ္ဘကျော်နောင်တော်ကြီးတွေ ပိတ်ထားလို့ ယခုမှ စင်မြင့်ပေါ်ရောက်မယ်

ကြံတဲ့ အနေအထားမို့ ကြိုးစားအားထုတ်မှုအပိုင်းမှာ သံသယ ဖြစ်ဖို့ မလိုတဲ့ ကစားသမားဖြစ်ပါတယ်။

(ဒါက သူ့အရွယ်နဲ့ဆို နောက်ဆုံး ကြုံရမယ့် ကမာ္ဘ့ဖလား ပွဲကိုး)

 

Andrea Pirlo (၃၅) DM, CM

10250088_10152146033563831_5011927201034151745_n

 

 

တနေ့ကမှ အသက် ၃၅ ပြည့်သွားတဲ့ ရွှေအိုရောင် ကြယ်ကြီးပါဗျာ … ။

သူ့အကြောင်းတော့ အားလုံး သိပြီးဖြစ်မှာမို့ သိပ်မွှန်းပြီး မပြောလိုတော့။

သေချာတာကတော့ အကြင်သူသည် ဘောလုံး အားကစားအကြောင်း ပြောအံ့။

ကွင်းလည်ဗိုလ်ချုပ်တွေ အကြောင်း ဆွေးနွေးအံ့။   ပွဲရဲ့ ရစ်သမ် ကို ဖတ်တတ် ပြီး

ခင်းကျင်းပေးပို့မှု တိကျ သေသပ်ပြီး .. တည်ငြိမ် အေးဆေးစွာနဲ့ ခေါင်းဆောင်မှု ပြည့်ဝပြီး

အချိုပေါ်သကာလောင်းဗျာ လက်ရှိ ပြိုင်ပွဲဝင်မယ့် ကစားသမားတွေ အားလုံးထဲ အလွတ်တည်ကန်ဘော

အကောင်းမွန်ဆုံး ကစားသမား ဖြစ်နေခြင်း ကပဲ … သူ့ ဂုဏ်ဒြပ်ပါ။

သည်ဖလားပြီးရင် သည် ကြယ်ကြီးကို နှုတ်ဆက်ရတော့မှာ …။ အင်တာအတွက် မွေးခဲ့ မီလန်အတွက် ကြီးခဲ့ပြီးမှ .

.နောက်ဆုံး ဂျူဗင်တပ်စ်မှာ ကစားသမား ဘဝ ကားလိပ်ချဖို့ဖြစ်လာတဲ့ the Mastero ပေါ့ဗျာ ။

အင်မတန်နှစ်သက်ရတဲ့ deep lying midfield player ပါဗျ။

 

 

Antonio Candreva (၂၇) CM, AM, RM

 

Antonio+Candreva+Spain+v+Italy+StekJV8ezPWl

 

 

သည်ကစားသမား ကတော့ ကွင်းလယ် အရံလူဖြစ်မလား ..

ဒါမှမဟုတ် ပွဲရဲ့ လိုအပ်ချက်အရ ..ကွင်းလယ်တောင်ပံကနေ ခင်းကျင်းသူဖြစ်မလား မသိဘူးဗျ။

သူကစားတာ နည်းနည်းပဲ ကြည့်ဖူးလို့ မဝေဖန်တတ်ပေမယ့် မှတ်တမ်းတွေကတော့ သူဟာ

ဘောလုံးကိုင်ကစားတတ်ပြီး အကွက်ဆင်တာ နေရာယူတာ ကောင်းမွန်တဲ့အပြင် လုပ်အားနှုန်း ကောင်းတယ်လို့ ဖော်ပြပါရှိပါတယ်…။

အဇူရီ ကွင်းလယ် အတွက် ဆိုရင်တော့ ဟိုဆြာသမား ၂ဦးကို ကျော်ပြီး ပွဲထွက်ခွင့် ရနိုင်အံ့ မထင်။

 

 

 

Claudio Marchisio (၂၈) CM, AM

 

claudio-marchisio-beard

 

နောက်ထပ် Old Lady ခေါ်တဲ့ ဂျူဗင်းတပ်စ် ထုတ်ကုန် တမျိုး ဆိုပါတော့ ..။

စကားစပ်လို့ပြောရရင် ဂျူဗင်းတပ်စ် ဟာ သည်ဘက်နှစ်တွေ အောင်မြင်ခဲ့တာ ကွင်းလယ် က

ဆြာသမား အတွဲ ကြောင့်ပါတဲ့ …အဲ့အတွဲကို MVP လို့ခေါ်တယ်.. (အမေရိက မှာတော့ MVP ဆိုရင် most valuable player လို့ သုံးတာပါ)

သို့သော် သည် MVP က ခြားနားပါတယ် M က မာခီစီယို ပါတဲ့ V ကတော့ ဗီဒယ်လ် (သူကတော့ ချီလီလက်ရွေးစဉ်မို့ ရေးဖို့ မရှိပြီ)

P က .. ပီယာလိုဖြစ်ပါတယ်။ (ခုနောက်ပိုင်း ပြင်သစ် ချာတိတ် ပေါ့ဂ်ဘာ ပြင်းပြင်းပြပြ ပေါက်ကွဲထွက်လာတာတော့ တပိုင်းပေါ့ဗျာ..)

တကယ်တော့ မာခီစီယိုဟာ AM ပါ ..တိုက်စစ်သန် ကွင်းလယ်လူ လို့ ဆိုနိုင်ပါတယ်..

(ခံစစ်သန်ကွင်းလယ်လူအဖြစ်က ဟိုဘီးကျဲ ရှိနေမင့်ဟာ)

သည်ကစားသမားကတော့ တခြား AM တွေနဲ့ ခြားနားမှု အနေနဲ့ က အနီးကပ် ပေးပို့ ဖန်တီးမှု အပိုင်း နဲ့ လုပ်အားနှုန်းပါပဲ.။

တူညီတဲ့အချက်ကတော့ ကိုယ်တိုင်လည်း အဝေးကနေ ဂိုးပေါက် ခြိမ်းခြောက်နိုင်သလို အလိမ်အခေါက် စွမ်းရည်လည်း မြင့်မားတာပါပဲ..

အမှတ်ပိုပေးဖို့ကတော့ ..စိတ်ဓါတ်ပိုင်းပါ။ အားနည်းချက် ကိုပါပြောရရင်တော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒဏ်ရာ နှိပ်စက်ခဲ့တာပါပဲ။

သိတဲ့အတိုင်း ကွင်းလယ်လူ ၂ယောက်မှာ ဒဏ်ရာသာကင်းစင်တယ်ဆို ပီယာလို ကို ဘယ်သူမှ မယှဉ်နိုင်မှတော့

နောက်တနေရာပဲ ကျန်ပါတော့တယ် အဲ့သည့်နေရာအတွက် မာခီစီယို ယှဉ်ရမှာက …

 

Daniele De Rossi (၃၀) DM, CB

daniele-de-rossi-hairstyles15

 

 

CB လို့ ရေးထားလို့ အံဩမယ်ထင်တယ်… ဖြစ်ပုံက သည်လိုဗျ။ ဖလားပွဲ တခုမှာ

အီတာလီယာအသင်းရဲ့ ဗဟိုနောက်ခံလူ တယောက် နာသွားတယ် အဲ့သည့်နေရာ ဂျင်နာရို ဂတ်တူဆို

ဝင်ကစားပေးတယ်ပေါ့ …။ နောင် ၂-၄နှစ်အကြာမှာ အလားတူဖြစ်ရပ်ဖြစ်တယ်…

သည်အချိန်မှာ ဂတ်တူဆိုကြီးလဲ အိုပြီ…. ဒီရော့ဆီ ဝင်ကစားပေးတယ်ဆိုပါတော့ …

ဆိုလိုချင်တာ ..အာဂျင်တိုင်း ကွင်းလယ် အဖျက်ကစားသမား မာချီယာနိုဟာ ဘာကာမှာ ကွင်းလယ်နေရာတိုက်ပွဲကြောင့် ..

CB ဝင်ကစားပေးခဲ့သလို ဒီရော့ဆီ ဟာလည်း လိုအပ်လာချိန်မှာ CB ဆင်းကစားပေးခဲ့တဲ့ အဖျက်သန် ကွင်းလယ်ကစားသမား ဖြစ်ပါတယ်။

သူ့ဘဝအတွက် အကောင်းဆုံး အရွယ် အကောင်းဆုံး အချိန်ပေမယ့် တောက်လျောက် မိခင် ရိုးမား အသင်းကိုသာပေးဆပ်ခဲ့သူလည်းဖြစ်ပါတယ်။

တခါက ရောမမြို့မှာ လူဇော် ၃ယောက် မွေးခဲ့တယ် ဆိုရင် အစ်ကိုကြီး တော့တီ (AM, CF) ရဲ့ ခြေရာတိုင်း လိုက်ခဲ့တဲ့ ညီလတ် (DM,CB) ပါ …

ညီအငယ်ဆုံး ကာဆာနိုအကြောင်းကတော့ အောက်မှာ ဆက်ရေးပါ့မယ်။ သည်ကစားသမား ကိုတော့ဖြင့်

ဥရောပထိပ်သီး အသင်းတွေ အားလုံး မလိုချင်ဘူး ငြင်းသူမရှိအောင်ပါပဲ။ သူ့ဟာသူမွေးရပ်မြေကိုနှစ်မြှပ်ထားတာ တပိုင်းပေါ့…။

နိုင်ငံအသင်း နဲ့အတူ ၂၀၁၂ နဲ့ ၂၀၁၃ က ကစားပုံတွေအရတော့ Sweeper အသစ် ပုံစံအသစ် ပေါ်လာပြီလို့ပဲ မြင်မိပါတယ်။

ပွဲချိန် တချို့မှာ .. ကိုယ့်အသင်းရဲ့ ဂိုးစည်းပေါ်က ဘောလုံး ရှင်းထုတ်တဲ့လူ ဖြစ်တတ်သလို တချို့အချိန်မှာလည်း

တဖက်အသင်းရဲ့ ၁၈ဂိုက်စည်းထဲ ထိုးဖောက်ဝင်ရောက် ချိန်းခြောက်သူ ဖြစ်နေတတ်သေးလေရဲ့။

(ငယ်တုန်းက ကြည့်ဖူးတဲ့ ဂျာဂင် ကလင်းစမန်း အမှတ်တရပါပဲ) သို့သော် ခြားနားတဲ့ ဇာတ်ခုံတွေပါ။

 

 

Riccardo Montolivo(၂၉) CM, AM

 

riccardo-montolivo1

 

နောက်ထပ် ဖြိုဖို့ ခက်တဲ့ စစ်သူကြီးတယောက် ဖြစ်ပါလိမ့်မယ်။

ဒီရော့စီ လောက် ကြံ့ခိုင်မှု မကောင်းဘူး။ မာခီစီယိုလောက် မပြင်းပြဘူး ဆိုချင်ဆို ..

သူကတော့ ခြားနားတဲ့ အရည်အချင်းနဲ့ ကွင်းလယ်ကို ဦးဆောင်နိုင်သူတယောက်ပါ။

ကစားဟန်က ပျော့ပြောင်းပြီး ဥပဒေအတွင်းကနေ သပ်သပ်ရပ်ရပ် ကစားတတ်သူလည်း ဖြစ်တယ်။

လက်ရှိ အခြေသိပ်မလှတဲ့ မီလန် ရဲ့ ကပ္ပီတန်လည်း ဖြစ်နေပြန်ပါတယ်။ ကွင်းလယ်ဗဟိုက ဆြာသမားများကိုတော့

ပြိုင်ဘက် အခြေအနေ ကို သုံးသပ်ပြီး နည်းပြက ဘယ်လို ပွဲထုတ်မလဲဆိုတာ အလွန်စိတ်ဝင်စားဖို့ ကောင်းနေပြန်ပါတော့တယ်။

 

 

Thiago Motta(၃၁) CM, DM

 

thiago-motta-a-ete-severement-exclu

 

 

သူကတော့ ဘရာဇီးလ် မှာမွေးတဲ့ အီတာလျံ တယောက်ပါ …

သက်တမ်းအလိုက်ရော ခြေစမ်းပွဲတွေမှာပါ ..ဘရာဇီးလ် ကို ကိုယ်စားပြုခဲ့ပေမယ့်

တကယ့်ပွဲကြီး ကြုံတဲ့အချိန်မှာ အဇူရီ ကို ရွေးခဲ့သူ ဆိုပါတော့ သည်အကြောင်းနဲ့ ပါတ်သတ်ပြီးတော့

မှတ်ချက်တော့ မပေးလိုပါဘူး …။ သိတဲ့အတိုင်း သည်ဘဲတွေက ပရိုတွေ မဟုတ်လား…

သူရို့ ကပြရမယ့် စင်မြင့် သူရို့ ကိုယ်တိုင် ကျကျနန သိသပေါ့ဗျာ.. သူ့ရဲ့ အားသာချက် ၂ခုကတော့

ကွင်းလယ်မှာ နေရာစုံ ကစားတတ်တာရယ် နဲ့ ခေါင်းတိုက် ဂိုးသွင်းတာ ထူးချွန်တာရယ်ပါပဲ…

တခြား ထူးခြားမှတ်တမ်းအနေနဲ့ကတော့ ၂၀၁၂ ယူရို ကစားပွဲဖိုင်နယ်မှာဖြစ်ပါတယ်။

သိတော်မူတဲ့အတိုင်း စပိန်တွေကို ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲပေါ့ …အဲ့သည့်ပွဲရဲ့ တရားခံ လို ဖြစ်ခဲ့တဲ့ ကစားသမားဆိုပါတော့ …။

သူမွန်တိုလီဗို အစား ဝင်လာပြီး ၅မိနစ် အတွင်းမှာပဲ တံကောက်ကြော ဒဏ်ရာကြောင့် ဆက်မကစားနိုင်ခဲ့ဘူးလေ။

(လူစားလဲတာ ၃ယောက်ပြည့်ပြီမို့ သူ ကွင်းဘေးထွက်ထိုင်ရင်း ပွဲကြည့် ဆိုပါတော့ဗျာ)

အုပ်စုတွင်းမှာ သရေ ကစားနိုင်ခဲ့တဲ့ ကမာ္ဘ့ချန်ပီယံကို ဘာအပြစ်မှ မရှိဘဲ တယောက်လျော့နဲ့

နာရီဝက်ကစားရင်း ၄ဂိုးပေးခံရတဲ့ ဖြစ်ရပ်အတွက် တာဝန်မကင်းဖြစ်ခဲ့သူပေါ့ …။

သေချာပါတယ် ..သူပြန်လာမှာ ..စောင့်ကြည့်အုံးစို့ဗျ..။

 

Marco Verratti (၂၁) CM, DM

 

marco-verratti_113769_w460

 

 

သည်ချာတိတ်ကျတော့ ပြောစရာက များသားဗျ…။ ပထမတချက်ကတော့ သူ့ ပါရမီပါ …။

ပီယာလိုကြီးရဲ့ ဆက်ခံသူ ရယ်လို့ တညီတညွတ်ထဲ ထောက်ခံရလောက်အောင် သူ့ခြေစွမ်းက တောက်ကြွားပါတယ်….။

(ရေနံသာထိန်းတွေ လက်အောက်က ပြင်သစ်အသင်း ပီအက်စ်ဂျီရဲ့ ကွင်းလယ်ဗိုလ်ချုပ်ပဲဟာ …မစွမ်းရင် ဂွမ်းသွားမပေါ့)

နောက်တချက်ကတော့ သူ့အရပ်အမောင်း ၅ပေ ၅လက်မ ပါ။ ဥရောပနွယ်ဖွား တယောက်အတွက်တော့

အင်မတန် ညှက်တဲ့ အရပ်ဖြစ်ပါတယ်။ အဲ့ဒါကပဲ လေထဲမှာ ဘောလုံးယှဉ်လုတဲ့အခါ သူ့အတွက် မွေးရာပါ အားနည်းချက်ကို ဖြစ်လို့ …။

နောက်ထပ် တချက်ကတော့ စည်းမျဉ်းအတွင်း ကစားနိုင်မှုပါပဲ … ။ သိတဲ့အတိုင်း ကွင်းလယ်ဆော့တဲ့ လူပုလေး

မမီ မီတာ ကိုင်မယ် ဆိုတော့ဖြင့် … ကတ်တွေ ထွက်ထွက်လာမှာ မလွဲပါဘူး …။ နောက်ဆုံးတချက်ကတော့ ..

ဟိုလေ.. အာဟိ ထောင်ဖောက်ပြေးသွားတဲ့ ဂျော်လကီ မင်းသားလေးနဲ့ ရုပ်ချင်း အင်မတန်တူတဲ့အချက်ပါပဲ…။

ဆိုတော့ ကောက်ချက်ချ… အစွန်းတွေများတဲ့ ..လူစွမ်းကောင်းငယ် တယောက် အဖြစ်သာ ..။

 

Marco Parolo (၂၉)CM

 

MarcoParoloNazionale1

 

 

ပါးမား ကစားသမား သူ့ကို သိပ်မသိကြောင်း ဝန်ခံပါရစေ…

ပုံစံကျ ကွင်းလယ်ကစားသမား တဦးဖြစ်တာရယ် အဝေးကန်ချက်တွေနဲ့ ဂိုးရယူနိုင်တာရယ်တော့

မှတ်ထားဖူးပါတယ်။.. သို့သော် သည်နှစ်တွေ စီးရီးအေ စီးပွားအကျမှာ.. ကစားသမား ပိုင်ဆိုင်မှု ကိစ္စအတွက်

ဖတ်ရတဲ့ သတင်းတွေကတော့ စိတ်ပျက်ဖို့ကောင်းပါတယ်။ ၂၃ယောက်စာရင်းမှာ ပါလာခဲ့ရင်

ကံကောင်းပါစေလို့သာ..

 

Romulo (၂၇) CM, RB

 

Romulo+FC+Internazionale+Milano+v+Hellas+Verona+LYPYCTcNhoyl

 

 

ဘရာဇီးလ်မှာ မွေးတဲ့ အီတာလျံ တယောက်ပေါ့ဗျာ..။

ကလပ်အရရော ..လက်ရွေးစဉ်အသင်းအရပါ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်အချက်တော့ မမြင်ဖူးသေးဘူး ..။

ပုံမှန် ကစားနေကျ နေရာ ထက်စာရင် သူ့ကို optional အဖြစ် ခံစစ်မှာ ရွေးနိုင်တာ တချက်ကတော့

စိတ်လှုပ်ရှားစရာကောင်းလိမ့်မယ်ထင်ပါတယ်…

 

Alberto Aquilani (၂၉) AM

alber

 

သည် ကစားသမားကိုတော့ဖြင့် ပုဂ္ဂိုလ်ရေး ဆိုချင်ဆို.. ကာလကြာ စောင့်ကြည့်နေဖြစ်တဲ့ ကစားသမားဗျ။

သူသာ အခြေအနေကောင်းခဲ့မယ် ဆိုရင် ရောမမြို့ က နောက်ထပ် လူစွမ်းကောင်းရယ်လို့ ရေးဖြစ်ပြောဖြစ်မှာပါ…။

သူ့ဖြစ်ပုံက သည်လိုဗျ။ လူငယ် ဘဝမှာ ထိပ်တန်းစွမ်းဆောင်ရည်နဲ့ .. ထိပ်တန်းအသင်းတွေ လိုချင်လောက်အောင်

ခြေစွမ်းကောင်းခဲ့တယ်။ ၂၀၀၉ မှာ ယူရို သန်း-၂ဝနဲ့ ပရီးမီးယား ကလပ် လစ်ပါပူလ်း က သူ့ကို ဇာတိမြေကနေ ခေါ်ယူခဲ့တယ်ဗျ….

အဲ့သည့်မှာ အကွီလာနီ သွားရာ မိုးလိုက်လို့ ရွာ တော့တာပါပဲ…။ သူ့ကို စတီဗင် ဂျာရတ် ရဲ့ တွဲဘက်အသစ်လို့ အားလုံးက မြင်ခဲ့ပေမယ့် ..

သူကတော့ ဒဏ်ရာပြဿနာနဲ့ လုံးလည်ချာလည်လိုက်ခဲ့တာပါပဲ… ဆိုတော့ မိခင် ကလပ်အသင်းက နေ ပထမနှစ် အငှားချပါတယ်..

ဂျူဗင်တပ်စ် …(အဲ့သည့်နှစ်က ထူးပြီး မအောင်မြင်ခဲ့ပါ) နောက်နှစ် အငှားချတယ် ..မီလန်.. (သည်နှစ်ပိုင်း မီလန်လည်း မမိုက်ခဲ့ဘူးလေ.)

အဲ့သည့်နောက်ပိုင်း နောက်ဆုံး ဖီအိုရင်တီးနား ကိုရောက်လာပါတယ်.. သည်ကျမှ လူမှန်နေရာမှန် ဖြစ်သွားသလားတော့ မဆိုနိုင်ဘူး ..

လက်ရွေးစဉ်အသင်းက ဆင့်ခေါ်ရလောက်တဲ့ ခြေမျိုးသူပြန်တွေ့နေလေရဲ့…. ဘာပဲဖြစ်ဖြစ်.. ဘောလုံးပေးပို့မှု အောင်မြင်နှိုင်ခြေ မြင့်မားမှုအရ

သူသည်လည်း မှတ်ကျောက် စောင့်နေတဲ့ ကျောက်ရိုင်း တပွင့်လို့သာ မြင်မိပါရဲ့ ..။

နောက်တကြိမ် မသေချာတော့မယ့် အတူတူ ဆိုပါတော့…။

 

Mario Balotelli (၂၃) CF

 

mario_balotelli_2264421b

 

မော်ဒန် ဘောလုံးမှာ .. အငြင်းပွားစရာ အကောင်းဆုံးနဲ့ အထက်မြက်ဆုံး လူငယ် ကိုပြပါဆိုရင်

သူ့ကိုပဲ ပြရမှာပါပဲ။ လက်ရှိ ဘောလုံးလောကရဲ့ ဧကရာစ် ၂ပါးရဲ့ ရာဇ ပုလ္လင်ကို ဆွဲကိုင်လှုပ်နိုင်တဲ့ ငတိတွေပြပါဆိုရင်

လက်ငါးချောင်းမပြည့်ဘူး… စူပါမာရီယို နာမည် ကြားရလိမ့်မယ်…။ ခက်တာက သည်ငတိက ကျပ်မပြည့်သလိုလို

ရွှေပျောက်သလိုလို နဲ့ တကယ့် Problem Child ဖြစ်နေတာပါဗျာ။ အသက်နဲ့ မမျှတဲ့ အတွေ့အကြုံတွေရယ်..

အင်္ဂလန်မှာ နေဖူးတဲ့ ကာလတွေရယ်နဲ့ ပွဲကြီးရင်ကြီးသလို ..ထူးရင်ထူး မထူးရင် ရူးတတ်တဲ့ အကျင့်ရယ်ကြောင့်…

သူကတော့ သည်ပွဲမှာ Joker ပါလို့ တင်စားပါရစေ။

 

Ciro Immobile(၂၄) CF

 

 

ciro-immobile

 

 

သူ့အကြောင်း တော့ သိပ်မသိဘူးဗျ။ ဂျီနိုအာ က ငတိကိုး

သည်နှစ်ဘောလုံးရာသီတော့ .. ၃၃ပွဲမှာ ၂၂ဂိုးသွင်းပြီး အဆိပ်ပြင်း ပြထားတာက

သူ့ကို လက်ရွေးစဉ်အသင်းက ဆင့်ခေါ်ဖို့  ဖြစ်လာခဲ့တာပါပဲ…။ ခြေ၂ချောင်းဈေးကွက်မှာ အသင်းကြီးတွေ ချောင်းနေခြင်းခံရတဲ့

ချာတိတ်လို့လည်း ပြောနိုင်ပါတယ်။

 

Lorenzo Insigne (၂၂) LW, RW, CF

 

ins

 

 

နောက်ထပ် နာပိုလီ ကစားသမားတယောက်ပါ။ ရှေ့တန်း ကစားသမားအနေနဲ့လည်း ဆော့နိုင်တဲ့သူဟာ

ကလပ်အသင်းမှာတော့ ရှေ့တန်း ကစားတဲ့ စီနီယာ စူပါစတားများ ကို မကျော်နိုင်လို့ တောင်ပံတိုက်စစ်အဖြစ်သာ

အသုံးတော်ခံရင်း.. တောက်ပရမယ့်နေ့ကို စောင့်စား နေတဲ့ ချာတိတ် လို့မြင်မိပါတယ်။

ငယ်သေးတာမို့ စောင့်ကြည့် အနေအထားနဲ့သာ  သူကတော့ ခြားနား ရှားပါးတဲ့

အီတာလီယာ တောင်ပံကစားသမား လို့ ပြောရမယ်ထင်ပါတယ်။ ဥရောပါရပ်ဝန်းမှာ တောင်ပံကစားသမားကောင်းတွေ

အထွက်များတာ နယ်သာလန် အသင်းဖြစ်ပါတယ် သို့သော် သည်ငတိကတော့ …

တောင်ပံ၂ဖက်စလုံးမှာ ဖန်တီးမှု အရှိန်အဟုန် နဲ့တကွ နည်းစနစ် ပိုင်း ကောင်းမွန်မှုတွေနဲ့ ကစားနိုင်တယ် ဆိုကြပါတယ်…

 

 

 

 

Giuseppe Rossi (၂၇) CF

 

gro

 

 

 

ပရိတ်သတ် အချစ်တော် မန်ယူအသင်းက စွန့်ပစ်ခဲ့တဲ့ လူငယ်ကြယ်ပွင့် တွေထဲက တယောက် လို့ ဆိုနိုင်မယ့် ငတိပါ။

တယောက်က ဘာစီလိုနာ ခံစစ်ကျောက်ဆောင် ရှာကီရာ ယောက်ျား ပီကေး ဖြစ်ပြီး နောက်တယောက်က

ဂျူဗင်းတပ်စ် အံ့ဖွယ်ချာတိတ် ပေါ့ဂ်ဘာ ဆိုရင် သည်တယောက်ကတော့… ဂိုးမုဆိုး လို့ ဆိုနိုင်မယ့် ကစားသမားပါ…။

ပါးမား အသင်းနဲ့ ဘဝစခဲ့ .. မန်ယူက အောက်လမ်းနည်းသုံးခေါ်ခဲ့ .. နောက်ပိုင်း အဝါရောင်ရေငုပ်သင်္ဘောများလို့ ကျော်ကြားတဲ့

ဗေလာရီးရယ်မှာ (နောက်ထပ် မန်ယူအစွန့်ပယ်ခံ တယောက်ဖြစ်တဲ့ ဒီယေဂိုဖော်လန် နဲ့အတူတူ) တောက်ကြွားခဲ့

နောက်ဆုံး မွေးရပ်မြေ ကို ပြန်ခြေချပြီး … မှော်ဆန်တဲ့ ခရမ်းရောင် အသင်း ဖီအိုရင်တီးနားမှာ ခြေစွမ်းပြနေသူလည်းဖြစ်ပါတယ်။

အရပ်အမောင်း မမြင့်မားတဲ့သူဟာ အမေရိကန် ဇာတိ အီတာလီယာ တယောက်ဖြစ်ပြီး …သူကစားပုံက သွားလေသူကြီး

ဒယ်လ်ပီယာရို ကို သတိရစရာပါ။ အလိမ်အခေါက်စွမ်းရည်.. ပံ့ပိုးမှု နဲ့ တွဲဖက် ကစားကွက်ဖော်ပုံ တွေမှာ အထင်ကြီးလောက်စရာ

အရည်အချင်းကို အတော်များများ ပြခဲ့ ဖူးသူပါ။ ဒဏ်ရာတွေ နှိပ်စက်တဲ့ကြားကပေါ့။

 

Antonio Cassano (၃၁) CF, SS

 

Soccer - FIFA World Cup 2006 Qualifier - Group Five - Italy v Scotland - Giuseppe Meazza

 

 

ဒါကတော့ ရောမမြို့ ကလူစွမ်းကောင် း၃ယောက် ထဲက နောက်တယောက် ဖြစ်ပါတယ်။

မာရီယို ဘာလိုတယ်လီ ကို ရီချင်ရင် ရီနိုင်တဲ့ တကယ့် ဆိုးပေ ကစားသမားပါ…။

ခြေစွမ်းကောင်းသလောက်..ငယ်ဘဝတုန်းက ပြသနာရှာတဲ့နေရာမှာ ၂ယောက်မရှိသူပါ။

အသက် အစိတ်လောက်မှာ မိန်းမ ၆၀ဝ လောက်နဲ့ အိပ်ပြီးပြီ ပြောလား ပြောရဲ့ … ကမာ္ဘကျော် ရီးရဲယ်မက်ဒရစ် အသင်းက

ခေါ်လား ခေါ်ရဲ့.. ပရော်ဖက်ရှင်နယ်မပီဘဲ ဝိတ်မထိန်းလို့ ဝေဖန်ခံရ ကန်ထုတ်ခံရလား ခံရရဲ့… နောက်ပိုင်း

စီးရီးအေ အလယ်အလတ် အသင်းတွေမှာ ဘဝကို ပြန်စပြီး လက်ရွေးစဉ်ပြန်ဖြစ်လာသူ ဆိုပါတော့…။

လွန်ခဲ့တဲ့ ၂နှစ်က နှလုံးခွဲပြီးနောက် တော့ ပြသနာပွေတာ မကြားရတော့တဲ့ သိုးမည်းဟောင်း ပေါ့ဗျာ..။

အဲ့… ဒါတောင် ၂၀၁၂ တုန်းက အသင်းမှာ ဂေးတွေ ပါသလား မေးတာကို မပါဘူးထင်ပါတယ်

ဖြေတာ ဘာသာပြန်အမှားကြောင့် အင်ဂလိကန် မီဒီယာတွေမှာ နည်းနည်း ဆူညံပွက်လော ရိုက်ခဲ့ဖူးသေးတာကလွဲရင်ပေါ့…။

သူ့နောင်တော် ဖရန်ချက်စကိုတော့တီ ကို ခြေရာလိုက်နင်းနေတဲ့ ကွင်းအတွင်းမတော့ အလွန်ကောင်းတဲ့ ကစားသမားလို့ သတ်မှတ်ပါရစေ။

 

 

Alessio Cerci (၂၆) CF, WG

 

cerci

 

 

ခန္ဓာကိုယ် ဖွဲ့စည်းပုံ နဲ့ အရပ်အမောင်း ကိုကြည့်ရတာတော့ … နောင်တောင်ကြီး ခရစ်စတီယန် ဗီယာရီ ကို သတိရစရာပါ…။

ညာတောင်ပံ အားသန်တဲ့ သည်ကစားသမားကို လိုကယ်မီဒီယာတွေကတော့ အာဂျန် ရော်ဘင် နဲ့ နှိုင်းယှဉ် ချီးကျူးကြပါတယ်။

ဘယ်သန် ကစားသမား ဖြစ်လို့ ညာတောင်ပံမှာ ကစားပြီး အတွင်းကို ချိုးဝင် ကန်သွင်းတတ်တာကတော့ သူ့ Style လို့ပဲ ဆိုရမလို …။

နောက်ချန် တိုက်စစ်လည်း ကစားတတ်ပြီး မျက်နှာသစ်ဖြစ်တဲ့ သည်ကစားသမား က ဘာတွေလုပ်ပြနိုင်မလဲ ဆိုတာကတော့ …

နောက် ရက် ၂ဝပဲစောင့်ဖို့ လိုတယ် ပြောပါရစေ..။

 

Mattia Destro (၂၃) CF

 

Mattia-Destro2

 

ရောမ ကလာတဲ့ နောက်ထပ် လူငယ်ကြယ်ပွင့်ဖြစ်ပါတယ်…

ဒါပေမယ့် သူ့ငယ်ဘဝကတော့ မီလန် လူငယ်စီမံကိန်းပါ..။ တချိန်က နာမည်ကျော် ကစားသမား ဖလေဘီယို ဒက်စတို ရဲ့ သားလည်းဖြစ်ပါတယ်။

လက်ရှိ ခြေစွမ်းရရော ..အသက်အရွယ်အရပါ.. အခွင့်အရေးပေးသင့်တဲ့ ချာတိတ်လို့ အများစုကမြင်နေကြပါတယ်…။

အသင်းမှာ သူရှိနေခြင်းက အနည်းဆုံးတော့ စူပါမာရီယိုကို ဖိအား တွန်းအားပေးနိုင်လိမ့်မယ် အကောင်းဆုံးတွေကို

ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်ပြိုင်ရင်း ညှစ်ယူချနိုင်လိမ့်မယ်လို့ သုံးသပ်ကြပါတယ်…။

 

 

 

Cesare Prandelli (၅၆) (Coach)

 

EURO 2012: CESARE PRANDELLI IN CONFERENZA STAMPA

 

 

ကစားသမား ဘဝမှာ .. ခံစစ်သန် ကွင်းလယ်လူအဖြစ်နဲ့ ဥရောပတန်း ခြေစွမ်းပြခဲ့တဲ့ သူက… သည်ဘက်ခေတ်မှာတော့

အတော်လေး အဆင့်မြင့်တဲ့ ..နည်းပြတဦးအနေနဲ့ ရပ်တည်နေနိုင်သူပါ..။ အောက်သင်းတွေကို အဆင့်မြှင့်တင်ပေးခဲ့ဖူးတဲ့ ရာဇဝင်နဲ့

နာမည်ရလာတဲ့သူဟာ ..၂၀၁ဝ နောက်ပိုင်း လက်ရွေးစဉ်အသင်းကြီးအတွက် တာဝန်ပေးခြင်းခံရပါတယ်..။

သူ့လက်ထက်မှာ အီတလီအသင်းဟာ ခံစစ်အားပြုတဲ့ ကစားဟန်ကနေခွဲထွက်ပြီး …တိုက်စစ်အသားပေးတဲ့ ဖိအားပေး

ကစားတတ်ပုံ ကို တည်ဆောက်ခဲ့နိုင်ပါတယ်… ။ သက်သေကတော့ ၂၀၁၂ ယူရိုမှာ ဒုတိယဆု ရခဲ့ပြီး

၂၀၁၃ တိုက်ကြီးများဖလား မှာ တတိယဆု ရခဲ့တာပါပဲ …။ သည်နှစ်တော့ …ပိုမို ရင့်ကျက်လာတဲ့ အသင်းသားတွေ

ပိုမို အသားကျလာတဲ့ ကစားဟန်တွေနဲ့ အတူ ..ရေပန်းမစားပေမယ့် …ဘာတွေ ထူးထူးခြားခြား လုပ်ပြ သွားနိုင်မလဲ ဆိုတာ

ယုံကြည် ရင်ခုန်စရာပါ…။

 

တကိုယ်ရေ သုံးသပ်ချက်..

ခုနောက်ပိုင်း အီတာလီယာ အသင်းက တမျိုးတဖုံ ထူးခြားနေပါတယ်..။

ကျနော်တို့ ငယ်ငယ်က အားပေးခဲ့တဲ့ အီတာလီယာ အသင်းနဲ့မတူဘဲ…။

အဲ့သည့်တုန်းက … ဂိုးသမား နဲ့ နောက်တန်း လှည့်ကြည့်စရာမလိုအောင် ကောင်းခဲ့တယ်..။

(ဂိုးပေါက်ဝမယ် .. စတားလုံးနဲ့ တူတဲ့ ..ပီထရူချီ တို့ … သိပ်သွေးအေးတဲ့ ပီရူဇီတို့ပေါ့) သည်ဘက်ခေတ်မတော့ ..အဲ့ဒါတွေထက်ပိုတဲ့ …

ကမာ္ဘ့အဆင့် ဂိုးသမား ရထားပါတယ်… ရင်ခုန်စရာမကောင်းတော့တဲ့ နေရာ ဆိုပါတော့ …

အဲ.. .နောက်တန်းကတော့ ပြောင်းသွားသဗျ.. အရင်က လှည့်ကြည့်စရာမလိုခဲ့တဲ့…

ကြယ်တွေပြည့်နေတဲ့ နောက်တန်းဟာ ကနေ့ခေတ်တော့.. အတော်လေး အားနည်းနေမယ်မြင်နိုင်ပါတယ်..။

အထူးသဖြင့် ဘယ်ခြမ်းပေါ့ …။ လီဂျန်နရီ မာလ်ဒီနီ နားပြီးနောက်ပိုင်း .

.အော့ဒို ဆိုတာ သူကျော်ကြားခဲ့တဲ့ ဖလားနောက်ပိုင်း သုံးမရသည့် ခေတ် မယ် လူငယ်ပြတ်လတ်တယ် ဆိုချင်ပါတယ်…။

(အသင်းတော်တော်များများရဲ့ common အားနည်းချက်လည်းဖြစ်လိမ့်မယ်)

 

maglie mondiale

 

ငယ်တုန်းက ကြွေဖူးတဲ့ မာလ်ဒီနီ တို့ ကားလို့စ်တို့ ကစားဟန်ကို သတိရမိပါရဲ့ …

(သိပ်မြန်ပါတယ် သွက်ပါတယ် ဆိုတဲ့ အက်ရှ်လေကိုးလ် လိုကစားသမားမျိုးတောင် သည်ဘီးကျဲတွေ

ပေးတဲ့ ရသမပေးနိုင်ခဲ့ပါ…သူတောင်အိုပြီကိုး) ဗိုလ်လုပွဲလမ်းကြောင်းတော့ မခန့်မှန်းတော့ဘူးဗျာ …

အုပ်စုမှာတင်ကို ..အတော် ကျပ်တဲ့ အုပ်စု အဆင့် မို့ပါ… ကမာ္ဘ့ထိပ်တန်းအသင်းတွေ ဖြစ်တဲ့ ဥရုဂွေး နဲ့ အင်္ဂလန် တို့နဲ့ ဆုံနေတယ် ပေါ့ …။

သိပ်တော့ မှုစရာမလိုပါဘူး (ရန်စတာ) ၂၀၁၂ နဲ့ ၂၀၁၃ မှာ တီးခဲ့တဲ့ အသင်းတွေ ဖြစ်နေတာကိုး…။

ဆိုတော့ … ဆီမီးဖိုင်နယ် တနေရာထိ မျှော်လင့်ထားပါကြောင်းနဲ့ …. အဆုံးသတ်လိုက်ပါရစေဗျား.။

 

 

10317657_10152142476203831_3764718490175814981_o
၂၀၀၆ခုနှစ် ကမာ္ဘ့ဖလား အောင်ပွဲခံ အသင်း အမှတ်တရ

19 comments

  • naywoon ni

    May 24, 2014 at 4:07 pm

    အီတာလျံ က ​ဘောလုံးသမား​တွေ ထွက်​တယ်​ ။ မြန်​မာပြည်​က အိမ်​​ဖော်​​တွေ ထွက်​တယ်​ ။
    ဒါနဲ့ တို့မြန်​မာ အသင်​း ​ခြေစစ်​ပွဲ ကန်​တာ သုံးပွဲ ကမ်​ပြီးထွက်​ရတယ်​ ဆိုပါလား ။ ​နောက်​ဆုံးပွဲ တစ်​ပွဲပဲ တစ်​ဂိုးသွင်​းနိုင်​တယ်​ ။ တစ်​ဂိုးမျိုး ။ ​ရှေ့ကနှစ်​ပွဲက ဥမကွဲ သိုက်​မပျက်​ ကစားချက်​က​တော့ လက်​လန်​တယ်​ ။

  • alinsett (gazette)

    May 24, 2014 at 5:22 pm

    ဆက်ဆက်နဲ့ သိပ် မဆက်သလိုအကြောင်းမို့
    မဖတ်ပဲ ပြန်သွားပါတယ်ကွယ်
    ဒီအကြောင်းတွေတော့
    ဆက်ဆက် သိပ်မသိ
    သိပ်လည်း ဝါသနာမပါ. . .

  • lu lu

    May 24, 2014 at 6:05 pm

    ball ပွဲဆိုစောင့် ကြည့်ရတာထက် ကိုယ်တိုင် ဝင်
    ကန်ဖို ့ပဲပိုစိတ်ဝင် စားတယ် အဟိ
    😀

  • ကြောင်ဝတုတ်

    May 24, 2014 at 7:47 pm

    အီတာလီယာအသင်းကို ၁၈နှစ်မြောက်
    အားပေးပါ့မယ်
    အဇူရီ အဇူရီ

    ထာဝရအဇူရီပိတ်သတ်
    ဖက်ဖက်ကက်

      • ကေဇီ

        May 25, 2014 at 7:34 am

        like brother, like sister meh…!!

        :s:

        • ROssI

          May 25, 2014 at 12:00 pm

          စူပါမာရီယိုနဲ့ ညားပါဇီတော်

  • TNA

    May 24, 2014 at 8:57 pm

    တိပု ငါက အင်္ဂလန်ပဲ ကြိုက်တယ်

  • အရီးမုတ်ဆိတ်

    May 24, 2014 at 9:08 pm

    မောင်ဂီ
    ဒီနှစ် ဇာတ်လမ်း စပြီပေါ့လေ။
    အီတလီအသင်းကဆို ဂိုးသမား Gianluigi Buffon နဲ့ Mario Balotelli ကိုဘဲ သိတယ်။
    ကျန်သူတွေ သိဝူး။
    မျှပေးတဲ့ အကြောင်းလေးတွေအတွက် ကျေးဇူးပါ။

    ၂၀၁၂ က Euro ပွဲကလိုဘဲ အင်္ဂလန် ရှုံးပြီးရင် အရီးလဲ အီတလီနော။ ;-))))

    အင်္ဂလန်ကတော့ ပွဲ စ တာနဲ့ ရှုံးမှာဘဲ။
    ဒီနှစ် Ashley Cole ထွက်ပြီထင်ရဲ့။ Steven Gerrard နဲ့ Frank Lampard တို့ကလဲ တကယ်တော့ အတော်ကြီး အသက်ကြီးပြီ။
    Wayne Rooney ကလဲ တကဲ့ပွဲ ဆိုခြေမသွက်။
    လူငယ်တွေ အားကိုးရရင်တစ်မျိုး။
    ကြည့်ကြသေးတာပေါ့ မောင်ဖက်ရေ။ :-)))
    Final ကျရင် အရင် Euro ကလို Live လေ။
    ၂နှစ် ဆိုတာ ခဏလေးလိုဘဲ။ အကုန်မြန်လိုက်တာ။
    အမှတ်မမှားရင် မကြည်စင် ခရစ်စ်ကတော့ စပိန် ကိုဘဲ ရွေးဦးမှာလားဘဲ။ :-))

    ENGLAND SQUAD NUMBERS FOR 2014 WORLD CUP
    1. Joe Hart
    2. Glen Johnson
    3. Leighton Baines
    4. Steven Gerrard
    5. Gary Cahill
    6. Phil Jagielka
    7. Jack Wilshere
    8. Frank Lampard
    9. Daniel Sturridge
    10. Wayne Rooney
    11. Daniel Welbeck
    12. Chris Smalling
    13. Ben Foster
    14. Jordan Henderson
    15. Alex Oxlade-Chamberlain
    16. Phil Jones
    17. James Milner
    18. Rickie Lambert
    19. Raheem Sterling
    20. Adam Lallana
    21. Ross Barkley
    22. Fraser Forster
    23. Luke Shaw

    • ROssI

      May 25, 2014 at 2:29 pm

      အရီးရဲ့ အင်ဂလုံ နည်းပြကတော့ ..opt for youth ပါတဲ့ …
      တကယ်က ဖြစ်ရပ်ကသည်လို ..ဘောသမားများကို ၅နှစ် တဂရု ခွဲကြည့်ရင် မြင်နိုင်မယ်ဗျ
      အခု ၃၄-၃၅ တန်း … ဂျာရတ်တို့ လမ်းပါတ်တို့
      (သွားလေသူ ဒေးဗစ် ဖားကန့် တို့အတန်းပေါ့) အဲ့ထဲမှာ သုံးစားရတာက သိပ်မကျန်
      အက်ရှ်လေ ကိုးလ် က အကောင်သေးသေး နဲ့ .. စပိဒ် ကို အားကိုးတဲ့ ..အဂျဲလ်တီ ဖိုက်တာ မို့
      အသက်ထောက်လာပြီး စပိဒ် ကျကုန်တဲ့အခါ သုံးမကောင်းတော့တာပါ..

      အဲ …၂၉-၃ဝတန်း ထဲ ..(ရူနီတို့ တန်း ဆိုပါတော့) မလဲ … ငယ်တုန်းက စွာသလောက်
      ကြီးမှ ဘာမှဖြစ်မလာတာတွေက တပုံတခေါင်း ..ဆိုတော့…
      ၂၄-၂၅- အစိတ်တန်းထဲ ထပ်ကြည့် … ဝဲလ်ကော့တို့လို ဆေးရုံပေါ်ကမဆင်းတဲ့ ငတိတွေ ကတပြွတ်…
      သည်တော့ ၂ဝ တန်း ထဲက ဖြစ်လာလေမလားဟဲ့ ဆိုပီး ချာတိတ်တွေ ရွေး ရတော့တာပါပဲ…။

      ပြောရရင် ..၃၄-၃၅တန်း က ဘီးကျဲတွေနဲ့ ..အခု ၂ဝတန်းက ချာတိတ်တွေကြား .. ဂျန်နရေးရှင်း ၂ဆက်လောက်
      ပြတ်နေခဲ့တဲ့ အသင်းမို့ … မထင်ရေးချ မထင်..။
      (စကားမစပ် အဖွင့်ပွဲမှာ တွေ့မှာနော..အာဟိ။)

      အရီးအမှတ်မှားတာတခု
      စပိန်ကောင်တွေကို ထမိန်ပေါင် အားပေးတာ ..ဂလန်ဂလား…ဒေါ်ခွစ် မဟုတ်… ဟိုဂျပု မိုးဇိ ပါဗျ…။
      ကံကောင်းလို့ …ဂလက်စီ အက်စ်သွီးလေး ကျမကွဲရှာတာ …

      အော် ၂နှစ်တောင် ကြာသွားပြီ ..ဘာလိုလိုနဲ့ …။
      ကတောက်ခ်.. မိန်းမလည်း ရသေးဖူး ..။
      ဗြဲ …။

  • naywoon ni

    May 26, 2014 at 1:40 am

    ​ဘောလုံးပွဲ ဆိုတာ ကိုယ်​့တိုင်​းပြည်​နဲ့ ဒါမှမဟုတ်​ ကိုယ်​့ရပ်​ကွက်​နဲ့ ကန်​တာမှ မဟုတ်​ရင်​ ​လောင်​း​ကြေး​လေးပါမှ ကြည်​့ရတာ အရသာရှိသတဲ့ ။ အဲ့​လော့ ၁၅ ရက်​​နေ့ ည ရး၃ဝ မှာ ဗြတိန်​နဲ့ အဲ့ အင်​ဂလိန်​နဲ့ အီတာလီန်​ တို့ ​တွေ့မယ်​ ။ ​ပေါက်​​ကြေးက​တော့ အီတာလိန်​က လယ်​ဗယ်​ ၅ဝ ရှုံး ဆိုလားပဲ ။ သ​ရေကျသွားရင်​ အီတာလိန်​က တစ်​ဝက်​ရှုံးမယ်​​ပေါ့ ။ ဒီ​တော့ ဖုန်​းကတ်​ တစ်​ကပ်​ဖိုး​လောက်​ထည်​့ပီး ဂီနဲ့ အတူကြည်​့ရမလား ကိုခင်​လတ်​ကြီးနဲ့ပဲ တူတူ အား​ပေးရမလား စဉ်​းစားလိုက်​ဦးမယ်​ ။

  • kyeemite

    May 26, 2014 at 10:29 am

    အူးလေးက ဘောအကြောင်းသိပ်သိဝူး မရိုစီရေ…ဖတ်တော့ဖတ်သွားပါတယ်

  • Crystalline

    May 26, 2014 at 12:59 pm

    အရီးမမှားဘူး ဆရာဂီ.. ရှင်ပဲအတိတ်မေ့တာ.. နိခေါင်းထဲထည့်ရတာများလို့.. :mrgreenn: နာက တသက်လုံးအီတလီအားပေးခဲ့ပြီး အဲဒီ ကဘာ့ဖလားမတိုင်ခင် ယူရိုကစ စပိန်ကိုပြောင်းအားပေးခဲ့တာ.. ကဘာ့ဖလားတုန်းကလဲ စပိန်ပဲ..အဲဒီအချိန်နီတို့ နာ့စပိန်ကို တစ်ယောက်မှ အထင်မကြီးကြဘူးလေ.. Moe Z က နယ်သာလန်လေ… :mrgreenn: ဒီနှစ်အတွက်ကို အသင်းခုထိမရွေးပြီးသေး.. စပိန်ပဲဆက်အားပေးရမလား.. ဝေခွဲမရသေးဘူး.. တောင်အမေရိကဖက်မှာလုပ်တဲ့ပွဲမို့.. အဲဒီဖက်က အသင်းတွေပဲ ပြောင်းအားပေးရကောင်းမလားလို့.. နာက ကိုပါအမေရိကပွဲတွေကိုလည်း ကြိုက်တာ.. :))

    • ROssI

      May 26, 2014 at 1:10 pm

      ပါရာဂွေးတွေ ဥရုဂွေး တွေများ ပြောင်းအားပေးတော့မလား မသိ..
      အာဟိ

      :mrgreen:

      • Crystalline

        May 26, 2014 at 1:47 pm

        ဟိုမော်ဒယ်ကိုတောင် သွားသတိယသေး :mrgreenn:

        • ROssI

          May 26, 2014 at 1:52 pm

          ရီကွယ်မီး လေးလား ..
          လိုက်မလုပ်နဲ့ နော်…. အာ့မျိုး ….

    • အရီးခင်

      May 26, 2014 at 3:03 pm

      ငါ့မှတ်ဉာဏ် တွေ ဟုတ်မှဟုတ်သေးရဲ့ လား ပြန်စစ်နေရတာ။
      တော်ပေသေး ဟဲ့။
      မကြည်စင်လေး ကယ်ပေလို့။ :-)))
      စပိန်ပဲဆက်အားပေးပါလေ။ အဲ့ဒီအသင်းက နည်းပြ အဖိုးကြီးကတော်တာ။

  • black chaw

    May 26, 2014 at 2:18 pm

    လူသစ်တွေချည့် လွှမ်းမိုးနေသော အီလာလျံ အသင်းပေါ့…။
    ကိုယ်သိတဲ့ ကစားသမားတွေ ပြောရရင်…
    ဂိုးသမား Gianluigi Buffon ကြီးရယ်…။
    နောက်တန်းက Chiellini ရယ်…။
    အလယ်တန်းက Andrea Pirlo ကြီးရယ်…၊ De Rossi ရယ်…။
    လီဗာပူးမှာ ဘူးသီးနုနု အမွှေးသတ်သလို ဖြစ်ခဲ့ရတဲ့ Aquilani ရယ်…။
    ရှေ့တန်းက ကိုယ်နဲ့ ရုပ်ချင်း တူတဲ့ Balotelli ရယ်…။
    နင်နာမည် ခဏငှားထားတဲ့ Rossi ရယ်…။
    ပြသနာကောင်လေး Cassano ရယ်…။
    ဒီလောက်ပဲ ရှိတယ်…။
    ကျန်တဲ့ မျိုးဆက်သစ်တွေထဲက ထက်မြက်တဲ့လူတွေ ပါလာခဲ့ရင်
    အီတလီအသင်း ကွာတားလောက်တော့ အနည်းဆုံး ရောက်နိုင်ကောင်းပါရဲ့…။
    ကိုယ်ကတော့ ဘယ်အသင်းအားပေးရမှန်း ခုထိကို မရေရာသေးဘူး…။
    ကစားသမားတွေရဲ့ ချစ်သူဇနီးမယားတွေ အကဲခတ်ကြည့်ဦးမယ်…။
    ကိုယ့်ကို ဆွဲဆောင်နိုင်စွမ်း အရှိဆုံးသူရဲ့ ကိုကို ကန်တဲ့အသင်းကို
    အား…ပေး…ဦး…မှာ…။
    Gianluigi Black…/

Leave a Reply